← Chapters

ပကတိရှင်သန်ခြင်းအဆင့်

Vol. 6 Ch. 76

ပကတိရှင်သန်ခြင်းအဆင့်

Vol. 6 Ch. 76

ကျိုးယန်သည် အဖိုးဝူ ကိုင်ရီရီ

တပ်မှူးချင်တို့ကိုခေါ်ကာကျင့်ကြံမှုပို၍တိုးတက်စေရန်ကူညီပေးလိုက်သည်။အကဲစမ်းသူများ၏နောက်ဆက်တွဲပြဿနာများကိုကိုင်တွယ်ရန်ရည်ရွယ်ကာအဖိုးဝူသည် နှင့် တပ်မှူးချင်တို့သည် သိုင်းပညာရှင်အထွဋ်အထိပ်သို့မရောက်ကြသေးသည်ကိုတွေ့မြင်သောကြောင့်ပကတိရှင်သန်ခြင်းအဆင့်သာရောက်ရှိသွားလျှင်တချို့ကိစ္စများ၌ကျိုးယန်ကိုယ်တိုင်ပါဝင်ရန်မလိုတော့ပေ။

"စနစ်ရှင်က ငပျင်းပဲ"

"ပိုပြီးအရေးကြီးတဲ့ကိစ္စတွေရှိသေးတယ် အကုန်လုံးတော့ ငါလိုက်လုပ်ချိန်မရှိဘူး"

ကိုင်ရီရီသည် သိုင်းပညာရှင်အထွဋ်အထိပ်မှ

ပကတိရှင်သန်ခြင်းအဆင့်ကို အချိန်၄နှစ်နီးပါးရှိသော်လည်း မကျော်ဖြတ်နိုင်သေးပေ။ ထိုအဆင့်

ကျော်ဖြတ်ခြင်းသည်လည်း အလွန်ပင်ခက်ခဲ၍

ကျိုးယန်ကဲ့သို့ စနစ်အကူညီရှိထားသူများပင်

အလွယ်တကူဖြတ်ကျော်နိုင်ပေလိမ့်မည်။ ပကတိရှင်သန်ခြင်းအဆင့် အောက်ရှိ ကျင့်ကြံသူများကိုသေမျိုးကျင့်ကြံသူများဟု ခေါ်ဆိုကြပြီးပကတိရှင်သန်ခြင်းအဆင့်ရောက်လျှင်တော့အဆင့်မြင့်သေမျိုးကျင့်ကြံသူဖြစ်သွားကာ နောက်တဆင့်အနေဖြင့် မသေမျိုးအင်မော်တယ်တယောက်ဖြစ်လာပေမည်။

စနစ်မှရထားသည့် စိတ်ဝိဉာဥ်ကျင့်စဥ်ကို

တတိယအပိုင်းထိအောင်မြင်မှုရထားပြီးဆေးပညာကြမ်း မီးထိန်းချုပ်ခြင်းကျင့်စဥ်တို့ကိုလည်း

ပထမအဆင့်ကိုပင်ကျော်လွန်သွားလေသည်။

သို့သော်ကျိုးယန်ကထိုမျှနှင့်မကျေနပ်သေးပေ။

ကျင့်စဥ်များကိုလေ့လာရင်း တဖက်တွင်မတူညီ

သည့် လက်နက်ဆန်းများကို ထုတ်လုပ်နိုင်ရန်

အားသွန်ခွန်စိုက်ကြိုးစားနေသည်။ပတိကရှင်သန်ခြင်းအဆင့် ၁ တွင် တည်ငြိမ်သွားပြီဖြစ်

ကာနောက်ထပ်တာဝန်ကြီးတခုပြီးဆုံးလျှင်ထပ်၍ ကျင့်ကြံမှုတိုးလာမည်ဖြစ်သောကြောင့်

ကျင့်ကြံမှုအစားအခြားအရာများတွင်အချိန်ကုန်စေခြင်းဖြစ်သည်။

"အဖိုးဝူ ဒါက ပကတိဆေးလုံးပဲ ဒီဆေးလုံးက

သိုင်းပညာရှင်အထွဋ်အထိပ်ကိုရောက်ပြီးသူတိုင်းသောက်လို့ရတယ်ပကတိရှင်သန်ခြင်းအဆင့်ကိုတခါတည်းကျော်ဖြတ်စေပြီးဘယ်အဆင့်ထိ

ရောက်စေမလဲဆိုတာကတော့ တယောက်စီရဲ့

အခြေခံအုတ်မြစ်အပေါ်မူတည်တယ်"

ကျိုးယန်က အဖိုးဝူတို့ကိုဆေးလုံးတလုံးစီ

ထုတ်ပေးလိုက်သည်။ ထိုဆေးလုံးများသည် သူ

တောင်မသောက်သုံးခဲ့ပဲသိမ်းထားသည့်အရာများဖြစ်ကာ အထွဋ်အထိပ်အဆင့်မရောက်သေး

သည့် အဖိုးဝူနှင့်တပ်မှူးချင်တို့ကတော့အချိန်တ

ခုလိုအပ်ဦးမည်ဖြစ်ပြီးကိုင်ရီရီကတော့ဆေးလုံး

ကိုချက်ချင်းပင်မြိုချလိုက်ကာ ဆေးစွမ်းအင်ကို

စတင်စုပ်ယူတော့သည်။

သူမသည် အချိန်တော်ကြာ တစ်ဆို့နေသူ

ဖြစ်ပြီးအဆင့်မကျော်နိုင်သော်လည်းချီစွမ်းအင်

များသည် သူမ၏ဒန်တျန်ထဲတွင်အပြည့်အသိပ်

ဖြစ်နေကာ ကျစ်လစ်သည့်ထုထည်ပမာဏပင်

ဖြစ်နေလေပြီ။ထိုအချိန်တွင်စနစ်၏ဆေးလုံးက

ပကတိရှင်သန်ခြင်းအဆင့်ကို ကျော်ဖြတ်နိူင်ရန်

အမှန်တကယ်ကူညီပေးနိင်မည်လား။

သိုင်းပညာရှင်အထွဋ်အထိပ်၏ အရှိန်အဝါ

သည်ကိုင်ရီရီ၏ဘေးတွင်အချိန်တခုအကြာဝန်း

ရံနေရာမှ စတင်၍ ပြင်းထန်စပြုလာသည်။ သူမ၏ခန္ဓာကိုယ်ရှိကိုယ်တွင်းကလီစာများသာမကအရိုးအရေပြားနှင့်သွေးကြောများပါအသစ်ဖြစ်သွားသလိုခံစားနေရလေသည်။သွေးကြောများက ပိုမိုထူထပ်ကာ ကျယ်ပြန့်လာပြီး သွေးစီးဆင်းနေမှုများကိုအစအဆုံးသတိပြုမိစေသည့်အထိ စိတ်အာရုံသည်လည်း ပိုမိုအားကောင်းလာနေသည်။

စိတ်ဝိဉာဥ်ကိုယ်ပွားတခုစတင်ရုပ်လုံးပေါ်ကာ

ထိုကိုယ်ပွားလေးသည် ကိုင်ရီရီအငယ်စားလေး

ဖြစ်၍ ချစ်စရာကောင်းသည့်အသွင်ပြင်ကို ပိုင်

ဆိုင်ထားသည်။

“ဒါက စိတ်ဝိဉာဥ်ကိုယ်ပွားဆိုတာလား ပကတိ

ရှင်သန်ခြင်းအဆင့်ကို ရောက်သွားပြီလို့ ဆိုလို

တာပေါ့”

သူမ၏အပြောင်းအလဲကို အစအဆုံးကြည့်နေ

ကြသည့် ကျိုးယန်တို့သည် အရှိန်အဝါပြောင်း

လဲလာမှုကိုသတိထားမိလိုက်ကြသည်။

“မင်းသားရဲ့ဆေးလုံးက ကောင်းကင်ကိုတောင်

ဆန့်ကျင်နိုင်စွမ်းရှိပါပေတယ် တခြားအဆင့်

မြင့်ဆေးလုံးတွေတောင် ဒီလိုရာနှုန်းပြည့်အ

ဆင့်ဖြတ်ကျော်ဖို့ဆိုတာ မဖြစ်နိုင်ဘူး”

အဖိုးဝူက ဆေးလုံးအပေါ် တအံ့တသြချီးကျူး

နေသည်။ တပ်မှူးချင်သည်လည်း ထိုအတူပင်

ဖြစ်သည်။

နာရီအနည်းငယ်ကြာပြီးနောက်မှာတော့ ကိုင်ရီရီ

၏အရှိန်အဝါသည် တည်ငြိမ်သွားကာ ကျင့်ကြံ

မှုသည်လည်း ပကတိရှင်သန်ခြင်းအဆင့် ၅ထိ

အဆင့်သေး၅ဆင့် ခုန်ကျော်သွားလေတော့

သည်။ ထိုသို့ဖြစ်ရသည်က ၄နှစ်ကြာစုဆောင်း

ထားသည့်ချီဓာတ်များကြောင့်ပါဝင်ကာ ဆေး

လုံး၏အရည်အသွေးကလည်း ကောင်းမွန်နေ

သောကြောင့်ဖြစ်သည်။ အရှိန်အဝါနှင့်အတူ

ရုပ်ရည်အသွင်ပြင်သည်လည်း ပြောင်းလဲသွား

ပြီး မူလကချောမောလှပသည့်အသွင်ပြင်သည်

အလှပေါ်အယဥ်ဆင့်ကာ ပို၍ပင်ရှူချင်စဖွယ်နှင့်

ပြည့်စုံသွားလေတော့သည်။

ကျိုးယန်သည် သတိလက်လွတ်ငေးမောနေမိ

သည်။ ကိုင်ရီရီတို့ညီအစ်မများသည် ချောမော

သည်ကို သတိထားမိသော်လည်း အသွင်အပြင်

ပြောင်းလဲမှုက ကျိုးယန်ကိုသတိလက်လွတ်ပင်

ဖြစ်စေသည်အထိပြင်းထန်လေသည်။

ကိုင်ရီရီသည် သူမ၏တိုးတက်လာသည့် ကျင့်

ကြံမှုခွန်အားအပေါ်ကျေနပ်နေစဥ် ကျိုးယန်၏

ငေးမောနေမှုကို တွေ့လိုက်ပြီးနောက် မျက်နှာတ

ခုလုံးနီရဲသွားကာ အနည်းငယ်ရှက်သွားလေ

သည်။ ထိုအချင်းအရာကိုဘေးမှ အဖိုးဝူကသ

တိထားမိသောကြောင့် ကျိုးယန်ကိုချောင်းဟန့်

ကာသတိဝင်စေသည်။

“အဟန့် အဟန့် အခု ဆေးလုံးရဲ့အာနိသင်ကို

သိကြပြီဆိုတော့ အဖိုးဝူတို့လည်း အထွဋ်အထိ

ပ်အဆင့်ကို နှစ်ဝက်အတွင်းအရောက်တက်ဖို့

ကြိုးစားကြပါ”

ကျိုးယန်က သတိပေးပြောလိုက်သည်။ သူ့တွင်

နောက်ထပ်ဆေးလုံးများ မရှိတော့ပေ။ စနစ်၏

ဖုံးကွယ်တာဝန်များကိုလည်း မသိနိုင်သော

ကြောင့် နောက်ထပ်ဆေးလုံးများကို မမျှော်လင့်

သည်ကသာ အကောင်းဆုံးဖြစ်သည်။

“လက်နက်ထုတ်လုပ်တဲ့ကိစ္စနဲ့ပက်သက်ပြီး

တိုးတက်မှုဘာရှိလဲ မင်းသမီး”

ကျိုးယန်က ကိုင်ရီရီကိုမေးလိုက်သည်။

“မူလ မင်းသားတို့ကိုင်ဆောင်တဲ့လက်နက်လို

အတိအကျမထုတ်နိုင်သေးပေမယ့် အစိတ်အ

ပိုင်းအများစုကိုတော့ အောင်မြင်နေပါပြီ

နောက်တဆင့်ဆို မတူညီတဲ့လက်နက်အမျိုးအ

စားတခု ဖြစ်လာပါလိမ့်မယ်”

ကျိုးယန်အနည်းငယ်ဆွံ့အသွားသည်။

“မတူညီတဲ့အမျိုးအစားတခုဟုတ်လား ကျုပ်က

ပေးထားတဲ့လက်နက်နည်းပညာပုံကြမ်းအတိုင်း

သူတို့လုပ်မယ်ထင်နေတာ”

“မင်းသားရဲ့လက်နက်ပုံကြမ်းက တပုံစံတည်း

တူအောင်လိုက်လုပ်ဖို့ခက်ပါတယ် ဒါကြောင့်

အဲ့လက်နက်ရဲ့အခြေခံသဘောတရားကို ယူပြီး

အသွင်အပြင်ပြောင်းလဲလိုက်ရုံတင်ပါ မင်းသား

လိုက်စစ်ဆေးကြည့်လိုက်လေ”

ကျိုးယန်လည်း စိတ်ဝင်စားသွားသည်။ မူလ

AK47 များကိုအသွင်ပြန်ပြောင်းရန်ကြိုးစား

သည့်ကိစ္စမှာ အ​ပြောလွယ်သလောက် လုပ်ရန်

ခက်ခဲသည်။ ကမ္ဘာမြေရှိ AK47 ပညာရှင်သည်

အဆိုပါလက်နက် တရားဝင်အသုံးမပြုခင်က

စမ်းသပ်မှုများ အခြေအနေအမျိုးမျိုးကို အစစ်

ဆေးခံ ဖြတ်ကျော်ခဲ့ရကာ အောင်မြင်လာခြင်း

ဖြစ်သည်။ ကျင့်ကြံရေးလောကမှလူများမှ

သေနတ်လိုအရာမျိုးကို အဆင့်မြှင့်ပေးနိုင်မည်

တဲ့လား။

“ကောင်းပြီ ဒါဆို ဒီရက်ပိုင်းအတွင်း စက်ရုံကို

သွားကြည့်လိုက်မယ် ဒါနဲ့မင်းသမီးအနေနဲ့

ဟိုတလောက တပ်မှူးလော့ချမ်းဖမ်းဆီးထားတဲ့

လူ၃ဦးနဲ့ပက်သက်ပြီး ဘယ်လိုစီစဥ်ထားလဲ

မင်းသမီးက အထက်လွှတ်တော်ကဆိုပေမယ့်

အစ်မကိုင်လီလီက အုပ်ချုပ်ရေးဘက်က အကြီးအကဲ တဦးဖြစ်နေတယ်မလား”

ကျိုးယန်က ပြဿနာကောင်များနှင့်ပက်သက်

ပြီး မေးလိုက်ခြင်းဖြစ်သည်။ ထိုသူများကို

လော့ချမ်းမှ တဆင့်ထိန်းသိမ်းထားသည်မှာ

ရက်အချို့ကြာပြီဖြစ်ပြီး အုပ်ချုပ်ရေးဌာနမှ

လည်း ထိုသူများ၏အပြစ်များကိုတရားဝင်

ကြေငြာ၍ ပြစ်ဒဏ်ကာလတခုသက်မှတ်ကာ

ထိန်းသိမ်းထားခြင်းဖြစ်သည်။

“သူ တို့ကို ယာယီထိန်းသိမ်းထားတဲ့သဘောပါ

တခြားဘာမှမလုပ်ပါဘူး သူတို့ရဲ့နောက်ဆက်

တွဲကိစ္စကိုတော့ မင်းသားနဲ့ကျမတို့ ဟိုတခါစည်

ဝေးမှုကတဆင့် စုံစမ်းရေးအဖွဲ့တခုဖွဲ့ထားပြီးလို့

အချက်အလက်အချို့လည်း ရလိုက်သေးတယ်

နောက်ဆက်တွဲအခြေနေအရ မီးတောက်အင်ပါ

ယာဂိုဏ်းက သူတို့လူနဲ့ပက်သက်ပြီးတုန့်ပြန်

မယ်လို့ သတင်းရထားပါတယ်”

ကိုင်ရီရီမှ အခြေအနေများကို ပြည့်စုံစွာရှင်းပြ

လာသည်။ သူမသည်လည်း မီးတောက်အင်ပါ

ယာဂိုဏ်း၏အင်အားအမှန်ကိုသိထားသူဖြစ်၍

ထိုဂိုဏ်းကြီးများကိုထိပါးရန် ယခင်ကသာဆို

လျှင် နှစ်ခါပြန်စဥ်းစားမည်ဖြစ်သည်။ ယခုတွင်

တော့ ကျိုးယန်သည် နောက်ဆက်တွဲပြဿနာ

များကို ကိုင်တွယ်ရန်အင်အားအလုံအလောက်

ရှိကြောင်း သူမတို့ကိုအသေအချာပြောထား

သည့်အတွက် စိတ်ချလက်ချဖြစ်သွားရကာ

မီးတောက်အင်ပါယာဂိုဏ်းရောက်ရှိလာလျှင်

လည်း မကြောက်ရွံတော့ပေ။

…………………………………………..

All Chapters