ကယ်ကြပါ
Vol. 23 Ch. 332
နောက်နှစ်ရက်တွင် လင်းဖန်သည် သာမန်ကျောင်းသားများကဲ့သို့ ဘဝကိုအေးအေးဆေးဆေးဖြတ်သန်းနေလေသည်။
ဒီနေ့ လင်းဖန်စာသင်ခန်းထဲရောက်လာတော့ သူ့ဘေးနားကစုရီက ရုတ်တရတ် စိတ်လှုပ်ရှားစွာနဲ့ “ဖာ့ ဒါအရမ်းမိုက်တယ်!”
သူ့ဘေးက မူဇောင်က မေးလိုက်သည်။”ဘာကိစ္စကိုလဲ”
“လွန်ခဲ့တဲ့ နှစ်ရက်လောက်က ကဂရုထဲမှာ ဗီဒီယိုတစ်ခုမတင်ခဲ့ဘူးလား။အဲ့ကင်ဆာဖြစ်နေတဲ့လူကဘောနပ်စ် 500,000 ရခဲ့တယ်တဲ့” စုရီကပြောလိုက်သည်။
မူဇောင်ကမျက်လုံးပြူးပြီး “500,000လား”ဟုမေးလိုက်သည်။
စကားပြောပြီးနောက်တံတွေးတစ်လုတ် မျိုချလိုက်လေသည်။
“ဒီလိုသူရဲကောင်းကို ဆုချသင့်တယ်လေ မဟုတ်ဘူးလား” စုရီကပြောလိုက်သည်။
“ဒင်ဒေါင်!”
ထိုအချိန်တွင်လင်းဖန်၏ ဖုန်းသည် အနည်းငယ် တုန်ခါသွားသည်။
စုရီက ဂရုထဲကိုနောက်ထပ်သတင်းဗီဒီယိုတစ်ခုကို တင်လိုက်ပြန်သည်။
အမျိုးသားတစ်ယောက်က “ကင်ဆာဖြစ်နေတဲ့အမျိုးသားရဲ့လုပ်ရပ်ကို လေ့လာပြီးနောက်၊ ငါတို့မြို့ရဲ့ လီတန် ကုမ္ပဏီက အရမ်းစိတ်ထိခိုက်သွားတယ်။ ဒါကြောင့် သူ့ရဲ့နောက်ဆက်တွဲ ကုသမှုကုန်ကျစရိတ်အားလုံးကို တာဝန်ယူဖို့ ဆုံးဖြတ်ခဲ့ပြီး တစ်ချိန်တည်းမှာပဲ 500,000 ယွမ်ဆုချီးမြှင့်ပါတယ်”
“ကဲ ဆုငွေလက်ခံဖို့လူကြီးမင်းကိုဒီစင်ပေါ်တက်ဖို့ဖိတ်ခေါ်ပါတယ်”
ခဏအကြာတွင် ကင်ဆာဖြစ်နေတဲ့အမျိုးသားပေါ်လာပြီးဆုငွေကိုလက်ခံကာစကားအနည်းငယ်ပြောလိုက်လေသည်။
“ပထမဆုံးအနေနဲ့၊ ငါ့ကိုကူညီပေးခဲ့တဲ့ လီတန်ကုမ္ပဏီကို အရမ်းကျေးဇူးတင်ပါတယ်။ အင်တာနက်မှာ လူတော်တော်များများက ငါ့ကို သူရဲကောင်းတစ်ယောက်လို့ မြင်နေကြပါ်။ဒါပေမဲ့ငါပြောချင်တာက ငါလုပ်သင့်တာကိုပဲ လုပ်ခဲ့တာလို့ပဲ ပြောချင်ပါတယ်...”
သူ့စကားဆုံးတာနဲ့ချက်ချင်း လက်ခုပ်သံများ ထွက်ပေါ်လာတော့သည်။
ဒါကိုကြည့်ရင်းလင်းဖန်၏အမူအရာသည်ထူးဆန်းလာကာသူဘာတွေးနေလဲဆိုတာတော့ဘယ်သူမှမသိပေ။
…
“ဂျိန်း......”
ထိုနေ့၏ အတန်းသည်ခေါင်းလောင်းသံကြောင့်ပြီးဆုံးသွားလေသည်။
ရှီရှီ စားသောက်ဆိုင်တွင် အနံ့သင်းသင်းလေးနှင့်ပြည့်နေလေသည်။
လင်းဖန်သည် စာသောက်ဆိုင်၏တစ်နေရာတွင် ထိုင်ကာ အရသာရှိသော အစားအစာကို စားသောက်နေသည်။
မနေ့က လင်းဖန်သည်ကားမောင်းလာရင်း ဒီရနံ့က သူ့ကို စွဲဆောင်သွားသောကြောင့်ဒီနေ့ မြည်းစမ်းကြည့်ရန်ဆုံးဖြတ်ခဲ့သည်။
ဒဒါကြောင့်ဒီနေ့ ကျောင်းပြီးတာနဲ့အမြန်လာစားခြင်းဖြစ်သည်။
လင်းဖန်သည် ဗိုက်ပြည့်သည့််နှင့် ထွက်ခွါရန် လုပ်လိုက်သောအခါတွင် ရင်းနှီးသောရုပ်သွင်တစ်ခု ကိုတွေ့လိုက်ရသည်။
ဓားဖြင့် လုယက်ခံရချိန်တွင် လင်းဖန်နှင့် ကြုံတွေ့ခဲ့ရသည့် အလှတရားဝမ်ရိုပင်ဖြစ်သည်။
ဝမ်ရိုသည်လည်း လင်းဖန်ကိုတွေ့လိုက်သည်။
ထိုအချိန်တွင် ဝမ်ရိုဘေးရှိ စားပွဲပေါ်တွင် ထိုင်နေသောထိင်ပြောင်လူသည် ထမင်းစားပြီး နောက်အပြင်သို့ ထွက်လာခဲ့သည်။
ဒါကိုတွေ့တော့ဝမ်ရို ၏မျက်လုံးများသည် အနည်းငယ်ရွေ့သွားကာ လင်းဖန်ထံသို့ လမ်းလျှောက်လာပြီးနောက် “မင်းဘာလို့ဒီကိုရောက်နေတာလဲ။ လူတိုင်းက မင်းကိုစောင့်နေတာကြာပြီ!”လို့ပြောလိုက်သည်။
စကားပြောနေစဉ်တွင် သူမသည် လင်းဖန်၏လက်ကိုဆွဲကာ အပြင်သို့ထွက်လာခဲ့သည်။
လင်းဖန်သည် ခဏလောက်ကြောင်သွားပြီးနောက် ဝမ်ရိုသည်အမှုတစ်ခုကို ထပ်မံကိုင်တွယ်နေကြောင်း သိလိုက်ရသည်။
လင်းဖန်မျှော်မှန်းထားသလိုပဲ သူတို့နှစ်ယောက် Mercedes-Benz Grand G ကားပေါ်ရောက်လာချိန်မှာ ဝမ်ရိုက “Volkswagen ကားကို အမြန်လိုက်။ ဖြစ်နိုင်ရင် အဲကားမောင်းတဲ့လူကငါ့တို့လိုက်နေတာကိုမတွေ့အောင်ကြိုးစားပါ”
မူလက ဝမ်ရို သည် သူမမောင်းရန်စီစဉ်ခဲ့သည်။
ဝမ်ရိုသည်ဒီထိပ်ပြောင်လူနောက်ကိုအချိန်အတော်ကြာအောင်လိုက်ခဲ့သည်။
၎င်းကို ဆက်လက်မောင်းပါက အခြားပါတီမှ ရှာဖွေတွေ့ရှိရန် လွယ်ကူသည်။(ပြောချင်တာကသူမတစ်ယောက်ထဲလိုက်ပြီးကားမောင်းရင်သံသယဝင်မှာစိုးလို့လင်းဖန်ကိုအကူညီတောင်းတဲ့သဘောပါ)
ဒုတိယအချက်မှာလင်းဖန်သည် အလွန်ကောင်းမွန်သော ကားမောင်းစွမ်းရည်ရှိကြောင်းကိုဝမ်ရိုသိသည်။ထို့ကြောင့် လင်းဖန် ကို အကူအညီတောင်းခြင်းဖြစ်သည်။
လင်းဖန်သည် ဝမ်ရို ၏တောင်းဆိုမှုကို မငြင်းဆန်ခဲ့ပေ။
“ဗွမ်း!”
လင်းဖန်သည် အရှိန်မြှင့်စက်ကို နင်းကာVolkswagen ကားနောက်သို့ လိုက်သွားလေသည်။
လမ်းဆုံလမ်းခွကို ဖြတ်မောင်းလာသောအခါ လင်းဖန်သည် စတီယာရင်ကို ရုတ်တရက် လှည့်လိုက်သည်။
ဝမ်ရို က “မင်းမောင်းတာမှားနေပြီ”
“စိတ်မပူပါနဲ့၊ ငါကဖြတ်လမ်းကနေမောင်းနေတာဘညဒါမှငါတို့သူ့နောက်လိုက်နေတာကိုမသိမှာ” လင်းဖန်က ပြုံးပြီးပြောလိုက်သည်။
လင်းဖန် ကပြောခဲ့သလိုပဲသိပ်မကြာခင်မှာပဲVolkswagen(ကား)သည်လင်းဖန်ကားရှေ့သို့ရောက်လာလေသည်။
အလားတူ အဖြစ်မျိုး အကြိမ်ပေါင်းများစွာ ဆက်တိုက် ဖြစ်ပွားခဲ့သည်။
Volkswagen(ကား)မောင်းသူသည်သူနောက်ကို Mercedes-Benz(ကား)တစ်စီးလိုက်နေတာကိုမသိပေ။
ဒါကိုကြည့်ရင်းဝမ်ရိုသည် လင်းဖန်ကို အံ့သြသောအမူအရာဖြင့်စိုက်ကြည့်လိုက်လေသည်။
“ဒီနေရာက လမ်းကြောင်းအားလုံးကိုမင်းမှတ်မိတာလား” ဝမ်ရိုက မကူညီနိုင်ဘဲ မေးလိုက်ရသည်။
လင်းဖန် က “ဒါကိုမှတ်ရတာတော်တော်ရိုးရှင်းတာမဟုတ်ဘူးလား”
ဒါကလင်းဖန်အတွက်မှတ်ရတညတကယ်ကို ရိုးရှင်းသည်။
သူသည်ပျင်းလာသောအခါတွင် အီလက်ထရွန်းနစ်မြေပုံကို တစ်ချက်ကြည့်လိုက်ရုံဖြင့် လမ်းကြောင်းအားလုံးကို ရှင်းရှင်းလင်းလင်း မှတ်မိနိုင်သည်။
သိရန် စာမျက်နှာပေါင်း ရာဂဏန်းရှိသော စာအုပ်ဖြစ်လျှင်ပင် လင်းဖန်သည် ၎င်းကို အလွယ်တကူ နောက်ပြန်ရွတ်ဆိုနိုင်သည်။
ဘာလို့ဆိုလင်းဖန်မှာစကင်န်ဖတ်နိုင်စွမ်းရှိသူဖြစ်သောကြောင့်ဖြစ်သည်။
ဒါပေမယ့် ဝမ်ရိုကဒါကိုကြားလိုက်ရတော့သူမကိုယ်သူမသံသယဝင်သွားလေသည်။
စုံထောက်တစ်ယောက်အနေဖြင့် မြို့တွင်းလမ်းများနှင့် အကျွမ်းတဝင်ရှိရန် အလွန်အရေးကြီးကြောင်း သူမကောင်းကောင်းသိသည်။
အဘယ်ကြောင့်ဆိုသော် ၎င်းသည် ရာဇ၀တ်ကောင်များကို ဖမ်းရာတွင် ကြီးမားဆုံးသော အကူအညီဖြစ်သောကြောင့်ဖြစ်သည်။
ထို့ကြောင့်ဝမ်ရိုသည် လမ်းများကို ကျက်မှတ်ခဲ့သည်။
သို့သော်... အကျိုးသက်ရောက်မှုက လွန်စွာ ကျေနပ်ဖွယ်မရှိပေ။
လင်းဖန်က ပြုံးပြီး “မင်းကိုတွေ့တိုင်း လူတွေကိုပဲလိုက်ဖမ်းနေတယ်လို့ ငါဘာလိုခံစားနေရတာလဲ၊”
“အဲဒီနေ့က ဓားနဲ့ လုယက်ခံရပြီးကတည်းက ငါအလုပ်တွေ ပိုများလာတယ်’’ဝမ်ရို က ပြောသည်။
လင်းဖန်သည်အနည်းငယ် အံ့အားသင့်သွားသည်။
လင်းဖန်က “ဗိုလ်ကြီး ဒွန်ဟောင်ပြောပေးမယ်။မင်းအလုပ်မများအောင်”
ဒါကိုကြားတော့ဝမ်ရိုသည် သူ့မလက်ကို အထပ်ထပ်အခါခါ ဝှေ့ယမ်းပြီး “မပြောပါနဲ့၊ ဒါက ကောင်းတယ်လို့ ထင်ပါတယ်။ ပြီးတော့ငါကလူဆိုးတွေကိုဖမ်းရတာကြိုက်တယ်လေ”
ခေတ္တနားပြီးနောက် သူမက “ကျန်မှာ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေကို ရောင်းဝယ်နေကြတယ်’’
“Volkswagen ကားထဲကလူကလား” လင်းဖန်က မေးသည်။
ဝမ်ရို က “ဟုတ်တယ်၊ လူဘယ်နှစ်ယောက် အသတ်ခံရပြိးပြီလဲတေည့ငါမသိဘူး။ ဒီနေ့ သူတို့ရဲ့ စခန်းကိုရှာတွေ့နိုင်မယ်လို့ ငါမျှော်လင့်တယ်။”
ဒီလိုပြောတဲ့အခါ သူမလက်သီးကို တင်းတင်းဆုပ်ထားလိုက်လေသည်။
Mercedes-Benz Big G(ကား) သည် နောက်မှလိုက်ကာ ကြမ်းတမ်းသော လမ်းများကို ဖြတ်မောင်းလာခဲ့သည်။
နောက်ဆုံးတွင် ပျက်စီးယိုယွင်းနေသော စက်ရုံတစ်ခုသူတို့ရှေ့တွင် ပေါ်လာသည်။
Volkswagen(ကား)လဲ ဒီမှာ ရပ်သွားလေသည်။
ထိပ်ပြောင်လူသည် ကားပေါ်မှ ဆင်းပြီးနောက် စက်ရုံထဲသို့ မဝင်မီ ခဏလောက် လှည့်ပတ်ကြည့်လိုက်သည်။
ဝမ်ရိုခဏလောက်စဉ်းစားပြီး “မင်းဒီမှာခဏစောင့်နေအုံး၊ ငါဒီအခန်းထဲကိုဝင်ကြည့်လိုက်အုံးမယ်” လို့ပြောလိုက်သည်။
လင်းဖန်က “ငါလဲမင်းနဲ့လိုက်ခဲ့မယ်”
“မရဘူး! အထဲမှာ အန္တရာယ်ရှိတယ်!” ဝမ်ရိုက တိုက်ရိုက်ငြင်းဆိုခဲ့သည်။
လင်းဖန်က ပြုံးပြီး “ငါ့အပြင်မှာနေချင်းအတူတူမင်းနဲ့လိုက်ဝင်လိုက်ရင်မင်းကိုတောင်အကူအညီပေးနိုင်လိမ့်မယ်”
“ကယ်ကြပါ!”
ထိုအချိန်တွင် အတွင်း၌ ပြင်းထန်သော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာလေသည်။
ဒါက်ုကြားတော့ဝမ်ရိုသည်ကမန်းကတန်းပြောလိုက်သည် “အန္တရာယ်ကြုံရင် နောက်မှနေပါ။ဒါမှဟုတ်ရင်လဲအမြန်ထွက်ပြေးပါ။ပြီးတော့သတိလဲထားပါ!”
လင်းဖန် က “ကောင်းပြီ။”