← Chapters

စွမ်းအင်ဒိုင်းအစွမ်းပြခြင်း

Vol. 23 Ch. 333

စွမ်းအင်ဒိုင်းအစွမ်းပြခြင်း

Vol. 23 Ch. 333

ဝမ်ရိုသည်သူမလက်ကိုင်ဖုန်းကို ထုတ်ကာသူ့မလုပ်ဖော်ကိုင်ဖက်တွေဆီ စာတိုနှစ်စောင် အမြန်ပို့ပြီး ပျက်စီးနေတဲ့ စက်ရုံဘက်ကို လျှောက်သွားလိုက်သည်။

ဝမ်ရိုသည်ငိုသံကိုအထဲမှာကြားလိုက်ကတည်းကတစ်စုံတစ်ယောက် အန္တရာယ်ကျရောက်နေပြီဆိုတာ သိလိုက်သည်။

သို့သော်လည်း ဝမ်ရိုသည် အတွင်းသို့ အလျင်စလို မ၀င်ရောက်ဘဲ သတိဖြင့်ဖြည်းဖြည်းချင်းသာလျှောက်သွားလိုက်သည်။

ဘာကြောင့်လဲ ဆိုတော့ သူမဟာ အမှန်တရားတစ်ခုကို နားလည်လို့ပင်ဖြစ်သည်။

လူတွေကို ကယ်တင်ဖို့က အရေးကြီးတယ်ဆိုပေမယ့် ရန်သူအကြောင်းအသိပဲပြေးဝင်တာကမိုက်ရှူးရဲဆန်တဲ့အလုပ်ပင်ဖြစ်သည်။

အဲ့အခါကျရင်လူတွေကို မကယ်တင်နိုင်ရုံမကဆန့်ကျင်ဘက်အနေနဲ့ အကူအညီတောင်းတဲ့သူကို ထိခိုက်နစ်နာစေရုံသာမကသူမကိုယ်သူမလဲထိခိုက်နာကျင်စေနိုင်လေသည်။

ဝမ်ရို နှင့် လင်းဖန်တို့သည် ပျက်စီးနေသော စက်ရုံသို့ မီးမှိန်မှိန်လေး၏ အကူအညီဖြင့် ရှေ့သို့ ဖြည်းညှင်းစွာ ရွေ့သွားလိုက်ကြသည်။

ထိုအချိန်တွင် အဝေးမှ စူးစူးဝါးဝါးအော်သံ တစ်ခုထွက်ပေါ်လာခဲ့သည်။

“မင်းကိုအခုဘယ်သူမှ မကယ်တင်နိုင်တော့ဘူး!”

“မင်းကစကားကိုဘလောင်းဘလဲပြောနေတာပဲ၊အခုတစ်မျိုးတော်ကြာတစ်မျိုး၊မင်းငါ့ကိုစောင့်ရှုးလုပ်နေတာလား!”

“ရော့ကွာ”

ထို့နောက် ကျယ်လောင်သောရိုက်သံများ ထွက်ပေါ်လာလေသည်။

ထို့နောက် အော်ဟစ်သံတစ်ခုကလဲထပ်မံထွက်ပေါ်လာသည်။

“တောင်းပန်ပါတယ်..တောင်းပန်ပါတယ်.”

“ငါ့ကိုခွင့်လွတ်ပေးပါ...”

...

လင်းဖန်သည် ဤအသံကိုကြားသော်လည်း အကြောင်းတစ်ခုခုကြောင့် သူသည်အနည်းငယ်ရင်းနှီးနေသလို ခံစားလိုက်ရသည်။

နောက်အခိုက်အတန့်တွင်၊ လူအုပ်စုကြီးတစ်စုနှင့် အဲ့လူအုပ်ကြီးအလယ်တွင်ကြိုးတုပ်ထားသောလူတစ်ဦးသည် လင်းဖန်နှင့်ဝမ်ရိုတို့၏ အမြင်တွင် ပေါ်လာသည်။

ထိုင်ခုံမှာကြိုးချည်ထားတဲ့လူကို မြင်ပြီးနောက် လင်းဖန်၏အမူအရာသည်အနည်းငယ်ထူးဆန်းသွားလေသည်။

ဘာကြောင့်လဲ ဆိုတော့ ဒီလူဟာ နေ့ခင်းဘက် မှာသူကြည့်ခဲ့တဲ့ကင်ဆာ ဖြစ်နေတဲ့သူပင်ဖြစ်သည်။

အခုသူကကိုယ်တွင်းအင်္ဂါ မှောင်ခိုမှုဟု သံသယရှိသော ဤနေရာကို မည်သို့ရောက်လာသနည်း။

ကင်ဆာဖြစ်နေတဲ့လူက “ငါမင်းပေးထားတဲ့ ပိုက်ဆံပြန်ပေးလို့ရမလား။”

“ငါ့ဆီပြန်တာလား?” အစ်ကိုကျောက်မျက်ခုံးပင့်လိုက်သည်။

“ဟုတ်တယ်၊ မျက်ကြည်လွှာကိုငါမရောင်စချင်တော့ဘူး... ငါကရောဂါအမည်မှားသွားတာပါ၊ ငါ့မှာ ကင်ဆာမရှိဘူး၊ ဒါကြောင့် မျက်ကြည်လွှာကို ငါမရောင်းတော့ဘူး’’

“မင်းငါ့ကိုမျောက်လိုသဘောထားပြီးလာကစားနေတာလား” အစ်ကိုကျောက်က အော်ပြောလိုက်သည်။

ထို့နောက် သူ့လက်ကို တစ်ဖန် မြှောက်ကာကင်ဆာဖြစ်နေတဲ့လူ၏မျက်နှာကိုဖြတ်ရိုက်လိုက်လေသည်။

“ပါ့......”

ပျက်စီးနေသော စက်ရုံတွင် နောက်ထပ် ကျယ်လောင်သော ပါးရိုက်သံများ ဆက်တိုက် ထွက်ပေါ်လာသည်။

သူတို့ပြောနေတာကိုကြားတော့ လင်းဖန်က နောက်ဆုံးမှာဘာတွေ ဖြစ်ပျက်ခဲ့တာလဲဆိုတာကို သဘောပေါက်သွားလေသည်။

ကင်ဆာဖြစ်နေတဲ့အမျိုးသားသည် သူ၏ကင်ဆာရောဂါရနေတာကိုသိရှပြီးနောက်သူ၏အင်္ဂါအစိတ်အပိုင်းများကိုရောင်းချပြီး ငွေကြေးအချို့ကို ပြောင်းလဲပစ်ချင်ခဲ့သည်။

ရလဒ်အနေနဲ့ ကင်ဆာဖြစ်နေတဲ့ထိုလူဟာ မူးမေ့လဲသွားပြီး သူ့ရဲ့ဆေးရေသောက်တာကြောင့် ကင်ဆာက ပျောက်ကင်းသွားလေတော့သည်။

ဒါကြောင့်သူကကိုယ်အင်္ဂါတွေကို မရောင်းချင်တော့ပေ။

ဒါကတိုက်ဆိုင်မှုတစ်ခုပင်ဖြစ်သည်။

သူအခု ထိုကင်ဖြစ်နေတဲ့လူကိုကံကောင်းတယ်လို့ ပြောလိုက်သင့်သလား၊ ဒါမှမဟုတ် ကံဆိုးတယ်လို့ပဲပြောရမလားပဲ။

အစ်ကိုကျောက်က အေးစက်စွာပြောလိုက်သည်။ “တကယ်မင်းမှာ ကင်ဆာမရှိဘူးလား။ ဒါဆိုမင်းရဲ့ကိုယ်ခန္ဓာအစိတ်အပိုင်းအားလုံးကို ဖယ်ထုတ်ပစ်ရလိမ့်မယ်!”

ထိုစကားကြားကိုကြားတော့ရက်စက်သော အမျိုးသားတစ်စုသည် လက်အိတ်များကို ကိုယ်စီ၀တ်ဆင်ကာ အေးစက်နေသောဓားပြားကို ကောက်ယူကာ ထိုကင်ဆာဖြစ်နေတဲ့အမျိုးသားဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားလိုက်ကြသည်။

ဒါကိုတွေ့တော့ကင်ဆာဖြစ်နေတဲ့လူက ထိတ်လန့်တကြားနဲ့ “မလုပ်ပါနဲ့... မလုပ်ပါနဲ့... ငါ မင်းကို ပိုက်ဆံ 500,000 ပေးမယ်၊ ငါ့ပိုက်ဆံ အိမ်မှာလည်းရှိပါသေးတယ်၊ ငါအဲ့ဒါကိုလဲပေးပါ့မယ်။...”

အစ်ကို ကျောက်က လှောင်ပြောင်လိုက်သည်။ “ 500,000အပြင်မင်းအိမ်မှာလဲရှိတာလား။ငါမင်းကို​ပြောရအုံးမယ်။မင်းမှာရှိတဲ့ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကိုသာရောင်းလိုက်ရင်မင်းမှာရှိတဲ့ချမ်းသာမှုထက်တောင်ပိုများမယ်မဟုတ်လား။ဒါကြောင့်မင်းကိုဘာလို့လွှတ်ရမှာလဲ’’

ဒါကိုကြားပြီးနောက်လူမိုက်အုပ်စုသည် ကင်ဆာဖြစ်နေတဲ့အမျိုးသားဆီသို့ သွားလိုက်ကြသည်။

ဒါကိုတွေ့တော့ဝမ်ရိုသည်ကင်ဆာဖြစ်မေတဒ့အမျိုးသားကိုစိုးရိမ်သွားခဲ့သည်။

ဝမ်ရိုသူမသည်အပြစ်မဲ့သူကိုသူမရှေ့အီာသေတာကို​မမြင်ချင်ပေ။

“ကျွတ်”

စိုးရိမ်လွန်းအားကြီးနေတာကြောင့်သူမဘေးနားက ဘူးခွံပေါ်ကို မတော်တဆ နင်းမိသွားလေသည်။

အသံကိုကြားတော့အစ်ကိုကျောက်က ကြောက်လန့်တကြားဖြစ်သွားကာ “ဘယ်သူလဲ!”ဟုမေးလိုက်သည်။

လူမိုက်များသည်လဲအသံကြားရာဝမ်ရို၏တည်နေရာဆီသို့ လှမ်းကြည့်လိုက်သည်။

အစ်ကိုကျောက်က သူ့လက်ကို မြှောက်ပြီး သူ့ဘေးနားက မျက်နှာဝိုင်းရှိတဲ့ လူကို အချက်ပြလိုက်လေသည်။

မျက်နှာဝိုင်းစက်သူသည် ခေါင်းညိတ်ပြပြီးနောက်ဓားတိုတစ်ချောင်းကိုကိုင်ကာ ရှေ့သို့ လျှောက်လာခဲ့သည်။

ဒီအချိန်မှာပုန်းအောင်းမနေနိုင်တော့ဘူးဆိုတာဝမ်ရိုသိလိုက်လေသည်။

ထိုကြောင့် သူမက လင်းဖန် ကို တိုးတိုးလေးပြောလိုက်သည်။ “မင်းအရင်သွားနှင့်!”

ထို့နောက် ဝမ်ရိုသည် ချက်ချင်းတိုက်ခိုက်တော့သည်။

“ဗွမ်း!”

ဝမ်ရိုမျက်နှာဝိုင်း၏ဓားကိုင်ထားသောလက်ကိုကန်ကျောက်ကာ ခြေတစ်ဖက်ဖြင့် မြေပေါ်လှဲကျအောင်လုပ်ပြီး လက်ထိတ်ထိတ်ခတ်လိုက်သည်။

အစိကိုကျောက်တိုအုပ်စုသည် မျက်နှာအနည်းငယ်ပြောင်းသွားသည်။

သို့သော် သူတို့သည် ကြောက်ရွံ့ခြင်းတော့မရှိပေ။

ပစ်ကိုကျောက်၏အဖွဲ့မှလူနှစ်ယောက်သည် ပြတင်းပေါက်ဆီသို့ ပြေးသွားကာ မှန်ပြောင်းဖြင့် လှမ်းကြည့်လိုက်သည်။

မကြာခင်မှာပဲ သူတို့ကအစိကိုကျောက်စီလာကာ “အစ်ကို ကျောက်၊ အပြင်မှာ ကားတစ်စီးပဲ ရှိတယ်”

အစ်ကိုကျောက် က “ဒါဆိုငါတို့​နောက်ထပ် ပြီးပြည့်စုံတဲ့အင်္ဂါတစ်ခုရသေးတယ်လို့ဆိုတာမဟုတ်လား။မြန်သွားကြ”

“ဟုတ်”

လူမိုက်တို့သည် ဓားဖြင့် ဝမ်ရိုဆီသို့ ပြေးသွားကာတိုက်ခိုက်ကြသည်။

ဘူမိုက်တွေတိုက်ခိုက်တာကိုရှောင်တိမ်းနေစဉ်တွင် ဝမ်ရိုသည် ရံဖန်ရံခါ လက်သီးနှင့်ထိုးကာ တစ်ဦးပြီးတစ်ဦး မြေပြင်ပေါ်သို့ လဲကျသွားကြသည်။

ဝမ်ရို၏တိုက်ခိုက်ရေးစွမ်းအားက တကယ်ကောင်းပါတယ်။သို့သော်သူမသည်လက်နှစ်ဖက်သာရှိသောကြောင့်ခက်ခက်ခဲခဲတိုက်ခိုက်နေရသည်။ တဖြည်း ဖြည်းနဲ့ဝမ်ရိုသည် တိုက်ခိုက်နိုင်စွမ်းသိပ်မရှိတော့ပေ။

လူမိုက်တစ်ယောက်က ဒါကိုအခွင့်အရေးယူကာ ဝမ်ရိုကို ဓားနဲ့ထိုးလိုက်သည်။

ထိုအချိန်တွင် အနက်ရောင် အရိပ်တစ်ခုက ခုန်ထွက်လာပြီး ထိုလူကို ကန်ထုတ်ပစ်လိုက်သည်။

ထိုလူရိပ်ကတော့ လင်းဖန်ပင်ဖြစ်သည်။

လင်းဖန် ပါဝင်လာပြီးနောက် အခြေအနေ သည်ပြောင်းလဲလာတော့သည်။

မကြာခင်မှာပဲ လူမိုက်တွေတစ်ယောက်ပြီးတစ်ယောက် မြေပြင်ပေါ်လဲကျသွားကြတော့သည်။

ခပ်လှမ်းလှမ်းတွင်ရှိနေသောအစ်ကိုကျောက် သည်ဒီထက်ပိုပြီးမနှောင့်နှေးသင့်တော့ကြောင်းကိုသူသိလိုက်သည်။

မြန်မြန်ဖြေရှင်းရမယ်!

ထို့ကြောင့် အစ်ကိုကျောက် သည် သူ့နောက်ငနေပစ္စတိုတစ်လက်ကို တိတ်တဆိတ်ထုတ်ယူကာဝမ်ရိုဆီသို့ပစ်ထည့်လိုက်လေသည်။

“ဗွမ်း!”

သို့သော်လည်းလင်းဖန်သည် အလွန်လျင်မြန်စွာပြေးပြီး ဝမ်ရိုကို မြေပြင်ပေါ်သို့ လဲချလိုက်သည်။

ယခုအ​ခြေအနေသည် တီဗီစီးရီးများတွင်ပါဝင်သောကျည်ဆန်ရှောင်သကဲ့သို့ဖြစ်နေသည်။

ဒါပေမယ့် တကယ်တော့?

ကျည်ဆံထက် လူကဘယ်လိုလုပ်မြန်နိုင်မှာလဲ။

လင်းဖန်သည် တိုက်ခိုက်နိုင်စွမ်းရှိလျှင်ပင် အလုပ်မဖြစ်ပေ။

လင်းဖန်သည် ဝမ်ရိုထံ ရောက်လာသောအခါ ကျည်ဆန်သည် ထိဖို့ဖြစ်နေပြီဖြစ်သည်။

ထိုအချိန်တွင် သာမန်မျက်စိဖြင့်မမြင်နိုင်သော ကာဗာတစ်ခု လင်းဖန်၏ပတ်ဝန်းကျင်တွင် ရုတ်တရက်ပေါ်လာပြီး ကျည်ဆန်သည် အခိုင်အမာပိတ်ဆို့လိုက့သည်။

ဒါကလင်းဖန်သည် တစ်ချိန်က ရရှိခဲ့သော စွမ်းအင်အကာအရံဖြစ်သည်။

ဒါကိုကြည့်ပြီးလင်းဖန်သည် မကူညီနိုင်ဘဲ သက်ပြင်းတစ်ချက်ချလိုက်သည်။

ထို့နောက် သူသည်ထ၍ အဆက်မပြတ် သူ့ရှေ့ရှိ လူမိုက်အားလုံးကို အချိန်တိုအတွင်း မြေပြင်ပေါ်သို့ လဲသိပ်လိုက်လေသည်။

ထို့နောက် ကျားတစ်ကောင်ကဲ့သို့ အစ်ကိုကျောက်ဆီသို့ ပြေးသွားခဲ့သည်။

ဒါကိုတွေ့တော့အစ်ကိုကျောက်၏ မျက်နှာသည် သိသိသာသာ ပြောင်းလဲသွားပြီး ပစ္စတိုကို ကောက်ကိုင်လိုက်ပြီး အဆက်မပြတ်ပစ်လေတော့သည်။

လင်းဖန်သည် ဘယ်ကို ရှောင်လိုက်။ ညာဘက်ကို ရှောင်လိုက်လုပ်နေလေသည်။

ကျည်ဆန်အချို့ကို အောင်မြင်စွာ ရှောင်ရှားနိုင်ခဲ့ပြီးတစ်ချို့မရှောင်နိုင်သောကျည်ဆန်အချို့ကိုမှုစွမ်းအင်ဒိုင်းဖြင့် အောင်မြင်စွာ ပိတ်ဆို့နိုင်ခဲ့သည်။

မကြာခင်မှာပဲ လင်းဖန် ကအစ်ကိုကျောက်ဆီကို ရောက်လာပြီး ကန်ထုတ်လိုက်သည်။

“ဗွမ်း!”

လင်းဖန်ကန်ချက်ကြောင့်ညီအစ်ကို ကျောက်သည်နှစ်မီတာအကွာသို့ရောက်သွားကာသွေးအန်ချလိုက်လေသည်။အန်လိုက်သောသွေးများထဲတွင်သွာတစ်ချို့တောင်ပါလေသည်။ ပါးစပ်ထဲကနေ သွေးကိုဆက်တိုက်အန်ရင်းသူသည်ပြန်မထနိုင်တော့ပေ။

All Chapters