← Chapters

အလယ်ပိုင်းဒေသ သို့ခရီးစဥ်

Vol. 6 Ch. 83

အလယ်ပိုင်းဒေသ သို့ခရီးစဥ်

Vol. 6 Ch. 83

မီးတောက်အင်ပါယာဂိုဏ်းနှင့်တိုက်ပွဲပြီးဆုံးပြီး

နောက် ကျိုးယန်သည် တိုက်ပွဲမှရရှိလာသည့်အ

ရာများကိုသိမ်းဆည်းစေကာ ဒဏ်ရာရသူများ

ကို ကုသစေပြီး သေဆုံးသွားကြသည့် အင်အား

စုအသီးသီးမှ ကျင့်ကြံသူများအတွက်ကိုလည်း

ထောက်ပံ့မှုများပေးအပ်လေသည်။

တိုက်ပွဲ၏ဂုဏ်သတင်းသည် ပြည်ထောင်စုအနှံ့

ရောက်ရှိသွားသော်လည်း တိုက်ပွဲအောင်နိုင်မှု

အပေါ် ကျိုးယန်တယောက်ဂုဏ်ယူသည်ဟု မ

ခံစားရပေ။ သူသည် သူ၏ဝပ်ကျင်းလေးထဲ

တွင်ရှိကာ တဖက်သူများ၏အခြေနေကို မည်

သည့်အခါမှ စိတ်မဝင်စားပဲ တလှမ်းစီခြေတိုး

နေသည်က မှားယွင်းနေသည်ကို သိနားလည်

လာသည်။ ထို့အပြင် ခွန်အား၏အရေးပါမှုကို

ယခင်ကထက်ပို၍နားလည်လာကာ ခွန်အားသာ

ရှိထားလျှင် ကာကွယ်ချင်သူများကို ကာကွယ်

ပေးနိုင်မည်ဖြစ်သည်။

အချိန်က ၄နှစ်တာရှိသွားပြီ။ အချိန်ကာလမတူ

ညီမှုကြောင့် ကမ္ဘာမြေရှိ လီချင်းကျူးတို့တွင်

လအနည်းငယ်သာရှိနေဦးမည်ဖြစ်ကာ ကျင့်ကြံ

မှုအရ အင်မော်တယ်လောကသို့သွားရောက်နိုင်

ဦးမည်မဟုတ်ပေ။ သူမတို့အနေဖြင့် အင်မော်

တယ်လောကသို့မသွားရောက်စေပဲ သူရှိရာ

နေရာသို့ခေါ်ဆောင်လိုပါက ယခုကဲ့သို့မတည်

ငြိမ်သည့်အခြေနေများကို အရင်ကိုင်တွယ်ရ

မည်ဖြစ်သည်။

“ငါက ပကတိရှင်သန်ခြင်းအဆင့်မှာရှိပေမယ့်

အဆင့်ထပ်တက်ဖို့က ဖုံးကွယ်တာဝန်တွေကိုပဲ

အားကိုးနေလို့မရဘူး နောက်ပြီး နန်းလုပွဲကို

ငါဝင်ပါပြီး ပြည်ထောင်စုကြီးကိုတည်ငြိမ်အေး

ချမ်းအောင်လုပ်ဆောင်ရမယ် ဒီအတွက် ငါ့

အစ်ကိုတော်နှစ်ယောက်နဲ့ အစ်မတော်တို့တွေရဲ့

အခြေနေကိုသိရဖို့နဲ့ နောက်ထပ်အင်အားစုတွေ

ကိုထိန်းချုပ်နိုင်ဖို့ အပြင်သွားဖို့လိုလာပြီ”

ကျိုးယန်ကအလေးအနက်တွေးနေလေသည်။

မြို့တော်တွင်နေကာ အင်အားများကိုတိုးမြင့်

နိုင်သော်လည်း သူ့ရဲ့ကိုယ်ပိုင်ကျင့်ကြံမှုကိုမြင့်

တင်ရန်က ခက်ခဲလာသည်။ ထို့အပြင် မီးတော

က်အင်ပါယာဂိုဏ်းကဲ့သို့ တခြားသူများ၏ အ

ကဲစမ်းမှုကို မြို့တော်မှထိုင်စောင့်နေလို့တော့မ

ဖြစ်သေးပေ။

“အဖိုးဝူ စုယင် ကျုပ်ခရီးရှည်တခုသွားဖို့ရှိတယ်

မြို့တော်ကို အဖိုးဝူတို့လက်ထဲအပ်ခဲ့မယ်”

ကျိုးယန်က အဖိုးဝူနှင့်စုယင်တို့ကို ပြောလိုက်

သည်။ စုယင်သည် ကျင့်ကြံသူမဟုတ်သော်လဲ

ဉာဏ်ရည်မြင့်မားကာ ထူးချွန်သည့်မိန်းကလေး

ဖြစ်သည်။ သူမသည် လိုလီလေးအရွယ်မှ မိန်း

မပျိုလေးအရွယ်ရောက်လာကာ ပို၍ရင့်ကျက်

သည့်အသွင်ကိုဆောင်လာလေသည်။

“မင်းသားက ဘယ်ဒေသကိုသွားချင်တာလဲ”

အဖိုးဝူမှ မေးလိုက်သည်။ သူနှင့်တပ်မှူးချင်တို့

သည် မကြာမီတွင် သိုင်းပညာရှင်အထွဋ်အထိပ်

ကိုရောက်တော့မည်ဖြစ်ကာ ကျိုးယန်ပေးထား

သည့် ပကတိဆေးလုံးကြောင့် ပကတိရှင်သန်

ခြင်းအဆင့်ကိုရောက်ဖို့မျှော်လင့်နိုင်သည်။ ထို့

အပြင် ပကတိရှင်သန်ခြင်းအလယ်ဆင့်တွင်ရှိ

သည့် ကိုင်ရီရီ၏အင်အားကြောင့် တော်ရုံရန်သူ

များကို ကြောက်စရာမလိုတော့ပေ။

“ကျုပ်ရဲ့ရည်ရွယ်ချက်က အရှေ့ပိုင်းဒေသကိုပဲ

ဒါပေမယ့် အဲ့ဒေသကိုရောက်ဖို့ အလယ်ပိုင်းဒေ

သကိုဖြတ်ရမယ် နန်းတွင်းကိုလည်းမပြန်တာ

ကြာပြီ ကျုပ်အစ်ကိုတော်နှစ်ယောက်နဲ့ အစ်မ

တော်မင်းသမီးကိုလည်းတွေ့ချင်မိတယ်”

ကျိုးယန်၏ ယခင်ခန္ဓာမှတ်ဉာဏ်များအရနန်း

တွင်းနေစဥ်က ထိုအစ်ကိုတော်နှစ်ဦးနှင့်အစ်မ

တော်မင်းသမီးတို့သည် သူ့အပေါ်ကောင်းမွန်

စွာဆက်ဆံ၍ အဆင့်အတန်းမခွဲခြားခဲ့ပေ။ ထို့

ကြောင့် ထိုသူများအပေါ် ကျိုးယန်ကအမြင်

ကောင်းရှိသည်။

“အစ်ကို​ကြီးသဘောအတိုင်းပါပဲ ကျမနဲ့အဖိုးဝူ

အစ်မကိုင်ရီရီတို့က မြို့တော်ကိုစောင့်ရှောက်

ပေးပါ့မယ် စိတ်ချလက်ချသာသွားပါ”

စုယင်က ကျိုးယန်ကိုပြောလိုက်သည်။ သူမ

သည် ကျိုးယန်မရှိချိန် မြို့တော်ကိုအဖိုးဝူ ကိုင်

ရီရီတို့နှင့်အတူ ကာကွယ်ရန်နေခဲ့မည်ဖြစ်သည်။

“ ကျေးဇူးတင်ပါတယ် စုယင်”

ကျိုးယန်ကပြုံး၍ ပြောလိုက်သည်။ပြီးနောက်

မီးတောက်အင်ပါယာဂိုဏ်းမှ ရရှိထားသည့်အရ

များကို ခွဲဝေစေကာ နောက်ထပ်လက်နက်နည်း

ပညာများကိုလည်း ထုတ်ပေးလိုက်သည်။ အင်

အားစုရမှတ်သန်းချီရှိသောကြောင့် မတွန့်တို

တော့ပေ။ သူမရှိချိန်တွင် နည်းပညာလေ့လာမှု

အပေါ်ဆက်၍ အားထုတ်စေကာ မြို့တော်၏

အင်အားကို တိုးလာစေရန် မှာကြားသည်။

ထိုရက်များတွင် မီးထိန်းချုပ်ခြင်းနှင့် ဆေးပ

ညာကိုလည်း အချိန်ပေးကာလေ့လာသည်။

ဆေးပညာပထမတွဲတွင် သုံးဆင့်သာရှိသော်လဲ

သုံးဆင့်လုံးပြီးမြောက်ထားပါက အဆင့်မြင့်

ဆေးဆရာတဦးဖြစ်လာမည်ဖြစ်ပြီး ပကတိရှင်

သန်ခြင်းအဆင့်များအသုံးပြုနိုင်သည့် ဆေးလုံး

များ ဖော်စပ်နိုင်မည်ဖြစ်သည်။

ရက်အနည်းငယ်ပြင်ဆင်ပြီးနောက် ခရီးထွက်

ရန်နေ့သို့ရောက်ရှိလာသည်။ ကျိုးယန်တယော

က်ခရီးရှည်တခုထွက်မည်ကို ခေါင်းဆောင်များ

နှင့် လူအချို့သာသိကာ အခြားသူများအမြင်

တွင် တံခါးပိတ်ကျင့်ကြံ၍ အဆင့်တက်မည်ဟု

သာသိထားပေမည်။

ကိုင်ရီရီက ကျိုးယန်ကိုကြည့်ကာအတွေးများ

နေလေသည်။ ကျိုးယန်သည် မဖြစ်နိုင်သည့်

နည်းပညာများကိုပိုင်တိုင်ထားသည်သာမက

အဆင့်၄ ဆင့်သာလွန်သည့် ပညာရှင်ကိုလည်း

ရင်ဆိုင်သတ်ဖြတ်နိုင်သည့်အထိ ခွန်အားကြီး

လာပြီဖြစ်သည်။ ထို့ကြောင့် ကျိုးယန်သာထီး

နန်းရသွားပါက အနောက်ဘက်ဒေသသည် ယ

ခင်ကထက်ပို၍တိုးတက်လာမည်ဖြစ်ပြီး သူမ

တို့မြွေမျိုးနွယ်၏ ရှေ့အနာဂတ်သည်လည်း

သာယာပေတော့မည်။ သို့သော်ထိုအရာထက်

ကျိုးယန်ထွက်ခွာသွားမည့်အပေါ် ဝမ်းနည်းနေ

သလိုခံစားနေရသည်လား သူမ မသိပေ။

စုယင်သည်လည်း ကျိုးယန်နှင့်အချိန်တခုအ

ကြာအတူရှိခဲ့ပြီးနောက် နေရာအတော်များများ

ကိုအတူလိုက်ပါခဲ့သော်လည်း ယခုတော့သူမ

မလိုက်ပါနိုင်သည့် ခရီးအတွက်စိုးရိမ်နေလေ

သည်။

ကျိုးယန်က အဖိုးဝူ စုယင် ကိုင်ရီရီနှင့် အခြား

သူများကို နှုတိဆက်ကာမြို့တော်၏အရှေ့တံ

ခါးမှ တိတ်တဆိတ်ထွက်ခွာသွားတော့သည်။

အလယ်ပိုင်းဒေသ နန်းမြို့တော်ကြီးသည်

အနောက်ဘက်ဒေသနှင့်ဆိုလျှင် နီးကပ်သည်

ဟုဆိုနိုင်ကာ ရက်အနည်းငယ်ပင်ကြာမည်ဖြစ်

သည်။ လမ်းတွင် ဆေးပညာရပ်ကိုလေ့လာပြီး

စနစ်၏ တွန့်တိုသော ခွင့်ပြုချက်တခုဖြင့် ရုပ်

ပြောင်းရုပ်လွဲကျင့်စဥ်ကိုလည်း ဝယ်ယူခွင့်ရ

လိုက်ကာ ကျင့်စဥ်ကိုအလျင်အမြန်တက်ကျွမ်း

ပြီးနောက် အသွင်အပြင်ကိုပြောင်းလိုက်သည်။

လတ်တလောတွင် သူ၏ဂုဏ်သတင်းသည်

ကျယ်ပြန့်နေသည့်အတွက် မူလပုံစံဖြင့်သွား

လာသည်က အလယ်ပိုင်းဒေသကိုဝင်လျှင်

အဆင်မပြေနိုင်ပေ။ လိုအပ်မှသာ မူလပုံစံကို

ထုတ်ဖော်မည်ဖြစ်သည်။

ကျိုးယန်သည် အ​နေက်ဘက်ဒေသမှ အလယ်

ပိုင်းမြို့တော်ကြီးအထိ ကုန်သည်များ၏လမ်း

ကြောင်းအတိုင်းထွက်လာခဲ့သည်။ မြို့တော်

အသစ်၏ဂုဏ်သတင်းကြောင့် ကုန်သွယ်သူ

များပိုများလာကာ လမ်းတလျှောက် ရထားလုံး

များ မြင်းများအသီးသီးဖြင့် ကုန်သည်များ

သွားလာနေကြသည်ကိုတွေ့ရသည်။ ကုန်စည်

များသည်လည်း အရပ်ဒေသအသီးသီးမှဖြစ်

ကာအမျိုးအစား စုံပေသည်။

“မြို့တော်အသစ်နဲ့မီးတောက်အင်ပါယာဂိုဏ်းရဲ့

တိုက်ပွဲကတော့ အကြီးအကျယ်ပဲဟေ့”

“ဟုတ်လား ပြောစမိးပါဦး”

“မင်းတို့ငါတို့အားလုံး အမှိုက်မင်းသားလို့သိ

ထားတဲ့ မင်းသား၈က သူ့ထက်အဆင့်၄ဆင့်

ပိုမြင့်တဲ့ မီးတောက်အင်ပါယာဂိုဏ်းချုပ်ကို

တယောက်ချင်းယှဥ်ပြိုင်ပြီး အနိုင်ယူခဲ့တာကွ”

တဖက်လူက မှင်သက်သွားသည်။

“တယောက်ချင်းတဲ့လား ဒါဆိုသူက ပကတိရှင်

သန်ခြင်းအဆင့်ပေါ့ အသက်၂၀ နဲလေ”

“ဟုတ်ပါ့ သူ့ကိုဘာလို့အမှိုက်လို့အမည်တပ်ကြ

လဲငါတော့တွေးမရဘူး နောက်ပြီးအဲဒါထက်ပို

ထူးဆန်းတာက မင်းသားရဲ့တပ်ဖွဲ့ဝင်တွေကိုင်

ထားတဲ့လက်နက်ဆန်းတွေပဲ အရမ်းကြောက်ဖို့

ကောင်းတယ် တိုက်ပွဲအပြင်အဝေးတနေရာက

ပစ်တာတောင် ကျင့်ကြံသူတွေကမရှောင်နိုင်ကြ

ဘူးတဲ့”

ထိုသူ၏စကားကို တခြားသူမှလည်းထောက်ခံ

သည့်ဟန်ဖြင့် ခေါင်းညိတ်ပြကာ

“အဲ့လက်နက်အကြောင်းတော့ ငါလည်းနည်း

နည်းကြားထားတယ် အသံကကျယ်ပြီး ထိလို

က်တာနဲ့ သေကွင်းသေကွက်ကိုမထိရင်တောင်

ဒဏ်ရာပြင်းထန်တယ်ဆိုပဲ”

“ဟုတ်တာပေါ့ကွာ အဲ့ဒါကြောင့်လည်း အင်အား

ကြီးဂိုဏ်းတွေက လက်နက်နဲ့ပက်သက်တဲ့

နည်းပညာကို ရယူဖို့ကြိုးစားကြမယ်လို့ ငါထင်

နေတယ် မြို့တော်အသစ်ကတော့ မဆုံးတဲ့

တိုက်ပွဲရှည်တွေရင်ဆိုင်ရတော့မှာပဲ”

သူတို့၏မလှမ်းမကမ်းတွင် လိုက်ပါလာသည့်

ကျိုးယန်က စကားများကိုတိတ်တဆိတ်နား

ထောင်နေလေသည်။ ထိုသူများ၏စကားအရ

သူ့ရဲ့လက်နက်များအပေါ်စိတ်ဝင်စားမှုရှိလာ

ကာ လက်နက်နည်းပညာကိုရယူနိုင်ဖို့ ရန်သူ

များက ကြိုးစားလာနိုင်သည်ကို သူလည်းတွေး

မိလေသည်။ အဓိက ရန်သူများအနေဖြင့်

ပထမနဲ့ဒုတိယအစ်ကိုတော်မင်းသားများဘက်မှ

အင်အားစုများဖြစ်သည်။

All Chapters