ကျောက်အိမ်တော်သခင်မ
Vol. 6 Ch. 88
ကျိုးယန်သည် မနက်စာစားပြီးနောက် ကျောက်
အိမ်တော်ရှိရာသို့ထွက်လာလိုက်သည်။ မဟူရာ
မြို့တော်တွင် ကျောက်မိသားစု၏ဂုဏ်သတင်း
ကြောင့် ကျောက်အိမ်တော်ကိုရှာဖွေရန်မှာမခဲ
ယဥ်းပေ။ ကျောက်အိမ်တော်သည် ကြီးမားတဲ့
ခြံဝန်းကျယ်ကြီးကိုပိုင်ဆိုင်ထားကာ အိမ်တော်
အကြီးအသေးများကလည်း ခြံဝန်းအပြည့်ရှိ
နေသည်။ အကြီးဆုံးအိမ်တော်သည် ခြံဝန်း၏
အလယ်တည့်တည့်တွင်ရှိ၍ ဆောက်ထားသည့်
လက်ရာမှာလည်း ကျင့်ကြံရေးလောက၏တိုင်း
တာမှုအရတော့ အဆင့်တန်းမြင့်သည်ဟုဆိုနိုင်
သည်။ မနက်ခင်းသာဆိုသော်လည်း လှုပ်ရှား
သက်ဝင်နေသည့် ကျောက်အိမ်တော်၏ခြံဝန်း
အရှေ့သို့ရောက်လာသည်။ ကျိုးယန်ကိုမြင်
သည်နှင့် အစောင့်များကမေးလာသည်။
“မင်းဘယ်သူလဲ ဘယ်သူနဲ့တွေ့ချင်တာလဲ”
ကျိုးယန်တချက်စဥ်းစားလိုက်သည်။ ကျောက်
သခင်မလေးကို သူ၏အမည်မပြောပြလိုက်၍
သူလာသည်ကို သူမက အိမ်တော်ရှိလူများထံ
မည်သည့်ပုံစံဖြင့်မှာထားမည်ကိုသူမသိနိုင်ပေ။
အစောင့်များသည် ကျိုးယန်တယောက် တွေဝေ
နေသည်ကိုမြင်လျှင် ပို၍ပင် စိတ်ထင့်သွားကြ
ကာ ချက်ချင်းပင်မောင်းထုတ်တော့သည်။
“ဘာကိစ္စမှမရှိရင် အခုထွက်သွားတော့ကျောက်
အိမ်တော်က မင်းဝင်ချင်တိုင်းဝင်လို့ရတဲ့ နေရာ
တခုမဟုတ်ဘူး”
အစောင့်၏စကားကိုကြားလျှင် ကျိုးယန်တ
ယောက်အနည်းငယ်စိတ်တိုသွားရလေသည်။
“ငါကမင်းတို့သခင်မလေးဖိတ်ထားတဲ့လူပဲ
မယုံရင် အခုချက်ချင်းမင်းတို့သခင်မလေးကို
သွားမေးလိုက်”
ထိုအစောင့်ဖြစ်သူ၏မျက်နှာကို စေ့စေ့ကြည့်၍
လေသံမာမာဖြင့်ပင် ပြန်ပြောလိုက်သည်။
“မင်းငါတို့ကိုလာမလိမ်နဲ့ ငါတို့သခင်မလေးမှာ
မင်းလိုအမျိုးသားမိတ်ဆွေမရှိဘူး အခုဒီနေရာ
ကနေထွက်သွားလိုက်တော့”
အစောင့်၏လေသံသည် ပို၍ပင်တင်းမာလာ
သည်။ သူသည်အိမ်တော်၏အစောင့်တဦးသာ
ဖြစ်သော်လည်း ကျိုးယန်နှင့်အဆင့်တူသူဟု
အထင်ရှိထားသောကြောင့် ကျိုးယန်ကိုအထင်
မကြီးချေ။ ထိုကဲ့သို့အရည်အချင်းလောက်ရှိသူ
က ကျောက်သခင်မလေး၏ မိတ်ဆွေမဖြစ်နိင်
ပေ။ ရှသခင်လေးကိုပင် မျက်စိမထားသည့်
သူတို့၏သခင်မလေးအကြောင်းကို သူတို့က
အသိဆုံးပင်ဖြစ်သည်။ ကျိုးယန်၏မျက်နှာ
တည်သွားတော့သည်။ တဖက်လူက ပို၍ပင်
ဆိုးဆိုးဝါးဝါးဆက်ဆံလာလေပြီ။ လှည့်ပြန်ရ
မည်လား။သူသည် ကျောက်သခင်မလေးကို
ကူညီမည်ဟု ဆိုထားသောကြောင့် လှည့်ပြန်ပါ
က ကတိမတည်ရာကျပေတော့မည်။ ထိုစဥ်
ကြည်လင်သည့်အသံတခုထွက်ပေါ်လာသည်။
“ဘယ်သူလဲ ခြံဝမှာဘယ်သူရောက်နေတာလဲ”
ထိုအသံကိုကြားသည်နှင့် လုံခြုံရေးများကချက်
ချင်းပင် သတိဝင်လာကာ ခန္ဓာကိုယ်ကိုသတိအ
နေထားပြုပြင်လိုက်သည်။ လူရိပ်နှစ်ခုကျိုးယန်
တို့အနားရောက်လာသည်။ သေချာသည်က ထို
လူရိပ်နှစ်ခုတွင် တခုက ကျောက်သခင်မလေး
ဖြစ်ပြီး ကျန်တခုကတော့ အစေခံမလေးဖြစ်ရ
ပေမည်။
“သခင်မလေး ဒီလူက သခင်မလေးဖိတ်ထား
တာဆိုပြီး ခြံထဲဝင်ဖို့လုပ်နေလို့ပါ”
အိမ်တော်အစောင့်က ကျောက်သခင်မလေးကို
တိုင်ကြားသည်။ ကျောက်သခင်မလေးလည်း
ခြံဝကိုကြည့်လျှင် ခပ်မတ်မတ်ကိုယ်ဟန်အနေ
ထားဖြင့် ဝင့်ကြွားစွာရပ်နေသည့် ကျိုးယန်ကို
တွေ့လိုက်ရသည်။
“သြော်.. ရှင်ကိုး ကတိတည်သားပဲ ဟုတ်တယ်
သူ့ကိုမနေ့က ငါဖိတ်လိုက်တာ အိမ်တော်ထဲပေး
ဝင်လိုက်ပါ”
ကျောက်သခင်မလေးက ချက်ချင်းပင်အစောင့်
များကို အမိန့်ပေးလိုက်သည်။ အစောင့်များမှာ
လည်း အနည်းငယ်နားမလည်ဟန်ဖြစ်သွားရ
ပေမယ့် အမိန့်ပေးလာသည်မို့ ကျိုးယန်ကိုဝင်
ခွင့်ပေးလိုက်ရတော့သည်။
ကျိုးယန်သည် ကျောက်သခင်မလေးနှင့်အတူ
ယှဥ်တွဲလျှောက်ရင်း မေးလိုက်သည်။
“မနေ့ကဝယ်သွားတာက လိုအပ်တဲ့ဆေးအမယ်
တွေမဟုတ်လား ဆေးကြိုဖို့ပြင်ဆင်ပြီးပြီလား”
ကျိုးယန်၏အမေးကို ကျောက်သခင်မလေးက
ခေါင်းညိတ်၍ပြန်ဖြေသည်။
“ပြင်ပြီးပြီး အကုန်အဆင်သင့်ပဲ ဒါနဲ့ရှင့်မှာဆေး
မီးဖိုပါလာလား မပါရင်လည်းကိစ္စမရှိပါဘူး
ကျမမှာဆေးမီးဖို အပိုတွေရှိပါတယ်”
ကျိုးယန်တွင် ဆေးကျေးရွာမှယူထားသည့်
ဆေးမီးဖိိုတလုံးရှိကာ ထိုမီးဖို၏အဆင့်သည်
တတိယအဆင့်ဆေးလုံးများကိုဖော်စပ်ရန်မ
တတ်နိုင်သော်လည်း ဒုတိယအဆင့်ဆေးလုံး
များကိုတော့ ဖော်စပ်၍ရပေသည်။
“ကျုပ်မှာလည်း ဆေးမီးဖိုရှိပါတယ်”
ကျိုးယန်သည် ကျောက်သခင်မလေး၏ဦး
ဆောင်မှုဖြင့် ခြံဝန်းထဲရှိ အိမ်တော်တခုဆီရော
က်သွားသည်။ လမ်းတလျှောက်တွင် ကျောက်
သခင်မလေးနှင့် ယှဥ်တွဲလျှောက်နေသည့် ကျိုး
ယန်ကိုကြည့်ပြီး အစေခံများကတီးတိုးပြောဆို
နေသော်လည်း အသံကျယ်ကျယ်တော့ထွက်ဝံ့
ခြင်းမရှိချေ။
“ဒီ မှာခနစောင့်ဦး ကျမအဖေ့ကိုသွားခေါ်လိုက်
ဦးမယ် ကျမတို့ကျင့်ကြံမှုနဲ့ ဆေးလုံးကိုစိတ်ဝိ
ဉာဥ်စွမ်းအားထောက်ပံ့ဖို့မလွယ်ဘူး ကျမအဖေ
က ကူညီမယ်ပြောထားတယ်”
ကျောက်သခင်မလေးသည် ကျိုးယန်ကိုအိမ်
တော်ငယ်တခုတွင်နေစေကာ ချင်းချင်းနှင့်အတူ
ပြန်ထွက်သွားသည်။ ကျိုးယန်သည် သူတဦး
တည်းနှင့်ပင် ဖော်စပ်နိုင်သည်ဟု ပြောလိုသော်
လည်း ထိုအရာကတဖက်သားကိုပို၍ပင်အထင်
လွဲသွားစေနိုင်သည်ကို သတိထားလိုက်မိ၍
မပြောတော့ပေ။ ခနအကြာတွင် ကျောက်သခင်
မလေးနှင့်အတူ အသက်၄၀အရွယ် လူတဦးပါ
လာကာ ထိုသူသည် သိုင်းပညာရှင်အထွဋ်အထိ
ပ်တွင်ရှိပြီး အိမ်တော်၏ခေါင်းဆောင်မဟုတ်
သော်လည်း မိသားစုခေါင်းဆောင်ပြီးလျှင် ဒုတိ
ယအာဏာအရှိဆုံးသူ ကျောက်သခင်မလေး၏
ဖခင် ကျောက်တင်းလျန် ဖြစ်သည်။ ကျောက်
တင်းလျန်သည် သူ့သမီးမှသူ့ကို ကြို၍ပြောဆို
ထားသောကြောင့် ကျိုးယန်အကြောင်းကို အ
နည်းငယ်သိထားသော်လည်း ဆေးပညာရှင်တ
ဦးဆိုတာကိုတော့ မယုံသေးပေ။
“ကောင်လေး မင်းအမည်ဘယ်လိုခေါ်လဲငါ့သမီး
က မင်းအမည်ကိုမသိတာတောင် အခုလိုငါတို့
အတွက်အရေးကြီးတဲ့ ဆေးဖော်စပ်ရာမှာကူဖို့
ဖိတ်တာဆိုတော့ ငါတို့ဘက်ကဧည့်ဝတ်ကျေပွန်
နိုင်အောင်ကြိုးစားမှာပါ”
ကျောက်တင်းလျန်က ကျိုးယန်ကိုသတိအပြည့်
ဖြင့်ကြည့်ကာမေးလာသည်။ ကျိုးယန်သည်လဲ
ထိုသို့အမေးခံရမည်ကို ကြိုသိထားပေသည်။
“ကျုပ်အမည်က စူးယွမ်ပါ ဒီဒေသကတော့မ
ဟုတ်ဘူး အလယ်ပိုင်းဒေသကလာတာ”
“စူးယွမ် ဟုတ်လား ကောင်းပြီ ကူညီမှုအတွက်
ကျေးဇူးတင်ပါတယ် ဆေးလုံးဖော်စပ်ရာမှာမ
အောင်မြင်လည်း ငါတို့ကမင်းကိုအပြစ်မဆိုပါ
ဘူး ကူညီတဲ့အတွက် ဆုလာဒ်အချို့ပေးမှာပါ”
ကျိုးယန်က မလိုအပ်သည့်ပုံစံဖြင့်လက်ကာပြ
လိုက်ပြီး
“ကိစ္စမရှိပါဘူး ကျုပ်အတွက်ဆုလာဒ်တွေမလို
အပ်ဘူး”
ကျောက်တင်းလျန်လည်း မည်သည့်စကားမှ
ထပ်မပြောတော့ပေ။ ကျိုးယန်တယောက်ယုံ
ကြည်ချက်မရှိ၍ ထိုသို့ပြောဆိုသည်ဟုသာ
သတ်မှတ်လိုက်တော့သည်။ ခနအကြာတွင်
ကျောက်သခင်မလေးသည် ပြင်ဆင်ထားသည့်
ဆေးအမယ်များကို ယူဆောင်လာကာ ကျိုးယန်
၏နံဘေးတွင်ထားလိုက်သည်။ ပြီးနောက်သူမ
သည် ကျောက်စိမ်းဖြင့်ပြုလုပ်ထားသည့် ဆေး
မီးဖိုကိုထုတ်ကာ မီးဖြင့်အပူစပေးတော့သည်။
ကျိုးယန်သည် ပြင်ဆင်ထားသည့်ဆေးအမယ်
များကိုကြည့်ကာ ခေါင်းညိတ်၍စိတ်ထဲ၌အသိ
အမှတ်ပြုလိုက်သည်။ ဆေးအမယ်များသည်
လိုအပ်သည့်ပမာဏာအတိအကျပင်ဖြစ်ကာ
အပိုအလိုပင်မရှိပေ။ ကျိုးယန်လဲ သူ့ရဲ့ဆေးမီး
ဖိုကိုထုတ်လိုက်သည်။ ကျိုးယန်၏ဆေးမီးဖိုကို
တွေ့သည်နှင့် ဆေးမီးဖို၏အရည်အသွေးကြော
င့် ကျောက်တင်းလျန်တို့လူစုလည်း မျက်မှောင်
ကြုတ်သွားကြကာ ကျောက်သခင်မလေးက ကျိုးယန်ကိုမေးလာသည်။
“ရှင့်ဆေးမီးဖိုက အဆင့်နိမ့်သလိုပဲ အဆင်ပြေ
ပါ့မလား ကျမဆေးမီးဖိုတခုပေးရမလား”
ကျိုးယန်က လက်ကာပြလိုက်သည်။
“မလိုပါဘူး ဒါနဲ့အဆင်ပြေတယ်”
ကျောက်သခင်မလေးကို ပြန်ဖြေပြီးနောက်
ကျိုးယန်သည် ဆေးအမယ်အချို့ကို ဆေးမီးဖို
ထဲ ဒီတိုင်းပင်ပစ်ထည့်ကာ အရည်ကြိုရန် မီး
သေန္ဓသားကိုထုတ်လိုက်သည်။ မီးသန္ဓေသား
ကိုတွေ့သည်နှင့် ကျောက်သခင်မလေးနှင့်
ကျောက်တင်းလျန်တို့ မျက်လုံးပြူးသွားကြရ
သည်။
“ဟင် သဘာဝရဲ့မီးဒြပ်စင်ရတနာလား”
“မီးတောက်လေးက အရောင်အဆင်းလှပပြီး
ရှူချင်စဖွယ်ပဲ”
မတူညီသည့် စကားသံများထွက်ပေါ်လာချိန်၌
ကျိုးယန်တယောက် ခေါင်းကိုသာခါယမ်းလိုက်
ရသည်။ မိန်းမများသည် မိန်းမများသာဖြစ်ကာ
ရတနာကိုတွေ့သော်လည်း အချင်းကိုသာအာရုံ
ရလေသည်။ ကျိုးယန်ကဆေးအမယ်များကိုအ
ပူပေးနေချိန် ကျောက်သခင်မလေးသည်လည်း
သူမ၏ဆေးအမယ်များကို အရည်ကြိုသည့်အ
ဆင့်များပြုလုပ်နေလေသည်။
“ဆေးအရည်ကြိုတဲ့အဆင့်ကတော့ ကိစ္စမရှိဘူး
ဆေးလုံးပုံဖော်တဲ့နေရာဖြစ်တဲ့ ဆေးအမယ်တွေ
အားလုံးစုပေါင်းတဲ့အခါကျရင်တော့ ငါကူညီ
မယ်”
ကျောက်တင်းလျန်က ကျိုးယန်တို့ကိုပြောလိုက်
သည်။ သူသည်သိုင်းပညာရှင်အဆင့်အထွဋ်အ
ထိပ်တွင်ရှိသောကြောင့် စိတ်ဝိဉာဥ်စွမ်းအားမှာ
ကျိုးယန်တို့ထက်သာလေသည်။ နာရီအနည်း
ငယ်ကြာအောင် အရည်ကြိုခြင်းအဆင့်ပြီးဆုံး
ပြီးနောက်တွင်တော့ ကျောက်သခင်မလေး၏
ဆေးမီဖိုထဲသို့ ကျိုးယန်ကြိုထားသည့်ဆေးရ
ည်များကိုပါ ပေါင်းထည့်ကာ ဆေးလုံးပုံဖော်
ရန်အဆင့်သို့ရောက်လာသည်။
“ဟုတ်ပြီ ဒီအထိအောင်မြင်တယ် ငါကူညီရမယ့်
အချိန်ရောက်ပြီ”
ကျောက်တင်းလျန်က ဆေးမီးဖို၏အနားသို့က
ပ်၍ ကူညီကန်ပြင်ချိန်တွင် ကျိုးယန်ကတား
လိုက်သည်။
“မလိုပါဘူးဦးလေး အစအဆုံးသာကြည့်နေပါ”
ကျိုးယန်၏တားမြစ်မှုကြောင့် ကျောက်တင်း
လျန်တို့သားအဖလည်း အံ့သြမှင်သက်သွားကြ
ရသည်။ ကျိုးယန်တို့ဖော်စပ်သည့်ဆေးလုံးမှာ
ဒုတိယအဆင့်တွင် အဆင့်မြင့်အဆင့်သာရှိနေ
သော်လည်း ဆေးအမယ်ရှားပါးပြီးဖော်စပ်ရ
ခက်ခဲသောကြောင့် တမယ်စာအတွက်ကိုပင်
ကျောက်မိသားစုက အတော်လေးကုန်ကျခံ
ထားရသည်။
“ရှင်သေချာရဲ့လား ဒီအဆင့်က အရမ်းအရေး
ကြီးတာနော် အမှားအယွင်းတခုခုဖြစ်သွားရင်
ဆေးတမယ်စာကအလကားဖြစ်သွားရမှာ”
ကျိုးယန်က ကျောက်သခင်မလေး၏အတွေး
ကိုနားလည်ပေသည်။ ဆေးတမယ်စာ၏တန်
ဖိုးကြောင့် သူမတွန့်ဆုတ်နေကာ နောက်တမယ်
စာအတွက်စိုက်ထုတ်ရန်တွေဝေနေခြင်းဖြစ်ပုံရ
သည်။ ကျိုးယန်က ကျောက်သခင်မလေးကို
ကြည့်၍
“ကျုပ်ကိုယုံလို့ရတယ် တခုခုဖြစ်ခဲ့ရင် ကျုပ်
တာဝန်ယူတယ်”
သူမကိုယတိပြတ်ပြောပြီးနောက် ဆေးမီးဖို၏
အရှေ့တွင် တင်ပျဥ်ခွေထိုင်ကာလက်ဟန်အချို့
ပြုလုပ်လိုက်သည်။ ကျိုးယန်၏လက်ဟန်သည်
ရိုးရှင်းပြီး ပညာသားမပါသော်လည်း ထိရောက်
ပုံရသည်။ ကျောက်သခင်မလေးနှင့်ကျောက်
တင်းလျန်တို့သည်လည်း တဖက်လူမှအာမခံပါ
သည်ဟု ပြောလာသဖြင့် အကူညီကြောင့် ငြင်း
ဆန်ရန်မသင့်တော့ပေ။ စိတ်ရှုပ်စွာဖြင့်ပင်လက်
ခံလိုက်ရသည်။ ကျိုးယန်သည် စိတ်ဝိဉာဥ်ကိုယ်
ပွားကိုသုံးချင်သော်လည်း ကျောက်တင်းလျန်
ကို သူ၏ကျင့်ကြံမှုအမှန်တိုင်းမသိစေလိုသော
ကြောင့် သာမန်စိတ်ဝိဉာဥ်စွမ်းအားကိုသာသုံး၍
လက်ဟန်များဖြင့် ဆေးလုံးကိုပုံဖော်ရန်ကြိုး
စားနေလေသည်။ အချိန်တချို့ကြာပြီးနောက်
ဆေးမီးဖိုကပြင်းစွာလှုပ်ခတ်လာသည်။ ကျိုး
ယန်၏နှာဖူးတွင်လည်း ချွေးသီးချွေးပေါက်များ
ကျဆင်းလာကာ ရေချိုးထားသည့်အတိုင်းပင်
ဖြစ်သည်။
“အဖေ ဆေးမီးဖိုကအခြေနေမကောင်းဘူး သူ
အဆင်ပြေပါ့မလား ဆေးအမယ်ထက်ဆေးမီး
ဖိုပေါက်ကွဲရင် သူ့အတွက်အန္တရာယ်ရှိနိုင်တယ်”
ကျောက်သခင်မလေးကစိုးရိမ်စွာပြောလာလေ
သည်။ သူမသည်ဆေးတမယ်စာကိုနှမြောသော်
လည်း အကူညီပေးသည့်ကျိုးယန်ကိုတော့မထိ
ခိုက်စေလိုပေ။
“အဖေဘေးနားမှာစောင့်ကြည့်နေပါတယ် တခုခု
ဆို သူမထိခိုက်အောင်ကာကွယ်ပေးမယ်”
ကျောက်တင်းလျန်က သူ့သမီးကိုကတိပေးလို
က်သည်။ ဆေးမီးဖိုသည့် နာရီအနည်းငယ်ကြာ
ပြင်းထန်စွာလှုပ်ခတ်နေသော်လည်း မပေါက်ကွဲ
သွားပေ။ ညနေစောင်းအချိန်သို့ရောက်လာတဲ့
အခါမှာတော့ ဆေးမီးဖိုလည်းငြိမ်သက်သွားပြီး
အထဲမှ ဆေးလုံးသဏ္ဍန်ပုံစံကိုခပ်ရေးရေးမြင်
လာကြသည်။
“ အောင်မြင်တော့မယ် သူအောင်မြင်တော့မယ်
ဆေးလုံးဘယ်နှစ်လုံးထိရနိုင်မလဲ တလုံးလား
နှစ်လုံးလား တလုံးတည်းကလည်းကိစ္စမရှိပါ
ဘူး”
ကျောက်သခင်မလေးကအားရဝမ်းသာစွာဖြင့်
သူမဖခင်၏လက်မောင်းကိုဆုပ်ကိုင်ကာ ပြော
လာသည်။ ကျောက်တင်းလျန်၏မျက်နှာသည်
လည်း ရွှင်ပြလာပြီး ကျိုးယန်ကိုကျေးဇူးတင်
သည့်အကြည့်ဖြင့် ကြည့်လာသည်။ ခနအကြာ
ကျောက်တင်းလျန်တို့အကြည့်အောက်တွင်ပင်
ဆေးလုံးများသည် ဆေးမီးဖိုမှခုန်ထွက်လာကာ
ကျိုးယန်က ဆေးလုံးများကိုအသာအယာပင်
ဖမ်း၍ အသင့်ဆောင်ထားသည့် ဆေးပုလင်းထဲ
သို့ထည့်လိုက်သည်။
“သုံး သုံးလုံးတောင်လား သူတကယ်ကြီးဖော်
စပ်လိုက်နိုင်တာလား နောက်ပြီးအရေအတွက်
က တတိယအဆင့်ပညာရှင်တွေတောင်မရနိုင်
တဲ့အရေအတွက်ကြီးလေ”
ကျောက်သခင်မလေးသည် ဆေးပညာရှင်ဖြစ်
သောကြောင့် ဆေးလုံး၃လုံးရခြင်းသည် မည်
သည့်အရာကိုဆိုလိုမှန်းသိလေသည်။ ကျိုးယန်
ကဆေးပုလင်းကို ကျောက်တင်းလျန်၏လက်
ထဲသို့ထည့်ပေးလိုက်သည်။
“ကဲ ကျုပ်ကတိတည်ပြီ ဒါနဲ့ ဒီဆေးက သုံးစွဲရာ
မှာ သတိထားရမယ့်ကိစ္စလေးတွေရှိသေးတယ်
ခဗျားတို့က ဘယ်သူ့အတွက်သုံးချင်တာလဲ”
ကျိုးယန်က ကျောက်တင်းလျန်ကို မေးလိုက်
သည်။ ခန္ဓာကိုယ်သန့်စင်ဆေးကို သုံးရာတွင်
အကူညီတချို့လိုအပ်ကာ ကူညီသူသည်လည်း
ဆေးလုံး၏အစွမ်းကိုနားလည်ထားရန်လိုအပ်
ပေသည်။ ကျောက်တင်းလျန်က ကျိုးယန်၏
စကားကိုကြားလျှင် မျက်နှာမသာမယာဖြစ်
သွားတော့သည်။
“ဒီဆေးလုံးက ဒဏ်ရာရနေတဲ့ငါ့ဇနီးသည်ကို
ကုပေးဖို့ပါ သူမက သွေးကြောတွေပျက်စီးပြီး
အဆိပ်တမျိုးလည်းသင့်ထားတာ ဆယ်နှစ်
ကျော်နေပြီ အရင်က ဒုတိယအဆင့် ခန္ဓာကိုယ်
အားဖြည့်ဆေးအချို့နဲ့ကုပေမယ့် မထိရောက်ပဲ
ပိုပိုပြီးဆိုးလာတယ် ဒါနဲ့ငါ့သမီးကဆေးလုံး
ပညာကိုလေ့လာပြီး ဒီဆေးလုံးက ကုသနိုင်
တယ်လို့ယူဆလိုက်တဲ့အတွက် ကြိုးစားကြည့်
တဲ့သဘောပါ”
ကျောက်တင်းလျန်၏စကားကိုကြားလျှင် ကျိုး
ယန်က
“ဒီဆေးလုံးက အမှန်တကယ်အသုံးဝင်ပါတယ်
ဒါပေမယ့် ကုသရေးဖြစ်စဥ်ကတော့ ရှုပ်ထွေး
တယ် ကျုပ်လည်း ကူညီလက်စနဲ့အဆုံးထိကူ
ညီပေးပါ့မယ် ဒါပေမယ့်အခုတော့ကျုပ်အနား
ယူဖို့လိုအပ်နေလို့မနက်ဖန်မနက်စောစောမှာ
ကုသရေးလုပ်ငန်းစဥ် စကြတာပေါ့”
ကျိုးယန်၏စကားကိုကြားလျှင် ကျောက်တင်း
လျန်တို့သားအဖလည်းဝမ်းသာသွားရသည်။
သူတို့သည် ဆေးလုံး၏အသုံးဝင်မှုကိုမှန်းဆနိုင်
ခဲ့သော်လည်း ကုသရေးဖြစ်စဥ်ကိုမသိပေ။
ထိုအတွက် ကျိုးယန်သာကူညီပါက အဆင်ပြေ
ပေမည်။
“ ကျေးဇူးတင်ပါတယ်ကောင်လေး ငါတကယ်
လည်းအားနာရှက်ရွံမိပါတယ် ဆေးလုံးအတွက်
အပြင်ကုသရေးပါ အကူညီလိုအပ်လိမ့်မယ်လို့
ငါမမျှော်လင့်ထားမိဘူး”
ကျောက်တင်းလျန်က အမှန်တကယ်ပင်အားနာ
နေပုံရလေသည်။ ထိုသူသည် စိတ်ရင်းကောင်း
သည်ဟု ကျိုးယန်မှတ်ချက်ပြုလိုက်ကာ ခေါင်း
ကိုခါယမ်း၍
“ကိစ္စမရှိပါဘူး ကျုပ်ကူညီနိုင်တဲ့အရာဖြစ်လို့
လမ်းကြုံကူညီတယ်လို့ပဲ သဘောထားပါ”
ထိုနေ့တွင်ပင် ကျိုးယန်ကိုအိမ်တော်မှမပြန်စေ
ပဲ ကျောက်အိမ်တော်၌ပင် အိမ်တော်တခုစီစဥ်
ပေးကာ အနားယူစေသည်။ ကျောက်သခင်မ
လေးသည် ပြုံးရွှင်နေသည့်မျက်နှာလေးဖြင့်
ကျိုးယန်ကို ကျေးဇူးတင်စကားအထပ်ထပ်
ပြောကာ ကူညီမှုအတွက်ကျေးဇူးမမေ့ပါဟု
ဆိုလေသည်။ ထိုနေ့တွင် ကျိုးယန်တယောက်
အမှန်တကယ်ပင် ပင်ပန်းရသည်။ စိတ်ဝိဉာဥ်
ကိုယ်ပွားကိုသာသုံးနိုင်လျှင် အခုမျှကြာမည်
မဟုတ်ပေ။ ဆေးလုံး၏အရည်အသွေးသည်လဲ
ပို၍ ကောင်းမွန်ပေမည်။
“ငါ့အကြောင်းခုချိန်ဖော်ထုတ်လို့ မသင့်တော်
သေးဘူး”
ကျယ်ဝန်းသည့်အိမ်တော်တခု၏ ကုတင်ပေါ်
ပစ်လှဲချကာ ကျင့်ကြံမှုပုံစံဖြင့်ပင်အနားမယူ
တော့ပဲ တန်း၍သာအိပ်စက်ပစ်လိုက်သည်။