ကျောက်သခင်မကိုကုသခြင်း
Vol. 6 Ch. 89
ကျိုးယန်တယောက်အိမ်တော်တခု၌ နားနေစဥ်
ကျောက်မိသားစုခန်းမထဲတွင်တော့ မိသားစု
ခေါင်းဆောင် ကျောက်တင်းလျန်တို့သားအဖအ
ပါအဝင် ကျောက်အိမ်တော်၏အကြီးအကဲချို့
လည်းရှိနေကြသည်။
“သူက သဘာဝမီးသန္ဓေသားကိုပိုင်ဆိုင်ထားပြီး
သိုင်းပညာရှင်အဆင့်၁စိတ်စွမ်းအားနဲ့ ဆေးလုံး
ကိုဖော်စပ်လိုက်နိုင်တယ်လို့ မင်းဆိုလိုတာလား”
ကျောက်မိသားစုခေါင်းဆောင်မှ သူ့သားကိုမယုံ
နိုင်ဟန်ဖြင့်မေးလိုက်သည်။ သိုင်းပညာရှင်အ
ဆင့်၁ ၏စိတ်စွမ်းအားသည် သာမန်ပင်ဖြစ်၍
ဒုတိယအဆင့်၏အဆင့်မြင့်ဆေးလုံးကိုဖော်စပ်
ရန်မလုံလောက်ပေ။ သို့သော်ထိုသူငယ်လေးမှ
မယုံနိုင်စရာလုပ်ဆောင်ပြခဲ့လေသည်။
“ဟုတ်ပါတယ် ကျတော်နဲ့ဝမ်အာတို့မျက်မြင်
ကိုယ်တွေ့ပဲ သူ့ရဲ့စိတ်စွမ်းအားက သူ့ရဲ့ကျင့်ကြံ
မှုထက်ပိုသာနေတာဖြစ်ပါလိမ့်မယ်”
ကျောက်တင်းလျန်းကသူ့အဖေကိုပြောပြလိုက်
သည်။ အစအဆုံးကို သူတို့တွေ့မြင်ထားခြင်း
ဖြစ်သောကြောင့် လိမ်ညာနေစရာမလိုပေ။
ကျောက်မိသားစုခေါင်းဆောင်သည်အတန်ကြာ
စဥ်းစားနေပြီးနောက်
“အင်း…သူ့ရဲ့စိတ်စွမ်းအားက အားကောင်းနေ
တယ်ဆိုရင်တောင် ဖြစ်နိုင်ချေမရှိဘူး ကောင်
လေးက ငါတို့ထင်ထားသလိုရိုးရှင်းပုံမပေါ်ဘူး
ဘာပဲဖြစ်ဖြစ်သူ့ရဲ့အကူညီအတွက် ငါတို့ကျေး
ဇူးတင်ရမှာပဲ နောက်ပြီး ကုသရေးကိုလည်းသူ
ကူညီပေးဦးမယ်လို့ ပြောထားတယ်မဟုတ်လား
အဲ့အတွက် သူ့ကိုဘာနဲ့ကျေးဇူးပြန်ဆပ်ရမလဲ
ငါမတွေးတတ်တော့ဘူး”
ကျောက်မိသားစုခေါင်းဆောင်၏စကားကို အ
ကြီးအကဲတဦးက
“ကောင်လေးက ရှအိမ်တော်ရဲ့သခင်လေးကို
ပညာပေးလိုက်တယ်လို့ကြားတယ် အဲ့ကိစ္စနဲ့
ပက်သက်ပြီး ရှအိမ်တော်က ကျေနပ်မယ်မထင်
ဘူး ကျတော်တို့က ရှမိသားစုကို သူ့ကိုယ်စား
ကျေအေးပေးဖို့တောင်းဆိုလိုက်ရင်ကော”
“မ လုံလောက်မှာစိုးရတယ် သူကရှမိသားစုရဲ့
အင်အားကိုသိသိနဲ့ လုပ်ရဲတယ်ဆိုတည်းက သူ့
မှာနောက်ခံတခုခုရှိနေလို့ပဲ အလယ်ပိုင်ဒေသက
လာတယ်လို့ပြောထားတယ်မဟုတ်လား အဲ့ဒါ
က အလယ်ပိုင်းဒေသမှာ ငါတို့ထက်အင်အား
ကြီးတဲ့တော်ဝင်မျိုးနွယ်တွေရှိနေတော့ သူက
မင်းသားတပါးပါးရဲ့ အထောက်တော်တောင်
ဖြစ်နေနိုင်တယ်”
ကျောက်တင်းလျန်လည်း သူ့ဖခင်၏စကားကို
ကြားလျှင် မှင်သက်သွားရသည်။ ပြည်ထောင်စု
၏အခြေနေကို အကုန်လုံးကသိထားကြ၍
မင်းသားတပါး၏ လူတယောက်ရောက်လာရ
ခြင်းက မဟူရာမြို့တော်အတွက်မူမရိုးရှင်းချေ။
“အဖိုး ဟိုတခါက ဆွေးနွေးမှုကရောဘာထူးလဲ”
ကျောက်ဝမ်အာ(ကျောက်သခင်မလေး၏အမည်) ကမေးလိုက်သည်။
“သိသာတဲ့ရလာဒ်မရဘူး တခြားမိသားစုတွေ
အကုန်လုံးက မင်းသား၈ ကိုယုံဖို့တွေဝေနေ
တယ် အဖိုးကတော့ ကိုယ့်ဒေသကိုကျော်ပြီး
အခြားဒေသထိ သွားကောက်အညံ့ခံဖို့စိတ်ကူး
မရှိထားဘူး”
ကျောက်မိသားစုခေါင်းဆောင်သည် ထိုကဲ့သို့
အတွေးရှိထားသူဖြစ်သည်။ မင်းသား၈၏
ဂုဏ်သတင်းပြန့်နေချိန်တွင် လွန်စွာသဘောကျ
ကာ ကြမ်းတမ်းသည့်အနောက်ဘက်ဒေသကို
စုစည်းလိုက်နိုင်သည်က နောင်တချိန်တွင် ကျိုး
ပြည်ထောင်စုကို မှန်ကန်သည့်လမ်းကြောင်း
ပေါ် ပို့ဆောင်နိုင်လိမ့်မည်ဟု သူခံစားနေရ၍
ထိုသို့တွေးခြင်းဖြစ်သည်။
“ကျတော်လည်း အဖေနဲ့အတွေးတူတယ် ဘာပဲ
ဖြစ်ဖြစ် ကျတော်တို့က အခြားဒေသကမိသား
စုကြီးတွေကိုမယှဥ်နိုင်ပေမယ့် အနောက်ဘက်
ဒေသမှာတော့ ဘုရင်တွေပါပဲ မင်းသား၈သာ
ကျတော်တို့မျှော်လင့်ထားသလို စွမ်းဆောင်ပြ
မယ်ဆိုရင် ဘာကိစ္စနဲ့တခြားဒေသက မိသားစု
တွေရဲ့ အနှိမ်ခံနေတော့မလဲ”
ခန်းမထဲရှိလူအကုန်လုံးက ခေါင်းညိတ်ကာ
ထောက်ခံလိုက်ကြသည်။ သူတို့သည် သူတို့၏
ခွန်အားကို လက်ခံထားကြသော်လည်း ဘုရင်
အဖြစ်မှ အစေခံအဖြစ်သို့ ခုန်မဆင်းလိုပေ။
မင်းသား၈ သာ မျှော်လင့်ရနိုင်ပါက အနာဂတ်
ကိုပုံအပ်၍ နောက်ခံအနေဖြင့်ပါဝင်အားဖြည့်
မည်ဖြစ်သည်။
“ဒီကာလတွေမှာ သမီးလည်းမင်းသား၈သတင်း
တွေစုံစမ်းမိပါတယ် သူက ပကတိရှင်သန်ခြင်း
အဆင့်မှာ အဖိုးနဲ့အဆင့်တူတာကအစ လက်
နက်ဆန်းတွေကို အရေတွက်များများထုတ်လာ
နိုင်ပြီး သူ့အနားကလူတွေလည်းကျင့်ကြံမှုက
မယုံနိုင်စရာကောင်းလောက်အောင် တိုးတက်
လာတာကိုပါ သိနေရတယ်”
ကျောက်ဝမ်အာက သူမ၏အဖိုးကိုပြောပြလိုက်
သည်။ သူမသည် မသိလိုက်ခင်မှာပင် မင်းသား
၈ ၏အမာခံဖန်ဖြစ်နေလေသည်။
“ဘယ်သူထင်ထားမှာလဲ အမှိုက်လိုမင်းသားက
ဒီလိုဖြစ်လာမယ်ဆိုတာ အဖိုးတို့လည်းမထင်
ထားခဲ့ဘူးမဟုတ်လား”
အကုန်လုံးက လေးနက်စွာစဥ်းစားခန်းဝင်ကြရ
တော့သည်။ ကုသရေးအတွက်လည်း ပြင်ဆင်
ထားပြီဖြစ်သည့်အတွက် မနက်ဖန်တွင်ကျိုး
ယန်တယောက်အနားယူပြီးပါက အသင့်ဖြစ်နေ
ပြီဖြစ်သည်။
နောက်တနေ့မနက်၆နာရီတွင် ကျိုးယန်လည်း
နိုးလာသည်။ အိပ်စက်ခြင်းသည် စိတ်စွမ်းအင်
ကိုကုသရာ၌အသုံးဝင်မဝင်မသိရသော်လည်း
ကျိုးယန်ကတော့ အိပ်စက်ရတာကိုသဘောကျ
သူဖြစ်သည်။ အိမ်တော်မှအစေခံများသည်
ကျိုးယန်အနားယူနေသည်ကို သိသောကြောင့်
မနိုးကြပေ။ ကျိုးယန်လည်း ကိုယ်လက်သန့်
စင်ပြီးနောက် အိမ်တော်၏အပြင်ဘက်တွင်ရှိ
နေသည့် အစေခံကို သူအဆင်သင့်ဖြစ်ပြီဆိုတဲ့
အကြောင်းအသိပေးခိုင်းလိုက်သည်။ခနအကြာတွင် ကျောက်ဝမ်အာရောက်လာ၍ကျိုးယန်ကို မနက်စာအတွက် ခေါ်ဆောင်သွားလေသည်။
“အမေ့ကို ကုသဖို့အတွက် ကျမတို့အကုန်ပြင်
ဆင်ပြီးပါပြီ အရင်ဆုံးမနက်စာသုံးဆောင်ပါ”
ကျိုးယန်က ခေါင်းအသာညိတ်ပြကာ သူမခေါ်
ဆောင်သည့် စားသောက်ခန်းမသို့လိုက်ပါ၍
မနက်စာစားသောက်လိုက်သည်။ လက်ရာသည်
စားသောက်ခန်းမထက်မသာသော်လဲ အဆင်
ပြေပေသည်။ အိမ်တော်တခု၏အိပ်ခန်းတွင်
ကျောက်မိသားစုခေါင်းဆောင်လည်းရောက်ရှိ
နေကာ ကျိုးယန်ကိုတွေ့သည်နှင့် ယဥ်ကျေးစွာ
ဖြင့် နှုတ်ဆက်လာသည်။ ကျိုးယန်ကလည်း
ပြန်လည်နှုတ်ဆက်ပြီးနောက် အခန်းအတွင်းကို
ကြည့်လိုက်သည်။ အိပ်ခန်းသည် အတော်အ
သင့်ကျယ်ဝန်းကာ ကုတင်ကြီးတလုံးနှင့် အလှ
ပြင်စားပွဲတခု အဝတ်အစားထည့်သည့်ဗီရိုလို
အရာလည်းရှိနေပြီး အခန်းကသန့်ရှင်းသပ်ရပ်
နေလေသည်။ ကုတင်ပေါ်တွင် အသက်၄၀အ
ရွယ်အမျိုးသမီးတဦး ဖျော့တော့စွာလဲလျောင်း
နေကာ မျက်လုံးအစုံကတော့ပွင့်လျက်ကျိုးယန်
ကိုကြည့်နေလေသည်။ သူမ၏ပုံစံသည် အား
နည်းသည့်ဟန်ရှိသော်လည်း ကျင့်ကြံသူတဦး
၏အသွင်ပြင်ကိုဖုံးကွယ်၍မရပဲ ကျောက်ဝမ်
အာကဲ့သို့ ပြည့်ဝိုင်းသည့်မျက်နှာနှင့် မှာတံစင်း
စင်းများက သူမတို့သားအမိ၏မူပိုင်ဖြစ်ပုံရလေ
သည်။ လက်များသည်သွယ်လျ၍ လှဲလျောင်း
နေသော်လည်း ကျစ်လစ်သည့်ကိုယ်ဟန်ကို
အတိုင်းသားမြင်ရပေသည်။ ကျိုးယန်ကသူ၏
အကြည့်ကို လွှဲလိုက်သည်။ ပြီးနောက် ကျောက်
ဝမ်အာဘက်လှည့်ကာ
“ဆေးလုံးတွေပေးပါဦး ဒါနဲ့ ကုသရေးဖြစ်စဥ်က
နားလည်မှုလွဲစေတာလေးရှိလို့ ကြိုပြီးခွင့်တော
င်းပါရစေ”
ကျောက်ဝမ်အာက အံ့သြဟန်ဖြင့်မေးလာသည်
“ဘယ်လိုနားလည်မှုလွဲစေတာလဲ”
ကျိုးယန်က ကျောက်သခင်မဘက်ကိုတချက်
ကြည့်ကာ ခပ်တွန့်တွန့်ပြောလိုက်သည်။
“ပျက်စီးနေတဲ့သွေးကြောတွေကို ချီစွမ်းအင်နဲ့
ထောက်ကူပေးပြီး ဆေးအစွမ်းကဒန်တျန်ကို
တိုက်ရိုက်ထိရောက်ဖို့ကူညီပေးရမယ် အဲ့အတွ
က် သခင်မရဲ့အဝတ်အစားအချို့ချွတ်ဖို့လိုပါ
လိမ့်မယ်”
ကျိုးယန်၏ စကားကိုကြားလျှင် ကျောက်တင်း
လျန်တယောက်အနည်းငယ်မျက်နှာပျက်သွား
ရသော်လည်း ထိုကဲ့သို့ကုသမှုကိုကြားဖူးသည့်
ကျောက်မိသားစုခေါင်းဆောင်ကတော့ ဦးခေါင်
ကိုညိတ်ပြကာ သဘောတူလေသည်။
“ကိစ္စမရှိပါဘူး ငါနားလည်တယ် တင်းလျန်သူ
က မင်းသားအရွယ်ပဲ ကုသမှုဖြစ်စဥ်ကမကြာပါ
ဘူး မင်းစိတ်ထဲအလေးအနက်မထားနဲ့”
ကျောက်တင်းလျန်သည် စိတ်ထဲတွေဝေနေကာ
အဆုံးတွင်တော့ လက်ခံလိုက်ရသည်။ ခင်ပွန်း
တဦးအနေဖြင့် သူ့ဇနီး၏ခန္ဓာကိုယ်အားသူစိမ်း
အမျိုးသားတဦးတွေ့မြင်စေသည်က ခံစားရ
ခက်ပေသည်။
“ကောင်းပြီ ငါ့ဇနီးလက်ခံရင် ကုသလိုက်ပါ”
နောက်ဆုံး သူ့ရဲ့သဘောထားကြီးမှုကိုပြသရန်
ဇနီးသည်ကိုသာပုံချရတော့သည်။ ကျောက်သ
ခင်မသည် သူမခင်ပွန်း၏ စိတ်ကိုသိထားသူ
ဖြစ်သောကြောင့် ကျောက်တင်းလျန်ဆီနှစ်သိမ့်
ပြုံး ပြုံးပြကာ ကျိုးယန်ကိုပြောလာသည်။
“ကိစ္စမရှိပါဘူး မင်းက ငါ့သမီးနဲ့ရွယ်တူဆိုမှ
တော့ ငါ့သားပဲပေါ့ နောက်ပြီးဒါကဆေးကုတာ
ပဲ ငါ့အတွက်အခက်ခဲမရှိပါဘူး”
ကျိုးယန်ကခေါင်းညိတ်ပြလိုက်သည်။ ပြီးနော
က် ကျောက်ဝမ်အာကိုသာနေစေပြီး အခြားသူ
များကိုအပြင်တွင်စောင့်စေသည်။
“ဆေးလုံးပေးပါ”
ကျောက်ဝမ်အာဆီမှ ဆေးလုံးကိုယူ၍ တိုက်
လိုက်သည်။ ကျောက်ဝမ်အာ၏ အကူညီဖြင့်
ကျောက်သခင်မ၏အဝတ်အစားများကိုချွတ်
လိုက်ပြီး အတွင်းဝတ်အပါးလေးများသာကျန်
ရှိတော့သည်ကို မြင်လိုက်ချိန်တွင် ကျိုးယန်တ
ယောက် တခဏ ထိတ်ခနဲဖြစ်သွားသော်လည်း
ချက်ချင်းပင်တည်ငြိမ်သွားသည်။ အဝတ်ပါး
အောက်တွင် ကြီးမားလုံးဝန်းသည့်ရင်သားအစုံ
နှင့် သွေးသွယ်သည့်ခါးရှိကာ အသားအရေမှာ
ဖြူဖျော့သော်လည်း ထိုအရာကပင်သာမန်သူ
များကို နှာခေါင်းသွေးလျှံစေရန်လုံလောက်ပေ
သည်။ ကျိုးယန်သည် ကျောက်သခင်မထံ ခွင့်
တောင်းသည့်အမူအရာပြ၍ ဘယ်လက်က
ရင်ညွှန့်နေရာကိုထိကပ်ကာ ညာလက်ကဝမ်း
ဗိုက်အောက်အစပ်ရှိ ဒန်တျန်နေရာကိုထိကပ်ပြီး
ဆေးလုံး၏အစွမ်းကို လမ်းကြောင်းအတိုင်း
သွားနိုင်အောင်ကူညီလိုက်သည်။ ဘယ်ဘက်
လက်မှ နူးညံ့သည့်အထိအတွေ့ကိုပင် အာရုံမ
ကျနိုင်ပဲ လမ်းကြောင်းမမှားစေရန် သတိထား၍
လုပ်ဆောင်နေရလေသည်။
“ကျင့်ကြံသူတယောက်ရဲ့ခန္ဓာကိုယ်ဆိုတဲ့အ
တိုင်းပဲ ကလေးတယောက်မွေးထားတာတောင်
အလတ်ကြီးရှိနေသေးတယ် ကမ္ဘာမြေကလူတွေ
သာဆို ဒီလိုပုံစံရဖို့ဘယ်လောက်တောင်ငွေကုန်
လိုက်မလဲ”
ကျိုးယန်သည် ကမ္ဘာမြေရှိမိခင်အများစုအ
ကြောင်းတွေးကာ ဆက်စပ်၍ သူ့ကိုမိဘမဲ့ဂေ
စာတွင်ထားပစ်ခဲ့သည့် မိဘနှစ်ပါးကိုသတိရ
သွားလေသည်။ သူသည် မိဘနှစ်ပါးကိုအပြစ်
မဆိုချင်သော်လည်း တခါတရံတွင်တော့ နာ
ကြည်းသလိုခံစားခဲ့ဖူးသည်။ တခြားသူများမှ
မိဘအစုံအလင်နှင့်ပျော်ရွှင်နေချိနိတွင် သူက
တော့ ကောလိပ်နောက်ဆုံးနှစ်ထိ အထီးကျန်စွာ
ဖြတ်ကျော်ခဲ့ရသည်။ အချိန်က နာရီအချို့ထို
အနေထားတိုင်းပင်ကုန်ဆုံးသွားကာအတွေးများ
ပြီး ငြိမ်သက်နေသည့် ကျိုးယန်လည်းနောက်
ဆုံးတွင် သတိပြန်ဝင်လာသည်။ အတွေးများ
သော်လည်း ဆေးစွမ်းအင်ကိုကူညီရာတွင် အ
မှားမရှိခဲ့သောကြောင့် ကျောက်သခင်မ၏မျက်
နှာသည် သွေးရောင်လွှမ်းလာကာ ပို၍ပင်ကြည့်
ကောင်းလာသည်။
“အဆင်ပြေသွားပြီ သခင်မမိထားတဲ့အဆိပ်က
ခန္ဓာကိုယ်ထဲမှာ မရှိတော့ပေမဲ့ သူ့ဓာတ်ကကျန်
နေပြီး သွေးကြောတွေကိုတိုက်စားလိုက်တာ
ဒါကိုမှ သခင်မကချီစွမ်းအင်နဲ့ဖိနှိပ်ဖို့ကြိုးစား
လိုက်တော့ သွေးကြောတွေကိုဖိအားပေးပြီး
ပြတ်ထွက်သွားစေတာပဲနောက်ထပ်ရက်အနည်း
ငယ် အနားယူပြီးရင် ပြန်ကျင့်ကြံလို့ရပါပြီ”
ကျိုးယန်က ကျောက်သခင်မ၏ကိုယ်ပေါ်မှ
လက်အစုံကို အသာဖယ်ခွာလိုက်သည်။ ကမ္ဘာ
မြေတွင်ရှိစဥ်က သူသည်လီချင်းကျူး၏လက်
ကလေးကိုသာကိုင်ဖူးပြီး တခြားမိန်းခလေးများ
ဆိုပင် လက်ပင်မကိုင်ခဲ့ချေ။ ထို့ကြောင့် နူးညံ့
သည့်အထိအတွေ့မှဖယ်ခွာစဥ် အနည်းငယ်နှ
မြောမိသလိုခံစားရသော်လည်း ထိုအတွေးကို
ချက်ချင်းပင် ဖျောက်ပစ်လိုက်ရသည်။
“ ကျေးဇူးတင်ပါတယ် ကောင်လေး မင်းကူညီ
လို ငါ့အတွက်ဘဝအသစ်တခုရလိုက်တယ်လို့
ဆိုရမယ် ငါတို့ကျောက်မိသားစုက ကျေးဇူးမ
မေ့ပါဘူး”
ကျောက်သခင်မသည် ကျိုးယန်ကိုပြုံး၍ကြည့်
ကာဆိုလာသည်။ ကျိုးယန်သည် စစချင်း၌
တချက်တွန့်သွားသော်လည်း နောက်ပိုင်းတွင်
တည်ငြိမ်သည့်အမူအရာကို ထိန်းနိုင်သွားသော
ကြောင့် ကျိုးယန်၏စိတ်ဓာတ်ကိုသူမ သဘော
ကျသွားတော့သည်။ သူမသည် ငယ်ရွယ်စဥ်
ကပင် သာမန်မိန်းကလေးများထက်အနည်းငယ်
ဖွံ့ထွားသည့်ခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားကာ ထို
အရာကပင် သူမကိုအလှနတ်ဘုရားမတဦးဖြစ်
စေပြီး ကျောက်တင်းလျန်နဲ့လက်ထပ်ပြီးစ ကာ
လတွေထိတောင် သူမကိုပိုးပန်းသူများရှိနေလေ
သည်။ ကျောက်ဝမ်အာကိုမွေးပြီးနောက်မှသာ
ထိုအရာများငြိမ်သက်သွားပြီး ကျောက်မိသားစု
အင်အားကြီးလာချိန်တွင်တော့ သူမကိုအမျိုး
သားအများစုကစိတ်ကူးဖြင့်သာယဥ်ရဲတော့
သည်။ ကျောက်ဝမ်အာက ကုသမှုအစအဆုံးကို
ဘေးတွင်တိတ်တဆိတ်ကြည့်နေကာ သူမသည်
လည်းကျိုးယန်၏စိတ်ဓာတ်ခိုင်မာမှုကို အသိအ
မှတ်ပြုလိုက်ရသည်။
“ ကျေးဇူးတင်ပါတယ် သခင်လေးစူး ကျမတို့
က အမေပြောခဲ့သလိုပဲ ကျေးဇူးမမေ့ပါဘူး
အဖိုးနဲ့တိုင်ပင်ပြီးလျင် ရှင့်အတွက်ဆုလာဒ်အ
ချို့စီစဥ်ပေးပါမယ်”
သူမက ကျိုးယန်ကိုကျေးဇူးတင်စကားပြော
ရင်း တဖက်တွင်တော့သူမ၏မိခင်ကိုအဝတ်အ
စားများကူဝတ်ပေးနေလေသည်။ ကျိုးယန်မှာ
ထိုမြင်ကွင်းကို မျက်နှာလွှဲထားပြီးနောက် ဦး
ခေါင်းကိုသာခါယမ်း၍
“ကျုပ်ပြောပြီးပြီပဲ ကျုပ်ကိုဘာမှပေးစရာမလို
ပါဘူး တချိန်လိုအပ်လာရင်ပြောပါ့မယ်”
ကျိုးယန်၏စကားကိုကြားလျှင် ကျောက်ဝမ်
အာမှ ခေါင်းကိုအသာညိတ်ပြ၍ နောက်ထပ်
မပြောတော့ပေ။
ခနအကြာတွင် ကျောက်တင်းလျန်တို့ကိုအသိ
ပေးပြီးနောက် ကျောက်တင်းလျန်သည် သူ့ဇနီး
၏အနည်းငယ်ကျန်းမာလာသည့်ပုံစံကိုမြင်ရ
သည့်အခါ ကျိုးယန်ကို လေးလေးစားစားပင်
ကြည့်၍ ကျေးဇူးတင်စကားပြောလာသည်။
ကျောက်မိသားစုခေါင်းဆောင်ကတော့ ချွေးမ
ဖြစ်သူ၏ ခန္ဓာကိုယ်ကိုစစ်ဆေးပြီးနောက် ကု
သမှုကိုအသိအမှတ်ပြုလိုက်တော့သည်။
“အချိန်ကလည်း နေ့တဝက်ကျိုးသွားပြီဆိုတော့
အနားယူလိုက်ပါဦး မနက်ဖန်ကျ မင်းအတွက်
တခုခုစီစဥ်ပေးပါ့မယ်”
ကျောက်မိသားစုခေါင်းဆောင်က ကျိုးယန်ကို
ပြောလာသည်။ အဝတ်အစားအပြည့်အစုံဖြင့်
ရှိနေသည့် ကျောက်သခင်မသည် ကျိုးယန်၏
လက်ကိုခပ်ရဲရဲပင်ဆုပ်ကိုင်ကာ သူမ၏သမီး
ဘက်သို့အကြည့်တချက်ပို့ပြီးနောက်
“အိမ်တော်မှာရက်နည်းနည်းနေသွားပါဦး မင်း
ကတည်းခိုခန်းမှာတည်းနေရတယ်လို့ အန်တီ
ကြားထားတယ် အိမ်တော်မှာနေတာကတည်းခို
ခန်းမှာနေတာထက်ပိုကောင်းမှာပါ”
ကျောက်သခင်မ၏စကားကို ကျိုးယန်ကခေါင်း
ညိတ်ပြကာ အဖြေတော့မပေးလိုက်ပေ။ သူရှာ
ထားသည့်ပြဿနာသည် မကြာမီကျောက်အိမ်
တော်ထိရောက်လာနိုင်သည်ကို တွေးမိသည်။
………………………………………….