ကံစမ်းမဲ
Vol. 23 Ch. 335
ချမ်ရှောင်သည်ပြောပြီးသည်နှင့် သူမ လက်ကိုင်ဖုန်းကို ယူကာ အခန်းဆီသို့ လျှောက်သွားလိုက်သည်။
တံခါးပိတ်သွားသောအခါလီယန်က “ငါတို့ ယူဟိုင် ကုမ္ပဏီကအခုရန်ပုံငွေလိုနေတယ်မဟုတ်လား။ဒီဒီကသာငါတိုကိုလာမကူညီရင်ငါတို့တော့ပြီးပြီမဟုတ်လား”
ဒီကိစ္စကိုကြားတော့ချမ်ဒီရီရဲ့ အရင်က ဘာမှမထူးခြားတဲ့ အသွင်အပြင်ကနေဝမ်းနည်းတဲ့အမူပရာကိုပြသလိုက်လေသည်။
သူသည် အကြာကြီးနေပြီးမှသက်ပြင်းချလိုက်ပြီး “ဒါပေမယ့် ကုမ္ပဏီအသိမ်းခံရရင်တောင်ရှောင်ရှောင်မလုပ်ချင်တာကိုတော့မလုပ်ခိုင်းချင်ဘူး”
ထို့နောက် ချမ်ဒီရီက ပြုံးပြီး “ဒါ့အပြင်၊ ဒီနေ့ ကျန်ပေ့မှာရှိတဲ့တန်တန်ဘဏ်ရဲ့ ဥက္ကဌနဲ့ ချိန်းထားတာ မဟုတ်ဘူးလား၊ ညှိနှိုင်းမှုအဆင်ပြေသရွေ့၊ ငါတို့ ကုမ္ပဏီမှာလိုအပ်နေတဲ့ ရန်ပုံငွေက ပြဿနာရှိတော့မှာ မဟုတ်ဘူး”
လီယန် က “အင်း...ဒီနေ့လိုအရေးကြီးတဲ့ ပွဲကိုလင်းဖန်ကို လာခိုင်းတာ သိပ်ကောင်းတာ မဟုတ်ဘူးလေ။”
“ဘာကိုမကောင်းရမှာတုန်း။ပထမတစ်ချက် စီးပွားရေးအကြောင်းပြောပြီးဒုတိယအနေနဲ့ငါ့ရဲ့သားမက်ကို စစ်ဆေးနိုင်တယ်လေ။ဒါက ငှက်နှစ်ကောင်ကို ကျောက်ခဲတစ်လုံးနဲ့ ပစ်တာမဟုတ်ဘူးလား” ချမ်ဒီရီ ရယ်ပြီးပြောလိုက်သည်။
...
ပန်းလုံ ဗီလာ။
လင်းဖန်သည် မနက်စာစားပြီးသည်နှင့် သူ့အိတ်ကပ်ထဲမှ ဖုန်းသည်နည်းငယ်တုန်ခါသွားသည်။
ချမ်ရှောင် : လင်းဖန် ဒီနေ့ မင်း အားလားငါ့မိဘတွေက မင်းနဲ့ညစာအတူတူစားချင်နေတယ်။
လင်းဖန်သည် ဤစာကိုမြင်သောအခါ အံ့အားသင့်သွားသည်။
ဒါက မိဘနဲ့ တွေ့တာလား။
လင်းဖန်သည် ချူစီရှင်း ၏မိဘ၊ ဟေးလင်း၏မိဘ၊ ဟန်တီ ၏မိဘများနှင့်တွေ့ဆုံပြီးဖြစ်သောကြောင့်ဖြစ်သည်။
လင်းဖန်သည် မိဘများနှင့် တွေ့ဆုံရာတွင် အတော်လေး အတွေ့အကြုံရှိသည်ဟု ဆိုနိုင်သည်။
ခဏအကြာတွင် လင်းဖန်သည် စာအမြန်ပြန်ပို့လိုက်လေသည်။
လင်းဖန်: ငါအားတယ်။ငါမကြာခင်လာခဲ့မယ်။
နှစ်ယောက်သား အပြန်အလှန် မက်ဆေ့ချ်နဲ့ခဏလောက် စကားစမြည်ပြောနေကြကြီးနှုတ်ဆက်လိုက်ကြသည်။
ထိုအချိန်တွင် လင်းဖန်၏ ဆဲလ်ဖုန်းသည် ကျယ်လောင်စွာမြည်လာတော့သည်။
ခေါ်ဆိုသူသည် တန်တန်ဘဏ် ၏ဥက္ကဌ ဟွမ်ဒမ် ဖြစ်သောကြောင့်ကိုင်လိုက်လေသည်။
“မစ္စတာလင်း မင်္ဂလာပါ။” ဟွမ်ဒမ်က အလွန်လေးစားသော လေသံဖြင့် ပြောလိုက်သည်။
လင်းဖန်က “မင်း ရောပဲဘာကိစ္စရှိလို့လဲ”
ဟွမ်ဒမ်က “ကျွန်တော်ရဲ့တန်တန်ဘဏ်ရဲ့အစည်းဝေးကိုကျန်ပေ့မှာသုံးလတစ်ကြိမ် အစည်းအဝေးကျင်းပဖြစ်တယ်။အစည်းအဝေးလို့ပြောလို့ရသလိုတွေ့ဆုံပွဲလို့လဲပြောလို့ရတယ်။အဲ့ဒါ မင်းလာမှာလား မသိဘူး”
“တွေ့ဆုံပွဲလား..ဒီလိုကိစ္စတွေကို ငါစိတ်မဝင်စားဘူး...” လင်းဖန်က ပွင့်ပွင့်လင်းလင်းပြောလိုက်သည်။
“ဟုတ် ဒါဆိုအနှောက်အယှက်ပေးမိတဲ့အတွက်တောင်းပန်ပါတယ်ဗျ.” ဟွမ်ဒမ် ကလင်းဖန်စိတ်ဆိုးသွားမှာကို စိုးရိမ်သောကြောင့် သူသည်ဘာမှ ထပ်မပြောတော့ပေ။
ထို့နောက် နှစ်ယောက်သား စကားအနည်းငယ်ပြောပြီး ဖုန်းချလိုက်သည်။
...
တန်တန်ဘဏ်ရဲ့ကျန်ပေ့ဌာနခွဲဥက္ကဌရုံး။(တန်တန်ဘဏ်ရဲ့ဘဏ်ခွဲပါ)
ထိပ်ပြောင်လူက “ဥက္ကဌ ယွမ်၊ ငါတို့ရှောင်နီကုမ္ပဏီက ဒီနေ့ ယူဟိုင် ကုမ္ပဏီအခြေအနေဖြင့်အောင်တွန်းပို့ဖို့ အများကြီး ကြိုးစားခဲ့ရတယ်...”
“ငါ့ရဲ့ ကြိုးစားအားထုတ်မှုကို လုံးဝ အချည်းနှီးအဖြစ်မခံနိုင်ဘူး”
ဥက္ကဋ္ဌ ယွမ် က “စိတ်မပူပါနဲ့၊ ငါနဲ့ မင်းရဲ့ဆက်ဆံရေးကို အခြေခံပြီး ဘယ်လိုလုပ်အချည်းနှီးဖြစ်အောင်လုပ်မှာလဲ”
“ဒီနေ့ ငါချမ်ဒီရှောင်ညစာစားပြီးသူစိတ်ပျက်လက်ပျက်ပြန်ရအောင် လုပ်ပေးမယ်။”
ထိပ်ပြောင်လူက ဟက်ဟက်ပက်ပက်ရယ်လိုက်ပြီး “ဟာဟားဟား၊ အရမ်းကောင်းတယ်။ စကားမစပ် လက်ဖက်ခြောက်ကောင်းကို ငါ ယူလာပေးတယ်။ နောက်မှ မြည်းစမ်းကြည့်လို့ရတယ်။”
စကားပြောနေစဉ်တွင် လက်ဆွဲအိတ်ထဲမှ သံသေတ္တာကြီးတစ်လုံးကို ထုတ်ယူလိုက်သည်။
ဥက္ကဌယွမ်က ဟက်ဟက်ပက်ပက် ပြုံးလိုက်ပြီး “ဟာဟားဟား၊ ဒါဆို ငါမငြင်းတော့ဘူးနော်”
...
ကျန်ပေ့ ရှိ အထင်ကရ အဆောက်အအုံတစ်ခုဖြစ်သည့် အင်ပါယာဟိုတယ် သည် ပုံမှန်အတိုင်းပင် လှပသောအဝတ်အစားများနှင့် အနောက်တိုင်း၀တ်စုံများဝတ်ဆင်ထားသော အမျိုးသား၊ အမျိုးသမီး များ အဝင်အထွက်သွားခြင်းကိုကြည့်ခြင်းဖြင့်စီးပွားရေး အလွန်ကောင်းမှာသေချာသည်။
ချမ်ဒီရီသည် ကောင်တာဆီသို့ လာကာ “အခန်းမရှိတော့ဘူးလား?”
စားပွဲထိုးက “ဟုတ်ကဲ့မစ္စတာ”
ချမ်ဒီရီ သည် ထိုစကားကိုကြားသောအခါ သူ့မျက်နှာအနည်းငယ်ပျက်သွားလေသည်။
သိရန်…
ယနေ့တွင် သူသည် တန်တန်ဘဏ်၏ကျန်ပေ့ဘဏ်ခွဲဥက္ကဌကို ဖိတ်ကြားခဲ့သည်။
သူ့ကို ဧည့်ခန်းမှာ ဧည့်ခံရမှာလား။
အဲဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။!
ဒီလိုသာဧည့်ခံလိုက်ရင်တစ်ဖက်က ဒေါသထွက်ရင် ယူဟိုင်ကုမ္ပဏီမှာလိုအပ်တဲ့ငွေကိုဘယ်ကနေရနိုင်မှာလဲ။
ချမ်ဒီရီအတွေးများနေချိန်မှာပဲချမ်ရှောင်က သူ့ဘေးနားလူငယ်ကို”လင်းဖန်မင်းဒီကိုရောက်နေပြီပဲ”
ထို့နောက် သူမသည် လင်းဖန်၏လက်ကိုဆွဲကာ “အဖေ၊အမေဒါလင်ဖန်းပါ” ဟုပြောခဲ့သည်။
လင်းဖန်က “မင်္ဂလာပါ ဦးလေးနဲ့ဒေါ်ဒေါ်။”
လီယန်က လင်းဖန်ကို ကြည့်နေလိုက်သည် ။
သူမသည် လင်းဖန်၏ အရပ်ရှည်ပြီးချောမောသောအသွင်အပြင်ကို ကြည့်ကာ ကျေနပ်စွာဖြင့် “လင်းဖန်း၊မင်းကို တွေ့တာကြာပြီ”
ချမ်ဒီရီ သည် အခန်းမရှိတော့သောကြောင့် အနည်းငယ်စိတ်မကောင်းဖြစ်နေမိသည်။
သို့သော်လည်းသူက လင်းဖန်ကို ခေါင်းညိတ်ပြလိုက်သည်။
နောက်တော့သူကထိုစားပွဲထိုးအား”အခန်းကတစ်ခုမှာမရှိတော့ဘူးလား”
စားပွဲထိုးက “ဟုတ်ကဲ့”
“ဒါဆို စောင့်ရင် ဘယ်လောက်ကြာမလဲ” ချမ်ဒီရီ က မေးသည်။
“အဲဒါက.. သူတို့ဘယ်အချိန်ထွက်မလဲဆိုတာကိုမသိဘူး။ ဘာလို့လဲဆိုတော့ ငါတို့ ဟိုတယ်က ဧည့်သည်တွေရဲ့ စားသုံးချိန်ကို မကန့်သတ်ထားလို့လေ။” စားပွဲထိုးက ပြန်ဖြေလိုက်လေသည်။
အချို့ဟိုတယ်များသည် ငွေပိုရရန်အတွက် ဧည့်သည်များ၏ ထမင်းစားချိန်ကို ကန့်သတ်ထားသည်။
ဤနည်းအားဖြင့်၊ ၎င်းတို့သည် သူတို့ဆိုင်သို့ ဖောက်သည်အသစ်များ ထပ်မံလာရောက်သုံးစွဲဖို့ကိုခွင့်ပြုနိုင်သည်။
သို့သော်၊ ကျန်ပေ့ရှိ အထင်ကရ အဆောက်အအုံတစ်ခုဖြစ်သည့် အင်ပါယာဟိုတယ်သည် သဘာဝအားဖြင့် ထိုကဲ့သို့သော လိုအပ်ချက်မျိုး မရှိပေ။
သူတို့နှစ်ယောက်ကြား စကားပြောတာကို နားထောင်ရင်း လင်းဖန် က သူ့ဦးလေး ချမ်က အခန်းတစ်လုံးကို ကြိုတင်မှာချင်တာကို ချက်ချင်း သဘောပေါက်သွားသည်။
ထိုအချိန်တွင် မလှမ်းမကမ်းမှ ခြေသံများ တဟုန်ထိုး ထွက်ပေါ်လာသည်။
ပတ်ဝန်းကျင်ရှိ စားပွဲထိုးများက လေးလေးစားစား နှုတ်ဆက်ကြသည်။
“မင်္ဂလာပါ အထွေထွေမန်နေဂျာ။”
ထိုလူမှာမှာ အင်ပါယာဟိုတယ်၏ အထွေထွေမန်နေဂျာ ဝမ်ဖန်ရီ ဖြစ်သည်။
ဝမ်ဖန်ရီသည်လမ်းလျှောက်နေရင်းဟိုတယ်ကောင်တာဆီသို့အမြန်လျှောက်သွားလေသည်။ဘလို့ဆိုသူကဟိုတယ်ကောင်တာမှာလင်းဖန်ကိုတွေ့လိုက်လို့ပင်ဖြစ်သည်။
လင်းဖန်သည်လဲဝမ်ဖန်ရီကို သတိပြုမိသောလဲမသိချင်ယောင်ဆောင်ကာ”အင်ပါယာဟိုတယ်က VIP အခန်းတွေကို မဲနှိုက်ပြီး မဲနှိုက်ရာမှာကျတဲ့အခန်းကိုအခမဲ့ သုံးနိုင်တယ်ဆိုတာ ငါကြားတယ် အဲ့ဒါအမှန်လား”
မူလက ဝမ်ဖန်ရီသည်လင်းဖန်ကို နှုတ်ဆက်ဖို့လုပ်လိုက်သဉ်။သို့သော်လင်းဖန်၏စကားကြားပြီးနောက်၊ သူသည်ချမ်ရှောင် နှင့် သူ့ဘေးနားရှိ အခြားလူများကို တိတ်တဆိတ်ကြည့်လိုက်သည်။ အချိန်အတော်ကြာ စဉ်းစားပြီးနောက်တွင် ထင်ကြေးပေးများသူစိတ်ထဲတွင် ထွက်ပေါ်လာခဲ့သည်။
ထို့ကြောင့်သူကလည်ချောင်းရှင်းကာ “ဟုတ်ပါတယ် ကျွန်တော်တို့ရဲ့အင်ပါယာဟိုတယ်မှာ ကံစမ်းမဲက အမှန်ပါပဲ။ ဒီဧည့်သည်က ပါဝင်ချင်ပါသလား”
စကားပြောနေတုန်း ဝမ်ဖန်ရီက သူ့လက်ကိုင်ဖုန်းကို ထုတ်ပြီး QR ကုဒ်ကို ဖွင့်လိုက်သည်။
လင်းဖန်သည်လဲသူ့လက်ကိုင်ဖုန်းကို ထုတ်ကာ QR ကုဒ်ကို ပွတ်ဆွဲလိုက်သည်။
“ဒီ’’
အသံတိုးတိုးလေးကြားပြီးနောက် အောင်မြင်မှုသွားလေသည်။
ဝမ်ဖန်ရီက ကောင်တာစာရေးမကို “ကျွန်ုပ်တို့ဟိုတယ်ကနေ အထူးထုတ်ထားတဲ့မဲပုန်းကိုသွားယူလာခဲ့ပါ”
“ဟမ်?” ကောင်တာရှိစာရေးမက အနည်းငယ် မှင်တက်သွားသည်။
စာရေးမတုံဆိုင်းနေတာကိုမြင်တော့ဝမ်ဖန်ရီက မျက်မှောင်ကြုတ်ပြီး “ဒါက မင်းတို့ကိုမနေ့ညက သုံးခဲ့တဲ့ မဲပုံးလေ’’
“အာ...အင်း...ကောင်းပါပြီ” ကောင်တာရှိစာရေးက လုံးဝကို အံသြပြီးပြန်တုံ့ကြန်လိုက်လေသည်။
မနေ့ကသုံးတဲ့ မဲပုံးကို သူမ သဘာဝကျကျ သိသည်။
ဒါပေမယ့် ... အဲဒါက ဝန်ထမ်းတွေအတွက် မဟုတ်ဘူးလား။
သို့သော်လည်း သူမသည် ဝန်ထမ်းဧည့်ခန်းဆီသို့ လျှောက်သွားနေသေးသည်။