← Chapters

ချေးငွေမရခြင်း

Vol. 23 Ch. 336

ချေးငွေမရခြင်း

Vol. 23 Ch. 336

ကောင်တာရှိစာရေးမသည် မဲပုံးကိုကိုင်ကာ ထိတ်လန့်တကြားဖြင့်လျှောက်လာသည်။

ဘာလို့ဆိုအထွေထွေမန်နေဂျာ ရည်ညွှန်းသော မဲပုံးသည်ဘယ်ကိုဆိုလိုတာကိုသူမ မသိသောကြောင့် ဖြစ်သည်။(ပြောလျင်တာကသူမယူလာတာနဲ့ဝမ်ဖန်ရီယူခိုင်တာမတူမှာစိုးတာကိုပြောတာပါ)

ဒီအချိန်မှာ ဝမ်ဖန်ရီက လက်ယပ်ခေါ်ပြီး “အဲ့ဒါပဲမြန်မြန်လာလေ”

ဒါကိုကြားတော့မှကောင်တာရှိစာရေးမက အနည်းငယ် စိတ်သက်သာရာရသွားလေသည်။

ဝမ်ဖန့ရီ က သူ့လက်ကို မဲပုံးထဲကို အရင်ထည့်လိုက်ပြီး မွှေလိုက်သည်။

ထို့နောက် လင်းဖန်ထံသို့ မဲပုံးကေးကာ”ကံကောင်းပါစေ”ဟုပြောလိုက်သည်။

လင်းဖန်က ခေါင်းညိတ်ကာ မဲတစ်ခုကိုနှိုက်ပြီးပေးလိုက်လေသည်။

ဝမ်ဖန်ရီသည်မဲကို ဖြည်းညှင်းစွာဖွင့်လိုက်ပြီး လင်းဖန် ကို မယုံနိုင်သော မျက်လုံးများဖြင့် ကြည့်ကာ “အထူးဆုကြီးပါ။ ဂုဏ်ယူပါတယ် မင်း ယွမ် 100,000 ရရှိပြီး ငါတို့ VIP အခန်းကို အခမဲ့ သုံးနိုင်တယ်” လို့ပြောလိုက်သည်။

“ခွင့်လွှတ်ပါမစ္စတာ၊ဒါကို အခုသုံးမှာလား”

လင်းဖန်က ပြန်မဖြေဘဲချမ်ဒီရီ ကို လှည့်ကြည့်လိုက်သည်။

ဒီဆုကိုကြားတော့ချမ်ဒီရီတောင်မယုံနိုင်ဖြစ်နေလေသည်။

ခဏအကြာတွင်၊ သူက “အင်း... သုံးမယ်၊ အခုသုံးမယ်” ဟုပြောသည်။

ထို့နောက်ဝမ်ဖန်ရီ ၏ ဦးဆောင်မှုအောက်တွင်သူတို့ အဖွဲ့သည် 66 ထပ်ရှိ VIP အခန်းသို့ ရောက်လာသည်။

နူးညံ့သောသိုးမွှေးကော်ဇောများ၊ စိန်ပုံစံမီးလုံးများ... အရာအားလုံးသည် အခန်း၏ဇိမ်ခံမှုကို ထင်ဟပ်စေသည်။

ချမ်ရှောင်က ပြုံးပြီးပြောလိုက်သည်။”ပြီးခဲ့တဲ့ ခေါက်ကလဲလင်းဖန်နဲ့ စားသောက်ဆိုင်မှာ အလကားစားခဲ့တယ်၊ ဒီနေ့လဲနောက်ထပ် အခမဲ့ ထမင်းစားလို့ရအုံးမယ်။ဒါကဘယ်လောက်တောင်ကောင်းလိုက်သလဲ။’’

ချမ်​ရှောင်စကားပြောနေစဉ်တွင် သူမသည် လင်းဖန်နားသို့ကပ်ပြီးနေကာသူမနဲ့လင်းဖန််လောက်ရင်းနှီးကြောင်းပြလိုက်သည်။

ချမ်ဒီရီက တစ်ခုခုပြောဖို့ ပါးစပ်ကိုဖွင့်လိုက်သောအခါတွင်သူ့အိတ်ကပ်ထဲက ဆဲလ်ဖုန်းက မြည်လာလေသည်။

ချမ်ဒီရီက ဖုန်းကိုင်လိုက်ပြီး “မင်္ဂလာပါ ဥက္ကဋ္ဌ ယွမ်”

“မင်းရောက်ပီလား?”

“ကောင်းပြီ မင်းကိုလာခေါ်ဖို့ ငါလာခဲ့မယ်”

ဖုန်းချပြီးနောက်ချမ်ဒီရီသည် အပြင်သို့ အလျင်အမြန် ထွက်လာခဲ့သည်။

ခဏအကြာတွင်ချမ်ဒီရီနံဘေးတွင်ဘီယာဗိုက်နဒ့လူတစ်ယောက်ပါလာလေသည်။

ဥက္ကဌယွမ်က သေတ္တာထဲက အလှဆင်တာကို တစ်ချက်ကြည့်လိုက်ပြီး “VIP အခန်းက မဆိုးပါဘူး!’’

ချမ်ဒီရီက “မင်းကို ညစာလာစားဖို့ ဖိတ်မှတော့ဒီလိုနေရာအကောင်းဆုံးပဲဖစ်သင့်တာပေါ့..”

ဒါကိုကြားတော့ဥက္ကဌ ယွမ်က ကျေနပ်စွာ ခေါင်းညိတ်သည်။

ထို့နောက် နှစ်ယောက်သား စကားစမြည်ပြောကြသည်။

သို့သော်လည်း အစမှအဆုံးတိုင်ဥက္ကဌယွမ် သည် သာလွန်ကောင်းမွန်သော ကိုယ်ဟန်အနေအထားကို ထိန်းသိမ်းခဲ့သည်။

“တာတာ!”

ထိုအချိန်တွင် ထူးထူးခြားခြား ပုံသဏ္ဍာန်နှင့် မွှေးကြိုင်သော ဟင်းပွဲများကို စားပွဲထိုးမှ ဖြည်းညှင်းစွာ သယ်ဆောင်လာခဲ့သည်။

ချမ်ဒီရီ သည် ဖူတန်(ဝိုင်) ပုလင်းကိုဖွင့်ပြီး ခွက်ထဲသို့ထည့်လိုက်သောအခါဝိုင်ရနံများတစ်ခန်းလုံးသို့ပျံနှံသွားလေသည်။

ထို့နောက်ချမ်ဒီရီ၍ ဖန်ခွက်ကို မြှောက်ကာ “ဥက္ကဌယွမ်၊ ဒီနေ့ လာပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ဒါကြောင့်ဒီဝိုင်တစ်ခွက်ကိုသောက်ခွင့်ပြုပါ” လို့ ပြောလိုက်သည်။

စကားပြောပြီးနေညက်ဖန်ခွက်ထဲက ဝိုင်အားလုံးကို သောက်လိုက်သည်။

ဥက္ကဋ္ဌ ယွမ်က သူ့လက်ကို မြှောက်ပြီး “ထိုင်ပြီးသောက်ပါဗျ၊မတ်တပ်ရပ်ပြီးသောက်ချင်လို့လား “

“ဟုတ်... ဥက္ကဌယွမ်ပြောမှန်ပါတယ်။” ချမ်ဒီရီ ရှက်ကိုးရှက်ကန်းနဲ့ ဖြည်းညှင်းစွာ ထိုင်ချလိုက်သည်။

ထို့နောက် နှစ်ယောက်သား စကားစမြည်ပြောကြပြန်သည်။

မိနစ် 20 ခန့်အကြာတွင် ချမ်ဒီရီ သည် နောက်ဆုံးတွင် “ဥက္ကဌ ယွမ်၊ ကျွန်တော်တို့ရဲ့ ယူဟိုင် ကုမ္ပဏီရဲ့ ချေးငွေနဲ့ ပတ်သက်ပြီး အတည်ပြုပြီးပြီလားဗျ။ ချေးငွေကို ဘယ်အချိန်ထုတ်နိုင်မလဲ”

ဤစကားပြောပြီးသည်နှင့် တပြိုင်နက် သက်ဝင်လှုပ်ရှားနေဆဲဖြစ်သော လေထုသည် ချက်ချင်းပင် အေးခဲသွားတော့သည်။

ဥက္ကဌယွမ်က အရည်အသွေးကောင်းတဲ့ အမဲသားကို ပါးစပ်ထဲကို အရင်ထည့်လိုက်ပြီး ဖူတန်ဝိုင် နောက်တစ်ခွက်ကို ယူလိုက်ပြီး “ဒါက အင်ပါယာဟိုတယ် ရဲ့ VIP အခန်းမှာ မင်းငါ့ကို ညစာစားဖို့ ဖိတ်ရတဲ့ ရည်ရွယ်ချက်လား!”

“မင်းဒါကိုမ​ပြောရင်​ ငါပေးဖို့လုပ်ထားတယ်။ဒါပေမဲ့​မင်းပြောလိုက်တော့မင်း​ကိုသန်း 50 ​မပြောနဲ့ယွမ်50 ​တောင်​မ​ချေးချင်​တော့ဘူး”

ဒါကိုကြားတော့ချမ်ဒီရီ မျက်နှာက သိသိသာသာ ပြောင်းလဲသွားလေသည်။

ချေးငွေမယူနိုင်ဘူးလား

ဒါက ဘယ်လိုဖြစ်ရတာလဲ!

သေချာသည်မှာ ဤအရာသည် သူလုံးဝမမျှော်လင့်ထားသည့်အရာဖြစ်သည်။

ချမ်ဒီရီ က စိုးရိမ်တကြီးနဲ့ “ဥက္ကဋ္ဌ ယွမ် ၊ မကြာခင်မှာ ချေးငွေရတော့မယ်လို့ မင်းပြောထားတယ်။ ဘာလို့ အခုမှ ချေးငွေမရရတာလဲ”

ချမ်ဒီရီ ၏အမြင်တွင်၊ ယနေ့ကျင်းပသောပွဲမှာချေးငွေရရန် မျှော်လင့်ထားလေသည်။

ပထမအချက်မှာ ၎င်းတို့၏ လုပ်ထုံးလုပ်နည်းများနှင့် ပတ်သက်၍ ပြဿနာမရှိသောကြောင့် ဖြစ်သည်။(ချေးငွေကိုအတည်ပြုရတာကိုပြောတာပါ)

ဒုတိယအနေနဲ့ ဥက္ကဌယွမ်ကလည်း ကတိတွေ အများကြီးပေးထားခဲ့သည်။

ဥက္ကဌယွမ်က အေးစက်စွာပြောလိုက်သည်။” မင်းမကျေနပ်ရင် အချက်အလက်တွေယူပြီးတော့ ချေးငွေရဖို့ တခြားဘဏ်ဆီကို သွားလို့ရတယ်။”

စကားပြောပြီးနောက် သူထပြီး အပြင်သို့ထွက်လိုက်သည်။

အခြားဘဏ်ကနေချေးငွေရှာရမှာလား။

အချက်အလက်တွေနဲ့ ပတ်သက်ပြီး ပြဿနာမရှိပါဘူး။

သို့သော် ယခုတစ်ကြိမ် ချေးငွေမှာ ယွမ် သန်း ၅၀ ဖြစ်ပြီး ယွမ် ၅၀၀၀၀ မဟုတ်ပေ။

အရင်းအနှီးအတည်ပြုခြင်း၊ လုပ်ငန်းစဉ်စီးဆင်းမှု၊ ချေးငွေ... အားလုံးသည် အချိန်ကြာမြင့်မည်ဖြစ်သည်။

ယူဟိုင်ကုမ္ပဏီသည် ဤအချိန်ကို စောင့်ဆိုင်းရန် လုံးဝမဖြစ်နိုင်ပေ။

“ဒေါက်​ ဒေါက် ဒေါက်”

ထိုအချိန်တွင် အပြင်ဘက်မှ တံခါးခေါက်သံ ထွက်ပေါ်လာသည်။

သို့သော် ချက်ချင်းပင် မည်သူမျှ ဝင်လာခြင်း မရှိပေ။

အရသာရှိတဲ့ ဟင်းတစ်ခွက်ကို သယ်လာတဲ့ ဝမ်ဖန်ရီကို သူ့နောက်မှာရှိတဲ့တန်တန်ဘဏ်ဥက္ကဌ ဟွမ်ဒမ် က တားထားလို့ပင်ဖြစ်သည်။

သူကဝမ်ဖန်ရီ ပခုံးကို ပုတ်ပြီး “မစ္စတာဝမ်၊ ဟားဟား။ မင်းရောက်လက်စနဲ့ ငါ့သီးသန့်ခန်းမှာသွားသောက်မယ်လေ။”

သူတို့နှစ်ယောက် အရင်က ရင်းနှီးပြီးသားမို့ စကားပြောရတာ အရမ်းလွယ်ကူ(အဆင်ပြေ)သည်။

ဝမ်ဖန်ရီ က “ငါ အခုတော့မအားသေးဘူး၊ နောက်တစ်ခါမှ အတူတူ သောက်ဖို့ စီစဉ်လိုက််မယ်!”

အရက်က အချိန်မရွေး သောက်နိုင်သည်။

သို့သော် သူဌေးကို ​ပြုစုရန်မှာ နေ့တိုင်းရသောအခွင့်အရေးမဟုတ်ပါ။

ဟွမ်ဒမ်သည် အလွန်ထက်မြက်သူဖြစ်သောကြောင့် ချက်ချင်းပင် မှန်းဆစပြုလာသည်။

ဒီအခန်းထဲမှာ ဘယ်သူလဲ။

ထိုအချိန်တွင် အခန်းတံခါးသည်ပွင့်လာသည်။

ယွမ်က ဂုဏ်ယူစွာဖြင့် ထွက်လာခဲ့သည်။

သို့သော် နောက်အခိုက်အတန့်တွင် သူ့တစ်ကိုယ်လုံး အနည်းငယ် အံ့အားသင့်သွားသည်။

အဘယ်ကြောင့်ဆိုသော် တန်တန်ဘဏ်၏ဥက္ကဌ ဟွမ်ဒမ် သည် တံခါးဝတွင် အမှန်တကယ် ပေါ်လာသောကြောင့်ဖြစ်သည်။

ယွမ်၏ မျက်နှာပေါ်ရှိ မာနကြီးသော အရိပ်အယောင်များမရှိတော့ဘဲ၊ ယင်းအစား နှိမ့်ချပြီး မြှောက်ပင့်မှုအပြည့်ရှိအမူအရာရှိသည်။

“မင်္ဂလာပါ ဟွမ်ဒမ်”

ဟွမ်ဒမ်သည်ဤယွမ်ကကျန်ပေ့မြို့ရှိ ဌာနခွဲငယ်တစ်ခု၏ ဥက္ကဌဖြစ်တယ်ဆိုတာကိုသိသည်။သူ့လိုဘူက ဝမ်ဖန်ရီကိုယ်တိုင်အစားအ​သောက်ပို့ရသော VIP အခန်းကိုသူဘာကြောင့် ပေါ်လာသနည်း။

သံသယအနည်းငယ်ဖြင့် ဟွမ်ဒမ်က နှုတ်ဆက်ရန် ခေါင်းညိတ်ပြဖို့လုပ်လိုက်သည်။

နောက်အခိုက်အတန့်မှာ သူ့မျက်လုံးများပြူးကျယ်သွားလေသည်။ဘာလို့ဆိုသူကလင်းဖန်ကိုမြင်လိုက်လို့ပင်ဖြစ်သည်။

ဟွမ်ဒမ် သည် တရုတ်နိုင်ငံအလယ်ပိုင်းရှိ တန်တန် ဘဏ်၏ သုံးလပတ်အစည်းအဝေးကြောင့် တစ်ဖက်တွင် ကျန်ပေ့ သို့ ရောက်လာခဲ့သည်။

ပိုအရေးကြီးတာက လင်းဖန်နဲ့ တွေ့ပြီးနှစ်ယောက်သား ပိုပြီးရင်းနှီးချင်သောကြောင့်ဖြစ်သည်။

သို့သော် ယနေ့နံနက်တွင်လင်းဖန် နှင့် ဖုန်းပြောသောအခါတွင်ဟွမ်ဒမ်သည် လင်းဖန်သည်အနည်းငယ် စိတ်မရှည်ဖြစ်နေကြောင်းကိုသိလိုက်သည်။

ထို့ကြောင့် သူသည်အများကြီး မပြောဝံ့ပေ။

မထင်မှတ်ပဲ... လင်းဖန်ကို အင်ပါယာဟိုတယ်မှာ မတော်တဆတွေ့ရသည်။

ထို့ကြောင့် ဟွမ်ဒမ် သည် ဥက္ကဋ္ဌ ယွမ် ကို လုံးဝ လျစ်လျူရှုကာ “မင်္ဂလာပါ မစ္စတာလင်း” ဟု ခေါင်းငုံ့ကာ ရိုသေစွာ ပြောလိုက်သည်။

All Chapters