ရှသခင်လေး ရှပင်
Vol. 6 Ch. 85
ကျိုးယန်သည် မိသားစုကြီး၃စုအကြောင်းကို
ကိုင်ရီရီမှတဆင့် ကြားဖူးကာ တောက်ချင်မှ
လည်း အချက်အလက်အချို့ပေးဖူးလေသည်။
သူတို့တွင် ပကတိရှင်သန်ခြင်းအစောပိုင်းအဆ
င့်ရှိ မိသားစုခေါင်းဆောင်များအသီးသီးရှိကြ
ကာ သူတို့၏လက်အောက်တွင် သိုင်းပညာရှင်
အထွဋ်အထိပ်များက အတော်များများရှိနေ
လေသည်။
“သူတို့က ငါ့လက်အောက်မှာမရှိသေးတဲ့မိသား
စုတွေပဲ သူတို့ကိုထိန်းချုပ်နိုင်ရင် မဟူရာမြို့ကို
ထိန်းချုပ်နိုင်လိမ့်မယ် ဒါဆို နန်းမြို့တော်ကိုခြေ
လှမ်းရာမှာ အထောက်အကူဖြစ်လာနိုင်တယ်”
ကျိုးယန်က တခြားသူများကဲ့သို့ နန်းမြို့တော်ရှိ
ရာအလယ်ပိုင်းဒေသအစပ်ထိ သူ့ရဲ့ခွန်အားကို
ဖြန့်ကျက်ထားချင်သည့် စိတ်ကူးရှိထားသည်။
ထိုစဥ် ဆိုင်ထဲသို့လူတစုဝင်လာသည်။ လူစု၏
အရှေ့ဆုံးတွင် အသက်၂၀ အရွယ်ချောမော
သည့်လူငယ်တဦးနှင့် မိန်းမပျိုတဦးပါလာကာ
သူတို့၏အနောက်တွင် သန်မာပုံရသည့်အစေခံ
အချို့နှင့်နောက်လိုက်အချို့လည်းပါလာသည်။
“အဲ့ဒါရှသခင်လေး ရှပင်မဟုတ်လား သူ့ဘေးက
မိန်းမလှလေးက နေပါဦးဘယ်သူများပါလိမ့်”
လူတဦးမှကျယ်လောင်စွာ ထပြောသည်။ ထိုသူ
သည် ရှသခင်လေးကိုသိသော်လည်း မိန်းမပျို
ကိုတော့ အသေချာသိဟန်မတူပေ။
“ဒါလေးတောင်မသိဘူးလား အဲ့ဒါက မုရုံသခင်
မလေးမုရုံရှီလေ”
“မုရုံသခင်မလေးလား ဘုရားရေ သူကသတင်း
တွေထက်ပိုချောတာပဲ နတ်ဘုရားမလေးတပါး
သေမျိုးလောကထဲဆင်းလာတာနဲ့တောင်တူနေ
တယ်”
ကျိုးယန်က လူစုကိုကြည့်လိုက်သည်။ ရှပင်ဟု
ခေါ်သည့် ရှသခင်လေးက သိုင်းပညာရှင်အဆင့်
၄တွင်ရှိကာ သူ့ဘေးရှိမိန်းမပျိုကတော့ သိုင်းပ
ညာရှင်အဆင့်၆ ဖြစ်သည်။ ထိုနောက်ရှိလူများ
ကတော့ သိုင်းပညာရှင်အဆင့် ၁ ၂များနှင့်စစ်
သည်တော်အဆင့်အစေခံအချို့တို့ဖြစ်သည်။
“ဟေ့ ငါရှသခင်လေးလာတယ် အကောင်းဆုံး
စားပွဲနဲ့ စားသောက်ဖွယ်ရာတွေအမြန်ပြင်ကြ
စမ်း”
ရှပင်က ဆိုင်ထဲရောက်ရောက်ချင်းပင် ဝန်ထမ်း
များကို အော်ဟစ်မှာကြားလာသည်။ ဝန်ထမ်း
များကလည်း ရှပင်၏အသံကိုကြားလျှင် ထိတ်
လန့်တကြားဖြစ်သွားကြကာ ကမန်းကတန်းပင်
စားသောက်ပွဲပြင်ဆင်ရတော့သည်။
“ဒီနေ့ မုရုံသခင်မလေးပါလာတယ် အထူးစားပွဲ
တခုလိုချင်တယ် မနှောင့်နှေးစေနဲ့”
ရှပင်မှဝန်ထမ်းများကိုအော်ငေါက်ပြီးနောက်
ချက်ချင်းပင် မုရုံသခင်မလေးဘက်လှည့်ကာ
“ညီမမုရုံ ဒီနေ့အစ်ကိုက ညီမလေးကိုဧည့်ခံပါ့
မယ် ဒီဆိုင်ကအကောင်းဆုံးဆိုတဲ့အစားအစာ
တွေ ညီမကြိုက်ရာသာထပ်မှာ ရတယ်”
ရှပင်၏မျက်နှာလုပ်မှုကို မုရုံရှီမှ မည်သည့်အမူ
အရာမှမပြပေ။ ဆိုင်ထဲသို့လှမ်းဝင်လာကာ
အပေါ်ထပ်သို့တက်လာသည်။ သူမ၏ပုံစံနှင့်
ပက်သက်၍ လူများက အလွန်အကျူးချီးကျူး
လောက်ရအောင်မဟုတ်ပေမဲ့ သူမသည်လည်း
ကိုင်ရီရီထက်မနိမ့်သည့် အသွင်အပြင်ရှိကာ
အသက်၂၀ မပြည့်ခင်မှာပင် သိုင်းပညာရှင်အ
ထွဋ်အထိပ်သို့ရောက်နိုင်ချေရှိသည်။ ထိုပါရမီ
က ကိုင်ရီရီထက်အနည်းငယ် နိမ့်ပေသည်။
မုရုံရှီက အပေါ်ထပ်ရှိစားပွဲများကိုကြည့်လိုက်
ရာလူများဖြင့်ပြည့်နေသည်ကိုတွေ့လိုက်ရသော
ကြောင့် မျက်နှာအနည်းငယ်တည်သွားရသည်။
ထိုအချင်းအရာကို သူမ၏နောက်မှလိုက်ပါလာ
သည့် ရှပင်ကသတိထားမိသွားကာ ဒေါသထွက်
သွားပုံရသည်။ အထူးစားပွဲများရှိရာကိုအကြည့်
ရောက်လာသည်။
ထိုအချိန်တွင် ကျိုးယန်ကလည်း မုရုံရှီကိုကြည့်
နေလေရာ ရှပင်နှင့်အကြည့်ချင်ဆုံမလိုဖြစ်သွား
ကာ ကျိုးယန်ကိုသတိပြုမိသွားသည်။
“ ဟေ့ကောင် မင်းအဲ့စားပွဲကနေအခုဖယ်ပေး
စမ်း ငါတို့ထိုင်မယ်”
ကျိုးယန်ဆီလျှောက်လာကာ တင်းမာခက်ထန်
စွာပြောလာသည်။
ဘာလဲဟ စားပွဲတွေအများကြီးကို ငါ့ကျမှဘာ
လို့လဲ။ ကျိုးယန်တယောက်စိတ်ရှုပ်ထွေးသွားရ
သည်။
“မင်း ငါပြောတကိုမကြားဘူးလားအခုထလိုက်”
တဖက်လူက သူ့စကားကိုမသိကျိုးကျွန်ပြုကာ
ဆက်၍စားသောက်နေသည်ကိုမြင်လျှင် ရှပင်
တယောက် ဒေါသအကြီးအကျယ်ထွက်သွားရ
သည်။ သူသည် မဟူရာမြို့တော်ရှိ ရှမိသားစု၏
သခင်လေးတဦးဖြစ်ကာ မဟူရာမြို့တော်တွင်
ရှမိသားစုအင်အားကိုလူတိုင်းသိထားသော
ကြောင့် အခုမထေ့မဲ့မြင်မဆက်ဆံရဲကြပေ။
“ထားလိုက်ပါ ကျမတို့အောက်ထပ်ပြန်ဆင်း
လိုက်မယ်”
မုရုံရှီက ရှပင်ကိုပြောလာသည်။သို့သော်ရှပင်က
မုရုံရှီကို လက်ကာပြ၍
“ဒီကောင့်ပုံစံကြည့်ရတာ ဒီဒေသကဟုတ်ပုံမရ
ဘူး ကျင့်ကြံမှုကလည်း သိုင်းပညာရှင်အစော
ပိုင်းအဆင့်ပဲရှိသေးတယ် ဒါတောင်ငါ့ကိုမထေ့
မဲ့မြင်လုပ်ရဲတယ်ပေါ့”
သိုင်းပညာရှင်အစောပိုင်းအဆင့်တဲ့လား။ ထိုအ
ရာက ကျိုးယန်မှ ကျင့်ကြံမှုကိုဖုံးကွယ်ထားပြီး
ဖော်ပြထားသည့် အဆင့်သာဖြစ်သည်။
“ငါစားသောက်နေချိန်မှာ ဘယ်ကခွေးလေခွေး
လွင့်က ငါ့စားပွဲနားထိရောက်လာပြီး အစာလာ
တောင်းနေတာလဲ ဝန်ထမ်းတွေ မင်းတို့ဆိုင်က
လမ်းဘေးခွေးလည်း ပေးဝင်တာပဲလားကွ”
ကျိုးယန်က ရှပင်ဘက်ကိုတချက်မှမကြည့်ပဲ
ဝန်ထမ်းများကိုသာ ဆူသလိုငေါက်သလိုပုံစံ
ဖြင့်လှမ်းပြောလိုက်သည်။
“ရှသခင်လေးကို လမ်းဘေးခွေးတဲ့ ဒီလူတော့
သေပြီပဲ”
“ဟုတ်တယ် ဒီလူက သူ့အဆင့်လေးနဲ့ဒီလိုပြန်
ပြောရဲတယ်လား”
ခန်းမထဲရှိလူများက မှင်သက်သွားကာ ကျိုး
ယန်၏သတ္တိကိုလည်း လေးစားသွားကြသည်။
မည်သူက မဟူရာမြို့တော်တွင် ရှသခင်လေးကို
စော်ကားရဲမည်နည်း။ ထိုအရာကသေလမ်းရှာ
ခြင်းပင်။
မုရုံရှီ၏ မျက်မှောင်လေးများသည် အနည်း
ငယ်ကြုတ်သွားကာ ကျိုးယန်ကိုကြည့်လာသ
ည်။ ကျိုးယန်၏စကားကိုကြားချိန် ရှပင်တ
ယောက် မျက်နှာကြီးနီရဲလာကာ ဒေါသထွက်
တာကြောင့် နားထဲမှလေများပင် အူထွက်လာ
သလိုခံစားလိုက်ရသည်။
“မင်းက ငါဘယ်သူလဲဆိုတာကိုမသိဘူးပဲ ဒီမြို့
မှာငါ့ကိုခုလိုဘယ်သူမှမပြောရဲဘူး”
ကျိုးယန်က ရှပင်ကိုအေးစက်စွာကြည့်ကာ
“မင်းဘာကောင်လဲ ငါစိတ်မဝင်စားဘူးငါအစား
စားနေချိန် မနှောင့်ယှက်နဲ့ အဝေးကိုလစ်တော့”
“မင်း…. ဒီကောင့်ကိုဆွဲထုတ်ကြစမ်း”
ရှပင်၏အသံက ကျယ်လောင်စွာထွက်ပေါ်လာ
ကာ သူ့နောက်လိုက်များကလည်း အသံကြား
သည်နှင့်ကျိုးယန်ဆီ ပြေးဝင်လာကြသည်။
“ထွက်သွားကြစမ်း”
ကျိုးယန်က လက်ကိုအသာယမ်း၍ ချီစွမ်းအင်
ဖြင့်ပင် ထိုသူများကိုအောက်ထပ်သို့ ပို့ပေးလို
က်သည်။
ဝုန်း
အားးး
သူ့လူများလွင့်စင်သွားသည်ကိုကြည့်ပြီး ရှပင်
လည်းမျက်ခုံးပင့်သွားရကာ ခက်ထန်စွာပြော
လာသည်။
“မင်းက အစွမ်းအစတော့ရှိသားပဲ ဒါပေမဲ့မင်း
အဆင့်လောက်နဲ့ ငါ့ကိုလာစမ်းလို့တော့မရဘူး”
ပြင်းထန်သည့်အရှိန်အဝါဖြင့် လက်သီးချက်တ
ခုကျိုးယန်ဆီရောက်လာသည်။ ကျိုးယန်သည်
ထိုလက်သီးချက်ကို မရှောင်ပဲ တည့်တည်ပင်
လက်သီးဖြင့်ပြန်ထိုးလိုက်သည်။
ဟမ့်. မင်းလိုကောင်ကများ။
ဖြောင်း..
အား…
အရိုးကျိုးသံတခုထွက်ပေါ်လာပြီး ရှပင်သည်
သူ၏ညာဘက်လက်ကိုဆုပ်ကိုင်ကာ လွင့်စင်
သွားပြီး အပေါ်ထပ်မှ ရုပ်ပျက်ဆင်းပျက်ပုံစံ
ဖြင့် ပြုတ်ကျသွားတော့သည်။
“ဟင် သိုင်းပညာရှင်အစောပိုင်းအဆင့်လေးက
အဆင့်၄ ရှိတဲ့ရှသခင်လေးကို လက်သီးချင်း
ယှဥ်ထိုးပြီး ဒဏ်ရာရစေတယ်တဲ့လား”
အကုန်လုံးက ကျိုးယန်ကိုကြောင်ငေးကာကြည့်
လာကြသည်။ သူတို့အမြင်တွင် ကျိုးယန်သည်
သိုင်းပညာရှင်အဆင့် ၁သာရှိကာ ရှပင်သည်
အဆင့်၄ ဖြစ်သောကြောင့် နိုင်ချေမရှိဟုထင်
ထားကြခြင်းဖြစ်သည်။ သို့သော် အထင်နှင့်အ
မြင် တက်တက်စင်လွဲသွားလေပြီ။
မုရုံရှီသည် ကျိုးယန်ကိုတချက်ကြည့်ကာ သက်
ပြင်းချလိုက်သည်။ ထိုလူသည်အစွမ်းအစချို့
ရှိသော်လည်း ရှမိသားစုကို ယှဥ်နိင်သည့်အနေ
ထားတော့မဟုတ်ပေ။ ကျိုးယန်၏အပြုအမူက
ဘေးတွေ့စေမည်ဟု ထင်သောကြောင့် သက်
ပြင်းချလိုက်ရခြင်းဖြစ်သည်။
ရှပင်သည် ကျိုးယန်၏ခွန်အားကိုသိပြီးနောက်
သူရင်ဆိုင်နိုင်သည့်လူမဟုတ်မှန်း သိသွားကာ
မျက်နှာမဲ့၍ အရိုးကျိုးရာမှရလာသည့်နာကျင်
မှုကို မူရုံရှီ၏အရှေ့တွင် မျက်နှာမပျက်စေရန်
တင်းခံနေလေသည်။
“မင်း ဒီမှာစောင့်နေလိုက် ငါပြန်လာခဲ့မယ်”
ကျိုးယန်ကိုကျယ်လောင်စွာကြိမ်းဝါး၍ မုရုံရှီ
ကိုပင် မခေါ်တော့ပဲ သူ့လူများ၏တွဲမမှုဖြင့်
ထွက်ခွာသွားတော့သည်။
ကျိုးယန်သည် ထိုကဲ့သို့ဇာတ်ထုပ်များကို သူ
ဖတ်ဖူးသည့် ရှန်းရှများတွင်အကြိမ်များစွာ
ဖတ်ထားဖူးသောကြောင့် ကိုယ်တွေ့ကြုံချိန်
တွင် ရှပင်၏စကားကိုတုန့်ပြန်ရန်မဆိုထားနှင့်
အကြည့်တခုဖြင့် အသိအမှတ်ပြုရန်ပင် ပျင်းရိ
နေလေသည်။
“ရှသခင်လေးက ရှမိသားစုကလူတွေကိုသွား
ခေါ်တာထင်တယ် ဒီလူတော့သေပြီပဲ”
“ဟုတ်တယ် ရှမိသားစုက ရှသခင်လေးကိုအလို
လိုက်ထားတာဆိုတော့ ရှသခင်လေးအခုလိုခံ
လာရတာကိုတွေ့ရင် သည်းခံမယ်လို့ငါတော့မ
ထင်ဘူး”
“ပွဲကောင်းတခုကြည့်ရတော့မယ်ထင်တယ်”
ခန်းမထဲရှိလူများသည် ထွက်ခွာသွားသည့် ရှပင်
တို့၏နောက်ကျောကိုကြည့်ကာ ပြောဆိုနေကြ
လေသည်။
“ငါတော့ ရှသခင်လေးအခုလိုခံလိုက်ရတာကို
သဘောကျတယ် ဒီမြို့မှာ အဲ့ကောင်ကရှမိသား
စုအရှိန်နဲ့ဘယ်လောက်တောင်ဆိုးရွားလဲ မင်းတို့
သိသားပဲမဟုတ်လား”
“တိုးတိုးပြောစမ်းပါ ဒီနေရာမှာ ရှမိသားစုနဲ့ရင်း
နီးတဲ့လူတွေရှိနေနိုင်သေးတယ် မင်း အသံကြော
င့် ဖားသေ မဖြစ်ချင်ရင် ပါးစပ်ပိတ်ထားလိုက်”
ကျိုးယန်က မနက်စာကိုဆက်စားချင်စိတ်မရှိ
တော့ပေ။ ကျသင့်ငွေအချို့ပေးချေကာ ခန်းမ
ထဲမှထွက်၍ ဆေးပင်များရောင်းရာဆိုင်များဆီ
သို့သွားလိုက်သည်။ သူသည်ဆေးပညာကျမ်း
ကို ဒုတိယအဆင့်ကိုရောက်နေပြီဖြစ်ကာ တတိ
ယအဆင့်ရောက်လိုပါက အဆင့်မြင့်ဆေးပင်
အချို့ဝယ်ယူကာ စမ်းသပ်ရန်လိုနေပေသည်။