← Chapters

ကောင်းတာလုပ်ခြင်း

Vol. 23 Ch. 331

ကောင်းတာလုပ်ခြင်း

Vol. 23 Ch. 331

နောက်နေ့မနက်။

လင်းဖန်ကယ်လိုက်သောအမျိုးသားသည်(မျက်ကြည်လွှာရောင်းတဲ့တစ်ယောက်ပါ)သည် ခေါင်းငုံ့ကာ ဖြောင့်တန်းသော လမ်းမပေါ်တွင်လျှောက်လာခဲ့သည်။

သူရှေ့နားလေးမှာတော့နားကြပ်တပ်ထားပြီးလမ်းလယ်မှာ လမ်းလျှောက်ရင်း ကခုန်ရင်း သီချင်းနားထောင်နေတဲ့ လူငယ်တစ်ယောက်ရှိလေသည်။

ထိုအခိုက်အတန့်တွင် ဗင်ကားတစ်စီးက အရှိန်ပြင်းပြင်းဖြင့် နောက်မှမောင်းလာပြီး ထိုကောင်လေးကို တိုက်ဖို့လုပ်လိုက်လေသည်။

သို့သော်ထိုလူငယ်လေးသည်မသိစိတ်ကြောင့်နေရာအမြန်ပြောင်းလိုက်သောကြောင့်ကားတိုက်ခံရခြင်းမရှိတော့ပေ။

ဒီလုပ်ရပ်ကြောင့် ဗင်ကားမောင်းသူကို ဒေါသထွက်စေခဲ့သည်။ သူက အရှိန်မြှင့်စက်ကို တိုက်ရိုက်နင်းပြီး လူငယ်ကို ထပ်တိုက်လိုက်လေသည်။

ထိုအချိန်မှာတော့ထိုလူငယ်လေးသည်ကံမကောင်းသောကြောင့်အတိုက်ခံလိုက်ရလေသည်။သို့သော်တိုက်သည့်အရှိန်သည်မပြင်းသောကြောင့်ဒူးပူးယုံလောက်သာဒဏ်ရာရသွားလေသည်။

လူငယ်၏ဒူးခေါင်းမှ သွေးများသွန်လာပြီး မြေပြင်ပေါ်တွင် အဆက်မပြတ် ငိုကြွေးနေ၏။

ထိုအချိန်တွင် အမျိုးသားနှစ်ဦးသည် ဗင်ကားပေါ်မှ ဆင်းလာခဲ့သည်။

ထို့နောက်သူတို့နှစ်ယောက်သည်ထူလူငယ်ကိုခေါ်ကာဗန်ကားဆီသို့ ပြန်သွားကြသည်။

ထိုအချိန်တွင် မုတ်ဆိတ်မွေးရှိသူတစ်ဦးသည် ဗင်ကားပေါ်မှ ထွက်လာခဲ့သည်။

သူသည် အလွန်အေးစက်သော မျက်လုံးများဖြင့် ထိုလူငယ်ကို စိုက်ကြည့်နေလိုက်သည်။

ထို့နောက် လူငယ်လေးဆီသို့ လျှောက်သွားသည်။

နောက်အခိုက်အတန့်တွင် မုတ်ဆိတ်မွေးရှိအမျိုးသားသည် ဓားတစ်ချောင်းကို ရုတ်တရက် ဆွဲထုတ်ကာ လူငယ်အား ပြင်းထန်စွာ ဓားဖြင့်ထိုးလိုက်သည်။

“ဇွက်!”

လူငယ်လေး၏ မျက်နှာသည် မယုံနိုင်သောအမူအရာများဖြင့် ပြည့်နှက်နေသည်။

သူ့ဗိုက်ကို တင်းတင်းဆုပ်ပြီး နောက်ပြန်လှည့်ကာ “တစ်ယောက်...ယောက်... ကူညီကြပါ..”

ခဏအကြာတွင် သူသည် လင်းဖန်ကယ်ပေးလိုက်သောအမျိုးသားဆီသို့ ရောက်လာသည်။

ဒီစကားတွေကိုကြားတော့မုတ်ဆိတ်မွေးရှိလူသည်မကြောက်ပေ။

သူသည် လူငယ်ဘက်သို့ လျှောက်သွားကာ လူငယ်ကိုဓားဖြင့်ဆက်လက်ထိုးရန်လုပ်လိုက်​သည်။

လင်းဖန်ကယ်ပေးလိုက်သောအမျိုးသားက လူငယ်ကို ကြည့်ပြီးတော့သူ့ကင်ဆာအကြောင်းကိုတွေးပြီးနောက်သူကစိတ်ထဲမှာ’’

ငါ မသေခင် ကောင်းတာတစ်ခုခုလုပ်လိုက်မယ်လေ၊ဒညမှနောင်နောင်ဘဝကျရင်ကောင်းကောင်းနေနိုင်မှာ’’ဟူ၍ပင်ဖြစ်သည်။

ဒါကိုတွေးပြီး ထိုအမျိုးသားသည် အံကြိတ်ကာသူရဲ့လက်ကိုင်ဖုန်းကို အမြန်ထုတ်ပြီးအညးအကုန်သုံးကာမုတ်ဆိတ်မွေးရှိလူရဲ့ခေါင်းကို ပြင်းပြင်းထန်ထန် ရိုက်လိုက်လေသည်။

“ဒိုင်း’’

အရိုက်ခံလိုက်ရသောကြောင့်မုတ်ဆိတ်မွေးရှိလူ၏ခေါင်းမှာသွေးများ စီးကျလာလေသည်။

ထို့နောင်သူသည် မြေပြင်ပေါ်သို့ ချက်ချင်းကျသွားလေတော့သည်။

ထိုအချိန်တွင် သူ့တို့နောက်ကနေရဲကားသံများထွက်ပေါ်လာသည်။

ဒါကိုကြားတော့လူငယ်လေးကိုခေါ်ဆောင်လာသောအမျိုးသားနှစ်ယောက်သည် မုတ်ဆိတ်မွေးရှိလူကို လျစ်လျူရှုကာ ထွက်ပြေးခဲ့ကြသည်။

သို့သော်လည်း သူတို့ရှေ့မှာရဲတွေကရောက်နှင့်ပြီဖြစ်သောကြောင့်ထွက်မပြေးနိုင်ခဲ့ပေ။

...

ပန်းလုံဗီလာတွင် လင်းဖန်သည် နူးညံ့သောကုတင်ကြီးပေါ်တွင် လဲလျောင်းနေသည်။

အပြင်ဘက်ကနေငှက်ကလေးများ၏ရွှင်မြူးစွာ အော်ဟစ်သံကိုကြားလိုက်ရသော​အခါသူ့မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။

ထို့နောက်ဖုန်းကို ကောက်ကိုင်လိုက်သည်။

ဤအချိန်တွင် ပုံမှန်အတိုင်း၊ မျက်နှာပြင်ပေါ်တွင် စာသားမက်ဆေ့ချ်တစ်ခု ပေါ်လာသည်။

“၀:၀၀ နာရီတွင် တရုတ်ဘဏ်မှ ယွမ် ၇၈၉၃၂၀၀ လက်ခံရရှိသည်။”

“အကောင့်ဝင်မယ်!”

[ဒင်! ဂုဏ်ယူပါတယ် မင်း ယွမ် 10 သန်း ရရှိသည်။ 】

လင်းဖန်က သူ့နှုတ်ခမ်းကိုတွန့်လိုက်ပြီး “ဒါက နောက်ထပ် ၁၀ သန်းပဲ...”ဟုမကျေမနပ်ပြောလိုက်လေသည်။

ယနေ့နံနက်တွင် ကျောင်းသားများအားလုံး သည်စာသင်ရမှာကိုအလွန်တက်ကြွကြသည်။ အတန်းမစခင် 10 မိနစ်ကျော်လောက်ပဲရှိသေးတယ်။ ထိုင်ခုံတွေအကုန်လုံးပြည့်နေပြီဖြစ်သည်။

ဘာလို့လဲဆိုတော့ ဒါက ဆရာမဟန်တီ ရဲ့ အတန်းမို့လို့ပင်ဖြစ်သည်။

ကံကောင်းထောက်မစွာစုရီ၊ မူဇောင်နှင့်ဇောင်ချင်းဘိုတို့က လင်းဖန်ကို နေ့တိုင်း ထိုင်ခုံနေရာဦးပေးထားလို့သာတော်သေးသည်။မဟုတ်ရင်လင်းဖန်ထိုင်ဖို့နေရာရှိမှာမဟုတ်ပေ။

ဆရာမဟန်တီရဲ့အတန်းချိန်ကအရမ်းမြန်တယ်လို့အတန်းတက်တဲ့ကျောင်းသားအားလုံး ကတွေးပြီးသက်ပျင်းချလိုက်လေသည်။

မနက်ပိုင်းအတန်းသည်မကြာခင် ပြီးသွားလေသည်။

လင်းဖန်၊ စုရီ နှင့် အခြားသူများသည်ထုံးစံအတိုင်း ကော်ဖီဆိုင်သို့ ရောက်လာကြသည်။

သူတို့ စားချင်တဲ့ အစားအသောက်တွေကိုမှာပြီးထိုင်နေလိုက်လေသည်။အဲ့အချိန်မှာပလင်းဖန်၏ဖုန်းသည် အနည်းငယ် လှုပ်သွားလေသည်။

12:00!

အနီရောင် စာအိတ်တွေ ပေါ်လာလေသည်။

“ဒင်း ဂုဏ်ယူပါတယ် မင်း 5 ယွမ် ရခဲ့သည်”

“ဒင်း၊ ဂုဏ်ယူပါတယ် မင်း 111 ယွမ် ရခဲ့သည်။”

...

“ဒင်း၊ ဂုဏ်ယူပါတယ် မင်း ယွမ် ၁၀၀၀ ရသည်။”

“ဒင်း ဂုဏ်ယူပါတယ် မင်း 9,999 ယွမ်ရသည်”

လင်းဖန်သည် စာအိတ်အနီများကို ဖွင့်ရာတွင်စုစုပေါင်း ၄၃၂၉၁ ယွမ် ရရှိခဲ့သည်။

ဒါကိုဂရုမစိုက်ဘဲသူသည်ဖုန်းကို အိတ်ကပ်ထဲ သို့ပြန်ထည့်လိုက်လေသည်။

နေ့လည်စာစားပြီးနောက်လင်းဖန်သည် အိပ်ဆောင်သို့ရောက်လာပြီး ကုတင်ပေါ်တွင် လှဲနေလိုက်သည်။

အိပ်ဆောင်ရှိ အိပ်ယာသည်ပန်းလုံဗီလာမှာရှိတဲ့အိပ်ယည လောက် ကျယ်ပြီး ပျော့ပျောင်းမှုမရှိပေ။

ဒါပေမယ့် လဲလျောင်းရင်း အတန်းဖော်တွေနဲ့ အတူအချိန်ကုန်ဆုံးတာကိုစဉ်းစရင်းပြုံးလိုက်လေသည်။

ထိုအချိန်တွင် ကုတင်ပေါ်တွင် လဲလျောင်းနေသော စုရီ က ရုတ်တရက် “ဒီလူကလူကောင်းပဲ “

တိတ်တိတ်ဆိတ်ဆိတ်စာဖတ်နေသောမူဇောင်က သူ့မျက်နှာမှာ သိချင်စိတ်တွေ ပြည့်နှက်နေလို့နေသည်။

ဇောင်ချင်းဘို က ခေါင်းကိုလှည့်ပြီး “ဘာဖြစ်တာလဲ?”

စရြီက “ဒါက ဒီနေ့ပဲ ဖြစ်ပျက်ခဲ့တာ။ ငါအဖွဲ့ထဲကိုပို့လိုက်မယ်”

“ဒင်ဒေါင်!”

လင်းဖန်၏ ဆဲလ်ဖုန်း အနည်းငယ် တုန်ခါသွားကာ မကြာမီ 104 အိပ်ဆောင်အဖွဲ့တွင်သတင်းတစ်ခု ပေါ်လာသည်။

“ဒီမနက်မှာ လူဆိုးဂိုဏ်းက လမ်းပေါ်မှာ ရမ်းကားပြီးလူငယ်တစ်ယောက်ကိုဓားဖြင့်ထိုးလိုက်လေသည်။ကံကောင်းထောက်မစွာနဲ့ စိတ်ထားကောင်းတဲ့နိုင်ငံသားတစ်ယောက်က ဖြတ်သွားရင်းသူ့ကိုကယ်ဆယ်ခဲ့တယ်... သူ့ကိုအင်တာဗျူးလိုက်ရအောင်။”

ထို့နောက် လင်းဖန်ကယ်လိုက်သော အမျိုးသားသည် ဖုန်းထဲတွင်ပေါ်လာလေသည်။

သတင်းထောက်က “လူဆိုးက ဓားကို ထုတ်ပြီး တိုက်ခိုက်တဲ့အခါ မင်းမကြောက်ဘူးလား” လို့ မေးလိုက်သည်။

ထိုအမျိုးသားက “ကြောက်တာပေါ့” လို့ ပြန်ဖြေလိုက်သည်။

“ဒါဆို မင်းဘာလို့ ရဲရင့်စွာဖြင့်ထိုလူဆိုးလူမိုက်ကို ဘာလို့ရိုက်လိုက်တာလဲ။မင်း ဒဏ်ရာရတဲ့ သူနဲ့သိလို့လား” သတင်းထောက်က မေးလိုက်သည်။

ထိုအမျိုးသားက ခေါင်းခါပြီး “မသိဘူး” လို့ ပြန်ဖြေလိုက်သည်။

“ဒါဆိုမင်းလုပ်တာကတရားမျှတမှုကြောင့်လား” သတင်းထောက်က မေးလိုက်သည်။

ထိုအမျိုးသားက “တကယ်တော့ ငါက ကင်ဆာဝေဒနာရှင်တစ်ယောက်ပါ။ ငါ့ဘဝမဆုံးခင်မှာ ကုသိုလ်ကောင်းမှုတွေ လုပ်ချင်တလို့လုပ်လိုက်တာပါ” လို့ ပြောလိုက်သည်။

သတင်းထောက်၏အမူအရာမှာ အလွန်ပြောင်းလဲသွားကာ အံ့အားသင့်သည့်လေသံဖြင့် “အစက၊ မင်းကိုတရားမျှတမှုကိုလိုလားတဲ့သူလို့ထင်နေတာ။ မမျှော်လင့်ထားတာကမင်းဟာ သေဆုံးတော့မယ့်ရောဂါသည်ဖြစ်နေမယ်လို့မထင်ထားဘူး!”

“မင်းကိုငါအရိုအသေပေးခွင့်ပြုပါ!”

ပြောပြီးနောက် သတင်းထောက်က ထိုအမျိုးသားအား လေးလေးနက်နက် ဦးညွှတ်လိုက်သည်။

ဒီသတင်းဗီဒီယိုကိုမြင်ပြီးနောက်လင်းဖန်သည် အနည်းငယ်လန့်သွားသည်။

သူ့မှာ မှတ်မိနိုင်စွမ်းရှိသောကြောင့်ထိုအမျိုးသားဟာ မနေ့က မြေပြင်မှာ မူးလဲပြီး သူ့ဆေးရေနဲ့ ကုသပေးခဲ့သူဖြစ်ကြောင်း သဘာဝကျကျ မှတ်မိနေသည်။

ဆေးရေသောက်ပြီးရင် ကင်ဆာလည်း ပျောက်ကင်းသင့်တယ် မဟုတ်လား။

All Chapters