ဥက္ကဋ္ဌ
Vol. 23 Ch. 337
ဟွမ်ဒမ်စကားကြောင့်အားလုံးတိတ်ဆိတ်သွားပြီးလူတိုင်းမတူညီသော အတွေးများကိုတွေးမိလိုက်ကြသည်။
ဥက္ကဌယွမ်က သံသယဖြင့်’’မစ္စတာလင်း။ဘယ်ကမစ္စတာလင်းလဲ။ဟွမ်ဒမ်ကဘာလို့အရမ်းလေးစားနေတာလဲ။ သို့သော် ဒီနေရာမှာမျိုးရိုးအမည် လင်းတစ်ယောက်မျှ မရှိဘူးမဟုတ်လား’’လို့တွေးလိုက်သည်။
ချမ်ရှောင်နှင့် လီယန် သည် လင်ဖန်းကို အနည်းငယ် စိတ်ရှုပ်ထွေးစွာဖြင့်ကြည့်လိုက်သည်။ နာမည်က လင်း? ဟွမ်ဒမ်က လင်းဖန်ကို နှုတ်ဆက်စကား ပြောလ်ုက်တာလား။
ချမ်ဒီရီကတော့ ဒါကိုဂရုမစိုက်ပေ။ သူက ဥက္ကဌယွမ်ထံ အလျင်အမြန်ပြေးသွားပြီး “ဥက္ကဌယွမ်၊ ငါတို့ရဲ့အချက်အလက်နဲ့ ပတ်သက်ပြီး ပြဿနာမရှိတာသေချာပါတယ်။ကျေးဇူးပြုပြီး သေချာပြန်ကြည့်ပေးပါအုံးဗျ။ မင်း ငါကို ချေးငွေချေးနိုင်ဖို့သေချာပေါက်အတည်ပြုပေးရမယ်”
ပုံမှန်အတိုင်းဆိုလျှင်၊ ဥက္ကဌယွမ် သည်ဟွမ်ဒမ်ကို လေးလေးစားစား ဆက်ဆံသည်ကို ချမ်ဒီရီလဲသတိပြုမိပြီးဟွမ်ဒမ်ကလင်းဖန်က်ုလေးလေးစားစားနှုတ်ဆက်တာကိုသတိပြုမိမည်ဖြစ်သည်။
သို့သော် ယခုအချိန်တွင် သူသည် သူ့ရင်ထဲတွင် ချေးငွေတစ်ခုသာ ရချင်နေပြီး အခြားအရာများကို စဉ်းစားဖို့အချိန်မရှိပေ။
ဘာလို့လဲဆိုတော့ ချေးငွေသာမထုတ်နိုင်ရင်
သူနှစ်ပေါင်းများစွာကြိုးစားပြီတည်ထောင်ထားရသော ကုမ္ပဏီသည် လုံးဝ ပျောက်ကွယ်သွားတော့မည် ဖြစ်သောကြောင့်ဖြစ်သည်။
လင်းဖန်က ရှေ့သို့ ခြေလှမ်းအနည်းငယ်လှမ်းကာ “အန်ကယ်ချမ် ကျွန်တော့်ကိုအန်ကယ်ကိုင်ထားတဲ့အချက်အလက်တွေပေးပါ” ဟု ပြောသည်။
စကားပြောနေစဉ်တွင် ချမ်ဒီရီ ထံမှချေးငွေအချက်အလက်ကိုယူလိုက်သည်။
ထို့နောက် ဟွမ်ဒမ်အား “ဟွမ်ဒမ် ဒါက ငါ့ရည်းစားရဲ့အဖေပါ။ပြီးတော့ဒါကချေးငွေအချက်အလက်တွေပါ။သူက သန်း 50 ချေးချင်နေတယ်။ အဲ့အချက်အလက်မှာပြဿနာရှိမရှိမင်းကြည့်ပေးပါအုံး။”
ဟွမ်ဒမ် သည် လုံးဝမတွန့်ဆုတ်ဝံ့ဘဲ အချက်အလက်များကိုယူကာ ဂရုတစိုက်ကြည့်လိုက်သည်။
လင်းဖန်သည် တန်တန်ဘဏ် ၏ အဓိကရှယ်ယာရှင်ဖြစ်ပြီး ချေးငွေ သန်း 50 မပြောနဲ့သန်း 500 ၊ 5 ဘီလီယံ 50 ဘီလီယံ ...တောင်ချေးနိုင်လေသည်။
သို့သော် လင်းဖန်သည်အချက်အလက်ကိုကြည့်ခိုင်းချင်သည်ကိုမြင်သောကြောင့် ဟွမ်ဒမ်သည်ကြည့်ရုံသာသူတတ်နိုင်တော့သည်။
လင်းဖန်သည် ၎င်းတို့ထဲမှ အချို့မေးခွန်းများမေးမည်ကို စိုးရိမ်သဖြင့် သူ အလွန်ဂရုတစိုက်ကြည့်နေသည်။
.....
စာမျက်နှာများလှန်သောအသံကြောင့် ဥက္ကဋ္ဌ ယွမ်သည်နဖူးမှာချွေးစေးများပင်ထွက်နေလေသည်။
နာရီဝက်ခန့်အကြာတွင်ဟွမ်ဒမ်သည် နောက်ဆုံးတွင် အချက်အလက်ဖတ်ခြင်းကို ရပ်လိုက်သည်။
လင်းဖန်က “ဘယ်လိုလဲ၊ ချေးငွေချေးလို့ရလား”
ဟွမ်ဒမ်က “ချေးလို့ရပါတယ်။ တကယ်တော့ ဒီအချက်အလက်တွေအရ ယွမ် သန်း 60 လောက်ကို ချေးနိုင်တယ်”
လင်းဖန် က ပြုံးပြီးပြောသည်။ “တကယ်လား? ဒါဆို တန်တန်ဘဏ်ခွဲဖြစ်တဲ့ကျန်ပေ့တန်တန် ဘဏ်ရဲ့ ဥက္ကဌ ယွမ်က ဘာလို့ အချိန်အကြာကြီး စောင့်ခိုင်းပြီးမှ သူကယွမ် 50 တောင် မချေးနိုင်ဘူးလို့ပြောတယ်”
လင်းဖန်ရည်းစားရဲ့ဖခင်ကို အချိန်အတော်ကြာစောင့်ခိုင်းပြီးမှယွမ်၅၀ ပင် မချေးနိုင်ကြောင်း ပြောကြားခဲ့သည်။
ဒါက.......!
ဟွမ်ဒမ်၏မျက်နှာပြောင်းသွားပြီး “ယွမ်ဂျန် မင်းငါ့ကိုသေချာရှင်းပြသင့်တယ်”
ဒါကိုကြားတေည့ယွမ်ဂျန်၏နဖူးပေါ်မှ ချွေးများရုတ်တရက် ပေါ်လာပြီး သူက ထိုင်ချလိုက်ပြီး “ဒါ... ဒါ... ဒါက စရင်းစစ်တဲ့လူကမှားဖတ်မိတာနေမယ်’’
“အိုး? ဒါဆို ဘယ်စာရင်းစစ်လဲဆိုတာ ပြောပြပါဦး။” ဟွမ်ဒမ်က အေးစက်စွာပြောသည်။
“ဟုတ်...ဟုတ်...ရီဘို” ယွမ်ဂျန်ကအထစ်ထစ်ဖြင့်ပြောလိုက်သည်။
“ကောင်းပြီ!” ဟွမ်ဒမ်က သူ့လက်ကိုင်ဖုန်းကို တိုက်ရိုက်ထုတ်လိုက်ပြီး “ငါက ဟွမ်ဒမ် ပါ၊ ကျန်ပေ့မြို့မှာရှိတဲ့ ဘဏ်ခွဲရဲ့ စာရင်းစစ် ရီဘိုဆီကို ဖုန်းဆက်ပေးပါဦး။”
.....
“ရီဘိုလား၊ ငါမင်းကိုမေးချင်တာတစ်ခုရှိလို့ ယူဟိုင်ကုမ္ပဏီရဲ့ချေးငွေအချက်အလက်ကိုမင်းစစ်ဆေးပြီးပြီလား”
“မင်း အဲဒါကို မသိသေးဘူးလား၊ ငါ နားလည်ပြီ”
ထို့နောက် ဟွမ်ဒမ်က “ယွမ်ဂျန်ဒါက ရီဘို ကို စစ်ဖို့ ပြောခဲ့တယ်ဆိုတာလား?”
ဒါကိုကြားတော့ယွမ်ဂျန်၏ နဖူးပေါ်ရှိ ချွေးများသည် ပိုထွက်လာပြီး သူ့တစ်ကိုယ်လုံး တုန်လှုပ်နေသည်။
တကယ်တော့ ဟူဟိုင်ကုမ္ပဏီရဲ့ ချေးငွေအချက်အလက်ကို သူရလာတဲ့အချိန်ကစပြီးအံဆွဲထဲမှာ တိုက်ရိုက်သော့ခတ်ပြီး ဒီနေ့အထိ သိမ်းထားခဲ့သည်။စာရင်းစစ်ဖို့နေနေသာသာ စာရင်းစစ်က ဒီလိုအချက်အလက်ရှိမှန်းတောင် မသိပေ။
ဟွမ်ဒမ်ကတစ်နေ့မှာ သူ့ကိုကိုယ်တိုင်ကိုယ်ကျ မေးမယ်လို့ သူကဘယ်လိုထင်မှာလဲ။
“ငါ……”
အကြောင်းပြချက်တစ်ခုပြောချင်ပေမဲ့ဘာပြောရမယ်မှန်းယွမ်ဂျန်မသိခဲ့ပေ။
ဟွမ်ဒမ်က “မင်းဘာမှပြောစရာမလိုဘူး။ယွမ်ဂျန်မင်းအခုကစပြီး မင်းက ငါတို့ တန်တန်ဘဏ်ရဲ့ ကျန်ပေ့ဘဏ်ခွဲမန်နေဂျာ(ဥက္ကဋ္ဌ)မဟုတ်တော့ဘူး။ မင်းရဲ့ အကောင့်တွေ အားလုံးကို စေ့စေ့စပ်စပ် စုံစမ်း စစ်ဆေးဖို့ တစ်ယောက်ယောက်ကို ငါ တောင်းဆိုလိုက်မယ်။ မေးစရာတွေရှိရင်ငါ့ရဲ့စုံစမ်းစစ်ဆေးမှုဆီ တိုက်ရိုက်မေးလို့ရတယ်”
တခဏချင်းမှာပဲ ယွမ်ဂျန်ဟာ မတ်တပ်မရပ်နိုင်တော့ပဲကြမ်းပြင်ပေါ်သို့ပြုတ်ကျသွားလေသည်။
သိရန်……
တန်တန်ဘဏ်၏ ကျန်ပေ့ဘဏ်ခွဲရဲ့ ဥက္ကဋ္ဌဖြစ်လာရန် တစ်သက်တာလုံးလုံးသူ ကြိုးစားအားထုတ်ခဲ့ရသည် ။
ရလဒ်အနေနဲ့ အခုသူရဲ့ရာထူးမရှိတော့ဘူးလား? !
ထို့အပြင် အကောင့်များကို သေချာစွာ စစ်ဆေးမည်။
နှစ်တွေကြာလာတာနဲ့အမျှငွေအလွှဲသုံးစားမလုပ်မှထူးဆန်းမည်ဖြစ်သည်။ဒါတွေသာပေါ်သွားခဲ့ရင်နောက်ဆက်တွဲအကျိုးဆက်တွေ...
ဒါကိုတွေးပြီး ယွမ်ဂျန်မျက်နှာတစ်ခုလုံး ဖြူဖျော့သွားလေသည်။
သူက ဒူးထောက်ချလိုက်ပြီး “ဟွမ်...ဟွမ်ဒမ်ကျေးဇူးပြုပြီး ငါ့ရဲ့ရာထူးကိုတော့မဖယ်ရှားပါနဲ့...”
သို့သော် ဟွမ်ဒမိသည် ယင်းကို လုံးဝ ဂရုမစိုက်ဘဲ လျစ်လျူရှုခဲ့သည်။
ထို့နောက် ယွမ်ဂျန်သည် တစ်ခုခုကို တွေးမိပုံရပြီး လင်းဖန်ထံသို့ အလျင်အမြန်လှည့်ကာ “လင်...မစ္စတာလင်း၊ တောင်းပန်ပါတယ် ငါမှားသွားပြီ၊ ငါမျက်စိကန်းခဲ့တာပါ... ကျေးဇူးပြုပြီး... ကျေးဇူးပြုပြီး...”
သနားဖို့ တောင်းပန်စကား အနည်းငယ်သာပြောပြီးခွင့်လွှတ်ရမှာလား။
ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!
လင်းဖန်က မျက်မှောင်ကြုတ်ကာ “မစ္စတာဝမ်၊ ဒီမှာ နည်းနည်းဆူညံနေပုံရတယ်” ဟုပြောသည်။
ဝမ်ဖန်က ကမန်းကတန်းပြောလိုက်သည်။ “ဟုတ်ပြီ... ငါသူ့ကို အခုပဲဖယ်ထုတ်လိုက်ပါ့မယ်”
မကြာခင်မှာပဲ လုံခြုံရေးအစောင့်နှစ်ယောက် ကအမြန်ပြေးလာပြီးယွမ်ဂျန်ကိုအပြင်သို့ခေါ်ထုတ်သွားကြသည်။
အခန်းတစ်ခုလုံး တိတ်ဆိတ်သွားပြန်သည်။
လင်းဖန် က “ဟွမ်ဒမ်၊ ငါ့ဦးလေးရဲ့ချေးငွေကိုဘယ်အချိန်ရနိုင်မလဲ။”
ဟွမ်ဒမ် က အချက်အလက်ကိုယူပြီး “ဒီနေ့ အလုပ်မဆင်းခင် ငါ သေချာပေါက် လာပေးပါမယ်!”
ခေတ္တနားပြီးနောက် သူက “မစ္စတာချမ်က အလျင်လိုနေတယ်ဆိုရင် ငါဘဏ်ကို အခုပဲသွားလိုက်ပါ့မယ်၊ တစ်နာရီအတွင်း မင်းအကောင့်ထဲကို ငါသေချာပေါက်လွဲလိုက်ပါ့မယ်” လို့ ပြောလိုက်သည်။
ချမ်ဒီရီရဲ့နှလုံးခုန်သံမြန်သွားကာ”ရပါတယ် အဆင်ပြေသလ်ုသာလုပ်ပေးပါ။ချေးငွေရရင်ပဲကျေနပ်ပါပြီ” လို့ပြောလိုက်သည်။
ဟွမ်ဒမ်က “စကားမစပ်၊ ယွမ် သန်း ၅၀ လောက်လား? လိုအပ်ရင် ကျနော်သီးသန့် ချေးပေးလို့ရတယ်။”
ချမ်ဒီရီက “လုံလောက်ပါတယ်၊ သန်း 50က လုံလောက်ပါတယ်”
ထို့နောက် ဟွမ်ဒမ်က စကားအနည်းငယ်ပြောပြီး ရိုသေစွာပြောလိုက်သည်။ “ဒါဆို ငါမနောက်ရှက်တော့ဘူး...”
ဝမ်ဖန်ကလည်း “မစ္စတာလင်းနှင့် ဧည့်သည်တော်များ ကျေးဇူးပြုပြီး ကောင်းကောင်းစား သောက်ကြပါ”
စကားပြောပြီးနောက် သူနှင့် ဟွမ်ဒမ်တို့ အတူတူ အပြင်သို့ ထွက်လာခဲ့သည်။
ရုတ်တရက် ချမ်ဒီရီ၊ချမ်ရှောင်နှင့် လီယန်တို့သည် လင်းဖန်ကို မယုံနိုင်သောမျက်လုံးဖြင့်ကြည့်နေကြသည်။
လင်းဖန်ည် သူတို့၏မျက်နှာများမှ မေးခွန်းများကို ဖတ်ကာ“ဟွမ်ဒမ်ကတန်တန်ဘဏ်၏ဥက္ကဌမို့လို့အလုပ့်ဖြုတ်လို့ရတယ်’’ ဟု ပြောလိုက်သည်။
“တန်တန်ဘဏ်ဥက္ကဌ?” ချမ်ဒီရီ က တံတွေးကိုခက်ခက်ခဲခဲ မျိုချလိုက်သည်။
တကယ်တော့၊ ယွမ်ဂျန်ဟာ ဟွမ်ဒမ် ကို အလွန်နှိမ့်ချစွာ ဒူးထောက်ထားတာကို မြင်လိုက်ရတဲ့အခါ သူ့မှာမှန်းဆချက်တချို့ ရှိခဲ့သည်။
သို့သော် လင်းဖန်ပြောတာကို ကြားပြီးနောက် သူ အံ့အားသင့်နေဆဲဖြစ်သည်။