← Chapters

တွေ့ဆုံခြင်း

Vol. 6 Ch. 86

တွေ့ဆုံခြင်း

Vol. 6 Ch. 86

ကျိုးယန်သည် ဆေးပင်များရောင်းချရာဆိုင်တ

ခုအတွင်းသို့ဝင်သွားလိုက်သည်။ ဆိုင်သည်အ

တော်အတန်ကြီးမားကာ ၂ထပ်အဆောက်ဦးတ

ခုဖြစ်သည်။ ဆိုင်ထဲသို့ဝင်ဝင်လိုက်ချင်းပင် ဆေးပင်များ၏ အနံ့များကိုရလိုက်သည်။ ပထ

မထပ်တွင် အဆင့်နိမ့်နှင့်အလယ်ဆင့်ဆေးပင်

များကိုထားရှိပြီး ဒုတိယထပ်တွင်တော့ အဆင့်

မြင့်ဆေးပင်အချို့နှင့် ဆေးလုံးအချို့ရှိပေသ

ည်။ ရွှေအသီး။နှစ်တထောင်ဂျင်စင်း။ ကြယ်မြ

က်နှင့် အခြားဆေးပင်အချို့ပါ စုံလင်စွာတွေ့ရ

သည်။

“မဆိုးဘူး မြို့တော်လေးတခုမှာ ဆေးပင်အမျာ

စုရှိနေတယ်”

ကျိုးယန်က ဆေးပင်များ၏စျေးနှုန်းများကို

ကြည့်လိုက်သည်။ ရွှေစ ၅စမှ ၁၀၀ ကျော်ထိရှိ

လေသည်။ သူ၏ဆေးပညာသည် ဒုတိယအ

ဆင့်တွင်ရှိနေပြီး တတိယအဆင့်သို့ရောက်လိုပါ

က အဆင့်မြင့်ဆေးများကိုဖော်စပ်ရန် လိုအပ်

နေသည်။

“ဒါတွေက ငါ့အတွက်သိပ်အသုံးမဝင်ဘူး အ

ပေါ်ထပ်တက်ကြည့်ရမယ်”

အပေါ်ထပ်သို့ရောက်လျှင် သူ့အတွက်လိုအပ်

သည့် ဆေးပင်အချို့တွေ့လိုက်ရသည့်အတွက်

ဝမ်းသာသွားသည်။ စျေးနှုန်းများကလည်း အ

ဆင့်မြင့်ဆေးပင်များပီပီ ကြီးမြင့်ကာ ရှားပါးလှ

သည်။

“အရွက်ကိုးခုပါ ကြယ်မြက်တခုကိုရွှေစ၅၀၀

ရှီး မတရားစျေးကြီးတယ်”

“နောက်ထပ် သွေးဂျင်စင်းနဲ့သလင်းသီးက ရွှေစ

၂၅၀”

“မဟာဝါးမြိုခြင်းအညွန့်က ရွှေစ ၃၀၀၀”

ကျိုးယန်တယောက် သွေးတက်လုနီးပါးဖြစ်နေ

သည်။ သူ့အနေဖြင့်လေ့ကျင်ရန်ထိုဆေးပင်များ

ကို အရေတွက်များများဝယ်ယူရန်လိုအပ်သည်

မဟုတ်လား။

“ဒါတွေအကုန်ဝယ်ဖို့ဆိုရင် မနည်းကုန်ကျသွား

နိုင်တယ် အဆင်မပြေသေးဘူး”

ကျိုးယန်သည် ဦးခေါင်းကိုခါကာ အောက်ထပ်

သို့ပြန်ဆင်းလာသည်။ ထိုအချိန်တွင် ချောမော

လှပသည့် အမျိုးသမီးငယ်လေးနှစ်ဦးဆိုင်ထဲ

ဝင်ရောက်လာသည်။ ထိုအမျိုးသမီးငယ်များ

ကိုတွေ့လျှင် ဆိုင်၏အရောင်းဝန်ထမ်းမှ ပျာပျာ

သလဲဟန်ဖြင့်

“ ကျောက်သခင်မလေးတို့လာတာပါလား ကြွပါ

ကျတော်တို့ဆီမှာ အဆင့်မြင့်ဆေးပင်အချို့အ

သစ်ရောက်ထားတာရှိပါတယ် အပေါ်ထပ်ကို

တက်ကြည့်လို့ရပါတယ်”

ကျောက်သခင်မလေးဆိုသည်မှာ မိန်းခလေးနှစ်

ဦးတွင် ပန်းရောင်ဂါဝန်ရှည်ကိုဝတ်ဆင်ထား

သည့်တယောက်အား ဆိုလိုခြင်းဖြစ်ဟန်တူပါ

သည်။ သူမသည် ဖြူဝင်းသောအသားအရေနှင့်

ဖြောင့်စင်းသည့်နှာတံလေးများအပြင် မျက်နှာ

ဝိုင်းဝိုင်းလေးက လပြည့်ဝန်းလေးပမာဖြစ်ကာ

နီရဲရဲနှုတ်ခမ်းတစုံပေါင်းစပ်လိုက်ချိန်မှာတော့

သူမ၏အလှတရားသည် ရိုးရှင်းစွာပင်ပြည့်စုံ

သွားပေသည်။ ကျိုးယန်၏အကြည့်ကိုသတိ

ထားမိသည့်သူမက ကျိုးယန်ရှိရာတချက်လှည့်

ကြည့်လိုက်သည်။ ပြီးနောက်အနည်းငယ်အံ့သြ

သွားဟန်ဖြင့်

“ရှင်ပဲ ရှသခင်လေးကို ဒီမနက်တိုက်ခိုက်လိုက်

တဲ့တယောက်မဟုတ်လား”

ဟမ်.။အချိန်ကဘယ်လောက်ကြာသေးလို့လဲ။

သတင်းကပြန့်တာမြန်လှချည်လား။ ထို့အပြင်

တဖက်သူက သူ့ကိုတွေ့သည်နှင့်တန်းသိနေလေ

သည်။ ငါ့ပုံတွေနဲ့များသတင်းကိုတခါတည်းဖြန့်

လေသလားပဲ။ ကျိုးယန်က သူမကိုတချက်စူး

စိုက်ကြည့်လိုက်ပြီး ခပ်တည်တည်ဖြင့်ပြန်မေး

လိုက်သည်။

“အဲ့ဒီတော့ ခဗျားကကော ကျုပ်ကိုဘာလုပ်ချင်

တာလဲ”

သူမလေးက မျက်မှောင်အနည်းငယ်ကြုတ်သွာ

ရသော်လည်း ချက်ချင်းပင် အမူအရာကိုပြန်

ထိန်း၍ ကျိုးယန်ကိုပြောလာသည်။

“ရှင်အခုထိ ဒီမြို့ကထွက်မသွားသေးတာကို

ကျမအံ့သြနေတာပါ ရှသခင်လေးရဲ့နောက်က

လူတွေရှင့်ကိုအလွတ်ပေးမယ်မထင်ဘူး”

“ကျုပ်သိပါတယ်”

ကျိုးယန်က ရုပ်တည်နဲ့ပင်ပြောလိုက်သည်။ သူ့

အတွက်ရှမိသားစုရှိလူအကုန်လာလျှင်လည်း

စိုးရိမ်စရာမရှိပေ။

“သခင်မလေး အဲ့လူကိုဘာမှပြောမနေနဲ့ သခင်မ

လေးက သူ့ကိုစိုးရိမ်လို့သတိပေးမလို့ဟာ ပုံစံ

ကိုက အချိုးမ​ပြေဘူး”

ဘေးရှိ အနည်းငယ်ချောမောသည့်တယောက်မှ

ဝင်ပြောလာသည်။ ထိုမိန်းကလေးသည် သူမ၏

အစေခံမိန်းကလေးဖြစ်ဟန်တူသည်။

“ချင်းချင်း နင့်ကိစ္စမဟုတ်ဘူးဝင်မပါနဲ့”

သူမက ချက်ချင်းပင်ဟန့်လိုက်သည်။ပြီးနောက်

ကျိုးယန်ကိုကြည့်၍

“ကျမက ရှင့်လိုပါရမီရှင်လူငယ်တဦးအလကား

သက်သက် အလေအလွင့်ဖြစ်မှာကိုစိုးရိမ်လို့ပါ

ရှမိသားစုအကြောင်းကို ရှင်မသိထားတော့သူ

တို့ဘယ်လောက်ရက်စက်လဲ သိမှာမဟုတ်ဘူး”

ကျိုးယန်ကဒီတခါတော့ သူမ၏စေတနာကို

မြင်လိုက်မိသည့်အတွက် အနည်းငယ်ပြုံးကာ

“ကိစ္စမရှိပါဘူး ကျုပ်အတွက်အဆင်ပြေတယ်”

ကျောက်သခင်မလေးက ကျိုးယန်ကိုရှောင်၍

အပေါ်ထပ်သို့တက်သွားလေသည်။ သူမ၏အ

နောက်မှ အစေခံမိန်းကလေးက လှေကားပေါ်

တက်နေစဥ်တွင် စကားများရေပက်မဝင်အောင်

ပြောနေလေသည်။

“သခင်မလေး အသက်ရှည်ဆေးကအဆင့်မြင့်

အဆင့်မဟုတ်လား အဲ့အတွက်လိုအပ်တဲ့ဆေး

ပင်တွေက ဒီမှာရနိုင်ပါ့မလား နောက်ပြီးအဲ့ဆေး

လုံးက ဖော်စပ်ဖို့ခက်တယ်လို့ သခင်မလေး

ပြောတာ ကျမကြားဖူးတယ် ခု​နောက်တခါထပ်

ပြီးကြိုးစားကြည့်ဦးမလို့လား”

ကျောက်သခင်မလေးက လှေကားပေါ်တွင်ခန

ရပ်၍ အစေခံမလေးကိုကြည့်လာသည်။

“နင်ဘယ်လိုတောင်စကားများနေတာလဲ ငါဒီ

တခါဖော်မယ့်ဆေးကအသက်ရှည်ဆေးမဟုတ်

သလို အဆင့်မြင့်ဆေးလည်းမဟုတ်ဘူး နင်ဘာ

မှမသိရင် ပါးစပ်ပိတ်ပြီးငါ့အနောက်ကလိုက်ခဲ့”

ကျိုးယန်သည် သူမတို့ပြောသည်ကိုကြားလျှင်

အနည်းငယ်စိတ်ဝင်စားသွားသည်။သူမကဆေး

ပညာရှင်တစ်ဦးတဲ့လား။ သူမကိုကြည့်ရာတွင်

ကျင့်ကြံမှုအဆင့်မှာ သိုင်းပညာရှင်အဆင့်၁ကို

ရောက်ကာစအခြေနေမှာပဲရှိပြီး ထိုအဆင့်၏

စိတ်ဝိဉာဥ်စွမ်းအားက အလယ်အလတ်ဆေး

များကိုဖော်စပ်ရန်ပင် အခက်ခဲရှိသည်။ အနည်း

ဆုံးသိုင်းပညာရှင်အလယ်ဆင့်သို့ရောက်ထားမှ

သာ ဖော်စပ်နိုင်မည်ဖြစ်သည်။ သူမကအလယ်

အလတ်အဆင့်တွင်မည်သည့်ဆေးလုံးကိုဖော်

စပ်ရန်တွေးနေသနည်း။ ကျိုးယန်သည်သူလဲ

အနည်းငယ်အချိန်ရှိသေးပြီး ပျင်းရိနေသည့်အ

တွက် အပေါ်ထပ်သို့တက်သွားလိုက်ပြန်သည်။

ကျိုးယန်သိထားသည့်ဆေးပညာရှင်များတွင်

အမျိုးသမီးဆေးပညာရှင်က မရှိသလောက်

နည်းပါးကာ ဆေးကျေးရွာကဆေးပညာရှင်အ

မျိုးသမီးသည် အသက်အရွယ်ကြီးရင့်နေပြီး

အဆင့်နိမ့်ဆေးများကိုသာဖော်စပ်နိုင်လေသည်။ ထိုအတွက် ထိုမိန်းကလေးသာ အမှန်တကယ်

ပင် အလယ်အလတ်အဆင့်ဆေးများဖော်စပ်

နိုင်မည်ဆိုပါက နောင်တွင်ဆေးပညာ၌သူမ၏

အဆင့်သည်ထိပ်တန်းသို့ရောက်လာနိုင်သည်။

ကျိုးယန်တယောက် အပေါ်ထပ်သို့တက်လိုက်

လာသည်ကိုမြင်လျှင် အစေခံမလေးက မျက်

မှောင်ကြုတ်ကာ ဘုကြည့်ကြည့်လာသည်။သူမ

သဘောကာ မည်သည့်ရည်ရွယ်ချက်ဖြင့်လိုက်

လာသနည်းဟု မေးနေပုံရသည်။ ထိုအရာကို

မြင်လျှင်ကျိုးယန်က ပုခုံးတွန့်ပြလိုက်သည်။

“သခင်မလေးဟိုလူလိုက်လာတယ်သိလား သူ

လည်းဆေးပညာရှင်လားမသိဘူး ဒါပေမယ့်

အဆင့်နိမ့်လောက်ပဲရှိဦးမှာပါ”

အစေခံမလေးမှ ကျောက်သခင်မလေးကိုခပ်

တိုးတိုးပြောလိုက်သည်။ ကျောက်သခင်မလေး

သည်ကျိုးယန်ရှိရာသို့ လှည့်ကြည့်လာသည်။

ပြီးနောက်

“ရှင်လည်း ဆေးလုံးဖော်စပ်တတ်တာလား

ဘယ်အဆင့်ဆေးလုံးတွေကို ဖော်စပ်နိုင်ပြီလဲ”

သူမ၏အမေးကို ကျိုးယန်ကအမှန်တိုင်းပင်ဖြေ

လိုက်သည်။

“ဒုတိယအဆင့် အဆင့်မြင့်ဆိုတော့အလယ်အ

လတ်ထဲမှာ အဆင့်မြင့်အဆင့်တော့ရလောက်ပါ

ပြီ”

“ဟမ့် လေလာကြီးနေတယ် သခင်မလေးတောင်

အလယ်အလတ်ကိုမှ အဆင့်နိမ့်ပဲရှိသေးတာ”

အစေခံမလေးက ကျိုးယန်၏စကားကိုမယုံပေ

ကျိုးယန်တယောက် မိန်းမလှလေးကိုကြောင်

ရန် ​ကြွားနေသည်ဟုသာထင်သည်။ ကျောက်

သခင်မလေးကလည်း ကျိုးယန်ကိုခပ်စူးစူး

တချက်စိုက်ကြည့်ကာ မေးလာသည်။

“ရှင်က တကယ်ပဲဒုတိယအဆင့်ကို အဆင့်မြင့်

ဆေးလုံးတွေဖော်စပ်နိုင်ပြီတဲ့လား”

“ဟုတ်တယ်”

“ကျမရှင့်ကိုတခုလောက်မေးမလို့ဒုတိယအဆင့်

တွေထဲက အရိုးနဲ့သွေးကြောတွေကိုပြုပြင်ပေး

တဲ့ဆေးလုံးကို ရှင်ဖော်စပ်နိုင်လား”

ကျိုးယန်ကမျက်မှောင်ကြုတ်၍ သူမကိုပြန်မေး

လိုက်သည်။

“ခန္ဓာကိုယ်သန့်စင်ဆေးကိုပြောတာလား”

တခုသိထားရမည်က ခန္ဓာကိုယ်အားဖြည့်ဆေး

နှင့် ခန္ဓာကိုယ်သန့်စင်ဆေးသည်မတူပေ။ ခန္ဓာ

ကိုယ်အားဖြည့်ဆေးသည် အားဖြည့်ဆေးတခု

ကဲ့သို့အလုပ်လုပ်ပြီး ခန္ဓာကိုယ်သန့်စင်ဆေးက

တော့ အရိုးနှင့်သွေးကြောများပျက်စီးကာ ကျင့်

ကြံဆင့်ဆုံးရှုံးသွားသူများသောက်သုံးသည့်

ဆေးလုံးဖြစ်သည်။

“ကျုပ်တခါမှ မဖော်စပ်ဖူးဘူး ဒါပေမယ့်ကြိုး

စားကြည့်လိုရပါတယ် ဘာလို့လဲ”

ကျိုးယန်၏စကားကိုကြားလျှင်သူမက

“ကျမကအဲ့ဆေးကိုဖော်စပ်ဖို့ကြိုးစားနေတာ

ကျမရဲ့ကျင့်ကြံမှုနဲ့စိတ်ဝိဉာဥ်စွမ်းအားကမလုံ

လောက်ဘူးဖြစ်နေတယ် ရှင်သာအမှန်တကယ်

ဖော်စပ်နိုင်ရင် ကျမကိုကူညီပေးနိုင်မလား”

အစေခံမလေးမှ ချက်ချင်းပင်ဝင်ပြောလာတော့

သည်။

“သခင်မလေး သူကသခင်မလေးအနားကပ်ချင်

လို့လိမ်နေတာဆိုရင်ဘယ်လိုလုပ်မလဲ သူ့ကိုအ

လွယ်တကူမယုံလိုက်နဲ့နော်”

ကျောက်သခင်မလေးက အစေခံမလေးကိုချက်

ချင်းပင် ဒေါသတကြီးဆိုလာသည်။

“နင်ဘာမှဝင်မပြောပဲနေလို့မရဘူးလား”

ကျိုးယန်က သူမတို့ကိုအသာရပ်ကြည့်နေကာ

သူ့အနေဖြင့် သူမ၏ဆေးဖော်စပ်မှုကိုကူညီရန်

သင့်မသင့် စဥ်းစားနေသည်။

“ရှင်သာ ကျမကိုကူညီပြီးဖော်စပ်ပေးရင် ရှသ

ခင်လေးကိစ္စ ရှင့်ကိုအငြိုးမထားဖို့ကျမ ကူညီ

ပေးနိုင်ပါတယ်”

ကျိုးယန်ကသူမ၏စကားကိုကြားလျှင် နှုတ်

ခမ်းထောင့်များတွန့်ကွေးသွားသည်။ သူမက

ကျိုးယန်တယောက် ရှမိသားစုကိုစိုးရိမ်နေပုံရှိ

သည်ဟုထင်နေသည်။

“ရှမိသားစုကိစ္စလောက်ကို ကျုပ်ကခေါင်းထဲ

တောင်ရှိမနေပါဘူး တခြားအရာတခုပြောပါ

ကျုပ်စိတ်ဝင်စားရင် ဆေးလုံးဖော်စပ်တဲ့ကိစ္စကို

ကူညီဖို့စဥ်းစားပေးမယ်”

ကျိုးယန်၏စကားကိုကြားလျှင် အစေခံမလေး

မှ မကျေမနပ်ဟန်ဖြင့်ပြောလာသည်။

“ရှင်ကဆေးပညာရှင်အစစ်ဟုတ်မဟုတ်ဘယ်

သူပြောနိုင်လို့လဲ ရှင်လိမ်နေတာဆိုရင်ကော

ဘယ်သူကသိမှာလဲ ကျမတို့ယုံအောင်သက်သေ

ပြလိုက်လေ ဒါဆိုကျမတို့လည်းရှင်ပြောတာကို

စဥ်းစားပေးမယ် ဟုတ်ပြီလား”

ကျိုးယန်က ထိုစကားကိုကြားလျှင် အနည်းငယ်

ရယ်မောမိသွားသည်။ ထိုနှုတ်သီးကောင်းရှား

ပါးမိန်းကလေးသည် သူ့ကိုမကျေမနပ်ဖြစ်နေ

ဟန်ရှိသည်။ ကျိုးယန်က သူဆေးပညာလေ့

လာချိန်တွင်ဖော်စပ်ထားသည့် ချီစွမ်းအင်စု

စည်းပေးသည့် ဆေးလုံးများ အဆိပ်ဖြေဆေး

အချို့တို့ကို ထုတ်ပြလိုက်သည်။

“ဒါ ကျုပ်လေ့လာရင်းဖော်စပ်ထားတာ အကုန်

လုံး ဒုတိယအဆင့်အလယ်လတ်တွေချည်းပဲ”

ကျောက်သခင်မလေးသည် ကျိုးယန်၏လက်

ထဲမှဆေးလုံးများကိုယူကြည့်လိုက်သည်။ဆေး

လုံစများက အမဖျန်တကယ်ပင်ဒုတိယအဆင့်

အလယ်အလတ်ဆေးလုံးများဖြစ်ကာ အရည်

အသွေးကလည်း တကယ်ကောင်းပေသည်။

သူမသည်ပင် ထိုဆေးများကိုမဖော်စပ်နိုင်သေး

ပေ။

“ဒါတွေကို တကယ်ပဲရှင်ဖော်စပ်ထားတာပေါ့”

ကျိုးယန်ကခေါင်းညိတ်ပြလိုက်သည်။

“ကောင်းပြီ ကျမရှင်ကိုယုံလိုက်မယ် ရှင့်အနေနဲ့

ကျမဆီကဘာပြန်လိုချင်လဲ”

ကျိုးယန်က မေးကိုအသာပွတ်ကာစဥ်းစားဟန်

ပြုလိုက်သည်။ ခနအကြာမှ

“ကျုပ်မသိသေးဘူး စဥ်းစားလို့ရရင်ပြောမယ်

လေ ခဗျားအတွက်မခက်ခဲစေရပါဘူး”

ကျောက်သခင်မလေးကအတန်ကြာတွေးပြီး

နောက် ခေါင်းညိတ်ပြကာသဘောတူသည်။

“ကောင်းပြီ မနက်ဖန်မနက်ကို ကျောက်အိမ်

တော်ဆီလာခဲ့ပါ ကျမစောင့်နေမယ်”

သူမက ကျိုးယန်ကိုပြောပြီးနောက် ကျိုးယန်အ

ရှေ့တွင်ပင် ခန္ဓာကိုယ်သန့်စင်ဆေးအတွက်လို

အပ်သည့် ဆေးကုန်ကြမ်းများကိုဝယ်ယူကာ

ဆိုင်ထဲမှ ထွက်သွားတော့သည်။

“သူမက ဘယ်သူ့အတွက်ဆေးဖော်ချင်တာလဲ

သူမရဲ့အဖေလား မိသားစုဝင်လား ဒါမှမဟုတ်”

ကျိုးယန်တယောက်ဆက်မတွေးတော့ပေ။

မည်သည့်အရာကိုမှ မဝယ်ယူပဲဆိုင်ထဲမှထွက်

လာကာ တည်းခိုရာသို့ပြန်သွားလိုက်သည်။

All Chapters