← Chapters

ရှမိသားစု၏ဒေါသ

Vol. 6 Ch. 87

ရှမိသားစု၏ဒေါသ

Vol. 6 Ch. 87

ရှသခင်လေးတယောက် ဒဏ်ရာဖြင့်အိမ်တော်

သို့ပြန်ရောက်လာသည်ကိုကြားလျှင် ရှအိမ်

တော်တခုလုံးလှုပ်ခတ်သွားရသည်။ ရှသခင်

လေးသည် ရှမိသားစုခေါင်းဆောင်ကြီး၏ အ

ချစ်တော်မြေးတဦးဖြစ်ကာ မိသားစုတခုလုံးမှ

သည်းသည်းလှုပ်ခြင်းခံထားရသူ ဖြစ်သော

ကြောင့် ရှသခင်လေးဒဏ်ရာရလာသည့်ကိစ္စက

မိုးမီးလောင်တာထက်ပင် ဆိုးရွာပေသည်။ ရှပင်

သည် ညာဘက်ကိုလက်ကိုကိုင်ကာ ရှုံ့မဲ့မဲ့မျက်

နှာဖြင့် ရှမိသားစုခန်းမကြီးထဲသို့ ဝင်သွားလိုက်

သည်။ ခန်းမကျယ်ထဲတွင် ရှမိသားစုခေါင်း

ဆောင်ဖြစ်သည့် ရှပင်၏အဖိုး ရှလဲ့နှင့်ရှပင်၏

မိဘနှစ်ပါးလည်းရှိကာ အခြားအကြီးအကဲများ

ကလည်း ရှပင်ကိုစောင့်နေကြသည်။

“ငါ့သား မင်းဘယ်လိုဖြစ်ပြီးဒဏ်ရာရလာတာ

လဲ မင်းကိုဘယ်သူလုပ်တာလဲ အမေ့ကိုအခု

ပြောစမ်း”

ရှသခင်မကြီးက ဒေါသတကြီးဖြစ်နေသည့်လေ

သံဖြင့်မေးလာသည်။ သူတို့သည်အသက်ရကာ

မှ သားတဦးဖွားမြင်သောကြောင့် ထိုသားကိုပင်

အရာရာဟုသက်မှတ်ကာ အချစ်ပိုခဲ့ကြသူများ

ဖြစ်သည်။ ယခုတော့ သူတို့ရတနာသားလေးတ

ဖြစ်လဲ ရှပင်တယောက်တိုက်ခိုက်ခံလာရသည်။

ယင်းက ရှပင်၏မိဘအနေဖြင့် မည်ကဲ့သို့သည်း

ခံနိုင်မည်နည်း။

“အဲ့ကောင်က ဘယ်သူလဲ ဘယ်အိမ်တော်ကလဲ

သတင်းတွေကြားရသလောက် ဒီမြို့တော်ကမ

ဟုတ်ဘူးဆို”

ရှပင်အိမ်မရောက်ခင်ပင် ရှပင်၏သတင်းက

အိမ်တော်သို့ရောက်နှင့်နေပြီဖြစ်ကာ ပြဿနာ

ကိုပြည့်ပြည့်စုံစုံသိလိုသောကြောင့် ရှပင်ကို

စောင့်ဆိုင်းနေကြခြင်းဖြစ်သည်။ ရှပင်ကသူ့အ

ဖိုး၏အမေးကို

“အဲ့ကောင်ကိုမြို့တော်မှာကျတော်မမြင်ဖူးဘူး

တခြားနေရာကလာခဲ့တာဖြစ်ရမယ် ဘာပဲဖြစ်

ဖြစ် အဖိုးကျတော့်အစားကလဲ့စားချေပေးပါ”

ရှမိသားစုခေါင်းဆောင်ကခေါင်းညိတ်ပြကာ

“စိတ်ချပါ မဟူရာမြို့တော်မှာ ငါ့မြေးကိုထိတာ

ကငါတို့ရှအိမ်တော်ကိုစော်ကားတာနဲ့အတူတူပဲ”

ရှအိမ်တော်မှလူများသည် ပြဿနာအရင်းခံကို

သိကြသော်လည်း ရှပင်ကိုအပြစ်မမြင်ပေ။

“အရင်ဆုံးမင်းဒဏ်ရာကို ကုလိုက်ဦး အဖေက

အဲ့ကောင်အကြောင်းကိုသေချာစုံစမ်းပြီးနောက်

တနေ့ကျ အဖေကိုယ်တိုင်ငါ့သားအတွက်ကလဲ့

စားချေပေးမယ်”

ရှပင်၏အဖေလုပ်သူက သူ့သားကိုပြောလိုက်

သည်။ သူသည်ရှမိသားစုခေါင်းဆောင်ကဲ့သို့

ကျင့်ကြံမှုမမြင့်သော်လည်း သိုင်းပညာရှင်အ

ဆင့်၉ထိရောက်နေကာ ပကတိရှင်သန်ခြင်းအ

ဆင့်သို့ပင်နီးကပ်နေချေပြီ။ သူသာပကတိရှင်

သန်ခြင်းအဆင့်ကိုရောက်ပါက သူ့ဖခင်ဆီမှ

အိအ်တော်ခေါင်းဆောင်ရာထူးကို လွှဲပြောင်းရ

ယူမည်ဖြစ်ကာ ထိုမတိုင်ခင်တွင် သူ၏လုပ်နိုင်

စွမ်းကို သူ့ဖခင်ကျေနပ်ရန်ပြဖို့လိုနေသည်။

“အဲ့ကောင်အကြောင်းကို အခုသွားစုံစမ်းလိုက်

ဘယ်ကလာတာလဲ ဒီမှာဘယ်လောက်ကြာကြာ

နေဖို့ရှိနေလဲ ဘာတွေလုပ်နေလဲကအစအသေး

စိတ်စုံစမ်း”

ရှမိသားစုခေါင်းဆောင်က ချက်ချင်းပင်အမိန့်

ပေးလိုက်သည်။ ရှပင်၏မိခင်သည် သားဇော

ဖြင့်ချက်ချင်းပင်သွားရောက်ကာ ကလဲ့စားချေ

လိုစိတ်ကို အတင်းမြိုချထားရသည်။

“သမီး နင့်စိတ်ထဲဘာဖြစ်နေလဲငါသိတယ် ဒါပေ

မဲ့ အခုလိုခေတ်ကာလမှာ ငါတို့တဖက်လူရဲ့အ

ကြောင်းကိုသေချာသိပြီးမှ ကလဲ့စားချေလည်း

နောက်မကျသေးပါဘူး

ရှမိသားစုခေါင်းဆောင်က သူ့သမီးကိုနှစ်သိမ့်

လိုက်သည်။ သူ့အနေဖြင့်တဖက်သူ၏ကျင့်ကြံ

မှုသည် သူ့မြေးနှင့်အဆင့်တူသာဖြစ်သောကြော

င့် သူကိုယ်တိုင်သွားရောက်ရန်မလိုသလို စိတ်

လက်မာန်ပါလည်း လုပ်ဖို့မသင့်ပေ။ မဟုတ်ပါ

က တခြားမိသားစုကြီးများက ကဲ့ရဲ့မည်ဖြစ်၍

ရှမိသားစုလည်းသိက္ခာကျမည်ဖြစ်သည်။

နေ့တဝက်ခန့်အကြာတွင် ကျိုးယန်၏သတင်း

ကိုစုံစမ်း၍ရသွားလေသည်။ ကျိုးယန်သည်

ကျောက်သခင်မလေးနှင့် ဆေးဆိုင်တခုတွင်

ရင်းရင်းနီးနီးစကားပြောခဲ့သည်ကအစ ဆေး

ပစ္စည်းများဝယ်ယူသည်ပါမကျန် နေထိုင်သည့်

တည်းခိုခန်းအကြောင်းစုံပါ ပါလေသည်။

“ ကျောက်မိသားစုက ကျောက်သခင်မလေးတဲ့

လား သူတို့ကဘယ်လိုသိကြတာလဲ နောက်ပြီး

ငါသိရသလောက် ကျောက်သခင်မလေးမှာ အ

မျိုးသားမိတ်ဆွေမရှိပါဘူး”

ရှမိသားစုခေါင်းဆောင်သည် အတွေးများသွား

ရတော့သည်။ တဖက်သူသည် ကျောက်မိသား

စုနှင့်ဆက်ဆံရေးရှိပါက လက်တုန့်ပြန်ခြင်းမှ

မိသားစုနှစ်ခုကြား မျက်နှာပျက်စရာအခြေနေ

ထိဖြစ်သွားနိုင်သည်။ ထို့ကြောင့် အသေအချာ

စဥ်းစားနေရခြင်းဖြစ်သည်။

“ရက်နည်းနည်းလောက် ထပ်စောင့်ကြည့်လိုက်

ကျောက်မိသားစုနဲ့ပက်သက်မှုက ထင်ထားသ

လိုမဟုတ်ရင် ငါကိုယ်တိုင်ကျောက်အိမ်တော်

ကိုသွားပြီး အဲ့ကောင်နဲ့ပက်သက်ပြီးဝင်မပါဖို့

သွားတားမယ်”

နောက်ဆုံးတွင် တနေ့တာစုံစမ်းမှုရလာဒ်အရ

လက်တုန့်ပြန်ခြင်းကို ယာယီရပ်ဆိုင်းလိုက်ရ

တော့သည်။ ထိုအရာက ရှမိသားစုခေါင်းဆော

င်သည် ကျောက်အိမ်တော်ကိုကြောက်ရွံခြင်း

ကြောင့်မဟုတ်ပဲ လက်ရှိကာလတွင် အိမ်တော်

များအကြား ရန်စမပွားလိုခြင်းဖြစ်သည်။

ကျိုးယန်သည် ဆေးဆိုင်မှဝယ်လာသည့် ဆေး

ပင်အချို့ဖြင့် ဆေးလုံးဖော်စပ်ခြင်းကိုတညလုံး

ပြုလုပ်နေလေသည်။ သူ့အနေဖြင့်ဖော်စပ်ပြီးစီး

ထားသည့် ဆေးလုံးများကိုပင်ထပ်လာတလဲလဲ

ဖော်စပ်နေကာ အချို့ဆေးလုံးများသည် ဒုတိ

ယအဆင့်၏ ထိပ်တန်းအရည်အသွေးကိုပင်ရ

ရှိလာနေပြီဖြစ်သည်။ နေရောင်သည် မနက်ခင်း

ကိုကိုယ်စားပြုစွာ ဝင်းပလာသည်။ နံနက်၆နာရီ

ခန့်သာရှိသေးသော်လည်း ပတ်ဝန်းကျင်တခု

လုံးကသိသာစွာပင်လှုပ်ခတ်လာကာ တနေ့တာ

ကိုစတင်ရန်ကြိုးစားလာကြတော့သည်။

ဝါး.။ ကျိုးယန်က ခါးကြော့ကိုဆန့်ကာသမ်းဝေ

လိုက်သည်။ ကမ္ဘာမြေတွင်နေစဥ်ကပင် ယခု

လိုကြိုးစားခြင်းမရှိခဲ့ချေ။ ယခုမှပင်ဆေးလုံး

ဖော်စပ်ခြင်းသည် သူ့ကိုမငြီးငွေ့စေပဲ ပို၍ပင်

ပြုလုပ်ချင်စိတ်ဖြစ်စေကာ သူသာ နောက်ထပ်

ဆေးပညာကျမ်းတခု စနစ်ဆီမှထပ်ရပါက ပို၍

အဆင့်မြင့်သည့်ဆေးလုံးများကိုဖော်စပ်လာနိုင်

ကာ နောင်တွင် ကျင့်ကြံရေးလောကရှိအထွဋ်အ

ထိပ်ဆေးပညာရှင်တဦးဖြစ်လာစေရမည်ဟု

ဆုံးဖြတ်ချက်ချလိုက်သည်။

“ပထမကျမ်းလောက်တတ်ပြီး လေကြီးနေလိုက်

တာ”

စနစ်၏ လှောင်ပြောင်သည့်လေသံကထွက်ပေါ်

လာသည်။

“ဒါက ငါ့ကိုပထမကျမ်းပဲပေးလို့လေ နောက်တ

ပိုင်းထပ်ပေးလိုက်ပုလား ငါဘယ်လောက်စွမ်း

ဆောင်နိုင်လဲသိသွားစေရမယ် ဟားး”

ကျိုးယန်၏စကားကိုစနစ်မှမသိကျိုးကျွန်ပြု၍

“စနစ်ရှင်က အဆင့်မြင့်ဆေးလုံးတွေကိုဖော်စပ်

ပြီး ကျင့်ကြံမှုမြင့်တင်ရာမှာသုံးချင်နေတာမ

ဟုတ်လား ရူးနေတဲ့အတွေးပဲ”

ဟမ်..

“ငါက ကျင့်ကြံမှုအတွက်ဆေးလုံးကိုတောင်သုံး

ခွင့်မရှိတော့ဘူးလား မင်းငါ့ကိုဘယ်လောက်ထိ

ပိတ်ပင်နေမှာလဲ စတိုးမှာလည်းကျင့်စဥ်တွေ

ဝယ်မရ ကျင့်မရ အခုလည်းဆေးလုံးနဲ့ကျင့်ကြံ

မှုမြင့်ဖို့ခွင့်မပြုပြန်ဘူး”

ကျိုးယန်က စန်ကိုနားလည်မှုလွဲစွာဖြင့်ဒေါသ

တကြီးပြောလိုက်သည်။

“စနစ်ရှင်နားလည်မှုလွဲနေပြီ ပကတိရှင်သန်ခြင်း

ရဲ့အဆင့် ၇ ၈ ၉ အဆင့်မြင့်အဆင့်၃ဆင့်က

နိယာမသဘောတရားနားလည်မှုကိုအခြေခံပြီး

မြင့်တင်ရတာ ချီဓာတ်တွေဆေးလုံးတွေဆိုတာ

အဓိကမကျဘူး စနစ်ရှင်ကနိယာမတွေကိုနား

မလည်ဘဲ ကျင့်ကြံမှုမြင့်တင်နေရင် ဆားမပါတဲ့

ဟင်းလိုပဲ အမည်ခံပညာရှင်ပဲဖြစ်နေမှာပေါ့”

ကျိုးယန်တယောက် ကြောင်အသွားသည်။ နိ

ယာမသဘောတရားတွေဟုတ်လား။ လာပြန်ပြီ

တာအိုတွေ နိယာမတွေ လောကစည်းမျဥ်းတွေ

ထိုအရာတွေကအလွန်ပင်စိတ်ရှုပ်စရာကောင်း

သည်ဟု ကျိုးယန်ထင်သည်။

“ဟုတ်တယ် နိယာမသဘောတရားတွေပဲ အရာ

အားလုံးမှာ သဘောတရားဆိုတာရှိပြီး အကြော

င်းမဲ့ ဖြစ်တည်လာတဲ့အရာဆိုတာဘယ်လောက

မှာမှ မရှိဘူး”

စနစ်မှကျိုးယန်ကိုရှင်းပြလာသည်။ သဘာဝ

ဒြပ်စင်တခုဖြစ်သည့် မီးသေန္ဓသားကိုပိုင်ဆိုင်

ထားသည့်ကျိုးယန်သည် သဘာဝနိယာမအချို့

နှင့်ရင်းနီးသည်။

“ဟုတ်ပါပြီ အဲ့အဆင့်ကိုကောက်မှထပ်ပြောကြ

တာပေါ့ အခုတော့ ကျောက်အိမ်တော်ကိုသွား

လိုက်ဦးမယ်”

ကျိုးယန်သည် စနစ်နှင့်ပြိုင်မငြင်းတော့ပေ။

စနစ်သည် သူ့ထက်ပိုနားလည်လောက်သည်ကို

ကျုိးယန်လက်ခံထားသည်။ ကိုယ်လက်သန့်

စင်ပြီးနောက် မနက်စာအတွက်စားသောက်ခန်း

မသို့သွားလိုက်သည်။ စားသောက်ခန်းမတွင်

မနေ့က ကျိုးယန်ပြသလိုက်သည့် ခွန်အားကို

မြင်ထားသူအချို့ရှိကာ ကျိုးယန်ကိုမြင်သည်

နှင့်တီးတိုးပြောဆိုလာသည်။

“ဒီကောင်အခုထိဘာမှမဖြစ်သေးဘူးလား”

“ရှမိသားစုက လက်တုန့်မပြန်ဘူးထင်တယ်

ဒါဆိုသူ့နောက်ခံကလည်းမသေးဘူးပေါ့”

“မင်းမသိဘူးလား မနေ့ကဆေးဆိုင်တခုမှာသူ

နဲ့ ကျောက်သခင်မလေးတို့ရင်းရင်းနီးနီးစကား

ပြောနေတာတဲ့ ကျောက်အိမ်တော်ပါလာတော့

ရှမိသားစုလည်း လက်တုန့်ပြန်ဖို့ကိစ္စကို ပြန်

စဥ်းစားနေပီထင်တယ်”

ကျိုးယန်က ထိုသို့ဝေဖန်သံများကိုကြားလျှင်

နှုတ်ခမ်းထောင့်များတွန့်ကွေးကာ ပြုံးနေလေ

သည်။ ကျောက်သခင်မလေးနဲ့ရင်းနီးသည်တဲ့

လား။ သတင်းတွေက အလွန်ပင်မြန်ပေသည်။

All Chapters