မဟူရာမြို့တော်
Vol. 6 Ch. 84
ရက်အနည်းငယ်ကြာပြီးနောက် ကျိုးယန်သည်
အလယ်ပိုင်းဒေသနှင့်ထိစပ်နေသည့် အနောက်
ဘက်ဒေသ၏မြို့တော် မဟူရာမြို့သို့ရောက်ရှိ
လာသည်။ နန်းမြိူ့တော်ကြီးသည် အလယ်ပိုင်း
ဒေသတွင်ရှိကာ ဒေသလေးခုနှင့်ထိစပ်လျက်ရှိ
ပြီး ထိုထိစပ်ရာနေရာများတွင် ကြားခံမြို့တော်
တခုစီလည်းရှိပေသည်။ မဟူရာမြို့တော်သည်
ထိုမြို့၄ခုအနက်မှ တစ်ခုဖြစ်ပြီး အလယ်ပိုင်း
ဒေသနှင့် အနောက်ပိုင်းဒေသကြားရှိမြို့ဖြစ်ပေ
သည်။
မဟူရာမြို့တော်သည် ထိစပ်မြို့တော်၄ခုထဲ
တွင်အကြီးဆုံးမြို့ဖြစ်သော်လည်း မြို့တော်၏
သွင်ပြင်များတွင်တော့ အနိမ့်ဆုံးဖြစ်သည်။
တကိုယ်ကောင်းဆန်သည့် မိသားစုကြီးများမှ
ထိန်းချုပ်ထားကာ ဂိုဏ်းအချို့ရှိသော်လည်း
အခြားဒေသများမှဂိုဏ်းများကဲ့သို့ အားမကော
င်းပေ။
ကျိုးယန်သည် မဟူရာမြို့တော်ရှိ လမ်းမပေါ်
တွင်သွားလာလျက်ရှိကာ လမ်းဘေးဝဲယာရှိ
ဆိုင်ငယ်များ စျေးဆိုင်ခန်းများနှင့် အနည်းငယ်
ရှုပ်ယှက်ခတ်နေသည့် လူများကိုကြည့်နေသ
ည်။ မူလသွင်ပြင်ကို ပြောင်းလဲထားပြီး ယခုပုံစံ
သည် အသားအနည်းညိုကာ သန်မာသည့်ကိုယ်
ခန္ဓာပုံစံရှိသည်။ ထိုကဲ့သို့အသွင်ပြင်ပြောင်းလဲ
မှုကို ပကတိရှင်သန်ခြင်းအဆင့်များပင် မြင်ရန်
ခက်ခဲနိုင်သည်။ ယခုမဟူရာမြို့တော်တွင် ပက
တိရှင်သန်ခြင်းအဆင့် အချို့ရှိသော်လည်း
လက်တဆုပ်စာဦးရေပင်ဖြစ်ကာ အဆင့်များ
မှာလည်း မြင့်မားခြင်းမရှိပေ။
မြို့လယ်တွင်တည်းခိုရာနေရာတခုရှာကာ တည
အနားယူရန်တွေးလိုက်သည်။
“တယောက်ခန်း တခန်းပေးပါ”
ဧည့်ကြိုကောင်တာရှိဝန်ထမ်းက ကျိုးယန်၏ပုံ
စံကိုကြည့်ကာ
“ကျတော်တို့ဆီမှာ သာမန်အဆင့်အခန်းနဲ့
အဆင့်မြင့်အခန်း ပြီးတော့ ထိပ်တန်းအဆင့်
အခန်းဆိုပြီး ၃မျိုးရှိပါတယ် သာမန်အဆင့်
အခန်းကတော့ တညကိုရွှေစ ၂စဖြစ်ပြီး အဆင့်
မြင့်အခန်းကတော့ ရွှေစ ၅စ ထိပ်တန်းအဆင့်
အခန်းက အကောင်းဆုံးပဲ သူကတော့ရွှေစ
၁၀၀ ကျသင့်ပါတယ်”
“ဘာတွေများကွာခြားသွားလို့လဲ စျေးနှုန်းက
အရမ်းကွာနေတယ်”
ကျိုးယန်၏အမေးကို ဝန်ထမ်းမှ
“ထိပ်တန်းအဆင့်အခန်းထဲမှာ ကျင့်ကြံသူတွေ
အတွက် စိတ်ဝိဉာဥ်အားဖြည့်ပေးတဲ့အမွှေးတိုင်
စိတ်ဝိဉာဥ်သစ်သီးအချို့နဲ့ ချီစွမ်းအင်စုဆောင်း
နိုင်တဲ့ အဆင့်၁ အစီအရင်ကြီးလည်းရှိထားပါ
တယ်”
ကျိုးယန်ကဝန်ထမ်းကိုခေါင်းညိတ်ပြလိုက်ကာ
ထိပ်တန်းအဆင့်အခန်းအတွက် ငွေပေးချေလို
က်သည်။ ဝန်ထမ်းပြောပြသည့်အရာများသည်
အဆင့်နိမ့်များသာဖြစ်ကာ ပကတိရှင်သန်ခြင်း
အဆင့်ရှိသူများအတွက် အသုံးမဝင်ပေ။
အခန်းသည် မီတာ ၃၀ခန့်ကျယ်ကာ ကြီးမား
သည့် ကုတင်တလုံး စားပွဲနှင့်ထိုင်ခုံအချို့ရှိပြီး
စားပွဲပေါ်တွင်လည်း အဆင့်နိမ့်စိတ်ဝိဉာဥ်သစ်
သီးအချို့တည်ခင်းထားလေသည်။ အခန်းထဲ
သို့ ဝင်လျှင်ဝင်ချင်း မွှေးပျံသည့်အနံ့တမျိုးက
ကျိုးယန်၏စိတ်ကို တဒဂ်ကြည်လင်သွားစေ
သည်။
“မဆိုးပါဘူး အဆင့်နိမ့်ဆိုပေမယ့် သိုင်းပညာ
ရှင်တယောက်ဆိုရင် အချိန်တခုထိသက်ရောက်
နိုင်တယ်”
ကျိုးယန်က အမွှေးတိုင်ကိုအနည်းငယ်သဘော
ကျသွားမိသည်။ အခန်းတခုလုံးကိုဝေ့ဝဲကြည့်
ပြီးနောက် ကုတင်ပေါ်တွင်တင်ပျဥ်ခွေထိုင်ကာ
ကျင့်ကြံမှုကိုမစတင်ခင် အချိန်အနည်းငယ်
အနားယူရန်ပြင်ဆင်လိုက်သည်။
ထိုစဥ် မဟူရာမြို့တော်၏မြို့တော်ခန်းမတွင်
လူတစုရှိနေကာ တစုံတရာကိုအလေးအနက်
ဆွေးနွေးနေကြပုံရှိသည်။
“ကျုပ်တို့မင်းသား၈ရဲ့ ခွန်အားကိုလျစ်လျူရှူ
လို့မရတော့ဘူး အချိန်တခုထပ်ကြာလာရင် သူ
ကပိုအင်အားကြီးလာပြီးတော့ အနောက်ဘက်
တောတွင်းဒေသကနေ ကျုပ်တို့မြို့တော်ထိ
ရောက်ရှိလာနိုင်တယ်”
လူတစ်ဦးမှစတင်ကာပြောလာသည်။ ထိုသူမှ
ကျောက်မိသားစုခေါင်းဆောင် ကျောက်လုံဖြစ်
ကာ ကျင့်ကြံမှုသည် ပကတိရှင်သန်ခြင်းအဆင့်
၁ ဖြစ်သည်။
“ဟုတ်တယ် သူ့ကိုအရင်က အမှိုက်လို့သဘော
ထားလို့ရပေမယ့်အခုသူက ထူးဆန်းတဲ့လက်
နက်ဆန်းတွေရဲ့ အကူညီကြောင့်အင်အားပိုကြီး
လာနေပြီ နောက်ပြီး သူ့နောက်မှာ မြွေမျိုးနွယ်စု
ရဲ့မင်းသမီးက ပကတိရှင်သန်ခြင်းအဆင့် ၅ပဲ
အဲ့အဆင့်က ကျုပ်တို့အကုန်လုံးပူးပေါင်းပြီး
ဖြေရှင်းမှရမယ့်အနေထားဖြစ်သွားပြီ”
ရှမိသားစုခေါင်းဆောင်က ပြောလာသည်။
မဟူရာမြို့တော်ရှိ အင်အားကြီးမိသားစု၃ခုတွင်
ပကတိရှင်သန်ခြင်းအဆင့်များတဦးစီရှိထား
သော်လည်း အစောပိုင်းအဆင့်များသာဖြစ်ကာ
ပကတိရှင်သန်ခြင်းအဆင့်တွင် အဆင့်သေးတ
ဆင့်စီက ခွန်အားကွာဟမှုကြီးလေသည်။
ကျောက်လုံက မယုံနိုင်ဟန်ဖြင့်
“ကျုပ်အရင်က သတိထားသလောက် မြွေမျိုး
နွယ်မင်းသမီးက သိုင်းပညာရှင်အထွဋ်အထိပ်ပဲ
ရှိသေးတာပါ ဘယ်လိုကဘယ်လိုဖြစ်ပြီး ပက
တိရှင်သန်ခြင်းအလယ်ဆင့်ကို ခုန်ပျံကျော်လွှာ
ပြီးရောက်သွားရတာပါလိမ့်”
မုရုံမိသားစုခေါင်းဆောင်က
“ကျုပ်သိထားသလောက် မြွေမျိုးနွယ်ပိုင်နက်
မှာ သလင်းကျောက်မိုင်းတခုပေါ်လာပြီး မင်း
သား၈ အကူညီနဲ့သူတို့တွေ တူးဖော်လိုက်တယ်
ဆိုတာပဲ အဲ့တုန်းက သတင်းရလိုက်ပေမယ့်
ခဗျားတို့သိတဲ့အတိုင်း အနောက်ဘက်တော
တွင်းဒေသက သားရဲတောင်ကြောနဲ့နီးစပ်ပြီး
ကြမ်းတမ်းတယ်မဟုတ်လား”
အနောက်ဘက်တောတွင်းဒေသ၏ ကြမ်းတမ်း
မှုကို အခြားသူများကလည်း လက်ခံကြသည်။
ကျောက်လုံမှ
“အခု နန်းမြို့တော်ကရှုပ်ထွေးစပြုလာပြီ ဒုတိ
ယမင်းသားကလည်း မြောက်ဘက်ဒေသနဲ့
ထိစပ်နေတဲ့ ကြယ်ရောင်မြို့ထိ သူ့ရဲ့အာဏာကို
ဖြန့်ကျက်လာနိုင်တယ်ဆိုတော့ ပထမမင်းသား
နဲ့ တတိယမင်းသမီးတို့နဲ့ ခြေလှမ်းတူသွားပြီလို့
သက်မှတ်လို့ရတယ် ကျုပ်စိုးရိမ်တာက မင်း
သား၈ရဲ့ အာရုံကျုပ်တို့မဟူရာမြို့ကိုရောက်
လာမှာကိုပဲ”
ကျောက်လုံ၏စကားကို ရှမိသားစုခေါင်းဆောင်
မှ
“ သူသာထီးနန်းအတွက်လုပ်နေတာဆိုရင် သေ
ချာပေါက် ကျုပ်တို့ဆီလှည့်လာမှာ ဒါပေမယ့်
မီးတောက်အင်ပါယာဂိုဏ်းနဲ့တိုက်ပွဲမှာ သူ့ဘက်
ကလည်းအထိခိုက်များတယ်လို့ကြားထားတော့
ချက်ချင်းကြီး ရောက်လာမယ်မထင်ဘူး”
(ဟိုကမြို့လယ်တောင်ရောက်နေပြီ)
“ခဗျားဆိုလိုတာက ကျုပ်တို့မှာအချိန်နည်းနည်း
ကျန်နေသေးတယ်ပေါ့”
“ဟုတ်တယ် ကျုပ်တို့ဘက်တခုရွေးဖို့အချိန်တန်
နေပြီ ခဗျားသိပါတယ် ကျုပ်တို့ဒေသက သား
ရဲတောင်ကြောနဲ့နီးစပ်ပြီး ချီစွမ်းအင်ကလည်း
တခြားဒေသနဲ့ယှဥ်ရင်နိမ့်ကျတယ် အဲ့ဒါကြောင့်
တော်ရုံပါရမီရှင်တွေတောင် ပကတိရှင်သန်ခြင်း
အဆင့်ကိုတက်ဖို့ခက်ခဲတယ်မဟုတ်လား အခု
ကျုပ်တို့အမှိုက်လို့သိထားတဲ့မင်းသားက ပက
တိရှင်သန်ခြင်းအဆင့်မှာကျုပ်တို့နဲ့အဆင့်တူ
နေပြီး သူ့ထက်အဆင့်အများကြီးပိုမြင့်တဲ့
မီးတောက်အင်ပါယာဂိုဏ်းချုပ်ကိုတောင် ထိပ်
တိုက်ရင်ဆိုင်သတ်ဖြတ်လာတာဆိုတော့ ကျုပ်
တို့သူ့ကိုရင်ဆိုင်ဖို့မလွယ်ဘူး”
မုရုံမိသားစုခေါင်းဆောင်ကအလေးအနက်တွေး
ဆဟန်ဖြင့်ပြောလာသည်။
“ခဗျားပြောတာမှန်တယ် ခေါင်းဆောင်ရှ ကျုပ်
တို့နီးရာဓားကိုဝင်မလား ဒါမှမဟုတ်လတ်တ
လောအင်အားကြီးနေတဲ့ဘက်၃ဘက်ကိုခိုဝင်
ကြမလား သေချာအချိန်ယူစဥ်းစားရလိမ့်မယ်”
အကုန်လုံးကဦးခေါင်းများကို ပြိုင်တူညိတ်
လိုက်ကြသည်။ သူတိူ့သည် မဟူရာမြို့တော်
တွင်ဘုရင်များဖြစ်ကြသော်လည်း အခြားဒေသ
မှမြို့တော်များရှိ မိသားစုများနှင့်ယှဥ်လျှင်တော့
ပမွှားသာဖြစ်သည်။
ထိုစည်းဝေးမှုသည် တိကျသည့်ဆုံးဖြတ်ချက်
တခုမထွက်ပေါ်လာသော်လည်း အကုန်လုံး၏
စိတ်ထဲတွင်တော့ လေးလံစပြုနေလေသည်။
ဧကရာဇ်၏တနေ့တခြားဆိုးရွားလာသည့် ကျန်း
မာရေး အပြင် ခြေလှမ်းသွက်လာသည့် မင်းညီ
မင်းသားများကြောင့် ပြည်ထောင်စုသည်လာ
မည့်ကာလများ၌ ပို၍ခက်ခဲလာတော့မည်ဖြစ်
ကာ ၎င်းတို့အနေဖြင့်အနာဂတ်အတွက်စဥ်းစား
ရမည့်အချိန်ရောက်လာလေသည်။
နောက်တနေ့မနက်စောစောတွင် ကျိုးယန်တ
ယောက် ကျင့်ကြံရာမှလန်းဆန်းစွာထလာကာ
ကိုယ်လက်သန့်စင်ပြီးနောက် မနက်စာအတွက်
အောက်ထပ်သို့ဆင်းလာလေသည်။ ဝန်ထမ်း
များသည် ကျိုးယန်ကိုထိပ်တန်းအဆင့်အခန်း
တွင်တည်းခိုသည်ကိုသိထားသောကြောင့် လို
သည်ထက်ပိုမိုရိုကျိုးနေကြသည်။
“သခင်လေးဒီဘက်ကိုကြွပါ ဒါက အထူးဧည့်
သည်တော်တွေအတွက်ပြင်ပေးထားတဲ့နေရာ
တခုပါ”
ဝန်ထမ်းတဦးမှ စားသောက်ခန်းမ၏ အပေါ်
ထပ်ရှိ အထူးဧည့်သည်များနေရာတွင်ထိုင်စေ
သည်။
“ကောင်းပြီ မနက်စာအတွက် စွပ်ပြုတ်တပွဲနဲ့
အသားဟင်းတချို့ ယူလာပေးပါ”
ကျိုးယန်ကဝန်ထမ်းကို မှာလိုက်သည်။ မနက်
အချိန်သာရှိသေးသော်လည်း စားသောက်ခန်းမ
သည် စားသုံးသူများအပြည့်ရှိနေလေသည်။
“ဒီလိုကျ မဟူရာမြို့တော်က လူများသားပဲ
မနေ့ကလမ်းပေါ်မှာသိပ်မတွေ့လိုက်ရတော့
လူသိပ်မရှိလောက်ဘူးထင်ခဲ့တာ”
ကျိုးယန်က မနက်စာစွပ်ပြုတ်နှင့်အသားဟင်း
လျာကို စားသောက်ရင်းပတ်သန်းကျင်ကိုလဲ
လေ့လာနေလေသည်။ စားသောက်ခန်းမထဲသို့
လူများတစတစ ဝင်ထွက်လာကာ ကျယ်လောင်
သည့်စကားပြောသံများဖြင့်ဆူညံလာသည်။
“မုရုံအိမ်တော်က သခင်မလေးကိုတွေ့ဖူးကြ
လား နတ်သမီးလေးအတိုင်းပဲကိုယ့်လူရေ
ကျုပ်ဆိုခနလေးတွေ့ရုံပဲရှိတာတောင် အသက်ရှူ
တောင်မှားတယ်”
“ဟုတ်လား မင်းကအပိုပြောနေတာပဲ ငါတော့
မထင်ဘူးကိုယ့်လူ”
“ဟာဟ မင်းမှ မုရုံသခင်မလေးကိုမတွေ့ဖူးပဲ
ဒီစကားပြောမှာပေါ့”
လူ၃ဦးမှ ဆိုင်ထဲတွင်ကျယ်လောင်စွာပြောဆို
နေကြသည်ကို ကျိုးယန်တယောက်နားမထောင်
သော်လည်း ကြားနေရသည်။
မုရုံအိမ်တော်ဆိုတော့ မုရုံမိသားစုပေါ့။ ဒါက
မဟူရာမြို့တော်မှာရှိတဲ့ မိသားစုကြီး၃စုထဲက
တစုပဲ။
………………………