← Chapters

တိုက်ပွဲ

Vol. 6 Ch. 79

တိုက်ပွဲ

Vol. 6 Ch. 79

ကျိုးယန်သည် နောင်ကြုံမည့်ကိစ္စများအပေါ်

ကြိုတွေးကာ စိတ်ဖိစီးတတ်သည့် လူမျိုးမ

ဟုတ်ပေ။ ကြမ်းတမ်းသည့် ကျင့်ကြံရေးလော

ကတွင် ရှင်သန်ရန်ခက်ခဲကြောင်း ပိုမိုနားလည်

လာသည်နှင့်အမျှ သူ့ရဲ့စိတ်ထားများသည်

လည်း အနည်းငယ်ကြမ်းတမ်းစပြုလာသည်။

မီးတောက်အင်ပါယာဂိုဏ်း၏ လက်တုန့်ပြန်မှု

အပေါ် ဂရုမစိုက်ပေ။ ထိုလူများသည် သေချင်

၍ အကဲစမ်းခြင်းသည် သူတို့၏အပြစ်သာဖြစ်

သည်။

မြို့တော်ရှိလူများသည် မီးတောက်ဂိုဏ်းမှ

သတင်းကြားပြီးနောက် စိုးရိမ်သွားကြသည်။

မင်းသား၌ ခုခံရန်အင်အားရှိမည်တဲ့လား။ ၎င်း

တို့၏စိုးရိမ်မှုကို သိသော်လည်းကျိုးယန်သည်

ထိုအတွက် ဖြေရှင်းနေမည်မဟုတ်ပေ။

“မီးတောက်ဂိုဏ်းဘက်က ပြင်းပြင်းထန်ထန်

တုန့်ပြန်လာနိုင်တယ် အဲ့အတွက် မင်းသားမှာ

စိတ်ကူးရှိထားလား”

အဖိုးဝူက ကျိုးယန်ကိုမေးသည်။ ကျိုးယန်

ကျင့်ကြံသူတယောက်၏ သွင်ပြင်မျိုးမရှိပဲ

စိတ်ထားပျော့ပျောင်းသည့်အတွက် တချို့ကိစ္စ

များကိုင်တွယ်ရာတွင် လိုအပ်ချက်များရှိလေ

သည်ကို အဖိုးဝူသိထားသည်။

အဖိုးဝူ၏အမေးကို ကျိုးယန်မှ ခေါင်းယမ်းကာ

ပြန်ဖြေသည်။

“နောက်ဖြစ်လာမယ့်ကိစ္စတွေအတွက် ကြိုပြီး

စိတ်ကူးထားတာမျိုး မရှိဘူး ဒါပေမယ့် ဖြစ်

လာနိုင်တဲ့အရာတွေကိုတော့ အနီးစပ်ဆုံးအဆင်

ပြေအောင် ပြင်ဆင်ဖို့တွေးထားတယ်”

ကျိုးယန်သည် အဖိုးဝူ၏စိုးရိမ်မှုကိုနားလည်

သည်။ မြို့တော်ရှိလူများကြားတွင် လှုပ်ခတ်နေ

သည့်အခြေနေများကိုထိန်းရန် လိုအပ်လာပြီဟု

ထင်သည်။

ကျိုးယန်တယောက် ယာယီအကျဥ်းထောင်သို့

သွားလိုက်သည်။ အဓိကမှာ ပြဿနာကောင်

များကိုတွေ့ကာ စစ်မေးစရာတချို့ရှိ၍ဖြစ်သည်

အကျဥ်းထောင်တွင် လူ၃ဦးရှိနေသည်။ ထိုသူ

များကို သံကြိုးများမတုပ်ထားသော်လည်း

ဒန်တျန်ကိုပိတ်ဆို့ထားသည့်အတွက် ချီဓာတ်

အသုံးပြုလို့မရနိုင်ပေ။

“ဘယ်သူများလဲလို့ အမှိုက်မင်းသားပါလား

ကျုပ်တို့ကို ဘာစိတ်ကူးပေါက်ပြီးလာတွေ့တာ

လဲ”

မီးတောက်အင်ပါယာဂိုဏ်း၏ အပြင်စည်းအ

ကြီးအကဲဆိုသူမှ လှောင်ပြောင်ကာမေးသည်။

ကျိုးယန်က နှုတ်ခမ်းထောင့်များတွန့်ကွေးကာ

ပြုံး၍ ပြောလိုက်သည်။

“ခဗျားတို့ ဒီထဲမှာ အချိန်တချို့ရှိနေပေမယ့်

ကျုပ်ဘက်က ဧည့်ဝတ်မကျေဘူးလို့ ခံစားနေရ

တယ်လေ ဒါကြောင့် ဧည့်ဝတ်ပြူရအောင်လာ

တွေ့တာပါ ဒါနဲ့ တံခါးဖွင့်လိုက်ပါ ကျုပ်အထဲ

ဝင်မယ်”

ထိုသူများကိုပြန်ပြောရင်း တဆက်တည်း တံခါး

ကိုဖွင့်ပေးရန် အစောင့်ကိုပြောလိုက်သည်။

အစောင့်မှ ရိုကျိုးစွာဖြင့် ဦးညွှတ်ပြကာ တံခါး

ဖွင့်ပေးလိုက်သည်။

အခန်းထဲတွင် မည်သည့်ပရိဘောဂမှမရှိပဲ

ထိုင်ခုံငယ်များသာရှိနေ၍ တကယ်ကို သာ

မန်အခန်းတခုအတိုင်းရှိနေလေသည်။ ထိုအရာ

ကိုတွေ့လျှင် ကျိုးယန်ပြုံးလိုက်မိသည်။ လော့

ချမ်းသည် ထိုလူများကို မနှိပ်စက်သော်လည်း

ပညာရှင်အဆင့်နဲ့ မထိုက်တန်စွာ လျစ်လျူရှူ

ထားပုံရလေသည်။

ကျိုးယန်က ထိုင်ခုံတခုတွင်ယူကာထိုင်သည်။

ပြီးနောက် အပြင်စည်းအကြီးအကဲဆိုသူကို

ကြည့်ကာ

“ခဗျားတို့က ဘာရည်ရွယ်ချက်နဲ့များ မြိုတော်

ကိုရောက်လာခဲ့ကြတာလဲ ကျုပ်တို့ရဲ့အင်အား

ကိုသိချင်ရုံပဲလား”

ကျိုးယန်က ဝေ့ဝိုက်မနေပဲ ဒဲ့သာမေးလိုက်

သည်။ ထိုလူများ၏ရည်ရွယ်ချက်ကို ရူးနေသူ

များသာ မသိနိုင်မည်ဖြစ်သည်။ သို့သော် ထို

အရာ၏နောက်တွင် အဓိကကျသည့်သူရှိကာ

ထိုသူသည် ကျိုးချန်ဖြစ်နိုင်ချေများသည်။ သို့

သော် ကျိုးချန်ကဲ့သို့ ရည်မှန်းချက်ကြီးသော်

လည်း ယုံကြည်ချက်ပြင်းထန်သူက ဒီလိုက

လေးဆန်သည့် အပြုအမူများကိုထောက်ခံမည်

ဟုတော့သူမထင်ပေ။

ထို့အပြင် အဆိုပါလူများက အမှန်တကယ်ပင်

မြို့တော်နှင့် ထိပ်တိုက်တွေ့လိုနေသည်လား။

“ဟမ် မင်းလိုမြို့သေးသေးတည်ဆောက်ထား

တဲ့ အင်အားစုလေးကို ငါတို့ကဂရုစိုက်မယ်ထင်

နေလား ဒီမှာကောင်လေး ငါတို့ကိုအခုလွှတ်ပေး

လိုက်တော့ ငါတို့ဂိုဏ်းကလူတွေရောက်လာရင်

မင်းအပါအဝင် တမြို့လုံးသွေးချောင်းစီးသွား

ရလိမ့်မယ်”

ကျိုးယန်ကထိုစကားကိုကြားလျှင် ရယ်သွမ်း

သွေးလိုက်သည်။

“အိုး ကျုပ်လိုမင်းသားတပါးကို ခဗျားတို့က

ရှင်းပစ်ရဲတဲ့အထိ သတ္တိကောင်းနေပြီပေါ့ နေပါ

ဦး အဲ့လိုသတ္တိကိုဘယ်သူကများ ပေးထားလဲ

ကျုပ်သိချင်သွားပြီ ကျိုးချန်လား ကျိုးစုန့်လား

တတိယမင်းသမီးလား”

ကျိုးချန်က ထိုလူများ၏မျက်နှာအမူအရာကို

သေချာကြည့်ကာမေးလိုက်သည်။ ထိုလူများ၏

နောက်တွင် ကျိုးချန်ရှိသည်က ရာနှုန်းပိုများ

နေသည်။ သို့သော် အတိအကျသိရန်လည်း လို

သေးသည်။

“မင်းလို အမှိုက်မင်းသားက သိဖို့အရည်အချင်း

ရှိနယ်ထင်နေလား ဒီထီးနန်းလုပွဲကြီးပြီးရင်

မင်းဆိုတာက ပြည်ထောင်စုရဲ့ ချောင်တခုမှာ

သေနေမလား ဒါမှမဟုတ် နန်းတွင်းအကျဥ်း

ထောင်ထဲမှာပဲ ဘဝဆုံးသွားမလား ဘယ်သူ

ပြောနိုင်မှာလဲ ဟားးဟား”

ထိုသူက ကျယ်လောင်စွာရယ်နေသည်။ ကျိုး

ယန်၏လက်နက်ဆန်းများကို တခြားသူများ

ကြောက်နိုင်ချေရှိသော်လည်း မီး​တောက်အင်

ပါယာဂိုဏ်းကတော့ မကြောက်ပေ။

ကျိုးယန်က ခေါင်းတဆတ်ဆတ်ညိတ်လိုက်

သည်။

“ဟုတ်တယ် ကျုပ်က အမှိုက်မင်းသားပါပဲ

ဘာအရည်အချင်းမှမရှိတာလည်း အားလုံးအ

သိပဲ ဒါပေမယ့် ခဗျားတို့မသိတာက ကျုပ်အ

တွက် ခဗျားတို့မီးတောက်အင်ပါယာဂိုဏ်းဆို

တာ လေ့ကျင့်ရေးလူတစုအပြင် မပိုဘူး အခု

ခဗျားတို့မီး​တောက်အင်ပါယာဂိုဏ်းက ခဗျား

တို့ကိုလွှတ်ပေးဖို့ တောင်းဆိုထားတယ် အဲ့အ

တွက် လွှတ်ပေးရင်ကောင်းမလား ဒါမှမဟုတ်

ခဗျားတို့ကို ဒီနေရာလေးထဲမှာပဲ အဆုံးသတ်

လိုက်ရင် ကောင်းမလား”

ကျိုးယန်က မချိုမချဥ်ပြုံး၍ပြောလိုက်သည်။

ထိုသူများကို စစ်မေးရန် ပျင်းသော်လည်း သိ

လိုသည့်အရာရှိသည့်အတွက် မေးနေခြင်းသာ

ဖြစ်သည်။

“လေ့ကျင့်ရေးလူတစုဆိုပါလား ဟမ့် မောက်မာ

လိုက်တာ ငါတို့လူတွေရောက်လာချိန်ကျ ဘယ်

လိုများဖြစ်နေမလဲ ငါသိချင်စမ်းတယ်”

“သိရမှာပါ သေချာပေါက်ခဗျားတို့သိခွင့်ရှိပါ

တယ်”

ကျိုးယန်က ထိုသူများကိုစေ့စေ့ကြည့်ကာ အေး

စက်စက်လေသံဖြင့် ပြောလိုက်သည်။ သူသည်

အေးဆေးစွာနေကာ ကျိတ်၍အင်အားစုဆောင်း

နေချင်သော်လည်း အခြေနေက ခပ်ကုတ်ကုတ်

နေရန်အခွင့်အရေးမပေးပေ။

အကျဥ်းထောင်မှ ပြန်ထွက်လာလိုက်သည်။ပြီး

နောက် အထူးစစ်သည်များကို ခေါ်ကာမြို့တော်

အနှံ့လုံခြုံရေးကို ပိုမိုဂရုစိုက်ထားရန်မှာလိုက်

သည်။

ထို့အပြင် အင်အားစုခေါင်းဆောင်များကိုလဲ

စည်းဝေးကာ အစီအမံများစတင်တော့သည်။

ထိန်းသိမ်းထားသည့် လူများထံမှအကြောင်း

အရင်းအမှန်ကို မသိရသော်လည်း ထိုအရာက

လက်တလောဖြေရှင်းရမည့် မီးတောက်အင်ပါ

ယာဂိုဏ်းလောက်အရေးမပါတော့ပေ။

ထိုရက်များတွင် ကျိုးယန်က လက်နက်များနှင့်

အသားကျစေရန် အင်အားစုအသီးသီးမှလူများ

ကို ကြီးကြပ်သင်ကြားပေးသည်။ မူလရှိသည့်

လက်နက်များအပြင် ထပ်တိုးထုတ်လုပ်ထား

သည့်လက်နက်များကြောင့် တပ်ဖွဲ့အင်အား

တသောင်းကျော်ရှိလာကာ ထိုအစုအဖွဲ့သည်

အင်အားကြီးအစုအဖွဲ့ကို ရင်ဆိုင်ရန်လုံလောက်

သည်။

“အဖိုးဝူ မင်းသမီး မီးတောက်အင်ပါယာဂိုဏ်း

က ဒီကိုလာနေပြီလို့ ကြားတယ် သူတို့ရဲ့အင်

အားနဲ့ အချက်အလက်အချို့စုံစမ်းဖို့ လူလွှတ်

လိုက်ပါ ကျန်တဲ့သူတွေက မြို့တော်ကလူတွေ

အထိတ်တလန့်မဖြစ်အောင် ထိန်းသိမ်းထားပေး

ပါ”

တိုက်ပွဲသာ မြို့တော်ထဲဖြစ်လာလျှင် သာမန်

ပြည်သူများထိခိုက်နိုင်သည့်အတွက် မြို့တော်

၏ပြင်ပတွင် ထွက်၍ ရင်ဆိုင်ရန်ဆုံးဖြတ်လိုက်

သည်။ ဆက်၍ လော့ချမ်းတို့ ခေါင်း​ဆောင်၃ဦး

ရှိရာကြည့်၍

“ခဗျားတို့ကမြို့တော်မှာအင်အားကိုဖြန့်ကျက်ထားလိုက် ကျုပ်နဲ့ တခြားကျင့်ကြံသူအချို့ မြို့တော်အပြင်မှရင်ဆိုင်မယ်တခုရှိတာက ကျုပ်ဘက်ကအချက်မပြမချင်း

တိုက်ပွဲထဲဝင်မလာနဲ့”

အစီအစဥ်များဆက်တိုက်ချမှတ်ပြီးနောက် မြို့

တော်ထဲဝင်ထွက်ခြင်းကို တင်းကျပ်လိုက်သည်

ထိုသို့ဖြင့် ရက်သတ္တပတ်ခန့် ကုန်ဆုံးသွားလေ

သည်။

ကျိုးယန်သည် ခန်းမထဲတွင်ရှိနေစဥ် အစေခံ

တဦးမှ ဝင်လာကာ ကျိုးယန်ကို ပြောလာသည်။

“သခင်လေး အပြင်မှာမီးတောက်အင်ပါယာ

ဂိုဏ်းက လူအချို့တွေ့ခွင့်တောင်းနေပါတယ်”

“သူ တို့ကိုအထဲပေးဝင်လိုက်ပါ”

ခန်းမထဲတွင် အဖိုးဝူ ကိုင်ရီရီသာမက ထျန်းရှီ

ပိုင်လီတို့လည်းရှိကာ တဖက်မှလူများကိုစောင့်

နေကြသည်။

ခန်းမထဲသို့ မီးတောက်အင်ပါယာဂိုဏ်းမှ လူ၂

ဦးဝင်ရောက်လာသည်။ ထိုလူများ၏ ပုံစံသည်

မောက်မာကာ ကျိုးယန်တို့ကို အထင်မြင်သေး

ဟန်အပြည့်ရှိနေသည်။

“မင်းသား၈ ကိုနှုတ်ဆက်ပါတယ်”

“ထုံးတမ်းတွေလုပ်မနေနဲ့ ခဗျားတို့ရဲ့လာရင်း

ကိစ္စကိုပြောပါ”

ကျိုးယန်က ထိုလူများကိုစေ့စေ့ကြည့်ကာပြော

လိုက်သည်။ ထိုသူနှစ်ဦးစလုံးသည် သိုင်းပညာ

ရှင်အလယ်ဆင့်သာရှိကာ အဆင့်မမြင့်သော်

လည်း သံတမန်ပုံစံစေလွှတ်လိုက်ခြင်း ဖြစ်ပုံရ

သည်။

“မင်းသားက ပွင့်လင်းတာပဲ ကောင်းပြီ ဒါဆို

ကျုပ်တို့လည်း လေကုန်သက်သာတာပေါ့

မင်းသားဖမ်းထားတဲ့ ကျုပ်တို့လူ၃ဦးကိုလွှတ်

ပေးပါ”

ပထမလူတဦးက ပြောလိုက်သည်။

“ဒါပဲလား နောက်ထပ်ကော ခဗျားတို့လာရင်းကိ

စ္စက ဒီထက်ပိုလောက်ပါရဲ့ ဟုတ်တယ်မလား”

“ဟုတ်တယ် မင်းသားတို့အနေနဲ့ကျုပ်တို့မီး

တောက်ပင်ပါယာဂိုဏ်းကို လူသိထင်ရှားတောင်

ပန်ရမယ်”

“တောင်းပန်ရမယ် ဟုတ်လား ဟမ့် ခဗျားတို့က

ဟာသတွေလာပြောနေတာပဲ ပြဿနာရဲ့အ

ကြောင်းရင်းကို ခဗျားတို့သိထားတာပဲ ဒါကို

ကျုပ်တို့ဘက်ကတောင်းပန်ဖို့ လိုချင်သေးတယ်

တဲ့လား”

ထိုလူနှစ်ဦးက ကျိုးယန်ရဲ့လေသံကြောင့်

မျက်မှာပျက်သွားကြသည်။

“ဒီလိုမြို့တော်ငယ်လေးက မီးတောက်အင်ပါ

ယာဂိုဏ်းရဲ့ ပြိုင်ဘက်မဟုတ်ပါဘူး ဒါကိုမင်း

သား သိလောက်မှာပါ မမိုက်ချင်စမ်းပါနဲ့”

ဒုတိယလူမှ ကျိုးယန်ကိုအထင်မြင်သေးစွာ

ပြောလာသည်။

ကျိုးယန်လည်း အသာပြုံးကာ ထိုလူများကို

ကြည့်နေလေသည်။ ဘေးရှိလူများကတော့

စော်ကားပြောဆိုမှုများကြောင့် ဒေါသထွက်နေ

သော်လည်း ကျိုးယန်ဆီမှ အမိန့်မရသည့်အ

တွက် သည်းခံနေကြရသည်။

“အခု ခဗျားလူကိုပြန်လွှတ်စေချင်ရင် မီးတော

က်အင်ပါယာဂိုဏ်းက ရွှေစ ၅သန်းနဲ့ အရင်းအ

မြစ်အချို့ပေးရလိမ့်မယ် မဟုတ်ရင်တော့ သူ

တို့ပြစ်ဒဏ်ကာလပြီးတဲ့အထိ ထိန်းသိမ်းထားရ

လိမ့်မယ်”

ကျိုးယန်ကပြတ်သားစွာပြောလိုက်သည်။ တဖက်လူ၏တောင်းဆိုချက်ကို လိုက်လျောရန်

လား မဖြစ်နိုင်ပေ။

တဖက်လူနှစ်ဦးက ကျိုးယန်၏စကားကိုကြား

လျှင် မျက်မှာပျက်သွားကြကာ ဒေါသလည်းထွက်သွားဟန်တူသည်။

လူလွှတ်ရန်အတွက် ရွှေစ၅သန်းနဲ့ ကျင့်ကြံရေး

အရင်းအမြစ်များတောင်းသည်တဲ့လား။

မင်းသား၈ သည် ရဲတင်းလွန်းသည်။ သို့သော်

သူတို့က သတင်းပို့သူများဖြစ်၍ဆွေးနွေးရမည့်

သူများမဟုတ်ပေ။ ကျိုးယန်၏ပြောစကားကို

တဖက်ရှိဂိုဏ်းချုပ်ထံ သတင်းပို့ရန်သာလိုပေ

သည်။

“ဒါမင်းသားရဲ့ ရွေးချယ်မှုလား ကောင်းပြီ

ကျုပ်တို့ဂိုဏ်းကို သတင်းပြန်ပို့လိုက်ပါမယ်”

ထိုသူများက ကျိုးယန်ကိုနှုတ်ဆက်ကာပြန်

ထွက်သွားကြသည်။

……………………………………..

All Chapters