အလယ်ပိုင်းဒေသနန်းမြို့တော်
Vol. 6 Ch. 82
မီးတောက်အင်ပါယာဂိုဏ်း ရှုံးနိမ့်သွားရသည့်
သတင်းသည် ကျိုးပြည်ထောင်စုအနှံ့ အချိန်တို
အတွင်း ကျယ်ပြန့်သွားလေတော့သည်။ နန်း
တော်ထဲရှိ ဧကရာဇ်အပါအဝင် သက်တော်ရှည်
အမတ်ကြီးများထံလည်း ထိုသတင်းရောက်ရှိ
သွားကာ ဧကရာဇ်သည် ထိုသတင်းကိုကြားပြီး
ချင်း စိတ်ရှုပ်ထွေးသလိုခံစားလိုက်ရသည်။
သူအပါအဝင် လူအများစုမှ အသုံးမဝင်သည့်
သားတော်တပါးဟုထင်ခဲ့ကြသည့် အငယ်ဆုံး
မင်းသားတပါးမှ အရှေ့ဘက်ဒေသမှ အင်အား
ကြီးဂိုဏ်းတခုကို အနိုင်ယူလိုက်ခြင်းဖြစ်သည်။
ထိုအတွက် ဝမ်းသာရမည်လား သို့မဟုတ် အင
ယ်ဆုံးမင်းသား၏ခွန်အားကြောင့် နန်းလုပွဲတွင်
ပါဝင်လာမည်ကို ကြိုဆိုရမည်လားမပြောတတ်
တော့ပေ။
“နံပါတ်၅ အစ်မတော် ညီငယ်လေးရဲ့ဂုဏ်သ
တင်းတွေကြားပြီးပြီလား”
နံပါတ်ခြောက်မင်းသားက နန်းတော်ရှိရာသို့
ရောက်လာကာ အစ်မဖြစ်သူ နံပါတ်၅မင်းသမီး
ကို သတင်းစကားလာရောက်ပြောကြားလေသ
ည်။ နံပါတ်ခြောက်မင်းသား၏အမည်မှာ ကျိုး
ယွန်ဖြစ်ပြီး ထိုမင်းသားသည် ကျိုးယန်တယော
က်နန်းတော်တွင်နေစဥ်ကာလ ရင်းနီးသည့်မော
င်နှမများထဲမှ တဦးဖြစ်သည်။ ကျိုးယန်သည်
သူ့အထက်မှ မင်းညီမင်းသားနှင့်မင်းသမီးများ
ထဲတွင် နံပါတ်၅ အစ်မတော်နှင့် နံပါတ်၆ မင်း
သားတို့ဖြင့်သာ ရင်းရင်းနီးနီးရှိသည်။ တခြား
လူများကိုတော့ မေးထူးခေါ်ပြောရုံသာရှိကာ
အထူးတလည်ရင်းနီးသည့် ဆက်ဆံရေးမရှိပေ။
နန်းတော်တွင်နေစဥ်က ခွဲခြားဆက်ဆံခံရမှုတွေ
နဲ့အတူ အခြားသောသူများနှင့်ကွဲပြားသည့် အ
ဆင့်ဖြင့်နေခဲ့ရသူဖြစ်သည်။
သူ့တွင် အစေခံပင်များများစားစားမရှိပေ။
အိမ်တော်ထိန်းတဦးကိုပင် ဧကရာဇ်မှမပေးအပ်
ပဲ လစဥ်ရသည့် ရွှေစနှင့်အခြားအရာများသည်
လည်း နိမ့်ပါးသူဖြစ်သောကြောင့် အစေခံများ
သည် ကျိုးယန်ကိုမခံစားလိုကြချေ။ အဓိက
ပြဿနာမှာ ကျိုးယန်တွင် အနာဂတ်မရှိခြင်း
ဖြစ်သည်။
နန်းတော်တွင်ရှိကြသည့်သူများသည် ခေတ်
တခုအပြောင်းအလဲ သို့မဟုတ် ဧကရာဇ်တပါး
အပြောင်းအလဲသည် အလွန်အရေးပါသည်။
မိမိရွေးချယ်ထားသူက အနာဂတ်တွင်အင်အား
ကြီးလျှင်ကြီးသလို ရေကန်မြင့်ချိန် ကြာလည်း
လိုက်ပါတင့်တယ်မည်မှာ မြေကြီးလက်ခတ်မ
လွဲမှားပေ။ ထို့အတွက် အင်အားကြီးသည့် ပထ
မမင်းသား ဒုတိယမင်းသားနှင့် တတိယမင်းသ
မီးတို့ကိုသာ စည်းကပ်လိုကြသည်။ စတုတ္ထ
မင်းသား ပဥ္စမမင်းသမီး ဆဥ္ဓမ မင်းသားတို့
သည် ထီးနန်းကိုစိတ်မဝင်စားချေ။ သတ္တမင်း
သားကတော့ ငယ်ရွယ်စဥ်ကပင် ကွယ်လွန်သွား
သည့်အတွက် မင်းသားအရိုက်အရာသာကျန်ရှိ
ပြီး ဆက်ခံသူမရှိတောပေ။
“အင်း ငါလည်းကြားမိပါတယ် မောင်လေးရဲ့
အပြောင်းအလဲကို အခုထိတွေးလို့မရနိုင်သေး
ဘူးဖြစ်နေတယ်”
ပဥ္စမ မင်းသမီးသည် လက်ထဲရှိကူချင်းကိုချ
ကာ အသာပြောလိုက်သည်။ သူမသည် ကူချင်း
လက်ရေးလှနှင့် အစီအရင်တွင်ပါရမီမြင့်မား
ကာ ၂၁နှစ်အရွယ်၌ပင် အစီအရင်ပညာတွင်
အဆင့် ၂ အလယ်အဆင့်ကိုရောက်ရှိနေကာ ထို
အဆင့်သည် ကျိုးပြည်ထောင်စုတွင်ပင် မြင့်မာ
သည့် အဆင့်တန်းတခုရှိလေသည်။
“ကျတော်လည်း ညီတော်ကျိုးယန်ကို တွေ့ချင်
မိတယ် သူကဘယ်လောက်တောင်ပြောင်းလဲ
သွားပြီးလဲ သူ့အနေနဲ့ ခမည်းတော်ရဲ့နေရာကို
ဝင်ရောက်ယှဥ်ပြိုင်မယ်လို့ ကျတော်ထင်နေမိ
တယ်”
ပဥ္စမ မင်းသမီးက သက်ပြင်းရှည်ကိုချလိုက်မိ
သည်။ နန်းတွင်းတွင်နေရသည်က ဂုဏ်ပုဒ်အရ
မြင့်မားသော်လည်း စိတ်ကျဥ်းကျပ်ရသည်။
လှောင်အိမ်ထဲမှ ငှက်လေးများသဖွယ်ဖြစ်ကာ
ခမည်းတော်သည် ထီးနန်းအတွက်မယှဥ်ပြိုင်သူ
များကို ဒေသအသီးသီးအပိုင်စားမပေးပဲ နန်း
တွင်း၌သာနေစေသည်။ ထိုအရာက လွတ်လပ်
မှုကိုမြတ်နိုးသည့် လူငယ် မင်းသားမင်းသမီး
များအတွက် စိတ်အနှောင့်အယှက်ဖြစ်စေကာ
နန်းတော်မှာနေရသည်ကို စိတ်ပျက်လာကြသ
ည်။
“ မောင်လေးက ထီးနန်းအတွက်မပါဝင်ခဲပဲ
ခမည်းတော်ရဲ့ အနောက်ဘက်ဒေသကိုပို့ဆော
င်ခြင်းခံလိုက်ရတယ် ခမည်းတော်စီစဥ်တာလဲ
အမှားမဟုတ်ပါဘူး နန်းတွင်းမှာနှိမ့်ချဆက်ဆံ
ခံနေရတာထက်စာရင် သူချည်းသက်သက်
ဒေသတခုမှာနေရတာက ငါတို့လိုလူတွေထက်
စာရင် ပိုကောင်းတယ်မဟုတ်လား”
ပဥ္စမ မင်းသမီး၏စကားကို ကျိုးယွန်မှခေါင်း
ညိတ်ပြကာ သဘောတူသည်။ သူသည်လည်း
အခွင့်ရလျှင် နန်းတွင်းမှ ထွက်ကာ ပြင်ပသို့
ခြေဆန့်ချင်သည့် ဆန္ဒရှိပေသည်။ ထိုအရာအ
တွက် စတုတ္ထအစ်ကိုတော်ဖြစ်သည့် ကျိုးလီနှင့်
အကြိမ်ကြိမ် တိုင်ပင်ပြီးပြီဖြစ်သည်။
“ဒါနဲ့ အစ်မတော် အစ်ကိုကျိုးလီ ကျတော့်ကို
မနေ့ကသတင်းထူးတခုပြောပြသွားတယ် အ
လယ်ပိုင်းဒေသရဲ့ မြို့တော်တခုမှာ ပြိုင်ပွဲတခု
ကျင်းပလိမ့်မယ်တဲ့ အဲ့ဒိပြိုင်ပွဲမှာ ကူချင်း
လက်ရေးလှ နဲ့ သိုင်းပြိုင်ပွဲတွေလည်း ပါဝင်
မယ်လို့ကြားတယ်”
ကျိုးယွန်က အပြင်ထွက်ရန်လမ်းစကို အား
တက်သရောပြောလာသည်။
“မင်းမှာလည်း အ ရန်ကော ခမည်းတော်က
ငါတို့လိုမင်းသားမင်းသမီးတွေကို မြို့တော်အ
သေးလေးက ပြိုင်ပွဲဆီလွှတ်မယ်တဲ့လား”
ပဥ္စမ မင်းသမီးက သဘောမကျစွာပြောသည်။
ခမည်းတော်သည် ကြက်မမှ ဥများကိုဝပ်၍ဥ
ထားသကဲ့သို့ သူမတို့ကိုထိန်းချူပ်နေခြင်းဖြစ်
ကာ အဓိကအားဖြင့် နန်းလုပွဲအတွက် အခြား
မင်းသားနှင့်မင်းသမီးများကို မကူညီစေရန်ဖြစ်
ပုံရသည်။
“ခမည်းတော်က သာမန်ဆိုရင်တော့ ဘယ်လွှတ်
လိမ့်မလဲ အခုက ဒုတိယအစ်ကိုတော်ကြီးကျင်း
ပတဲ့ ပြိုင်ပွဲလေ ကျတော်တို့အနေနဲ့ သူ့ကိုမကူ
ညီပဲ သူဘာတွေလုပ်နေလဲ သူ့အခြေနေဘယ်လို
ရှိလဲဆိုတာလောက်တော့ သွားကြည့်လို့ရတယ်
မဟုတ်လား”
ပဥ္စမ မင်းသမီးအနည်းငယ်စဥ်းစားသွားသည်။
ခမည်းတော်၏ ရည်ရွယ်ချက်ကိုသိသော်လည်း
သူမတို့သာ ခမည်းတော်ယုံကြည်အောင် ကတိ
ပေးနိုင်ခဲ့ပါက မျှော်လင့်ချက်ရှိမည်ဖြစ်သည်။
“ငါ ခမည်းတော်ကိုမေးကြည့်ပါမယ် ရမရတော့
ကံပဲပေါ့”
ပဥ္စမ မင်းသမီးမှ ပြတ်ပြတ်သားသားမပြောခဲ့
ပေ။ သူမနှင့် အစ်မတော်တတိယမင်းသမီးဖြစ်
သည့် ကျိုးယင်ချင်းတို့ကို ဧကရာဇ်မှ ချစ်မြတ်
နိုးကာ အခြားသူများထက်အလိုလိုက်သော်လဲ
အပြင်ထွက်သည့်ကိစ္စကတော့မတူချေ။
“ကိစ္စမရှိဘူး အစ်မ ခမည်းတော်ကိုလျောက်
တင်တဲ့အချိန် ကျတော်နဲ့ စတုတ္ထအစ်ကိုလည်း
လိုက်ပါ လျှောက်တင်ကြည့်မယ်လေ”
ပဥ္စမ မင်းသမီးက ခေါင်းညိတ်ပြလိုက်သည်။
ဧကရာဇ်နန်းတော်၏ တနေရာ…..။
“သားတော် သမီးတော်တို့ကို ဘာများလျှောက်
တင်စရာရှိကြလို့လဲ”
ဧကရာဇ်က ရာဇပလ္လင်ထက်တွင် ခန့်ထည်ကာ
ထိုင်လျက်မေးလိုက်သည်။ ဧကရာဇ်၏ပုံရိပ်
သည် မှိန်ဖျော့နေကာ မျက်နှာသည်လည်း ဖြူ
ဖျော့နေပြီး မကျန်းမာသည့်အသွင်ပြင်ကို ဖုံးဖိ
မရပေ။ ထို့ကြောင့် အရေးကြီးညီလာခံများကို
သာ တက်ရောက်ပြီး အရေးမကြီးလျှင် သက်
တော်ရှည်အမတ်များနှင့် ယုံကြည်ကသူများကို
သာစီမံစေသည်။ ယခုက သားတော်နှစ်ပါးနှင့်
သမီးတော်လေးမှ လျှောက်တင်စရာရှိသည်ဆို
၍ ဖခင်တဦး၏ချစ်မေတ္တာအရ လက်ခံတွေ့ဆုံ
ခြင်းဖြစ်သည်။
“ခမည်းတော်ကို လျှောက်တင်လိုပါတယ် အ
လယ်ပိုင်းဒေသ ကြယ်ရောင်မြို့တော်မှာ ဒုတိ
ယအစ်ကိုတော်ကျင်းပမယ့် ပြိုင်ပွဲကို သမီး
တော်တို့က ရက်အနည်းငယ်လောက်သွား
ရောက်လေ့လာချင်လို့ပါ”
ပဥ္စမ မင်းသမီးက အရဲစွန့်ပြီး လျှောက်တင်
လိုက်သည်။ တခြားမင်းသားနှစ်ပါးဖြစ်သည့်
ကျိုးယွမ် နှင့် ကျိုးလီတို့သည်လည်း မျှော်လင့်
တကြီးဖြစ်နေသည့် မျက်လုံးအစုံများဖြင့် ခမ
ည်းတော်ဧကရာဇ်ကို ကြည့်နေကြသည်။
“မဖြစ်နိုင်ဘူး သမီးတော် ခရီးကမဝေးပေမဲ့
လမ်းခရီးက တိုင်းပြည်အခြေနေကြောင့် သူပုန်
သူကန်တွေပေါများပြီး အန္တရာယ်များပေတယ်
မဖြစ်ချေဘူး”
ပဥ္စမ မင်းသမီးက အနည်းငယ်မျက်နှာပျက်သွာ
ရသော်လည်း စိတ်ဓာတ်မကျပေ။ ထပ်မံကာ
လျောက်တင်ပြန်သည်။
“အန္တရာယ်အတွက် ခမည်းတော်စိတ်မပူပါနဲ့
သမီးတော်နဲ့ မောင်တော် အစ်ကိုတော်တို့ရဲ့
အစောင့်အရှောက်တွေက အင်အားကြီးပါတယ်
နောက်ပြီး ခရီးကလည်း ပြိုင်ပွဲကာလအပါအဝ
င်မှ ရက်ပေါင်း ၂၀ ပဲ ကြာမြင့်မှာပါ”
ကျိုးလီကလည်း ဝင်ရောက်လျောက်တင်လာ
ပြန်သည်။
“ဟုတ်ပါတယ် ခမည်းတော်ဒီတကြိမ်တော့
ခွင့်ပြုပေးပါ ညီတော်၈ ရဲ့ဂုဏ်သတင်းတွေ
ပြီးတော့ ပထမအစ်ကိုတော်နဲ့ တတိယမင်းသ
မီးတို့ရဲ့လုပ်ဆောင်မှုတွေကို ကြားသိထားတာ
ဖြစ်တဲ့အတွက် သားတော်တို့ကသူတို့ကို ကူညီ
ဖို့မလိုပါဘူး အခုက ဒုတိယအစ်ကိုတော်ကို မ
တွေ့ရတာ ကြာလို့သွားတွေ့ရင်း ညီမတော်ရဲ့
ကူချင်း လက်ရေးလှအရည်သွေးကိုလည်း စမ်း
စစ်လို့ရတာပေါ့”
ကျိုးလီက လိုရင်းအချက်ဖြစ်သည့် အခြားသူ
များကို မကူညီပါဟူသည့်အကြောင်းကို ခမည်း
တော်အား အဓိကထားပြောလိုက်သည်။ သူ
သည်လည်း ခမည်းတော်၏ရည်ရွယ်ချက်ကို
သိထားသူဖြစ်သည်။
“သားတော်တို့က စိတ်အားတက်ကြွနေကြတာပဲ
ခမည်းတော် တားမြစ်ရင် မကောင်းရာကျပေ
တော့မယ်”
ဧကရာဇ်သည် သူ၏သားတော် သမီးတော်များ
ကိုကြည့်ကာ သက်ပြင်းချလိုက်ရသည်။
တိုင်းပြည်၏ အခြေနေသည် တနေ့ထက်တနေ့
ကျဆင်းလာကာ အခွန်ဘဏ္ဍာငွေကအစ လျော့
နည်းလာပြီးနောက် မင်းညီမင်းသားများနှင့်
ဧကရာဇ်ကိုယ်တိုင်ပင် ယခင်ဘုန်းမီးနေလတော
က်ပသည့် ကာလများကဲ့သို့ အခွင့်အလမ်းမရှိ
တော့ပေ။
“ခမည်းတော်ကို စိတ်ရှုပ်ထွေးစေမိရင် ခွင့်လွတ်
ပေးတော်မူပါ”
ပဥ္စမ မင်းသမီးမှ တောင်းပန်လိုက်သည်။
သူမသည် လိမ္မာရေးခြားရှိသူဖြစ်ကာ သိမ်မွေ့
နူးညံ့သည့် မိန်းကလေးတဦးဖြစ်သည်။ ထီးနန်း
ကိုစိတ်မဝင်စားပဲ နောင်တွင်ဖြစ်လာမည့် သူမ
၏အနာဂတ်ကိုလည်း စိုးရိမ်သူမဟုတ်ပေ။
သူမအတွေးက အစ်ကိုတော်၂ ဦးနှင့် အစ်မ
တော်တို့သည် တဦးဦးထီးနန်းရသွားလျှင်လဲ
သူမတို့ကို ပစ်ပယ်လိမ့်မည်ဟု မထင်ပေ။
“အင်း… အစောင့်အရှောက်တွေကို သေချာစီ
စဥ်ပြီး ခေါ်ဆောင်သွားချေ ခမည်းတော်လည်း
ပြိုင်ပွဲသတင်းကိုကြားထားပါတယ် စတင်ဖို့
ရက်အနည်းငယ်ပဲ လိုတယ်မဟုတ်လား သွား
သွား ခရီးထွက်ဖို့ ပြင်ဆင်ချေတော့ ဒါပေမယ့်
ဒီတကြိမ်ပဲနော် နောက်တကြိမ်ဆိုတာမရှိတော့
ဘူး ကြားကြလား”
ဧကရာဇ်မှ ခွင့်ပြုပေးရန်ဆုံးဖြတ်လိုက်သည်။
သူတို့သည်လည်း နန်းတွင်းထဲနေရသည်ကို
ပျင်းရိနေလောက်ပေပြီ။ ထို့အတူ ၎င်းတို့၏
အစ်ကိုတော်များနှင့် တွေ့ဆုံလိုသည်ကိုမတား
မြစ်တော့ပေ။
ဧကရာဇ်၏ ခွင့်ပြုစကားကိုကြားလျှင် ကျိုးလီ
တို့ မောင်နှမ၃ဦးလည်း ဝမ်းသာသွားကြကာ
အလျင်အမြန်ပင်ကျေးဇူးတင်စကားများ အသီး
သီး ပြန်လည်လျောက်တင်ကြပြီး နန်းဆောင်မှ
ထွက်ခွာသွားကြသည်။
“ငါ့သားတော်ငယ်လည်း ဘာတွေလုပ်နေမလဲ
ငါက ထီးနန်းအတွက်သူ့ကိုမရည်ရွယ်ထားပေမဲ့
သူက ဝင်ပြိုင်ဖို့များစိတ်ကူးနေတာလား”
ဧကရာဇ်သည် လေးလံစွာဖြင့် ဥိီးခေါင်းကိုသာ
အဆတ်မပြတ်ခါရမ်းလိုက်တော့သည်။ သူ
သည် နန်းတွင်းမှ အခြားသူများ၏ဖိအားပေးမှု
ကြောင့် ကျိုးယန်ကို အနောက်ဘက်ဒေသသို့
ပို့လိုက်ရခြင်းဖြစ်ကာ ထိုကဲ့သို့ကြမ်းတမ်းရိုင်း
စိုင်းသည့် နေရာတခုကို ပို့မိသည့်အတွက်အမြဲ
လို စိတ်မကောင်းခြင်းကြီးစွာခံစားနေခဲ့ရသူ
ဖြစ်သည်။ ယခုတွင်တော့ ထိုသားတော်မှ မထင်
မှတ်ထားသည့် အလှည့်အပြောင်းများကို သယ်
ဆောင်လာခဲ့ချေပြီ။
……………………………………….