အခန်း (၁) အတင်းနမ်းတာက တကယ်ပဲ ခွေးတစ်ကောင် ကိုက်သလိုပဲ
Vol. 009 Ch. 869
သဝန်တိုတယ်ဟုတ်လား…
“ငါက ဘာလို့သဝန်တိုရမှာလဲ၊ ဒီဘုရင်ကြီးက အဲလို အဓိပ္ပာယ်မရှိတာ ကိုလုပ်မလား၊ ဒီဘုရင်ကြီးက ဒီအတိုင်းဒေါသပဲထွက်တာ” မိုရှားသည် သူမ အားစိုက်ကြည့်လိုက်ကာ သူ သဝန်တိုနေသည်ကို ဝန်မခံချင်ပေ။
သဝန်တိုတယ်… အဲလိုခံစားချက်က သူ့မှာဘယ်လိုလုပ်လာဖြစ်မှာလဲ။
သူမသည် သူ့ကိစ္စကို အလေးအနက်မထားခြင်းကြောင့်သာ သူ ဒေါသ ထွက်တာလေ။ ဟုတ်တယ် အဲလိုပဲလေ…
သူ အလေးအနက်ထား ခေါင်ညိမ့်သည်ကို ရှီမာယူယူ တွေ့သောအခါ သူမ စိတ်ထဲမှ ဒေါသများသည် ချက်ချင်းပင်ပျောက်သွားလေသည်။
“ဘုရင်ကြီး နတ်ဆိုးဘုရင်ကြီးက သဝန်မတိုဘူးဆိုတာ ကျွန်တော်မျိုးမ သိပါတယ်၊ ဘုရင်ကြီးက ဒေါသထွက်ရုံပဲထွက်တာပါ ဘုရင်ကြီး သဝန်တိုတာ ကို ဖုံးကွယ်ဖို့ ဒေါသထွက်ပြတာပါ” သူမသည် သူ့ကို အားရပါးရရယ်ပြရင်း ပြောလေသည်။
“အသုံးမဝင်တဲ့ဟာတွေ”
“ဘယ်အပိုင်းက အသုံးမဝင်တာလဲ” ရှီမာယူယူ ဆက်ပြောလေသည် “ခင်ဗျား ဒီဘုရင်ကြီးကပြောတဲ့အချိန်တိုင်း ဟန်ဆောင်နေတဲ့အချိန်ပဲ”
“အဓိပ္ပာယ်မရှိတာ” မိုရှားသည် မျက်နှာလွှဲလိုက်သည်။
“ခင်ဗျားသာ ပြောတဲ့အတိုင်းသဝန်တိုတာမဟုတ်ရင် ရှက်စရာ အကြောင်းမရှိဘူးလေ” ရှီမာယူယူသည် ဖောက်ထွင်းဝင်သွားမည် ဖြစ် သော်လည်း သူ၏ ဝိဉာဉ်ကိုစနောက်ရန် လက်ကို ထုတ်လိုက်သည်။ “ကျွန်တော်က ဉာဏ်ကောင်းတယ်၊ လိမ္မာတယ်၊ လှတယ် ထက်တယ် ခင်ဗျား ကျွန်တော့်ကိုကြွေတယ်ဆိုတာ ဖြစ်သင့်ပါတယ်”
“ဘယ်သူ မင်းကိုကြိုက်မှာလဲ၊ မင်းက အားနည်းတယ် မင်းရဲ့ ကြီးထွားမှု အဆင့်က မဆိုးပေမယ့် အကျင့်လည်းမကောင်းဘူး၊ တခြားမိန်းကလေးတွေ နဲ့ယှဉ်ရင် မင်းက ဆွဲဆောင်မှုအားနည်းနေသေးတယ်” သူမသည် သူ၏ လက် များဖြင့် သူ့ရင်ဘတ်အား လာစနောက်သဖြင့် မိုရှားသည် ထူးဆန်းမှုကို ခံစား ရလေသည်။ သူမသည် တကယ်ပင် သူ့နှလုံးသားကို လာထိတွေ့လိုက်သလို ပင်။
ရှီမာယူယူသည် မပျော်မရွှင်ဖြစ်သွားသည်။ သူမသည် သူ့ကို ဆက်ဆွ လေသည် “အဲတော့ ခင်ဗျားကအရင်တုန်းက မိန်းကလေးတွေအများကြီး တွေ့ခဲ့ဖူးတယ်ပေါ့၊ အရင်တုန်းက ဘယ်လောက်တောင်ရှိတာလဲ သူတို့က ဘယ်လောက်တောင် တင့်တယ်ခဲ့တာလဲ၊ ဘယ်နယောက်ကခပ်တန်းတန်း နေပြီး ဘယ်နယောက်လောက်ဆွဲဆောင်မှုရှိတာလဲ ဘယ်လောက်က ချစ်စရာ ကေင်းတာလဲ၊ တစ်နှစ်မှာ ၃၆၅ရက်ရှိတာ နေ့တိုင်း မိန်းကလေး နှစ်ယောက်ပြောင်းခဲ့တာလား၊ ခင်ဗျားက နတ်ဆိုးဘုရင်ဆိုတော့ ဘေးမှာ မိန်းကလေးတွေ ဝိုင်းဝိုင်းလည်နေမှာပဲ၊ ကျွန်တော်ကဘာမို့လို့လဲ၊ မိန်းကလေးတွေဝိုင်းနေတဲ့ ခင်ဗျားကို ကျွန်တော်ကဘယ်လိုလုပ် သဝန်တို စေမှာလဲ၊ တကယ်ပဲ ကျွန်တော်အတွေးလွန်….”
သူမ စဉ်းစားလေလေ ဝမ်းနည်းမိကာ နောက်ဆုံးတွင် သူမဘာသာ ရယ်မိသည်။
သူမသည် အစောပိုင်းက ပြုံးပြီးရယ်မောနေရာမှ မျက်စိတ်တစ်မှိတ် အတွင်း စိတ်ပျက်ဝမ်းနည်းကာ နာကျင်သည်ကို မိုရှားတွေ့လိုက်သည်။ ဘာကြောင့်လဲဆိုသည်ကို သူ နားမလည်ပေ။
သူ အကြောင်းအရင်းကိုမသိသော်လည်း သူမကို ထိုပုံစံအတိုင်းမမြင် ချင်ပေ။ သူမကို ထိုပုံစံအတိုင်းမြင်လိုက်ရသောအခါ သူ့ရင်တစ်ခုလုံး လစ် ဟာသွားသည်။
သူ စိုးရိမ်လာလေလေ ဘာလုပ်ရမည်ကို မသိလေလေဖြစ်သည်။ သူမ လက်များကို အနောက်ပစ်ထားသည်ကို ကြည့်ပြီးနောက် သူ၏ မသိစိတ်မှ ခန္ဓာကိုယ်ကို ထုထည်အသွင်ပြောင်းလိုက်ပြီး သူမလက်မောင်းကို လက်တစ် ဖက်ဖြင့်ကိုင်ကာ နောက်တစ်ဖက်ဖြင့် သူမ၏ လည်ပင်းကို ကိုင်ကာ သူမ နောက်လှည့်သွားမည်ကို တားလိုက်သည်။ ထို့နောက်…. သူသည် သူမကို ညှာတာခြင်းမရှိ နမ်းလိုက်သည်။
“ဟင်…”
ရှီမာယူယူသည် ချက်ချင်းပင် မျက်လုံးများကျယ်လာသည်။
နောက်တစ်ကြိမ် အတင်းနမ်းပြန်ပြီ။
မိုရှားသည် နမ်းပုံနမ်းနည်းကို မသိသဖြင့် သူမ၏ နူးညံ့သော နှုတ်ခမ်း များကို ကိုက်မိလေသည်။ သူတို့နှုတ်ခမ်းများကြားမှ နူးညံ့သောထိတွေ့မှု သည် သူ့နှလုံးသားကို အရည်ပျော်တော့မည့်အတိုင်းပင်။
သို့သော် ရှီမာယူယူသည် သက်တောင့်သက်သာမဖြစ်ပေ…. သူမ နှုတ်ခမ်းများနာနေသည်။
ဒီလူူက ခွေးနှစ်မှာများမွေးသလား… သူမ၏ နှုတ်ခမ်းများသည် သူကိုက် တာနဲ့ စုတ်ပြဲသွားတော့မှာပဲ။
သူမသည် သူ့ကိုတွန်းပစ်ရန်ဟန်ပြင်လေသည်။ သို့သော် သူမသည် သူ့ကို မနမ်းချင်ဟု မိုရှားထင်သွားသဖြင့် သူ့လက်အားကိုအားထည့်ကာ ကိုင် ထားရင်းနှင့် သူ့နှုတ်ခမ်းများသည် ပိုပြီးစည်းချက်ညီညီလှုပ်ရှားလာသည်။
သူမ သူ့ကိုပိုတွန်းချင်လေလေ ပိုပြီးတင်းတင်းကြပ်ကြပ်ချုပ်ထားလေ ဖြစ်သည်။ သူမ ချုပ်တည်းခံရလေလေ ပိုတွန်းချင်လေလေဖြစ်သည်။ သည်လိုနှင့် သူတို့နှစ်ယောက်သည် လွန့်လူးနေကာ နှစ်ယောက်သား နမ်းနေ သည်ကိုပင် မေ့နေချေသည်။
ဒီတစ်ကြိမ်မှာ မိုရှားတစ်ကိုယ်လုံးအပြည့် ထုထည်အသွင်ပြောင်းခြင်း ပထမဆုံးအကြိမ်ဖြစ်ကာ ရှီမာယူယူကို သူ့ရင်ခွင်ထဲတွင်ထည့်ထားခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်။ နှမြောစရာပင် သူ့ရင်ခွင်သည် နွေးထွေးသည်၊ ရဲစွမ်းသတ္တိရှိသည်၊ သန်မာသည်ဟု သူမ မခံစားနိုင်ပေ။ သူမသည် သူ့ကို တွန်းပစ်ရန်သာ လုံးဝအာရုံစိုက်ထားသည်။
ခန္ဓာကိုယ်တစ်ခုလုံးကို ထုထည်အဖြစ်ပြောင်းရန်မှာ အင်အားများစွာလို သဖြင့် မိုရှားသည် မိနစ်အနည်းငယ်သာ ထုထည်အဖြစ်ပြောင်းနိုင်ပြီး ခဏ အကြာတွင် ဝိဉာဉ်အဖြစ်ပြန်ပြောင်းသွားလေသည်။
သူ့ခန္ဓာကိုယ်မှအား ရုတ်တရက်ပျောက်ကွယ်သွားသဖြင့် ရှီမာယူယူ သည် တွန်းနေရာမှ ကြမ်းပြင်ပေါ်သို့လဲကျသွားလေသည်။ ကံကောင်းစွာပင် သူမ လျင်မြန်စွာတုန့်ပြန်လိုက်သဖြင့် အားအင်များသုံးကာ ခြေလှမ်းများ အနောက်ကန်ထားလိုက်သည်။
“ခင်ဗျား ခွေးနှစ်မှာများမွေးသလား” သူမသည် တည်ငြိမ်စွာရပ်ပြီး သူ့ကို အော်လိုက်သည်။
သူမသည် သူမနှုတ်ခမ်းများကိုထိလိုက်ရာ ထင်ထားသည့်အတိုင်းပင် သွေးထွက်နေသည်။
သူမ၏နှုတ်ခမ်းများ ဖူးယောင်ကာ နီရဲသွားအောင် သူလုပ်လိုက်မိသည် ကို မိုရှားတွေ့လိုက်သည်။ အစောကဖြစ်ခဲ့သော မကျေမနပ်မှုများသည် လေ ထဲတွင်ပျောက်သွားကာ သူ၏နှုတ်ခမ်းများတွန့်ချိုးကာ စွဲမက်ဖွယ်ကောင်း လောက်အောင် ပြုံးလိုက်သည်။
“ခင်ဗျားကြီးရယ်နေတာလား” ရှီမာယူယူသည် သူ့ကိုစိုက်ကြည့်ပြီး ဆက်အော်လေသည် “ဘာတွေလုပ်နေတာလဲ ကျွန်တော့်ကိုဘာလို့ ရုတ်တရက်ကြီးလာကိုက်တာလဲ”
“နမ်းတာလေ” မိုရှားသည် သူမကို အမှန်ပြင်ပေးလိုက်သည်။
“သွားနမ်းနေလိုက် ဘယ်သူက အဲလိုနမ်းလို့လဲ၊ အနမ်းဆိုတာ နူးညံ့ပြီး စိတ်ကူးယဉ်ဆန်တယ်၊ ဒါကကိုက်နေတာပဲ မဟုတ်သေးဘူး ကျွန်တော်က ခင်ဗျားကို ဒါတွေဘာလို့ပြောပြနေတာလဲ၊ ကျွန်တော့်ကို ထိဖို့ ခင်ဗျားကို ဘယ်သူက ခွင့်ပြုထားလို့လဲ၊ ခင်ဗျားကမြင်းသိုးကြီးပဲ” ရှီမာယူယူသည် စိတ်ဆိုးကာ အော်လေသည်။
ရှီမာယူယူ နောက်နှစ်ပေါင်းများစွာလိုက်လာသဖြင့် သူမ ခေါ်သည့် မြင်းသိုးဆိုသည့် အဓိပ္ပာယ်ကို သူရှင်းရှင်းလင်းလင်းသိပြီးဖြစ်သည်။ သူသည် မျက်ခုံးများကိုပင့်ကာ အလေးအနက်ပြောလိုက်သည် “ငါကမြင်းသိုးမဟုတ်ပါ ဘူး”
“ဟင်း ခင်ဗျားကိုဘယ်သူမှမယုံဘူး” ရှီမာယူယူသည် သူ့ကိုယုံကြည် ခြင်းမရှိပေ။ သူမသည် ဆေးအဆီနှင့် မှန်သေးထုတ်ပြီး မှန်ကြည့်ကာ သူမ နှုတ်ခမ်းကို ဆေးလိမ်းလိုက်သည်။
နောက်ထပ် အတင်းနမ်းပြန်ပြီ၊ တစ်ခေါက်ပြီးတစ်ခေါက်… အခုကို ဘယ်နခေါက်ရှိနေပြီလဲ။ သူမသည် လက်ထဲတွင် ကျောက်စိမ်းပုလင်းကိုင် ထားကာ ဒေါသမထွက်ရန် သူမကိုယ်သူမ အကြိမ်ကြိမ်ပြောနေမိသည်။ သို့သော် သူမ၏ ယောင်နေသောနှုတ်ခမ်းကို မှန်ထဲတွင်မြင်လိုက်ရသောအခါ ကျောက်စိမ်းပုလင်းသည် ခွမ်းဟူူသောအသံနှင့်အတူ ကွဲသွားလေသည်။
သူမသည် လက်ထဲမှဖန်ကွဲများကိုပစ်ကာ နောက်ထပ် လိမ်းဆေးဆီ တစ်ပုလင်းထုတ်ကာ ထပ်လိမ်းပြန်သည်။
ပြီးခဲ့သည့်တစ်ခေါက် အတင်းနမ်းခဲ့စဉ်က နှုတ်ခမ်းချင်းထိရုံသာဖြစ် သဖြင့် ဒီလိုမျိုးမဟုတ်ပေ။ အခုတစ်ခေါက်မှသာ အတင်းဖိနမ်းသည်ဟု တွေး မိကာ ခွေးတစ်ကောင်ကိုက်မိတာခံရသည်ဟုပင် မှတ်ယူလိုက်သည်။
အခုမှပင် အတင်းဖိနမ်းခံရခြင်းသည် ခွေးတစ်ကောင်အကိုက်ခံရသည် ဟု ခံစားရသည်ကို သိလိုက်ရတော့သည်။
ထိုသို့တွေးမိလိုက်သည်နှင့် ဆေးလိမ်းမပြီးခင်မှာပင် ကျောက်စိမ်း ပုလင်းသည် ထပ်မံကွဲပြန်သည်။
သူမ အကွဲများကိုပစ်လိုက်သည်။ နောက်ပုလင်းတစ်လုံး…
မိုရှားပျံလာကာ လက်နှစ်ဖက်လုံးကို ထုထည်အဖြစ်ပြောင်းလိုက်ပြီး သူမ လက်ထဲမှ ကျောက်စိမ်းပုလင်းကိုယူပြီး ဆေးဝင်လိမ်းပေးလိုက်သည်။ သူမ၏ သွေးအေးသောမျက်လုံးများကို လျစ်လျူရှုကာ သူမကို နူးညံ့စွာ ဆေးလိမ်းပေးလိုက်သည်။
“ငါ ဘယ်တုန်းကမှ မိန်းကလေးတစ်ယောက်နဲ့ အတူမရှိဖူးဘူး” သူ လိမ်းပေးပြီးသည်နှင့် သူမ၏နူးညံ့သောနှုတ်ခမ်းများကို တယုတယပွတ်ပြီး ပြောလိုက်သည် “ငါ ဘယ်တုန်းကမှ မိန်းကလေးတစ်ယောက်နဲ့အတူမရှိခဲ့ သလို ဘယ်မိန်းကလေးကိုမှမထိခဲ့ဖူးဘူး၊ မိန်းကလေးတစ်ယောက်ကို နမ်းဖို့ ဆိုတာ ပြောစရာကိုမလိုတော့ဘူး မင်းကပထမဆုံးပဲ”
“ဟင်း” ရှီမာယူယူသည် သူ့လက်များကိုပုတ်ချကာ သူ့ကိုလျစ်လျူရှု လိုက်သည်။
သူမ သိပြီးသားပင်။ သူ၏ မပြေပြစ်သော အနမ်းနည်းစနစ်ကိုကြုံရပြီး နောက်တွင် ခွေးကိုက်သလိုဖြစ်နေသော အနမ်းတစ်ခုသည် မိန်းကလေးနှင့် အတူရှိဖူးခဲ့သည်ကမှ ထူးဆန်းနေမည်။
သို့သော် သူမဒေါသထွက်သည်မှာ သူ မိန်းကလေးများနှင့် အတူရှိခဲ့ခြင်း မရှိခဲ့ခြင်းကြောင့်မဟုတ်… သူမကို နောက်တစ်ကြိမ်အတင်းနမ်းခြင်းကြောင့် ပင်။
သူမသည် အတင်းအကြပ်နမ်းခြင်းကို မုန်းသည်။
မိုရှားသည် သူတို့စာချုပ်ကြောင့် သူမဒေါသကိုခံစားမိကာ အကြောင်း အရင်းကိုလည်းသိသည်။ သူသည် ကျောက်စိမ်းပုလင်းကို သူမလက်ထဲပြန် ထည့်ကာ ပြောလိုက်သည် “မင်း ငါ့ကိုစိတ်ဆိုးတာအဲဒါကြောင့်ဆိုရင် ငါ့ကိုလဲ အတင်းပြန်နမ်းဖို့ခွင့်ပြုတယ် ငါစိတ်မဆိုးဘူး”
သူ့ကိုအတင်းအကြပ်ပြန်နမ်းရမယ်ဟုတ်လား… သူက စိတ်မဆိုးဘူး ဟုတ်လား..
“သေလိုက်လေ ဘယ်သူက ခင်ဗျားကို အတင်းနမ်းချင်လို့လဲ၊ ခင်ဗျား စိတ်မဆိုးပေမယ့် ကျွန်တော်စိတ်ဆိုးတယ်” သူသည် မာန်ဖီကာ သူ့အား ရိုက် လိုက်သော်လည်း သူ့ခေါင်းကိုသာဖြတ်သွားလေသည်။
“ငါမင်းကို အတင်းအကြပ်နမ်းဖို့အခွင့်အရေးပေးတယ်နော် မင်းမလုပ် ချင်မှတော့ ဒီအခွင့်အရေးက မင်းတစ်ဘဝလုံးမှာ နောက်ဆုံးအကြိမ်ပဲ” မိုရှား သည် အတိအကျပင်ပြန်ပြောလေသည်။
ရှီမာယူယူသည် သူ့ကိုထပ်ရိုက်ချင်သော်လည်း သူ၏ တိကျသော အကြည့်ကိုမြင်သောအခါ ရပ်လိုက်သည်။
သူတကယ်ပြောနေတာပဲ အလေးအနက်ကိုပြောနေတာ တကယ်ကို ပြောနေတာ…
အဲလောက် အသည်းယားစရာကောင်းတဲ့စကားတွေကို အလေးအနက် ပြောနေတာ…
သူမ တကယ်ပဲ ဒီလူကိုအရှုံးပေးလိုက်ပြီ။
သူမသည် သူ့ကိုနှစ်ချက်လောက်ထိုးချင်သော်လည်း သူသည် ဝိဉာဉ် သာဖြစ်သဖြင့် သူ့ကိုမထိမိပေ။ သို့သော် သူမ သူ့ကိုသာမရိုက်ရပါက ဒေါသ ပျောက်သွားမည်မဟုတ်ပေ။
သူမသည် ထိုးရသည်ကိုပင် ငြီးငွေ့လာသည်။ သူမ ဆက်တိုက်ကြိုးစား ကြည့်ရာ နောက်ဆုံးတွင် လက်လျော့ပြီး ဆေးဖော်သည့်အခန်းသို့ပြန်လာ လိုက်သည်။ သူမသည် သူ့ကို မျက်စိထဲမှ စိတ်ထဲမှ ထုတ်ပစ်ရန်ကြိုးစားလိုက် သည်။
ဒါက အတင်းအကြပ်နမ်းတာမဟုတ်ဘူလား။ စောင့်နေလိုက်….
***