တိုက်ပွဲ ၃
Vol. 6 Ch. 81
မီးတောက်အင်ပါယာဂိုဏ်းချုပ်သည် ကျိုးယန်
ကိုခက်ထန်စွာကြည့်ကာ နှာခေါင်းရှုံးလိုက်တော့
သည်။
“မင်းက အမှိုက်မဟုတ်ဘူးပဲ”
ကျိုးယန်ကထိုစကားကို မည်သို့မှမတုန့်ပြန်ပဲ
ဓားချက်များဖြင့်သာ အဆတ်မပြတ်ခုတ်ပိုင်း
လိုက်သည်။
ချွင် ချွင် ချွင်
ဓားချင်းထိခတ်သံများက ကျယ်လောင်စွာထွ
က်ပေါ်လာသည်။ တိုက်ပွဲမြေပြင်တွင်လည်း
သေနတ်သံများပို၍ များပြားလာပြီး အထူးတပ်
ဖွဲ့၏ စွမ်းရည်ကြောင့် စစ်သည်တော်များသာ
မက သိုင်းပညာရှင်အဆင့်အစောပိုင်းများပါ
သေဆုံးလာကြရသည်။
“ချီးပဲ ဒီလက်နက်တွေက ဘယ်အဆင့်မှာရှိနေ
တာလဲ”
တိုက်ပွဲကိုကြီးကြပ်နေသည့် အကြီးအကဲများ
သည် သေနတ်၏စွမ်းရည်ကိုမြင်လျှင် အထိတ်
တလန့်ဖြစ်သွားရပြီး ကျိန်ဆဲလာကြသည်။
ကိုင်ရီရီ၏ ဓားချက်များအောက်တွင် အကြီးကဲ
များမှ ခုခံနိုင်စွမ်းပင်မရှိပဲ စတင်၍အသေဆုံး
များလာသည်။ သူမသည် ကျင့်ကြံရေးလောက
မှလူပီသစွာ သတ်ဖြတ်ရာတွင် ပြတ်သားသည်။
ရန်သူကို ညှာတာခြင်းလုံးဝမရှိပေ။
ကျိုးယန်၏လက်အောက်ခံအင်အားစုမှ အခြား
သောသိုင်းပညာရှင်အထွဋ်အထိပ်များဖြစ်ကြ
သည့် ပိုင်လီတို့သည် ထိခိုက်ဒဏ်ရာများ
အပြင်းအထန်ရထားကြသော်လည်း ဆက်၍
တိုက်ခိုက်နေကြသည်။
မီးတောက်အင်ပါယာဂိုဏ်းချုပ်သည် သူ့လူများ
၏အခြေနေကိုသတိပြုမိသွားသည်။ လက်နက်
ဆန်း၏ စွမ်းရည်ကိုကြုံတွေ့မှသာ အမှန်တက
ယ်ကြောက်ဖို့ကောင်းမှန်း လက်ခံလိုက်ရသည်။
ကျိုးယန်မှ ရှုပ်ထွေးနေသည့် တိုက်ပွဲကြောင့်
အမြှောက်လက်နက်များ ထုတ်မသုံးသေးပေ။
ထိုအရာကိုသာ တွေ့လိုက်ပါက ယခုထက်ပင်
ထိတ်လန့်သွားနိုင်ချေရှိသည်။
“မင်းက အဆုံးထိသွားချင်နေပုံပဲ”
မီးတောက်အင်ပါယာဂိုဏ်းချုပ်သည် ကျိုးယန်
ကိုခက်ထန်စွာပြောလာသည်။
“ခဗျားတို့ဘက်က လူစုလူဝေးနဲ့ရောက်လာပြီ
ဆိုတည်းက အဆုံးသတ်ဖို့သေချာသွားတာပဲ”
ကျိုးယန်က လက်ကျန်ခွန်အားများကိုစုစည်း၍
ဓားချက်တခုထုတ်ဖော်လိုက်သည်။ ထို့အတူ
ဓားချက်၏အနောက်တွင် အလင်းတန်းတခု
ကပ်ပါသွားကာ ထိုအရာစိတ်ဝိဉာဥ်တိုက်ခိုက်မှု
ဖြစ်သည်။ ခွန်အားဖြင့် တဦးကိုတဦးအနိုင်ယူ
ရန်ခက်ခဲကြောင်း သိလိုက်ရသည့်အတွက်
စနစ်မှပေးထားသည့် စိတ်သိဉာဥ်ကျင့်စဥ်ကို
ပထမဆုံးအသုံးပြုခြင်းဖြစ်သည်။
ကျင့်ကြံရေးလောကရှိ ပကတိရှင်သန်ခြင်းအ
လယ်ဆင့်သည် စိတ်ဝိဉာဥ်ကိုယ်ပွစတင် ပုံစံ
ဖော်ရသည့်အဆင့်ထက်ပိုသော်လည်း ကျင့်
ကြံသူအများစုက ရုပ်ခန္ဓာကိုယ်ကိုသာ ဂရုစိုက်
လေ့ကျင့်ကြပြီး စိတ်ဝိဉာဥ်ကိုတော့အလေးမ
ထားကြပေ။
ကျိုးယန်၏ ဓားချက်ကို ကာလိုက်နိုင်သော်လဲ
အနောက်တွင် ကပ်ပါလာသည့် အလင်းတန်းကို
တော့ မရှောင်လိုက်နိုင်ပေ။
“ဟမ် စိတ်ဝိဉာဥ်တိုက်ခိုက်မှုလား”
မီးတောက်အင်ပါယာဂိုဏ်းချုပ်သည် ပြာခနဲ
ဖြစ်သွားရသည်။ သူသည် စိတ်ဝိဉာဥ်ကျင့်စဥ်
များကို အထူးလေ့ကျင့်ထားသူမဟုတ်ပေ။
ထို့ကြောင့် သူ၏စိတ်ဝိဉာဥ်သည် သာမန်ပကတိ
ရှင်သန်ခြင်းအဆင့်ထက်ပင် အားနည်းသည်။
ထိုအရာသည် ကျိုးယန်၏ တွက်ဆမှုဖြစ်ကာ
ထိုအချက်ကို အရဲကိုး၍ ကျိုးယန်တယောက်
စွန့်စားလိုက်ခြင်းဖြစ်သည်။
သူ့တွက်ဆမှု မှန်သွားလေပြီ။ ကျိုးယန်၏စိတ်
ဝိဉာဥ်အလင်းတစက မီးတောက်အင်ပါယာ
ဂိုဏ်းချုပ်၏ ဦးခေါင်းထဲတိုးဝင်သွားကာ စူးရှ
သည့်နာကျင်မှုကြောင့် တဖက်လူသည် ယိုင်
ထိုး၍ ဦးခေါင်းကိုဆုပ်ကိုင်လိုက်ရသည်။
မီးတောက်အင်ပါယာဂိုဏ်းချုပ်သည် သူ၏
ဦးခေါင်းထဲသို့ တိုးလာသည့်အလင်းတန်းတခု
ကြောင့် စိတ်အာရုံတခုလုံးအမှောင်တိကျကာ
ဦးခေါင်းတခုလုံးသံချွန်နှင့်ထိုးနေသကဲ့သို့ နာ
ကျင်သွားရလေသည်။ ထိုအဖြစ်အပျက်သည်
စက္ကန့်ပိုင်းများသာကြာသော်လည်း ကျိုးယန်အ
တွက်ကမူ လုံလောက်သည်ထက်ပိုသည်။
တဖက်လူ၏အခြေနေကိုသိသည်နှင့် ဓားချက်
တခုခုတ်ပိုင်းလိုက်သည်။ စိတ်ဝိဉာဥ်တိုက်ခိုက်
မှုကြောင့် ယာယီဟန်ချက်ပျက်သွားရသည့်
မီးတောက်အင်ပါယာဂိုဏ်းချုပ်သည် ဓားချက်
ကိုမရှောင်နိုင်တော့ပေ။
အားးးး
ပြင်းထန်သည့် ဓားချက်က သူ၏ရင်ဘတ်ကို
ကန့်လန့်ဖြတ်ခုတ်ပိုင်းကာ အရိုးများပေါ်သည်
အထိနက်ရှိုင်းသည့် ဓားဒဏ်ရာတခုရစေပြီး
အဝေးသို့ လွင့်စင်သွားတော့သည်။ ပြီးနောက်
မြေပေါ်ပြုတ်ကျသွားကာ အသက်ကိုမနည်း
ပင် ရှူနေရတော့သည်။ ကျိုးယန်သည် မီးတော
က်အင်ပါယာဂိုဏ်းချုပ်အနား သွားလိုက်သည်။
ကျိုးယန်အနားကပ်လာသည်ကိုမြင်လျှင်
မီးတောက်အင်ပါယာဂိုဏ်းချုပ်သည် ထိတ်လန့်
သွားကာ အားတင်း၍ ပြောလာသည်။
“မင်းငါ့ကို သတ်လို့မရဘူး ငါ့နောက်မှာဘယ်သူ
ရှိလဲသိလား မင်းရဲ့အစ်ကိုတော် ပထမမင်းသား
ကျိုးချန်ကွ ပထမမင်းသားကမင်းကို အလွတ်
ပေးမှာမဟုတ်ဘူး”
တဖက်လူ၏ခြိမ်းခြောက်စကားများကိုကြား
လျှင် ကျိုးယန်သည် ကျယ်လောင်စွာရယ်လိုက်
တော့သည်။
“ခဗျားလိုလူကို ကျိုးချန်ကထောက်ခံပေးထား
တယ်တဲ့လား ခဗျားကအခြေနေကိုနားမလည်
ဘူးပဲ ကျုပ်တို့ရဲ့အင်အားကိုသိရဖို့ ကျိုးချန်က
ခဗျားကိုအသုံးချလိုက်တာလေ”
ကျိုးယန်၏စကားကိုကြားလျှင် မီးတောက်အင်
ပါယာဂိုဏ်းချုပ်သည် ငြိမ်သက်သွားရတော့
သည်။ သူ့အနေဖြင့် ဂိုဏ်း၏ရှေ့ရေးအတွက်
ပထမမင်းသား၏ အရိပ်ကိုခိုလှုံလိုခဲ့ကာ ထို
မင်းသား၏အကူညီသာရခဲ့လျှင် နောင်တွင်
မီးတောက်အင်ပါယာဂိုဏ်းသည် ကျိုးပြည်
ထောင်စုတခုလုံးတွင် ထိပ်ဆုံးသို့ရောက်လာမ
ည်ဟု ယုံကြည်ထားခဲ့သည်။ သို့သော်သေချာ
တွေးကြည့်ကာမှ ယခုတိုက်ပွဲကို ဂိုဏ်း၏စိတ်
ဆန္ဒအရ ဆင်နွဲရခြင်းဖြစ်ကာ ကျိုးချန်မှ အ
ကောင်းအဆိုးမည်သို့မှမပြောခဲ့သလို မည်သည့်
အကူညီမှလည်း မပေးခဲ့ပေ။
မီးတောက်အင်ပါယာဂိုဏ်းချုပ်သည် သက်ပြင်
ချလိုက်တော့သည်။ သူတို့သည် ကျိုးယန်ကို
အထင်သေးကာ အကဲစမ်း၍ ကျိုးချန်အပေါ်
လုပ်အားပြလိုသော်လည်း အတွက်မှားသွားလေ
ပြီ။
တိုက်ပွဲမြေပြင်တွေလည်း အထူးတပ်ဖွဲ့ကြောင့်
အဆင့်နိမ့်တပည့်များသေဆုံးသွားကြကာ
အကြီးအကဲများနှင့် ပညာရှင်အဆင့်များသည်
လည်း ကိုင်ရီရီတို့လူစုကြောင့် အချို့သည်သေ
ဆုံးကာ အချို့သည် ဒဏ်ရာပြင်းထန်စွာရထား
ကြပြီး ခုခံရန်မစွမ်းသာတော့ပေ။
“ငါ့ကိုမသတ်ပါနဲ့ ငါတို့မီးတောက်အင်ပါယာ
ဂိုဏ်းက မင်းရဲ့လက်အောက်ကိုဝင်ပါ့မယ်”
မီးတောက်အင်ပါယာဂိုဏ်းချုပ်က တောင်းဆို
လာသည်။ ယခုအခြေနေတွင် သူသည်ဒဏ်ရာ
ပြင်းထန်စွာရကာ သူ့လူများသည်လည်း ကျဆုံး
မှုများ၍ တိုက်ပွဲကို ရှုံးနိမ့်သွားသောကြောင့်
အညံ့ခံရန်သာ ရွေးစရာရှိတော့သည်။
“ခဗျားလိုလူမျိုးကို လက်အောက်ခံအဖြစ်ထား
ဖို့ ကျုပ်စိတ်မဝင်စားဘူး တိုက်ပွဲစလိုက်တည်း
က ခဗျားတို့အတွက်အဆုံးသတ်က သေခြင်း
တရားပဲရှိတယ် ကျိုးချန်က ကျုပ်ကိုခွင့်မလွတ်
ရင်လည်း ကိစ္စမရှိဘူး ကျိုးချန်ကိုလည်းနောင်
တချိန်ကျရင် ကျုပ်လက်နဲ့သတ်ရမှာပဲ”
ကျိုးယန်မှ လက်ထဲကဓားဖြင့် ခုတ်ပိုင်းလိုက်
သည်။ မီးတောက်အင်ပါယာဂိုဏ်းချုပ် ကျဆုံး
သွားရသည်ကိုမြင်လျှင် သူ့လူများသည် စိတ်
ဓာတ်ကျသွားကြကာ မြေပြင်ပေါ်ပြိုလဲကျ
သွားကြတော့သည်။
“အကုန်လုံးကိုသတ်ပစ်လိုက် တယောက်မှ
အရှင်မထားနဲ့”
ကျိုးယန်သည် သူ့လူများကိုအမိန့်ပေးလိုက်သ
ည်။ ရန်သူများကိုသက်ညှာရန်စိတ်ကူးမရှိတော့
ပေ။ ရှေ့လျှောက်တွင် ယခုထက်ပိုသည့် ကြမ်း
တမ်းသည့် အခြေနေများကြုံတွေ့ရလာနိုုင်ကာ
အရင်လို စိတ်ဓာတ်ဖြင့်ကျော်လွှားရန်မဖြစ်ပေ။
“ဒါမှ ကျင့်ကြံသူအစစ်ဖြစ်လာတာ”
စနစ်မှ ကျိုးယန်ကိုချီးကျူးလာသည်။ မူလက
ကျိုးယန်သည် ကမ္ဘာမြေရှိအကျင့်များမကုန်
စင်သေးကာ ဆုံးဖြတ်ချက်ချရာတွင် မပြတ်
သားပေ။
ဒင်!!
ဖုံးကွယ်တာဝန်တခုဖြစ်သည့် မီးတောက်အင်
ပါယာဂိုဏ်းကိုရှင်းလင်းပြီး စနစ်ရှင်မှ ဂုဏ်သ
တင်းတည်ဆောက်နိုင်သည့်အတွက် ဂုဏ်ယူ
ပါတယ်။
ဆုလာဒ်အနေဖြင့် ကောင်းကင်အဆင့်မြင့်
အသူရာဓားသိုင်းအပြည့်အစုံနဲ့ အင်အားစုရ
မှတ် တသန်းချီးမြင့်ပါသည်။
“အင်အားစုရမှတ်က ဘယ်လိုလုပ်ရလာတာလဲ
မီးတောက်အင်ပါယာဂိုဏ်းက လက်အောက်ခံ
မဖြစ်သွားဘူးလေ နောက်ပြီး အခုပေးတဲ့အသူ
ရာဓားသိုင်းကျင့်စဥ်က စတိုးကဝယ်တဲ့ကျင့်
စဥ်ထက်အဆင့်ပိုမြင့်နေတာလား”
ကျိုးယန်က စနစ်ကိုမရှင်းလင်းသည်များအား
ပြန်၍ မေးလိုက်သည်။
“လက်အောက်ခံမဟုတ်ပေမယ့် တိုက်ပွဲကတ
ဆင့် စနစ်ရှင်ရဲ့ဂုဏ်သတင်းက အရှေ့ဘက်ဒေ
သကို အထိုက်အလျှောက်သက်ရောက်မှုရှိတဲ့
အတွက် စနစ်မှချီးမြင့်ခြင်းဖြစ်တယ် အသူရာ
ဓားသိုင်းကတော့ စနစ်ရှင်ကချူလင်းယွင်ကို
ပေးတဲ့ ဓားသိုင်းကျင့်စဥ်နဲ့အတူတူပဲဆိုပေမယ့်
အပြည့်အစုံပါပြီး ပိုပြီးရှင်းလင်းတယ်”
စနစ်မှ ပြည့်စုံစွာရှင်းပြလာသည်။ ချူလင်းယွင်
၏အသူရာဓားသိုင်းကျင့်စဥ်သည် မပြည့်စုံ
သောကြောင့် မြေကြီးအဆင့်မြင့်သာရှိကာ
ပြည့်စုံသည့်ကျင့်စဥ်ကတော့ ကောင်းကင်အဆ
င့်မြင့် ဖြစ်လေသည်။ ထိုအရာက အဆင့်ကြီး
တခုပင် ကွာသွားခြင်းဖြစ်သည်။
“စနစ်ရဲ့စတိုးကနေ ကျင့်စဥ်တွေမဝယ်မိတာ
မှန်တယ် အဆင့်ကအတော်ကွာနေတာပဲ”
“စနစ်ရှင်ကို တားမြစ်ထားလို့မဝယ်တာမဟုတ်
လား ဘာတွေအတွေးချော်နေတာလဲ”
စနစ်မှ ကျိုးယန်ကို လှောင်ပြောင်လာသည်။
“ဟုတ်ပါပြီ မင်းတားလို့ငါမဝယ်တာပါ အဲ့အ
တွက်လည်း ကျေးဇူးတင်တယ် ဟုတ်ပြီလား”
တိုက်ပွဲမြေပြင်ရှိ ရန်သူများကိုလက်စသတ်ရှင်း
လင်းပြီးနောက် ကျိုးယန်၏လူများသည် ဒဏ်
ရာရသူများနှင့်သေဆုံးသွားသူများ၏ အလောင်းများကို သယ်ကာ မြို့ထဲသို့ပြန်ဝင်
သွားကြသည်။ ကျိုးယန်၏ လက်အောက်မှ
အင်အားသည် တဝက်ခန့်သေဆုံးသွားကြကာ
ကျန်တဝက်ခန့်၏အတော်များများသည်လည်း
ဒဏ်ရာပြင်းထန်စွာရထားကြလေသည်။
မြို့ရိုးပေါ်ရှိ အထူးတပ်ဖွဲ့များကတော့ ထိခိုက်မှု
မရှိထားပေ။
ကျိုးယန်သည် အရှေ့ဘက်ဒေသရှိရာအရပ်သို့
လှမ်းကြည့်လိုက်သည်။ မျက်လုံးထဲတွင်
လူသတ်ရိပ်များဖြတ်ပြေးနေကာ အမူအရာ
သည်လည်း တင်းမာခက်ထန်နေသည်။
“ အရှေ့ဘက်ဒေသမြို့တော် မီးတောက်အင်ပါ
ယာဂိုဏ်း ကျိုးချန် ဟမ့် ငါမင်းတို့ဆီအလည်
လာမယ်”
…………………………………………..