တိုက်ပွဲ ၂
Vol. 6 Ch. 80
“ဘာ ငါတို့လူကိုပြန်မလွှတ်ပေးဘူးတဲ့လား ဒီ
မင်းသားက သူ့အတွက်ဘာကောင်းတယ်ဆိုတာ
နားမလည်ဘူးပဲ ရွှေစ ၅သန်းနဲ့ အရင်းအမြစ်ကို
တောင် ပြန်တောင်းလိုက်သေးတယ်"
မီးတောက်အင်ပါယာဂိုဏ်းချုပ်က ထိုင်ခုံလက်
ရန်းကိုပြင်းထန်စွာရိုက်ကာ ဒေါသတကြီးပြော
လာသည်။ ပြီးနောက် အကြီးအကဲများနှင့်
တပည့်အချို့ကိုကြည့်ကာ
“ငါတို့ရထားတဲ့သတင်းတွေအရ သူတိုဆီမှာ
လူအင်အားက စစ်သည်အရေအတွက်က
တသောင်းကျော်ရှိပြီး သိုင်းပညာရှင်အဆင့်
ကရာဂဏန်းသာသာပဲရှိတယ် ပကတိရှင်သန်
ခြင်းအဆင့်တောင်ရှိမယ်မထင်ဘူး”
ဂိုဏ်းချုပ်၏စကားကို အကြီးအကဲများက
ခေါင်းညိတ်ကာထောက်ခံလိုက်သည်။သူတို့
တွင် စစ်သည်တော်အဆင့်ပင် တသောင်းကျော်
ပါလာကာ သိုင်းပညာရှင်အဆင့်များက ၃၀၀၀
နီးပါးဖြစ်သည်။ ဂိုဏ်းချုပ်သည် ပကတိရှင်
သန်ခြင်းအဆင့်၅ဖြစ်ပြီး အကြီးအကဲများသည်
ပကတိရှင်သန်ခြင်းအစောပိုင်းအဆင့်မျတွင်ရှိ
ကြကာ အရေတွက်အားဖြင့် တရာခန့်ရှိသည်။
အချိန်တခုအကြာ ပြောဆိုကြပြီးနောက်
မီးတောက်အင်ပါယာဂိုဏ်းက ချက်ချင်းပင်
လူစုကာ လှုပ်ရှားလာသည်။ ကြီးမားသည့် မြို့
ရိုးနားတဖြေးဖြေးကပ်လာကာ မြို့တော်၏ အရှေ့တံခါးပေါက်တွင် ဝန်းရံလိုက်ကြသည်။
“သခင်လေးမီးတောက်ပင်ပါယာဂိုဏ်းကလူ
တွေ မြို့တံခါးရှေ့ရောက်နေကြပြီ”
တပ်မှူးချင်က ချက်ချင်းပင်သတင်းပို့လာသည်
“ကောင်းတယ် ကျုပ်ကသူတို့မြို့ထဲဖောက်ဝင်
လာမှာကိုစိုးရိမ်နေတာ မြို့ပြင်မှာဆိုရင်တော့
မြို့ထဲကလူတွေအတွက် ကျုပ်စိတ်အေးရပြီ”
ကျိုးယန်က ချက်ချင်းပင် တပ်မှူးချင် အဖိုးဝူ
တောက်ချင်တို့မှ တဆင့် လက်နက်တပ်ဆင်
ထားသည့် စစ်သည်များကို တိုက်ပွဲအတွက်ပြင်
ဆင်ရန်အမိန့်ပေးလိုက်သည်။
“လော့ချမ်း ကျုပ်ပြောသလိုပဲ ကျုပ်အချက်
မပြမချင်း တိုက်ပွဲထဲဝင်မလာနဲ့ သူတို့ဘက်က
ကျင့်ကြံသူအရေတွက်အပြတ်အသတ်သာနေ
တယ် လိုအပ်လာရင် ကျုပ်အမိန့်ပေးမယ်”
ကျိုးယန်၏စကားကို လော့ချမ်းမှ အခြားခေါင်း
ဆောင်နှစ်ဦးနှင့်အတူ ခေါင်းညိတ်ပြသည်။
“ကောင်းပြီ မြို့ပြင်ထွက်ကြစို့”
ကျိုးယန်တို့လူစု အရှေ့တံခါးပေါက်မှတဆင့်
မြို့တော်၏အပြင်သို့ ထွက်လိုက်သည်။
“ဟိုမှာထွက်လာတဲ့လူတွေရဲ့အလယ်မှာ အမှိုက်
မင်းသားမဟုတ်လား”
“ဟုတ်လောက်တယ် သူကငါတို့ဂိုဏ်းကိုတောင်
တန်ပြန်ရဲနေပြီပဲ”
“အမှိုက်လို့အမည်ထွက်နေတာမဆန်းပါဘူး
ဦးနှောက်မှမရှိပဲ”
မီးတောက်အင်ပါယာဂိုဏ်းမှတပည့်များက ကျိုးယန်ကို ဝေဖန်ပြောဆိုကြတော့သည်။ သူ
တို့စိတ်ထဲတွင် ကျိုးယန်သည် အမှိုက်မင်းသား
တပါးသာဖြစ်သည်။ အနောက်ဘက်ဒေသကို
စုစည်းနိုင်သော်လည်း ထိုအရာက မီးတောက်
အင်ပါယာဂိုဏ်းကို ယှဥ်နိုင်သည်ဟုတော့မဆို
သေးချေ။
ကျိုးယန်က မြို့တော်အပြင်ရှိ လူစုလူဝေးကြီး
ကို ကြည့်လိုက်သည်။
“အင်အားက အတော်များတာပဲ ငါတို့ရဲ့နှစ်ဆ
လောက်ရှိတယ် ဒါတောင် သူတို့ရဲ့မဟာအကြီး
အကဲနဲ့ ဂိုဏ်းဘိုးဘေးတွေမပါသေးဘူး”
ကျိုးယန် အင်အားကွာခြားနေသည်ကိုတွေ့
သော်လည်း ကြောက်ရွံစိတ်မဖြစ်မိပေ။ ထိုလူ
စုထံမှ ကျယ်လောင်သည့်အသံတခုထွက်လာ
သည်။
“မင်းသားကျိုး ငါတို့လူတွေကိုအခုပြန်လွှတ်ပြီး
တောင်းပန်လိုက်ပါ မင်းအတွက်အချိန်ရှိသေး
တယ်”
မီးတောက်အင်ပါယာဂိုဏ်းချုပ်က မာနကြီးစွာ
ပြောလိုက်ခြင်းဖြစ်သည်။
“လွှတ်ပေးရမှာလား မဖြစ်နိုင်ဘူး”
ကျိုးယန်ကတင်းမာစွာပြန်ပြောလိုက်သည်။
တဖက်ရှိလူများက ကျိုးယန်၏စကားကိုကြား
လျှင် ဒေါသထွက်သွားကြကာ ကြိမ်းမောင်း
ပြောဆိုသံများထွက်ပေါ်လာတော့သည်။
“ဒါမင်းရဲ့ ရွေးချယ်မှုပဲမင်းသား ငါတို့ကိုအပြစ်
မတင်နဲ့တော့ တိုက်ကြစမ်း မင်းသားကလွဲပြီး
ကျန်တဲ့သူအကုန်သတ်ပစ်လို့ရတယ်”
မီးတောက်အင်ပါယာဂိုဏ်းချုပ်က ချက်ချင်း
ပင်သူ့လူများကို အမိန့်ပေးလိုက်သည်။ သာမန်
မြို့တော်လေးကိုသာ အုပ်ချုပ်နိုင်သည့်မင်းသာ
တပါးက သူ့လူများကိုလွှတ်ပေးရန် ငြင်းဆို
သည်တဲ့လား။
ကျိုးယန်ကလည်း သူ့လူများကိုတချက်ကြည့်
လိုက်သည်။ ပြီးနောက် ဓားကိုဝေ့ယမ်းရင်း
တဖက်ရှိဂိုဏ်းချုပ်ရှိရာကို ခုန်ဝင်သွားသည်။
ကျန်သည့် လူများကလည်း အကြီးအကဲများနှင့်
တခြားသူများထံ ခုန်ဝင်သွားကြကာ ပြင်းထန်
သည့်သတ်ဖြတ်ပွဲကြီးတခု ဖြစ်လာတော့သည်။
“ဟမ့် ပကတိရှင်သန်ခြင်းအဆင့်တဲ့လား
သူက ဒီအရွယ်လေးနဲ့ဒီအဆင့်ရောက်နေပြီလား
အမှိုက်မင်းသားဆို ဘယ်လိုလုပ်ကျင့်ကြံသူ
တယောက်ဖြစ်သွားတာလဲ”
မီးတောက်အင်ပါယာဂိုဏ်းချုပ်သည် ကျိုးယန်
၏ကျင့်ကြံဆင့်ကိုတွေ့လျှင် အံ့သြမှင်သက်
သွားရသည်။ ကျိုးယန်သည် ကျင့်ကြံ၍ပင်မရ
သည့် အမှိုက်ဖြစ်သည်ကို ပြည်ထောင်စုတခု
လုံးသိထားကြသည်မဟုတ်လား။ လက်တွေ့
တွင်မူ ထိပ်သီးပညာရှင်ပင် ဖြစ်နေလေသည်။
“ပကတိရှင်သန်ခြင်းအဆင့်၁ လေးကများ”
မီးတောက်အင်ပါယာဂိုဏ်းချုပ်သည် သူ့ရဲ့ဓား
ကို ဝေ့ယမ်းကာ ကျိုးယန်ဆီခုတ်ပိုင်းသည်။
ဓားချက်သည် လေထုကို ခွဲထွက်ကာ ကျိုးယန်
ဆီ တိုက်ရိုက်ပင်တိုးဝင်လာသည်။ ကျိုးယန်က
လည်း ထိုဓားချက်ကို ဓားချက်တခုဖြင့်ပင် အ
သာအယာကာလိုက်ကာ ခုခံလိုက်သည်။
တိုက်ပွဲမြေပြင်၏တဖက်တွင်လည်း သေနတ်သံ
များအဆက်မပြတ်ထွက်ပေါ်ကာ မီးတောက်အ
င်ပါယာဂိုဏ်းမှ လူများသည့် ကျယ်လောင်သ
ည့်အသံနှင့် လက်နက်ဆန်းကြောင့် အထိတ်တ
လန့်ဖြစ်သွားကြသည်။
“ဒါလက်နက်ဆန်းတွေပဲ မဖြစ်ဘူး အဲ့ဒီလက်န
က်ဆန်းတွေနဲ့ကောင်တွေကို အာရုံစိုက်ကြ”
အကြီးအကဲတဦးမှ သူ့လူများကိုသတိပေးလို
က်သည်။ ကိုင်ရီရီသည် ပကတိရှင်သန်ခြင်း
အစောပိုင်းအဆင့်များကြား ကြမ်းတမ်းစွာတိုး
ဝင်ကာ တိုက်ခိုက်နေသည်။ သူမ၏ဓားချက်
များသည် အရိပ်များနှင့်အလင်းများကဲ့သို့
ပတ်ဝန်းကျင်ကိုဖြာထွက်နေပြီး ဓားအလင်းများ
ကျဆင်းရာနေရာတိုင်းတွင် ရန်သူများပြိုလဲ
သွားကြလေသည်။
“ချီးပဲ ဒီကောင်မက ငါတို့ထက်အဆင့်ပိုမြင့်နေ
တယ် ဝိုင်းပြီးတိုက်ကြစမ်း”
ကျိုးယန်သည် မီးတောက်အင်ပါယာဂိုဏ်းချုပ်
နှင့်တိုက်ခိုက်နေသော်လည်း တိုက်ပွဲတခုလုံးကို
သတိမလွှတ်ထားပေ။ သူ့လူများ၏အခြေနေကို
စစ်ဆေးနေသည်။ တဖက်အကြီးအကဲများသ
သည် သေနတ်သမား၏အားသာချက်ဖြစ်သည့်
အကွာအဝေးကွာဟမှုကို သတိထားမိလာကြ
သည်နှင့် အနားကပ်၍ တိုက်ခိုက်လာကြတော့
သည်။
အားးး
ဒိုင်း..ဒိုင်း…ဒိုင်း
သေနတ်သံများ ကျယ်လောင်သည့်အော်သံများ
ရဲရဲနီသည့်သွေးများက ချောင်းငယ်တခုကဲ့သို့
မြေပြင်တွင်စီးနေကာ သေနတ်သမားများသည်
အနီးကပ်တိုက်ခိုက်မှုကြောင့် အကျဆုံးရှိလာ
ကြသည်။
မီးတောက်အင်ပါယာဂိုဏ်းချုပ်သည် ကျိုးယန်
ကသူ့ရဲဓားချက်များအား ခုခံနိုင်နေသည်ကို
မြင်လျှင် ဒေါသထွက်သွားကာပို၍ပင် ကြမ်း
ကြမ်းတမ်းတမ်းတိုက်ခိုက်လာသည်။
ကျင့်ကြံမှုအဆင့်၄ ဆင့်ထိကွာဟနေသော်လဲ
ကျိုးယန်သည် ပကတိရှင်သန်ခြင်းအဆင့်တွင်
တည်ငြိမ်နေပြီဖြစ်ကာ ဗာဂျာရာကျင့်စဥ်၏
အဆင့်၃ခုလုံးကိုလည်း ပြီးပြည့်စုံထားသော
ကြောင့် သူ့ရဲ့ခွန်အားသည် မထင်မှတ်ထား
လောက်သည်အထိ တိုးလာနေလေသည်။ ထို
ခွန်အားသည် ပကတိရှင်သန်ခြင်းအလယ်ဆင့်
များကိုပင် ခန္ဓာကိုယ်ခွန်အားသီးသန့်ဖြင့်ပင်
ခုခံနိုင်လေသည်။
ဓားကိုလက်နှစ်ဖက်ဖြင့်စုံကိုင်ကာ ခွန်အားအ
ပြည့်သုံး၍ ခုန်ပိုင်းလိုက်သည်။ ကျိုးယန်၏ဓား
ချက်သည် ရိုးစင်းသည့်အခြေခံဓားချက်များ
သာဖြစ်သော်လည်း ခွန်အားအပြည့်ဖြစ်သော
ကြောင့် သာမန်ပကတိရှင်သန်ခြင်းအဆင့်၆
ရှိသူများပင် ထိခိုက်သွားနိုင်သည်။
မီးတောက်အင်ပါယာဂိုဏ်းချုပ်သည် ထိုဓား
ချက်ကို ခုခံလိုက်သည်။
ဝုန်း….
ဓားချက်၏ခွန်အားက သူထင်ထားသည်ထက်
များကာ ပြင်းထန်နေသည်ကိုတွေ့လိုက်ရပြီး
အနောက်သို့ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရ
သည်။
“ဒီလူက ပကတိရှင်သန်ခြင်းအလယ်ဆင့်တွေ
ထဲမှာ အစွမ်းအစတော့ရှိသားပဲ”
ကျိုးယန်သည် သူ၏ခွန်အားအပြည့်ဓားချက်
အားခုခံလိုက်နိုင်သည့် တဖက်လူကိုကြည့်ကာ
တွေးလိုက်မိသည်။ မလွယ်ကူသည့် တိုက်ပွဲတခု
ရင်ဆိုင်ရတော့ပေမည်။
ကျိုးယန်က တဖက်လူနောက်ဆုတ်သွားချိန်
တွင် တိုက်ပွဲကိုကြည့်လိုက်လျှင် သေနတ်သမား
တဝက်ခန့်က ထိခိုက်ဒဏ်ရာများရကာ အလော
င်းအချို့ကို ပါတွေ့လိုက်လျှင် ဒေါသအကြီးအ
ကျယ်ထွက်သွားရတော့သည်။
ခန္ဓာကိုယ်ပတ်ပတ်လည်တွင်လည်း သတ်ဖြတ်
ခြင်းအရှိန်အဝါများထွက်ပေါ်လာကာ မျက်နှာ
သည်လည်း မာထန်လာသည်။
“လော့ချမ်း အကုန်လုံးကိုပစ်ချစမ်း”
မြို့တော်၏မြို့ရိုးပေါ်တွင်စောင့်နေသည့် လော့
ချမ်းတို့အဖွဲ့ကိုလှမ်းအော်ကာ ပြောလိုက်သည်။
မြို့ရိုးသည် တိုက်ပွဲမြေပြင်နှင့် အတော်အတန်
ကွာဝေးနေသော်လဲ ထိုအရာက သေနတ်သမား
များအတွက် အခွင့်ကောင်းပင်။ ထို့အပြင် စနစ်
၏ အထူးတပ်ဖွဲ့ဖြစ်သည့်အတွက် ပစ်ခတ်မှု
စွမ်းရည်သည် ထိပ်တန်းဖြစ်ကာ အကွာအဝေး
တခုတွင်ရှိသည့် ရန်သူများကို မှန်ကန်တိကျစွာ
ပစ်ခတ်နိုင်သည်။
“သခင်လေးအမိန့်ပေးလိုက်ပြီ ပစ်ကြစမ်း”
လော့ချမ်းမှသူ့လူများကို အမိန့်ပေးသည်။ ကိုင်
ရီရီအပါအဝင် အဖိုးဝူ တောက်ချင် ပိုင်လီ
တပ်မှူးချင်တို့သည်လည်း တိုက်ပွဲတွင် အပြင်း
အထန်တိုက်ခိုက်နေဆဲ ဖြစ်ကာ ထိခိုက်မှုများ
ရှိထားသော်လည်း အနီးရှိရန်သူများကို သက်
ညှာမှုတစက်မှမပြပဲ သတ်ဖြတ်နေလေသည်။