← Chapters

အကဲစမ်းသူများကိုဖိနှိပ်ခြင်း ၂

Vol. 6 Ch. 75

အကဲစမ်းသူများကိုဖိနှိပ်ခြင်း ၂

Vol. 6 Ch. 75

"မင်းက အစွမ်းအစတော့ရှိသားပဲ"

တဖက်လူက လော့ချမ်းကိုချီးကျူးသလိုလို

နှင့်မဲ့ရွဲ့ကာပြောလာသည်။ လက်သီးချင်းထိပ်

တိုက်ဆုံရာမှ လော့ချမ်း၏ခွန်အားကိုသတိထား

မိသွားကာ အလေးအနက်ထားသွားရသည်။ ထို့

အပြင် လော့ချမ်း၏ခွန်အားအရလည်း သူတို့၃ဦး

ပူးပေါင်းလျင်တောင် အနိုင်ရချေနည်းသည်ကို

ခံစားမိကာ နောက်ပြန်ဆုတ်ချိန်ရောက်ပြီဟု ဆုံး

ဖြတ်လိုက်သည်။

"ဟမ့် ကောင်းပြီလေ မင်းတို့မြို့ဆိုတော့ မင်းတို့

စည်းကမ်းပေါ့ ဒီလိုပါတီပါချက်မြို့လေးရဲ့စည်း

မျဥ်းဆိုတာကို မလိုက်နာနိုင်ဘူး ဒါကြောင့်ခုပဲ

ပြန်ထွက်သွားမယ်"

ထိုလူသည် သူ့လူများကိုမသိမသာအချက်

ပြကာ ထွက်သွားရန်ပြင်သည်။ ထိုစဥ်

"မင်းတို့က မြို့ထဲကိုလာပြီး ဘာမဟုတ်တာလေးနဲ့ ပြဿနာရှာတယ် အခုကျ ပြန်ထွက်သွားမယ်

ဟုတ်လား လွယ်လွန်းမနေဘူးလားကွ"

လော့ချမ်း၏ ဒေါသတကြီးအသံက ကျယ်

လောင်စွာဟိန်းထွက်လာသည်။ ထိုလူများသည်

ပြဿနာရှာရုံသာမက ဌာနဝန်ထမ်းကိုလည်း

တိုက်ခိုက်ရန်ကြိုးစားကာ အခြေနေမဟန်မှ ပြန်

ထွက်ရန်ကြိုးစားနေလေသည်။ ထိုအရာက မြို့

တော်ရှိလူများအားလုံးကို စော်ကားလိုက်သလိုပင်။

"မင်းက ဘာလုပ်ချင်တာလဲ ငါတို့ကိုဖမ်းချင်တာ

လား ဒီမှာ ငါတို့ကမင်းတို့မြို့တခုလုံးထက်အင်

အာကြီးတဲ့ မီး​တောက်အင်ပါယာဂိုဏ်းကြီးက

ဆိုတာ မမေ့နဲ့ဦး"

လော့ချမ်းမှထိုလူကို စိုက်ကြည့်လိုက်သည်။ပြီး

နောက် သူ့လူများကိုအချက်ပြကာ ပြဿနာကောင် ၃ဦးကို ဖမ်းဆီးစေတော့သည်။

"မင်းတို့မှာ အစွမ်းအစရှိလို့ ခုခံချင်လည်းရတယ်

ငါက အဆုံးထိပါဝင်ပေးမယ် မဟုတ်ရင်တော့

စည်းမျဥ်းအတိုင်းအပစ်ပေးခံရဖို့ လိုက်ခဲ့ကြပေ

တော့"

လူ၃ဦး၏ မျက်နှာကမဲမှောင်သွားကြကာ

တဖက်လူများသည် သူတို့၏နောက်ခံကိုသိသော်

လည်း အမှန်တကယ်ဖမ်းဆီးဝံ့မည်ဟု မထင်ထား

ခဲ့ပေ။

"မင်းလုပ်ရဲလား"

လက်နက်အသီးသီးထုတ်ကာ ပြန်လည်ခုခံရန်

ပြင်ကြတော့သည်။ လော့ချမ်းလည်း ထိုအခြေ

နေကိုမျှော်လင့်ထားပြီးဖြစ်သည်။ ထို့ကြောင့်

ပုံစံတချက်မပျက်သွားပဲ ထိုလူများထံခုန်ဝင်၍

အရင်ဦးစွာ တိုက်ခိုက်တော့သည်။

လက်ဝါးချင်းထိခတ်သံက ကျယ်လောင်စွာ

ထွက်ပေါ်လာကာ မူလက ခွန်အား၏၃၀ ရာနှုန်းကိုသာအသုံးပြုထားသည့် လော့ချမ်းသည် ယခု

အခါတွင်တော့ ခွန်အားအပြည့်သုံးကာ ရိုက်ချ

လိုက်ခြင်းဖြစ်သည်။

ဝုန်း..

လော့ချမ်း၏ခွန်အားအပြည့်ရိုက်ချက်ကြောင့်

အဆင့်တူတွင်ရှိသည့် တဖက်လူသည် လွင့်စင်

သွားကာ နံရံထောင့်တွင်ပြိုလဲလျက် သွေးတပွက်

အန်ထုတ်လိုက်ရတော့သည်။ ထိုလူနှင့်အဖော်ပါ

လာသည့် လူများသည် သူတိူ့လူရဲ့အဖြစ်ကိုမြင်

သည့်အခါ ထိတ်လန့်သွားကြတော့သည်။ အဆင့်

တူတွင်ရှိနေသည့်လူကို လက်ဝါးရိုက်ချက်တခု

ဖြင့်သွေးအန်စေခြင်း။ ထိုခွန်အားသည် သူတို့ရင်

ဆိုင်နိုင်သည့်အရာမဟုတ်ပေ။

"အကုန်လုံးဖမ်းချူပ်လိုက်တော့"

လော့ချမ်းမှ သူ့လူများကိုအမိန့်ပေးလိုက်သည်။ ထိုပြဿနာကောင်များကို ယာယီထိန်း

သိမ်းရေးအဆောက်အုံတခုတွင်ထားကာ မြို့

တော်တွင် စည်းမျဥ်းများအတိုင်းလိုက်နာဖို့လို

အပ်ကြောင်း နမူနာပြမည်ဖြစ်သည်။ ထိုသူများ

နောက်ကွယ်မှ အင်အားစုများပက်သက်လာလျှင်

လည်း ပြန်လည်တုန့်ပြန်မည်ဖြစ်သည်။

မီးတောက်အင်ပါယာ၏ လူများမြို့တော်တွင်

အဖမ်းခံရသည့် သတင်းက တဖက်လူများထံ

အချိန်တိုအတွင်းရောက်ရှိသွားလေသည်။ ထို

သတင်းကြားကြားချင်း၌ ကျိုးချန်သည် အနည်း

ငယ်ဒေါသထွက်သွားခဲ့သော်လည်း သူ့လူများက

အလွန်အကြူး စော်ကားခဲ့၍သာဖြစ်သည်ကို သိ

သွားပြီးနောက် စိတ်ကိုလျှော့ချလိုက်သည်။

ညီတော်ကျိုးယန်သည် ယခုလိုတုန့်ပြန်လာမည်ဟု သူမထင်ထားပေ။ မြို့တော်ကြီးတခု

တည်ဆောက်ကာ အုပ်ချုပ်နေသူသည် အသက်

များကို တာဝန်ယူထားရသူဖြစ်ပြီး ယခုလိုတုန့်

ပြန်ခြင်းအတွက် နောက်ဆက်တွဲများကို အမှန်

တကယ်စိုးရိမ်မည့်ပုံမပေါ်ပေ။

"ညီတော်ကျိုးယန်ကိုတော့ သတိထားရတော့

မယ်"

ကျိုးချန်တယောက် လေးနက်သွားရသည်။

ဆယ်နှစ်တာကာလ သက်မှတ်မှုအတွက် ၄နှစ်တာ

ကုန်ဆုံးသွားပြီဖြစ်ကာ ထီးနန်းအတွက်လှုပ်ရှား

မှုများသည်လည်း ခပ်စိပ်စိပ်ဖြစ်လာကြသည်။

ထို့အပြင် နန်းတွင်းရှိ ဧကရာဇ်လက်အောက်ခံ

အမတ်များက စတင်၍ဘက်ရွေးလာချိန်တွင်

ခွန်အားမပြနိုင်ပါက နောင်တွင်သူ့ဘက်၌ရပ်

တည်ပေးကြတော့မည်မဟုတ်ပေ။

မီးတောက်အင်ပါယာဂိုဏ်းမှ လူများသည်

ကျိုးချန်ကဲ့သို့ပင် ဒေါသထွက်သွားကြကာ ထို

အရာလေးအတွက် ပထမမင်းသားကို ဒုက္ခမပေး

လိုဟူသည့်အကြောင်းပြချက်ဖြင့် မြို့တော်အသစ်၏ မင်းသားငယ်ကို ပညာပြန်ပေးရန်ဆုံး

ဖြတ်လိုက်ကြသည်။ မီးတောက်အင်ပါယာဂိုဏ်း

သည် အလွယ်တကူထိပါး၍ရသည့် အရာမဟုတ်

မှန်းသိသွားစေလိုခြင်းဖြစ်ပြီး ပြင်းထန်သည့်

တိုက်ပွဲမှတဆင့် မင်းသားငယ်၏အင်အားကို

နောက်တနည်းဖြင့် စူးစမ်းကြမည်ဖြစ်သည်။

"ဒီမင်းသားက အတော်အတင့်ရဲတာပဲ သူတို့ရဲ့

လက်တဆုပ်စာအင်အားစုကို ငါတို့ကဂရုစိုက်

မယ်လို့တကယ်ကြီးထင်နေတာလား"

မီးတောက်အင်ပါယာဂိုဏ်းချုပ်သည် ထိုသ

တင်းကိုကြားပြီးနောက် မြိူ့တော်အသစ်ကို

လူအင်အားစုစည်းကာ ချီတက်ရန်ဆုံးဖြတ်လိုက်

သည်။ မူလက ကျိုးချန်သည် ထိုသူများကိုတား

ဆီးလိုသော်လည်း စုံစမ်းမှုရလာဒ်များက ကျိုး

ယန်၏အင်အားအစစ်မှန်ကို မသိသောကြောင့်

ထိုအချက်ကိုတွေးမိကာ မသိချင်ယောင်ဆောင်

၍လွတ်လိုက်တော့သည်။

ထိုသူများရှုံးနိမ့်ခဲ့လျှင်လည်း ထိုဂိုဏ်းကဲ့သို့

ပမွှားများက သူ့အတွက်အသုံးမဝင်ပေ။ အထိုက်

အလျောက်အသုံးဝင်လာခဲ့လျှင်တော့ နောင်တ

ချိန်တွင် ပြန်လည်ကြည့်ရှူပေးမည်ဖြစ်သည်။

..............................................................

All Chapters