ကျင့်ကြံရေးလောက၏လက်နက်များ
Vol. 6 Ch. 78
AK ၏ပထမမျိုးဆက်လက်နက်သည် ကမ္ဘာမြေ
ရှိစစ်ပွဲများတွင် အရေအတွက်အမြောက်အမြား
ထုတ်လုပ်ကာ သုံးစွဲကြသည့်လက်နက်အမျိုးအ
စားဖြစ်သည်။ ကိုယ်ထည်သည် အကြမ်းခံကာ
ပြုပြင်ရန်လည်း လွယ်ကူသည်။ နောက်ပိုင်း
ကာလများတွင် မျိုးဆက်အသစ်သစ်များထပ်မံ
ထွက်ပေါ်လာပြီး ပို၍ပေါ့ပါးကာခေတ်မီလာကြ
သည်မဟုတ်လား။
ကျိုးယန်က သေနတ်ကိုအသာကိုင်ကာ လုံခြုံ
ရေးခလုတ်ကိုဖွင့်လိုက်သည်။ ပြီးနောက် မြင်
ကွင်းတခုကိုချိန်ကြည့်သည်။ သေနတ်သည်
လေးလံသည်ဟုခံစားရသော်လည်း ကိုင်ထား
ရသည်ကတော့ လေးလေးပင်ပင်ရှိကာ သေန
တ်မဟုတ်ပဲ တုတ်သာဆိုလျှင်ပိုကောင်းမည်ဟု
ကြောင်တောင်တောင်အတွေးဝင်လာရသည်။
(ဝါးရင်းတုတ်များထွင်ချင်နေတာလားမသိ)
ကျိုးယန်က သေနတ်အစိတ်အပိုင်းများကို
ဖြုတ်ကြည့်သည်။ ပြီးနောက်အပြန်ပြန်အလှန်
လှန်တပ်ကြည့်ကာ ကျည်အိမ်ထဲကျည်အလွတ်
ဖြင့် မောင်းဆွဲကာပစ်ကြည့်ပြန်သည်။ တိုက်ပွဲ
တွင် သေနတ် ဂျမ့်ဖြစ်ခြင်းသည် အလေ့အထ
တခုရှိတတ်ကာ အန္တရာယ်များပေသည်။ ပြီး
နောက် လျှို့ဝမ်ဘက်လှည့်ကာပြောလိုက်သည်။
“အလေးချိန်က ထင်ထားတာထက်များနေ
တယ် ကိုယ်ထည်ကိုသုံးတဲ့သံနေရာမှာတခြား
အစားထိုးတခုခုစဥ်းစားကြည့်ကြပါ ကျုပ်က
စစ်သည်တော်အတွက်အပြင် အခုသင်တန်း
ကာလပြီးဆုံးထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေကိုလည်း
ဒီလိုလက်နက်အချို့ပေးချင်တယ်”
“နားလည်ပါပြီ မင်းသား”
ကျိုးယန်က စနစ်၏စတိုးမှအသင့်ဝယ်ထား
သည့် M79 ဗုံးပစ်လောင်ချာပုံကြမ်းနှင့်နမူနာ
လက်နက်တခုထုတ်ယူကာပေးလိုက်သည်။
“ဒါက နောက်တဆင့်ခဗျားတို့စမ်းသပ်ရမယ့်
လက်နက်ပဲ သူကမီတာ တရာအတွင်းပေါက်ကွဲ
စေပြီး အကြမ်းအားဖြင့် မြေမြုပ်မိုင်းတွေလို
အလုပ်လုပ်တာ”
ကျိုးယန်ဆီမှ လက်နက်နမူနာနှင့်ပုံကြမ်းကိုယူ
ကာ လျှို့ဝမ်မှ ခေါင်းညိတ်ပြသည်။
“အကောင်းဆုံးကြိုးသားပါ့မယ် မင်းသား”
“ကောင်းပြီ အမြှောက်နဲ့ မြေမြုပ်မိုင်းတွေထုတ်
တဲ့အပိုင်း ပြပေးပါဦး”
ကျိုးယန်သည် အမြှောက်များ၏ လုပ်ဆောင်
နိုင်မှူအပေါ် သဘောကျသော်လည်း သေနတ်
လောက်တော့မကြိုက်ပေ။ နောင်တွင် ပေါ့ပါး
ကာပစ်ခတ်ရန်လံယ်ကူသည့် Uzi များကဲ့သို့
လက်နက်နည်းပညာများဝယ်ယူကာ စမ်းသပ်
ထုတ်လုပ်စေမည်ဖြစ်ပြီး ယခုထုတ်ထားသည့်
လေးလံသည့်AK များကိုတော့ ကျင့်ကြံသူများ
ကိုသာပေးရတော့မည်ဖြစ်သည်။
အမြှောက်များနှင့် မြေမြုပ်မိုင်းများပြုလုပ်ရာ
သို့သွားနေစဥ် ကျိုးယန်က AKထုတ်လုပ်ပြီးအ
ရေအတွက်ကိုမေးလိုက်သည်။
“လက်နက်အရေအတွက် တသောင်းနီးပါးတပ်
တင်ပြီးထားပါပြီ ယမ်းမှုန့်အတွက်လိုအပ်တဲ့
ကုန်ကြမ်းရှာဖွေမှုတွေကိုလည်း ပိုပြီးအားစိုက်
ထုတ်ဖို့ မှာထားပါတယ် မင်းသားဆီကယမ်းမှုန့်
တွေက အရည်အသွေးကောင်းပေမယ့် အရေအ
တွက်နည်းတော့ အမြောက်အများထုတ်တဲ့နေ
ရာမှာ အခက်ခဲရှိလို့ပါ”
ကျိုးယန်ကလည်း ထိုအချက်ကိုလက်ခံသည်။
သူ့ရဲ့ အင်အားစုရမှတ်များသည် အကန့်အသ
တ်ရှိကာ စိတ်ရှိတိုင်းဝယ်မရပေ။ လက်နက်
နည်းပညာတခုကို ရမှတ် ၅၀၀၀၀ ထိသုံးနေရ
သည်ကို သွေးအန်ချင်စရာပင်။ ကံကောင်းသ
ည်က ရမှတ်တသိန်းကျော်တဖြေးဖြေးတိုးလာ
သည်မို့သာ အဆင်ပြေနေလေသည်။ သို့သော်
လက်ကျန်ရမှတ်များကလည်း ၅၀၀၀၀ အောက်
ကျရောက်နေကာ နောက်ထပ်အင်အားစုများကို
ထိန်းချုပ်နိုင်ရန်ကြိုးစားရဦးမည်ဖြစ်သည်။
လျှို့ဝမ်က အမြှောက်လက်နက်ကြီးများကို ယူ
ပြသည်။ ကျင့်ကြံသူများပြောင်းလဲထုတ်လုပ်
နေသည့်လက်နက်များက မူလထက်ပင်ပို၍
မာကြောမှုရှိကာ ကိုယ်ထည်အတွက်သုံးသည့်
ကုန်ကြမ်းများက သေနတ်ထုတ်လုပ်ရာတွင်အ
သုံးပြုသည့်ကုန်ကြမ်းများနှင့် တူညီသော်လည်း
ထိုအရာကပင် အမြှောက်လက်နက်အတွက် အ
ဆင်ပြေနေလေသည်။
ကျိုးယန်က ကြီးမားသည့် အမြှောက်လက်နက်
ကြီးကို သေချာကြည့်သည်။ စမ်းသပ်ပစ်ခတ်
ရန်မလွယ်သော်လည်း လက်ရှိလက်နက်သည်
မူလလက်နက်ထက်မသာသော်လည်း မလျော့
နိုင်ဟု သူထင်သည်။ ထို့အပြင် မြေမြုပ်မိုင်း
များကလည်း အရေအတွက်အတော်များများ
ထုတ်လုပ်ပြီးစီးထားကာ အသင့်သုံးရန်သာကျန်
တော့သည်။
“နောက်ပိုင်း မိုင်းတွေထုတ်တာကိုလျှော့လိုက်ပါ
မိုင်းတွေကို တိုက်ပွဲမှာမသုံးတော့ဘူး ခုနက
ကျုပ်ပေးတဲ့လက်နက်နမူနာက မိုင်းလိုမျိုးထိ
ရောက်မှုဆင်တူတယ် ပစ်ခတ်ရတာလည်းပေါ့
ပါးပြီး AK နဲ့တွဲဖက်ပြီးတောင်သုံးနိုင်တယ် ဒါ
ပေမဲ့ အဲ့နည်းစနစ်ကိုတော့ ကျုပ်မှာအသင့်မရှိ
သေးလို့ မပေးနိုင်သေးဘူး မိုင်းတွေကိုတော့
တောင်ဖြိုရာမှာသုံးတာ ဒါမှမဟုတ်သားရဲတွေ
ကိုထောင်ချောက်ဆင်တဲ့နေရာမှာသုံးတာမျိုး
စွယ်စုံသုံးလို့ရတယ်”
ကျိုးယန်က သေချာရှင်းပြသည်။ AKများသည်
တိုက်ပွဲတွင်အရေးပါသလို ဗုံးပစ်လောင်ချာများ
သည်လည်းအရေးပါလာမည်ဖြစ်ကာ မိုင်းများ
အစားထိုးသုံးရန်စိတ်ကူးလိုက်သည်။ အဆင့်
မြင့်ကျင့်ကြံသူများသည် အာရုံခံနိုင်စွမ်းမြင့်
သောကြောင့် မိုင်းများကိုအလွယ်တကူရှာတွေ့
နိုင်သည်မဟုတ်လား။
“ဟုတ်ကဲ့ပါမင်းသား မှတ်ထားပါ့မယ်”
လျှို့ဝမ်က လေးလေးစားစားပင် ပြန်ဖြေကြား
သည်။ သူသည်ပန်းပဲကျေးရွာတွင် အဆင့်တန်း
မြင့်မားသည့် ခေါင်းဆောင်များထဲတွင်တဦး
အပါအဝင်ဖြစ်သော်လည်း ကျိုးယန်၏လက်
နက်များကိုမြင်ချိန်တွင် စိတ်ပါဝင်စားလာကာ
ထိုအရာများက မတူညီသည့်ပြတင်းပေါက်တခု
လောကငယ်တခုကို ခေါ်ဆောင်သွားခြင်းဟုပင်
သူထင်လေသည်။ သူ့အတွက်ပြုလုပ်ရန်ခက်ခဲ
လေ ပို၍ပင်စိတ်ပါလေဖြစ်ကာ မြို့တော်တည်
နေစကာလမတိုင်မီ လက်နက်များကိုလေ့လာ
ချိန်မှစ စက်ရုံများသီးသန့်မရှိစဥ်တည်းက တ
စိုက်မတ်မတ်လေ့လာပြီး ပြုလုပ်နေခြင်းဖြစ်
လေသည်။
ကျိုးယန်သည် အခြားသောနေရာများဖြစ်သည့်
အစိတ်အပိုင်းများထုတ်လုပ်သည့်နေရာမှစ
စက်ရုံဝန်းတခုလုံးကို လှည့်ပတ်ကြည့်ရှူကာ
နည်းပညာအခက်ခဲများရှိနေသူများကို သေချာ
ရှင်းပြပေးသည်။ ထိုသို့ရှင်းပြနိုင်ရန်အတွက်
စက်ရုံမလာခင်ညကပင် အပြင်းအထန်လေ့
လာထားသည်မဟုတ်လား။
သေနတ်တလက်သည် ပစ်တတ်ရုံဖြင့်မရချေ။
လက်နက်ပြုပြင်သည်ကအစ အရေးကြီးသည်။
သေနတ်များ၏အရေးပါမှုကို ကမ္ဘာမြေရှိနိုင်ငံ
အသီးသီး၏စစ်တပ်များတွင် မြင်နိုင်ကာ သေ
နတ်ဆုံးရှုံးချင်သည် ပြစ်ဒဏ်ခံရနိုင်သည်အထိ
ပြင်းထန်သည်။ pistol ကဲ့သို့အသေးစားလက်
နက်များကို ထုတ်လုပ်ခြင်းသော်လည်း အသုံး
ဝင်မှုမရှိသလောက်ဖြစ်ကာ အလှကိုင်ထားရုံ
ဖြင့် အချိန်ကုန်လူပင်ပန်းအဖြစ်မခံတော့ပေ။
တာဝေးပစ်လက်နက်ကြီးများ အပါအဝင်ပို၍
ပြင်းထန်သည့်လက်နက်ကြီးများကိုသာစိတ်
ဝင်စားကာ တဆင့်ချင်းစီ လျှောက်လှမ်းရမည်
ဖြစ်ပြီး စိတ်ရှည်ရန်လိုသည်။
“အခုထုတ်ထားတဲ့လက်နက်တွေကို ချက်ချင်း
အင်အားစုအသီးသီးခွဲဝေပေးပြီး လက်နက်နဲ့
အသားကျအောင်လုပ်ခိုင်းလိုက်ပါ နောက်ဆက်
တွဲအနေနဲ့ လက်နက်ပျက်စီး ပျောက်ဆုံးမှုတွေ
အတွက် ကြီးမားတဲ့အပြစ်ဒဏ်ရှိလိမ့်မယ်ဆို
တာကိုလည်း တပါတည်းမှာပါ”
၃နှစ်ကြာမှ အလက်ရေတသောင်းသာ ထုတ်နိုင်
ခြင်းက အားရစရာမရှိပေ။ သို့သော်လူအင်အား
ကုန်ကြမ်းနှင့် စက်ရုံ၏အထောက်အကူပစ္စည်း
များရဲ့ လိုအပ်ချက်ကြောင့် နားလည်ပေးရန်သာ
ရှိပေသည်။ ထိုကဲ့သို့အရေအတွက်နည်းမှုက
ပေးဝေရာတွင် ဂရုစိုက်စေကာ တဦးစီ၏ထိန်း
သိမ်းနိုင်မှုကိုလည်း စောင့်ကြည့်ရန်လိုလာသည်
ကျည်ဆံအရေအတွက်အကန့်အသတ် ရှိထား
သည်ကလည်း ခက်ခဲစေသည်ဟု ကျိုးယန်မြင်
နေမိသည်။
“ကျည်ဆံအခွံအတွက် ကြည်းလိုအရာကလွယ်
ပြီး ယမ်းမှုန့်ဖော်မြူလာချပေးလိုက်ရင်တော့
သူတို့လုပ်ဆောင်နိုင်မလားပဲ”
ကျိုးယန်သည် ယမ်းမှုန့်များကိုတိုက်ရိုက်ပေး
ကာ ဖော်မြူလာမပေးထားပေ။ ပညာရှင်များမှ
သူတို့ဘာသာရှာဖွေထားခြင်းဖြစ်၍ အရည်အ
သွေးနိမ့်ကျလေသည်။
“ငါ့ ရမှတ်လေးတွေထပ်ကုန်ဦးမှာပေါ့”
ကျိုးယန်တယောက် ရင်ထုမနာဖြစ်နေသည်။
အရေးပေါ်အတွက် ရမှတ်များချန်ထားရန်မည်
သို့မှမဖြစ်နိုင်တော့ပေ။
“မီးတောက်အင်ပါယာဂိုဏ်းကို ထိန်းချုပ်နိုင်ရင်
အင်အားစုရမှတ်တွေ ထပ်တိုးလာနိုင်ကောင်းပါ
ရဲ့ အင်း မင်းတို့တွေလာမယ်ဆိုလည်း မြန်မြန်
လာကြပါတော့”
ကျိုးယန်သည် တိုက်ပဲဲဖစ်မည်ကိုမစိုးရိမ်ပေ။
လက်နက်တပ်ဆင်ထားသည့် လူတသောင်းက
သာမန်ကျင့်ကြံသူ ၅သောင်းအထိ ကိုင်တွယ်
ရန်အဆင်ပြေသည်။ သိုင်းပညာရှင်အဆင့်မြင့်
များနှင့် ထိုအထက်ကိုတော့ ကျိုးယန်ဘက်မှ
ပညာရှင်များက ကိုင်တွယ်နိုင်ပေမည်။
“မင်းသမီးက ပကတိရှင်သန်ခြင်းအဆင့်၅ပဲ
အဖိုးဝူနဲ့ တပ်မှူးချင်တို့လည်း အထွဋ်အထိပ်ကို
ရောက်တော့မယ် သူတို့သာသိုင်းပညာရှင်အထွ
ဋ်အထိပ်ကိုရောက်ရင် ပကတိဆေးလုံးအကူညီ
နဲ့ နောက်ထပ်ပကတိရှင်သန်ခြင်းအဆင့် ၂ဦး
ထပ်ရလာနိုင်တယ်”
ကျိုးယန်က မီးတောက်အင်ပါယာဂိုဏ်းမှ
အင်အားများကိုအတိအကျမသိပေ။ သို့သော်
သူ့တွင်လုံလောက်သည့်အင်အားရှိထားလျှင်
အဆင်ပြေသည်။