မီးတောက်အင်ပါယာမှကြေငြာချက်
Vol. 6 Ch. 77
အချိန်က နှစ်လတာကုန်ဆုံးသွားပြီးနောက် သင်
တန်းကာလများပြီးဆုံးသွားကာ ဌာနအသီးသီး
သို့ဝင်ရောက်တာဝန်ထမ်းဆောင်ကြတော့သည်
ထို့ကြောင့် မူလကအလုပ်များလက်မလည်ကြ
သည့် အဖိုးဝူ ကိုင်လီလီ အစ်ကျိုး တောက်ချင်
တို့သည် အနားရသွားကြတော့သည်။
ကျိုးယန်သည် မီးတောက်အင်ပါယာဂိုဏ်းမှ
လူများကို တနှစ်ပြည့်တဲ့အထိ ပြစ်ဒဏ်ပေး
သည့်အနေဖြင့် ထိန်းသိမ်းထားမည်ဟု ကြေငြာ
ချက်ထုတ်ပြီးနောက် မရှေးမနှောင်းမှာပင် မီး
တောက်အင်ပါယာဂိုဏ်းမှ ၎င်းတို့၏အပြင်
စည်းအကြီးအကဲအပါအဝင် တခြားသူနှစ်ဦးကို
အမြန်ဆုံးပြန်လွှတ်ပေးရန်နှင့် မြို့တော်မှပြန်
လည်တောင်းပန်ရန်တို့ကိုပါ တဆက်တည်း
ထုတ်ပြန်လာကြသည်။ ထိုအရာက မြို့တော်အ
ပေါ် မထေ့မဲ့မြင်ပြုခြင်းဖြစ်ကာ ကျိုးယန်ပင်မ
ဆိုထားနှင့် အခြားမည်သူမှသည်းခံနိုင်လိမ့်
မည်မဟုတ်ချေ။
မြို့တော်အသစ်နှင့် မီးတောက်အင်ပါယာဂိုဏ်း
ကြားပြဿနာများကိုကြားသိလျှင် အခြားသော
တော်ဝင်မျိုးနွယ်များနှင့် နန်းတွင်းရှိလူများ၏
အာရုံသည် ကျိုးယန်ထိုအရာကိုမည်ကဲ့သို့ တုန့်
ပြန်လိမ့်နည်းဟုသည့် အခြေနေကိုစိတ်ဝင်တ
စားရှိလာကြလေသည်။
ထိုကြေငြာချက်သည် ကျိုးယန်မျှော်လင့်ထား
ပြီးသားဖြစ်ကာ အရှေ့အရပ်မှဆန့်ကျင်ဘက်
အနောက်ဒေသရှိ မြို့တော်ထံတကူးတကလာ
ရောက်ရန်ရှာကြခြင်းကာ အချို့သောသူများ
တွေးထားသည်ထက်ပိုသည့် ကိစ္စများရှိနေနိုင်
သည်။
ကျိုးယန်သည် အထူးတပ်ဖွဲ့အင်အားများကို
အလုံးစုံထုတ်မပြန်ရန် စိတ်ကူးလိုက်သည်။ သူ့
တွင် တပ်ဖွဲ့ဝင်တစ်သောင်းသာရှိကာ ထိုအင်
အားသည် မီးတောက်အင်ပါယာဂိုဏ်းကိုခုခံရာ
တွင် မလုံလောက်သော်လည်း အခြားသူများက
ပါဝင်ကူညီလိမ့်မည်ဖြစ်သည်။ ထို့အတူယုံ
ကြည်ရသည့် လက်အောက်ခံအင်အားစုများမှ
စစ်သည်များသည်လည်း ခေတ်မီလက်နက်များ
ရာနှုန်းပြည့်တပ်ဆင်ပြီးပါက ထိုအရာများကို
ကျိုးယန်ကသာ အပြည့်အဝထိန်းချုပ်နိုင်ပြီး
အနောက်ဘက်ဒေသအပြင် အခြားဒေသများမှ
အင်အားစုများကို ဆယ်ဆ တစ်ဆ ကွာခြားမှု
ရှိနေလျှင်တောင် ရင်ဆိုင်နိုင်မည်။
မနက်ခင်းတခုတွင် ကျိုးယန်သည် စုယင်နှင့်
အတူမနက်စာစားသောက်ကာ စက်ရုံနယ်မြေ
တခုဆီသို့ လက်နက်ထုတ်လုပ်မှုကိုစစ်ဆေးရန်
ထွက်သွားလိုက်သည်။ ကိုင်ရီရီသည် လက်နက်
များထုတ်လုပ်ရာတွင် တိုးတက်မှုရှိသည်ဟု ဆို
ထားလေသည်မဟုတ်လား။
ကျိုးယန်ရောက်သွားချိန်သည် နံနက်ခင်းသာရှိ
သေးသော်လည်း စက်ရုံများကလည်ပတ်နေပြီ
ဖြစ်သည်။ ကျိုးယန်ကလက်နက်များ၏ အရေး
ပါမှုကို ခေါင်းဆောင်များထံအတန်တန်ပြော
ကြားထားသည့်အတွက် လက်နက်ထုတ်လုပ်
ခြင်းအပေါ် အားစိုက်ထုတ်ကြခြင်းဖြစ်သည်။
လိုအပ်သည့်ကုန်ကြမ်းများကို စနစ်ထံမှ ဝယ်ယူ
ပေးပြီး အနောက်ဘက်ဒေသတွင်ရနိုင်သည်
များကိုတော့ ရှာဖွေကာသုံးစွဲစေသည်။
ထို့ကြောင့် ကုန်ကြမ်းများသည် အဓိကကျသည့်
အရာများမှလွဲ၍ အခြားအရာများကိုအလွယ်တ
ကူရနိုင်ကာ ဆယ်စုနှစ်တခုလောက်ထိ ထုတ်
လုပ်နိုင်စေလိမ့်မည်။
ကျိုးယန်၏အကြံဉာဏ်များဖြင့် ဆောက်ထား
သည့်စက်ရုံကြီးသည် ကမ္ဘာမြေမှလက်နက်စက်
ရုံများကဲ့သို့ အဆင့်မမြင့်သော်လည်း ဒီလောက
တွင်တော့ ထိပ်တန်းအဆင့်ဖြစ်သည်။ မည်သူ
မှကျိုးယန်ကဲ့သို့ မလုပ်နိုင်ပေ။
ကျိုးယန်ကိုတွေ့လျှင် လုံခြုံရေးဝန်ထမ်းများမှ
တလေးတစားနှုတ်ဆက်ကာ ကြိုဆိုကြပြီး
စက်ရုံအတွင်းသို့ လိုက်ပါပို့ဆောင်ပေးသည်။
ထို့နောက် ပန်းပဲကျေးရွာမှ တာဝန်ရှိသူအချို့
လည်းရောက်လာကာ ကျိုးယန်ကိုနှုတ်ဆက်
ကြသည်။
“နှုတ်ဆက်ပါတယ် မင်းသားကျိုး”
“နှုတ်ဆက်ပါတယ်”
ကျိုးယန်က အသာပက်ခေါင်းညိတ်ပြကာ
လက်နက်များအကြောင်း တိုက်ရိုက်ပင်မေး
လိုက်သည်။
“လက်နက်တွေထုတ်လုပ်ဖို့စီစဥ်တာ အဆင်ပြေ
ကြရဲ့လား”
ကျိုးယန်၏အမေးကို တာဝန်ရှိသူတဦးဖြစ်တဲ့
လျှို့ဝမ်က ပြန်လည်ကာရှင်းပြသည်။
“မင်းသားရဲ့ မူလလက်နက်အတိုင်းထုတ်လုပ်ဖို့
အခက်ခဲတွေရှိပါတယ် အဲ့ဒါကလည်း မင်းသား
ဆီက ရရှိထားတဲ့ကုန်ကြမ်းတွေကို ကုန်ချောအ
ဖြစ်ပြောင်းပေးနိုင်တဲ့ အကူကိရိယာမရှိတာရယ်
နောက်ပြီး ဒီဒေသမှာရနိုင်တဲ့ကုန်ကြမ်းတွေနဲ့
စမ်းသပ်တဲ့အချိန်မှာ မတူညီတဲ့ပုံပန်းသွင်ပြင်ရ
လာဒ်ကိုဖြစ်လာစေတယ်”
“လက်နက်ရဲ့ ပြင်းအားကိုသက်ရောက်မှုရှိစေ
တာလား”
ကျိုးယန်ကမေးလိုက်သည်။ လက်နက်၏သက်
ရောက်မှုကိုထိခိုက်စေပြီး ပြင်းထန်တဲ့သက်
ရောက်မှုလျော့ကျသွားပါက ရန်သူများကိုချေ
မှုန်းရန်မလွယ်ကူတော့ပေ။
“လက်နက်ကတော့မူလအတိုင်း အကွာအဝေး
ကော ထိခိုက်မှုပြင်းအားအရပါ မကွာပေမယ့်
အလေးချိန်ကတော့ တိုးလာပါတယ်ဒါကလည်း
ကျင့်ကြံသူတွေအတွက် မပြောပလောက်ပါဘူး
မင်းသား”
“အလေးချိန်တိုးလာတာလား ဒါက ကျင့်ကြံသူ
တွေအတွက် ပြဿနာမရှိပေမယ့် သာမန်ပြည်
သူတွေဖြစ်တဲ့ ရဲဌာနလိုမျိုးကျ အဆင်မပြေဘူး
လေ ထားပါ အခုလက်နက်ရဲ့ပုံစံကိုပြပါဦး”
ကျိုးယန်က လက်နက်များကို စစ်သည်များအ
တွက်သာမက ရဲတပ်ဖွဲ့ဝင်များကိုပါတပ်ဆင်စေ
လိုခြင်းဖြစ်ပြီး နောင်တွင် 79 ကဲ့သို့လောင်ချာ
အသေးစားများ ပုခုံးထမ်းလောင်ချာများသာ
မက သံချပ်ကာကားများတွင်တပ်ဆင်ထားတဲ့
စက်သေနတ်ငယ်များကိုလည်း ကြီးမားသည့်
စက်သေနတ်ကြီးများအသွင် ပြောင်း၍ပိုခေတ်
မီသည့် တပ်ဖွဲ့ကြီးတခုတည်ထောင်လိုသည်။
“အနောက်ကလိုက်ခဲ့ပေးပါမင်းသား”
လျှို့ဝမ်နှင့်အဖွဲ့က ရှေ့မှဥိးဆောင်ကာ စက်ရုံ
တခုအတွင်းသို့ဝင်ရောက်သွားသည်။ အထဲတွင်
သံကိုပုံသွင်းသည့် မိုများရှိနေကာ အချို့သည်
အစိတ်အပိုင်းများတပ်ဆင်နေကြသည်။
လျှို့ဝမ်က စားပွဲကြီးတခုနားသွားကာ စားပွဲပေါ်
တင်ထားသည့် လက်နက်အကြမ်းတခုကို ယူပြ
သည်။
“ဒါက မင်းသားရဲ့လက်နက်ကို ပုံစံပြန်ပြောင်း
ထားတာပါ သူကပစ်အားနဲ့ကျည်ထည့်ဝင်မှု
မပြောင်းထားဘူး ဒါပေမယ့် အလေးချိန်တိုး
လာပြီး မူလလက်နက်ရဲ့ အရွယ်အစားထက်ပို
ကြီးသွားတယ်”
ကျိုးယန်မှ ပုံစံပြောင်းထားသည့် AK များကို
ကိုင်ကြည့်လိုက်သည်။ ပြောသည့်အတိုင်းပင်
အလေးချိန်က နှစ်ဆခန့်တိုးလာသည်။ ထိုအရာ
ကသေနတ်၏ကိုယ်ထည်အတွက် အသုံးပြုတဲ့
အရာကွာခြားမှုကြောင့်ဖြစ်ကာ သေနတ်ဒင်က
အစ သံထည်ဖြစ်၍ ထူထဲနေလေသည်။ ကျည်
အိမ်မပါပဲတောင် အလေးချိန်သည် ပေါင်နှစ်
ဆယ်နားကပ်နေသည်။ သေနတ်၏အရှည်သည်
မူလ ၃၅လက်မသာရှိရာမှ နောက်ထပ်ပေဝက်
ခန့်ထပ်တိုးလာကာ လေးပေကျော်နေချေပြီ။
ထိုအရာသည် ကိုင်ဆောင်ရန်အတွက်အနည်း
ငယ်ခက်ခဲနိုင်သော်လည်း အဆင်မပြေတာမျိုး
တော့မဟုတ်သေးပေ။