← Chapters

တခဏငြိမ်သက်ခြင်းလား။

Vol. 7 Ch. 104

တခဏငြိမ်သက်ခြင်းလား။

Vol. 7 Ch. 104

ကျိုးယန်တို့သည် မြို့တော်ရှိရာသို့အလျင်အမြ

န်ပြန်ရောက်လာကြကာ တောက်ချင်တယောက်

အပြင်းအထန်ဒဏ်ရာရသွားသည့်သတင်းနှင့်

မြွေမျိုးနွယ်မှလူများ သေဆုံးသွားရသည့်

နောက်ဆက်တွဲသတင်းများက မြို့တော်ရှိ

ခေါင်းဆောင်များကို ကြောင်အသွားစေသည်။

“သံ ချပ်ကာကားတစီးပျက်စီးသွားတယ်ဟုတ်

လား”

ငါသွေးအန်ချင်နေပါပြီ။ ကျိုးယန်သည် ရင်ဘ

တ်ကိုအသာဆုပ်ကိုင်ကာ နှမြောတသဖြစ်သလို

ခံစားရသော်လည်း ထိုအရာကရုပ်ဝတ္ထုပစ္စည်း

သာဖြစ်၍ သူ့လူများ၏အသက်များနှင့်တော့မ

ယှဥ်နိုင်ပေ။

ကိုင်ရီရီသည် မြို့တော်သို့ရောက်သည်နှင့် သေ

ဆုံးသွားသူများအတွက် မျိုးနွယ်စုအုတ်ဂူများ

ထားရှိရာနေရာတွင် ဆုတောင်းမှုပြုလုပ်ပေး၍

ကျန်ရစ်သူများကိုလည်း ရွှေစအမြောက်အမြား

ထောက်ပံ့ပေးလိုက်လေသည်။ ကျိုးယန်သည်

တောက်ချင်အတွက် ဒဏ်ရာကုသဆေးများကို

ကိုယ်တိုင်ဖော်စပ်ကာ ကုသစေသည်။ တဖက်

တွင် ထိုသတင်းကိုရသွားကြသည့် မဟူရာမြို့

တော်မှ မိသားစုနှစ်ခုလည်းရောက်ရှိလာကာ

နောင်တွင် အင်အားတချို့ထည့်ဝင်ပြီးသားရဲ

ကိစ္စထပ်မံ ဖြစ်ပွားပါက ကူညီရန်ပြောလာကြ

သည်။

ခန်းမထဲတွင် အဓိကခေါင်းဆောင်များ မိသား

စုနှစ်ခုမှ လူများနှင့်ကျိုးယန်တို့အတူရှိနေကာ

သားရဲလှုပ်ခတ်မှုအပေါ်အလေးအနက်ဆွေးနွေး

နေကြလေသည်။ ကိုင်ရီရီကတော့ သေဆုံးသွား

သည့်သူမ၏လူများအတွက်မအားလပ်၍ မလာ

ရောက်တော့ပေ။

“ဒီတခေါက်သားရဲ လှုပ်ရှားမှုကမှတ်တမ်းတွေ

ထဲမှာဖော်ပြထားတာနဲ့မတူဘူးဖြစ်နေတယ်”

အဖိုးဝူမှ မှတ်တမ်းအချို့၌ သူဖတ်ဖူးသည့်အ

ကြောင်းအရာများကို ပြောပြကာစတင်ဆွေး

နွေးလိုက်သည်။

“ကျုပ်တို့ဘိုးဘွားတွေရဲ့ မှတ်တမ်းတွေမှာလည်

သားရဲလှုပ်ရှားမှုတွေက ဆင့်ကဲဖြစ်လာပြီတ

ဆင့်ပြီးတဆင့် ပိုပိုပြီးစွမ်းအားကြီးလာတာလို့

ဖော်ပြထားတယ်”

ကျောက်မိသားစုခေါင်းဆောင်က ဝင်ရောက်၍

ပြောလာသည်။ ကျောက်မိသားစုတွင်လည်း

သားရဲသတင်းနှင့်ပက်သက်၍ မှတ်တမ်းအချို့

ရှိထားလေသည်။

“ဒါဆို အခုတခေါက်ကပထမလှိုင်းလို့ဆိုရမှာ

ပေါ့”

ပိုင်လီက မေးလာသည်။

“မှတ်တမ်းအရဆိုရင်တော့ ဟုတ်တယ် ဒါပေမဲ့

အခုအနေအထားက မှတ်တမိးနဲ့လည်းမကိုက်

ညီဘူးဖြစ်နေတယ်”

အဖိုးဝူမှပိုင်လီ၏မေးခွန်းကို ပြန်ဖြေလိုက်သည်

“မြောက်ဘက်ဒေသကတော့ အခြေနေဆိုးနေ

တယ်လို့ ကျုပ်သတင်းအချို့ရထားတယ် အဲ့ဒါ

နဲ့ပက်သက်ပြီး သူတို့လည်းအချိန်တခုကြာတဲ့

အထိ ကိုင်တွယ်ရမယ့်ပုံပဲ တခုရှိတာက သားရဲ

လှုပ်ရှားမှုရဲ့အဓိကပစ်မှတ်က မြောက်ပိုင်းကို

ဖြစ်နေတာလားလို့ ကျုပ်တွေးမိနေတာပဲ”

တပ်မှူးချင်သည် သူ့အတွေးကိုပြောပြလိုက်သ

ည်။ အဆင့်မြင့်သားရဲများတပြိုင်နက်ပေါ်လာ

သော်လည်း နှစ်ကောင်သာအနောက်ဘက်ဒေသ

သို့ဝင်ရောက်လာပြီး ကျန်သည့်အကောင်များ

သည် မြောက်ပိုင်းဒေသသို့ ဝင်ရောက်သွားကြ

ပုံပေါ်သည်။ ကျိုးယန်ကခါင်းညိတ်၍

“ဟုတ်တယ် ကျုပ်လည်းသတိထားမိတယ် သူ

တို့က အသိဉာဏ်မြင့်မားလာပြီး နောက်ကွယ်

မှာအင်အားကြီးသားရဲတကောင်က ထိန်းချုပ်

နေတာလား ပြီးတော့ မြောက်ဘက်ဒေသကို

ပစ်မှတ်ထားနေတဲ့သဘောလား”

ကျိုးယန်၏မေးခွန်းကို အကုန်လုံးမှအလေးအ

နက်စဥ်းစားနေကြသည်။ အတန်ကြာလျှင်

ကျောက်မိသားစုခေါင်းဆောင်က

“”အင်အားကြီးသားရဲတကောင် နောက်ကွယ်မှာ

ရှိတယ်ဆိုရင် သားရဲတွေကိုတခါတည်းစေလွှ

တ်ပြီး တိုက်ခိုင်းမှာပဲ အခုက အဆင့်မြင့်သားရဲ

အချို့ဝင်လာတာ အဆင့်နိမ့်သားရဲတွေမပါဘူး

ဆိုတော့ အဲ့အချက်ကမဖြစ်နိုင်တော့ဘူး”

အဖိုးဝူကလည်းခေါင်းညိတ်၍

“နောက်ကွယ်ကသားရဲနဲ့ လူသားမျိုးနွယ်ထဲက

တစုံတယောက် ဒါမှမဟုတ် ဂိုဏ်းတခုခုကပူး

ပေါင်းထားတယ်ဆိုရင်ကော”

“မဖြစ်နိုင်ဘူး ကျုပ်သိရသလောက်မင်းသမီး

တို့လို လူသားတွေနဲ့အနေနီးတဲ့မျိုးစိတ်တွေက

သာ လူသားတွေကိုယုံကြည်ပြီးပူးပေါင်းကြတာ

ကျန်တဲ့သားရဲအများစုက မယုံကြည်တဲ့အတွက်

မပူးပေါင်းတတ်ကြဘူးလို့ သိထားတယ်”

အကြီးအကဲတဦးမှ ဝင်ပြောလာသည်။ထိုသူ

သည် အသက်၈၀ခန့်အရွယ်ရှိကာအတော်လေး

အိုမင်းပုံပေါ်ပြီး အသက်အမှန်သည်ထိုထက်ပို

ကြီးရင့်ပုံရလေသည်။

“ကျုပ်လည်း အဲ့လိုကြားဖူးတယ်”

ထိုစဥ် စုယင်ကဝင်၍

“အစ်ကိုကြီး ညီမတို့ပြည်ထောင်စုတိုက်ခိုက်ခံ

ရတုန်းက သားရဲထိန်းချုပ်ခြင်းဂိုဏ်းလို့ခေါ်တဲ့

ထူးဆန်းတဲ့ဂိုဏ်းတခုပါတယ်လို့ ကြားလိုက်

တယ် သူတို့နဲ့ဆက်စပ်နေလောက်လား”

စုယင်၏မထင်မှတ်ထားသည့် မေးခွန်းအောက်

တွင် တပ်မှူးချင်၏မျက်လုံးများအရောင်လက်

သွားသည်။

“ဟမ် သားရဲထိန်းချုပ်ခြင်းဂိုဏ်းတဲ့လား”

ကျိုးယန်ကတပ်မှူးချင်၏ပုံစံကို သတိထားလို

က်မိသောကြောင့် ချက်ချင်းပင်မေးလိုက်သည်

“တပ်မှူးချင်က တခုခုများသတိထားမိလို့လား”

ကျိုးယန်၏မေးခွန်းကို တပ်မှူးချင်က

“ဒီလိုပါ သခင်လေး”

တပ်မှူးချင်သည် ကျားရဲ၏မျက်လုံးအရောင်

ပြောင်းမှုအကြောင်းကို တိုက်ပွဲစတင်သည်ကစ

ပြည့်ပြည့်စုံစုံပြောပြလိုက်သည်။ ကျိုးယန်သ

ည် မီးကြံ့ကြီး၏မျက်လုံးများပုံမှန်သာဖြစ်နေ

သည်ကို တွေးလိုက်မိလျှင် နားမလည်နိုင်ဟန်

ဖြစ်သွားရသည်။ တခုခုလွဲနေတာလား။

“ဟုတ်တယ် အဲ့ဂိုဏ်းအကြောင်းကျုပ်နည်းနည်

ကြားဖူးတယ် သူတို့က သားရဲတွေကိုထိန်းချုပ်

တဲ့ အတတ်ပညာတခုရှိထားပြီး သူတို့ရဲ့အဓိက

အားသာချက်က မည်သည့်သားရဲကိုမဆိုထိန်း

ချုပ်စေခိုင်းနိုင်တာပဲ ဟုတ်တယ် ကျုပ်မေ့နေ

တာပဲ”

အဖိုးဝူသည် ဦးခေါင်းကိုခါယမ်း၍ ကျောက်မိ

သားစု၏စကားကို ငြင်းဆိုလိုက်သည်။

“အဲ့ဂိုဏ်းက ပျောက်ကွယ်သွားပြီမဟုတ်လား

နှစ်တွေတောင်မနည်းတော့ဘူးလေ”

အဖိုးဝူ၏စကားကိုကျန်သည့် ခေါင်းဆောင်များ

နှင့်အကြီးအကဲများကလည်း ငြင်းဆိုကြသည်။

အများစုသည် နှစ်ရာဂဏန်းအချို့ရှင်သန်ပြီး

ကြသူများဖြစ်ကာ အကြောင်းအရာအတော်

များများကိုသိထားကြသူများဖြစ်သည်။

“ဒါနဲ့ သားရဲထိန်းချုပ်ခြင်းဂိုဏ်းက ကျိုးပြည်

ထောင်စုဂိုဏ်းကမဟုတ်ဘူးထင်တယ်”

ကျိုးယန်၏စကားကို အဖိုးဝူက

“မဟုတ်ဘူးသခင်လေး သူတို့ကဝူပြည်ထောင်စု

ကနေ ပြန့်ပွားလာတာ အထူးသဖြင့်သားရဲဒေ

သရှိနေတဲ့ ပြည်ထောင်စုတော်တော်များများဆီ

မှာသူတို့ဂိုဏ်းခွဲတွေရှိပြီး ရက်စက်ကြမ်းတမ်း

ကြလို့ ပြည်ထောင်စုအသီးသီးကဂိုဏ်းတွေစု

ပေါင်းပြီး အချိန်အတော်ကြာတိုက်ခိုက်လိုက်မှ

ပျောက်ကွယ်သွားခဲ့ရတယ် သူတို့ပြန်ပေါ်လာ

တယ်ဆိုတာ မဖြစ်နိုင်ဘူး”

ဝူ ပြည်ထောင်စု။ ကျိုးယန်သည် သားရဲထိန်း

ချုပ်ခြင်းဂိုဏ်းဆက်လက်တည်ရှိနေခြင်းရှိမရှိ

က ယခုပြဿနာကိုအဖြေထုတ်နိုင်မည်ဟုတွေး

မိသွားသည်။

“တပ်မှူးချင် အဖိုးဝူနဲ့ ကျန်တဲ့ခေါင်းဆောင်တို့

ကျုပ်တို့လူအချို့ထဲက အစွမ်းအစရှိပြီးယုံကြ

ည်ရတဲ့လက်အောက်ငယ်သားအနည်းငယ်ကို

ပတ်ဝန်းကျင်က ပြည်ထောင်စုတွေဆီပို့ပြီး

သတင်းစုံစမ်းခိုင်းလိုက်ပါ”

ကျိုးယန်၏စကားကို အကုန်လုံးမှနားလည်းသ

ည့်ဟန်ဖြင့် ဦးခေါင်းများညိတ်၍သဘောတူ

လိုက်ကြသည်။ကျိုးယန်သည် ကျောက်ဝမ်အာ

ဘက်လှည့်၍

“ ကျောက်သခင်မလေး ဆေးဖော်စပ်တာအခြေ

အနေဘယ်လိုရှိပြီလဲ”

ကျိုးယန်၏အမေးကို ကျောက်ဝမ်အာမှ

“ဒုတိယအဆင့်ရဲ့ အဆင့်မြင့်အဆင့်ကိုရောက်

ဖို့နီးနေပါပြီမင်းသား”

ကျိုးယန်ကခေါင်းညိတ်၍ချီးကျူးလိုက်သည်။

“ ကျောက်သခင်မလေးက တကယ်ကိုပါရမီရှင်

ပါပဲ”

ကျောက်မိသားစုခေါင်းဆောင်သည် ထိုအရာကို

ပြုံး၍ကြည့်နေလေသည်။ သူ့မြေးမလေးသည်

ဆေးပညာတွင်ပါရမီပါသူဖြစ်ကာ ယခုတွင်

ကျိုးယန်ကဲသို့မွန်းစတားက သင်ကြားပေးနေ

သည့်အတွက်ပို၍ပင်တိုးတက်လာပေဦးမည်မ

ဟုတ်လား။ ထိုအရာသည် နောင်တွင်ကျောက်

မိသားစုကို ပိုမိုမြင့်မားသည့်အဆင့်တခုသို့ရော

က်ရှိစေလိမ့်မည်။

……………………………………………

All Chapters