အခန်း (၂)ဒုတိယအဆင့်ဗိုလ်လုပွဲ ရောက်လာခြင်း
Vol. 009 Ch. 870
ရှီမာယူယူ ဆေးဖော်သည့်အခန်းတွင် မြုပ်နေသည်ကို မိုရှားသည် အပြင်မှ ပျော်နေမိသည်။
သူသည် စွမ်းအားများစွာသုံးလိုက်ရသော်လည်း အထိအတွေ့ကို ကြာ ရှည်စွာ မလုပ်လိုက်ရပေ။
သူမကို ပွေ့ဖက်ရသည့်ခံစားချက်သည် အထူးတလည် အမှတ်ရ လောက်စရာပင်။
ဟူး အချိန်ကတိုလိုက်တာ၊ သူ့ခန္ဓာကိုယ်က ခဏလေးတောင် အရသာ ခံစားခွင့်မပေးဘူး။
“ဒါပေမဲ့ နမ်းတာက တကယ်ပဲဒီလိုမဟုတ်ဘူးလား”
သူ နားမလည်ပေ။ အတွေ့အကြုံမရှိသည်ကိုပင် အပြစ်တင်ရတော့ မည်။ မဟုတ်လျှင် သူမ ဒေါသထွက်သွားမည်မဟုတ်ပေ။ သူသည် ထို အကြောင်းပြချက်ကိုသာ ပြရတော့မည်။
ဒါပေမဲ့ သူတကယ်ပဲ အတွေ့အကြုံရှိတာကမှ ယူယူ ပိုပြီးဒေါသထွက် ရမှာမဟုတ်ဘူးလား။
ဝိဉာဉ်လေးသည် မုန်တိုင်းငြိမ်သွားသည်အထိစောင့်ပြီးမှ လင်းလုံနှင့် အတူ မိုရှားရှေ့ပေါ်လာသည်။
ဝိဉာဉ်လေးသည် ဘာမှမပြောပဲ ရှုပ်ပွနေသောနေရာကို လျင်မြန်စွာ ထုတ်ပိုးနေသည်။ ရှင်းလင်းပြီးသောအခါ သူသည် မိုရှားအားကြည့်လိုက် ပြီးနောက် လင်းလုံနှင့်အတူထွက်သွားလေသည်။
ဟူး သူ့ရှေ့ရောက်ရင် ယူယူရဲ့ တိုက်ခိုက်နိုင်မှုစွမ်းအင်က ကျသွား တယ်။
သူတို့သာ ရှေ့လျှောက် တကယ်ပဲအတူရှိသွားမယ်ဆိုရင် ယူယူက တော့ အနိုင်ကျင့်ခံရတော့မှာပဲ။
“ယူယူကတော့ တကယ်သနားစရာပဲ” လင်းလုံပြောလိုက်သည်။
“ဟင်း နောက်ကို ဘယ်သူကအနိုင်ကျင့်မလဲဆိုတာ မသိနိုင်ဘူးပဲ” ဝိဉာဉ်လေးသည် သူ့အတွေးကိုပြောလေသည်။
“အင်း ယူယူကလည်း အားကောင်းတာပဲ ငါတို့ သူမကိုယုံရတယ်၊ ဖြစ်နိုင်ချေက အရမ်းနည်းရင်တောင် အခွင့်အရေးဆိုတာ အမြဲရှိနေတာပဲ” လင်းလုံခေါင်းညိမ့်လိုက်သည်။
ဆေးဖော်သည့်အခန်းထဲရှိ ရှီမာယူယူသည် သူတို့ပြောစကားများကို ကြားပါက လက်ထဲမှဆေးပုလင်းကိုခွဲလိုက်မိမလား မသေချာပေ။
သူတို့က သူမဂုဏ်သိက္ခာကို မြှင့်ပေးနေတာလား နှိမ့်ချနေတာလား။
၄ကြော့မြောက်တွင် ၁၅၀ထဲမှ ၇၅ယောက်သာကျန်သည်။ ၅ကြော့ မြောက်တွင် ၇၅ယောက်ထဲမှတစ်ယောက်သည် နောက်အကြော့သို့ ချက်ချင်း အဆင့်တက်သွားရာ ၇၄ယောက်ထဲမှ ၃၇ယောက်ကျန်လေသည်။
ယူယူသည် တိုက်ရိုက်အဆင့်တက်လောက်အောင် ကံမကောင်းပေ။ သို့သော် ထိပ်တန်း၂၀အတွင်း ဝင်သေးသည်။
ဒီတစ်ကြိမ်တွင် သူမသည် ကျောင်းသားအသစ်အဖွဲ့မှ ခွဲထွက်ရသည်။ ရှီမာယူလင်းတို့သည် ၁၅၀မှ ၇၅ယောက်ရွေးရာတွင် ပြုတ်သွားခဲ့သည်။ သူတို့ သည် နောက်တစ်ဆင့်မတက်ရတော့ပဲ သူတို့၏ နောက်ဆုံးအဆင့်ကို နောက်လာမည့် အဆင့်ပြိုင်ပွဲမှပင် ဝင်ပြိုင်ကာသတ်မှတ်ရတော့မည်။
နောက်ဆုံးအကြော့ အဆင့်၁၉တက်ရာတွင် လူတစ်ယောက် ထပ်ကျ ပြန်သည်။ ယူယူသည် ဒီတစ်ကြိမ်တွင်ကံကောင်းသည်။ သူမသည် ထီပေါက် ကာ အဆင့် ၁၀အတွင်းဝင်သွားသည်။
လူသစ်တစ်ယောက်က အဆင့်၁၀အတွင်းဝင်သွားတယ်။
ဂိုဏ်းရှိလူအားလုံးသည် ရုန်းရင်းဆန်ခတ်ဖြစ်သွားကြလေသည်။ သူမ မည်မျှသန်မာသည်ကိုလည်း သိကြသည်။ သို့သော် သူမ ဒီလောက်အဆင့်ထိ ရောက်လာလိမ့်မည်ဟု သူတို့ထင်မထားကြပေ။
“ကျွတ် ပျာယာခတ်သွားကြတာပဲ၊ သူမက ဝိဉာဉ်စွမ်းအင်ကို အပြည့်အဝ မသုံးတာတောင်နော်၊ သူမက အံ့ဖွယ်သူတော်စင် အဆင့်နိမ့်လို့ ကြားတယ်၊ မင်းတို့ အံ့ဖွယ်သူတော်စင်အဆင့်နိမ့်ရောက်တာကို အဆင့်၂၀ အတွင်းရောက်နိုင်တဲ့သူ ဘယ်နယောက်ရှိလဲ”
“အံ့ဖွယ်သူတော်စင်အဆင့်နိမ့်လား”
“မဖြစ်နိုင်တာ ဒီလူက အရမ်းအားကောင်းတယ်”
“သူက ဘယ်အင်အားစုကလာလို့ ဒီလောက်အင်အားကောင်းနေလဲ ငါ လည်းမသိဘူး၊ ငယ်ငယ်လေးနဲ့ ဒီလောက်အားကောင်းနေတယ်”
“အဲဒါတင်မဟုတ်ဘူး သူက ခန္ဓာကိုယ်လေ့ကျင့်တဲ့သခင်ပဲ”
“ခန္ဓာကိုယ်ပျိုးထောင်တဲ့လမ်းကိုလိုက်တာလား”
“ပြီးခဲ့တဲ့ပွဲတွေတုန်းက ပြိုင်ဘက်ကိုအနိုင်ရအောင် ခန္ဓာကိုယ်အားကို သုံးသွားတာမမြင်ဘူးလား”
“အဲလိုပုံပဲ”
“ဒါဆို သူက အရမ်းတော်တာပဲ”
“သူက အင်အားကောင်းတာ၊ သူနဲ့ရင်ဆိုင်ရမယ့်သူက သူ့ကိုတွန်းလှန် နိုင်ပါ့မလား”
“အသေအချာပဲ သူ့မှာ စာချုပ်မိစ္ဆာတွေအများကြီးရှိတယ်လို့ကြားတယ် သူတို့တစ်ကောင်ချင်းစီကလည်း အားကောင်းကြတယ်”
“ဟုတ်တယ် ဟုတ်တယ် ငါလည်းကြားတယ်၊ သူ့မှာ ဂဠုန်တို့ရဲ့ဘုရင် ဒဏ္ဍာရီလာဂဠုန်ရှိတယ်လို့လည်းကြားတယ်”
“အဲလိုဆိုရင် ငှက်တွေအကုန်လုံးက သူ့အမိန့်ကိုနာခံရမှာမဟုတ်ဘူး လား”
“ဟုတ်တယ်”
“ဘုရားရေ ဒီတိုင်းပြည်မှာ သူ့ပြိုင်ဘက်ကဘယ်သူဖြစ်နိုင်ဦးမှာလဲ”
“သူ့ရဲ့မူလအားကတောင် အရမ်းသန်မာနေပြီ အပြင်ပိုင်းအင်အားက လည်း အဲလောက်သန်မာနေတာ၊ ရှီမာယူယူက အံ့ဖွယ်လူတစ်ယောက်ပဲ”
“ဟူး ကောင်းကင်ဂိုဏ်းဝင်လာတာကိုပဲ မိုက်လှပြီလို့ထင်နေတာ၊ အခု သူနဲ့ ငါ့ကိုယ်ငါယှဉ်ကြည့်ရတာ ကိုယ့်ကိုယ်ကို မထိုက်တန်တော့သလိုပဲ”
“အမှန်ပဲ လန့်စရာကြီး”
“သူက အင်အားကောင်းပေမယ့် အဂ္ဂိရတ်ပညာရှင်လည်းဖြစ်နေသေး တယ်၊ ငါတို့က ဘယ်လိုအသက်ရှင်သွားရမှာလဲ”
“ကံကောင်းလို့ သူ့လိုအရူးတွေအများကြီးမရှိတာ.. မဟုတ်ရင် ငါတို့ တော့ အသက်ရှင်ဖို့မဖြစ်နိုင်ဘူး”
“ပြောရင်းနဲ့ အဲဒီအဖွဲ့ကလူတွေအကုန်လုံးက အရူးတွေပဲ ဘေဂုံထန်၊ ဝူရန်ဖေ၊ ရှီမာယူလင်းနဲ့ တခြားသူတွေလည်း အရမ်းအားကောင်းကြတယ်၊ လူသစ်တစ်ယောက်က အဆင့်၁၀အတွင်းနဲ့ အဆင့်၁၀၀အတွင်းဝင်နိုင်ကြ တယ်၊ ရှီမာယူယူရဲ့ အစ်ကိုတွေလည်းပါတယ်၊ သူတို့ရဲ့ ကျင့်ကြံမှုကတော့ တခြားကျောင်းသားတွေလိုပဲ ဒါပေမဲ့ သူတို့ရဲ့တိုက်ပွဲစွမ်းရည်က ပုံမှန်ထက် သန်မာကြတယ်၊ အဖွဲ့ထဲကအဆိုးဆုံးလူတောင်မှ အဆင့်၂၀၀အတွင်းဝင် တယ်”
“လူသစ်တွေက ဘယ်တုန်းကအဲလောက်အားကောင်းလာတာလဲ”
“အဲဒီတိုက်ပွဲရူးဟော်၊ ထန်ယန်းတို့လည်း သူတို့အဖွဲ့ကိုဝင်သွားတယ် ကြားတယ်၊ အခု သူတို့အဖွဲ့က လူနည်းပေမယ့် နာမည်ကြီးပဲ”
“ဟုတ်တယ် လူအများစုက ဝင်လို့တောင်မရဘူး”
“သူ သူတို့နဲ့တိုက်တုန်းက အားအကုန်သုံးလိုက်တယ်တောင် မထင်ဘူး ဗိုလ်လုပွဲရောက်လာရင်တော့ မျက်စိအစာကျွေးရတော့မှာပဲ”
“မနက်ဖြန်ဆိုကြည့်ရမှာပဲ”
ထိုအချိန်တွင် ရှီမာယူယူသည် ထိုလူများ၏ အနောက်တွင်ထိုင်ကာ သူတို့၏ ဆွေးနွေးမှုများကို နားထောင်နေသည်။
ပြိုင်ပွဲအဆင့်များမြင့်လာသည်နှင့် သူမသည် ဝိဉာဉ်စေတီအတွင်းတွင် မလေ့လာတော့ပေ။ ထိုဗိုလ်လုပွဲတွင် သူမသည် ပြိုင်ဘက်များ၏ အခြေအနေ ကိုစုံစမ်းရမည်။
ဒီနေ့ပြိုင်ပွဲတွင် အဆင့်၁၀အတွင်းဝင်ရန် ၁၉ယောက်ရွေးခြင်းဖြစ် သည်။ သူမသည် ကံကောင်းစွာဖြင့် ဗလာမဲကိုနှိုက်မိသဖြင့် အဆင့်၁၀သို့ တိုက်ရိုက်တက်သွားကာ ကျန်သည့် ၉တွဲမှာ ပြိုင်ဘက်ကျလေသည်။
ပြိုင်ပွဲဝင်၉တွဲထဲတွင် ၅ယောက်ရှုံးသွားလေပြီ။
“ဒီဟော်ဖန်ကတော့ တိုက်ပွဲရူးဆိုတဲ့နာမည်နဲ့လိုက်တယ်၊ သူ့ရဲ့ တိုက် ရည်ခိုက်ရည်က အရမ်းကောင်းတယ်” သူမသည် ဘေးရှိ ဘေဂုံထန်ကိုပြော လိုက်သည်။
“အင်း သူကဒီနှစ်တွေမှာ တော်တယ်ဆိုတဲ့သူတွေကို အဆက်မပြတ် စိန်ခေါ်ခဲ့တာပဲ၊ သူလည်းအများကြီးအရိုက်ခံခဲ့ရတယ်၊ ဒီတိုက်ခိုက်နိုင်စွမ်းက အရိုက်ခံရလို့ရလာတဲ့ ရလဒ်တွေပဲထင်တယ်” ဘေဂုံထန်သည် ဖြည်းညင်းစွာ ရယ်လေသည်။
“သူ အတွင်းဂိုဏ်းမှာမို့လို့သာတော်သေတယ်၊ သူအပြင်ဂိုဏ်းမှာရှိလို့ တိုက်ခိုက်ဖို့နေရာတိုင်းလိုက်ရှာနေရင် သူတော့သေပြီးလောက်ပြီ” ဝေကျိရွှီ ပြောလေသည်။
“ထန်ယန်းကလည်း သန်မာတာပဲ သူ့ပြိုင်ဘက်က အဆင့်၁၅ လေရှောင်ထျန်ပဲ၊ ဒီတိုက်ပွဲက သူ့အတွက်မခက်လိုက်ဘူး” ရှီမာယူလင်း ပြော လေသည်။
ဒီနေ့ပြိုင်ပွဲရှိ ပြိုင်ပွဲဝင်အများစုမှာ ပြီးခဲ့သည့်အဆင့်၂၀အတွင်းဝင်ပြီး သား သူများဖြစ်ကြလေသည်။ သူတို့တစ်ယောက်ချင်းစီတွင် ထူးခြားသော တိုက်ပွဲစွမ်းရည်များရှိကြသည်။ တိုက်ပွဲတစ်ခုသည် အနည်းဆုံး သုံး လေး နာရီကြကာ ဝိဉာဉ်မိစ္ဆာမျိုးစုံနှင့် ဆေးများကို ထုတ်သုံးပြီးကြလေပြီ။
ထိပ်တန်းအဆင့်၁၀နှင့် အဆင့်၂၀တို့အား ဆက်ဆံပုံမှာ အလွန်ကွာခြား လှသည်။
“ယူယူ အဲလူတွေရဲ့ တိုက်ပွဲစွမ်းရည်က အရမ်းထူးခြားတယ်၊ သူတို့နဲ့ တိုက်ဖို့လို စွမ်းအားအများကြီးထုတ်ဖို့လိုမယ်ထင်တယ်၊ အရင်ကလို လုပ်လို့ မရတော့ဘူး” ဝေကျိရွှီ ပြောလေသည်။
“စွမ်းရည်သာတဲ့ပြိုင်ဘက်နဲ့မတွေ့သေးတာ ငါကံကောင်းလို့ပါ” ရှီမာယူယူ ပြောလိုက်သည် “ဒါပေမဲ့ နောက်ပိုင်းတော့ ကံမကောင်းနိုင်တော့ ဘူး၊ ထိပ်တန်းအဆင့်ထဲက ကျွမ်းကျင်သူတွေက အင်အားကောင်းတဲ့သူတွေ ချည်းပဲ”
သူမသည် ထိုမတိုင်ခင်က အဆင့်ပြိုင်ပွဲများကို မကြည့်ခဲ့ရပေ။ သူမ အလှည့်ပြီးသည်နှင့် ပြန်ခဲ့သည်သာ။ သူမ၏ ပြိုင်ဘက်များသည် ရေစီးသကဲ့ သို့လွယ်ကူခဲ့ပြီး တကယ့်အင်အားကြီးနှင့် မတွေ့ခဲ့ရသေးပေ။ သို့သော် ကျောင်းသားများအားလုံး အတွေ့အကြုံမဲ့သည်ဟုတော့ သူမ ကောက်ချက် မချပေ။
ကျွမ်းကျင်သူတွေက အကုန်နောက်မှာပဲ။
“ဟွာပေါင်မြောင်က ငါတို့အားလုံးကို အထင်သေးတယ်မလား၊ ယူယူ နင် သူမနဲ့တွေ့ရင် ရိုက်ပစ်လိုက်” ဖက်တီးကျူ ပြောလိုက်သည်။
***