ရှမိသားစုခေါင်းဆောင်ရောက်လာခြင်း
Vol. 7 Ch. 90
ကျိုးယန်တယောက် အနားယူရန်အတွက် သူ့အတွက်စီစဥ်ပေးထားသည့် အိမ်တော်ဆီသို့
ပြန်သွားလိုက်သည်။ သူ့အတွက်ဒဏ်ရာကုသမှုက စိတ်စွမ်းအင်အများအပြားမကုန်ခဲ့
သော်လည်း စိတ်ထဲတွင်အနားယူချင်နေလေသည်။
“စနစ်ရှင်ကတည်ငြိမ်တဲ့စိတ်စွမ်းအင်ကို ပိုင်ဆိုင်ထားနေပြီပဲ”
စနစ်ရဲ့စကားသံထွက်ပေါ်လာသည်။
“ငါ့အတွက် မလွယ်ကူခဲ့ပါဘူး ငါသာ သာမန်သိုင်းပညာရှင်အဆင့်မှာသာရှိသေးရင် တုန့်
ပြန်မှုက အရှက်ရစရာကောင်းနေလိမ့်မယ်ဆိုတာ အသေချာပဲ”
“ဘာပဲဖြစ်ဖြစ် စနစ်ရှင်ကျော်လွှားနိုင်ခဲ့တယ်မဟုတ်လား အဲဒါကပဲနောင်တချိန်မှာစနစ်ရှင်
ရဲ့ဂုဏ်သတင်းကို ပိုပြီးကောင်းမွန်လာစေလိမ့်မယ်”
ကျိုးယန်ကနှာခေါင်းရှုံ့လိုက်သည်။ ဂုဏ်သတင်းတဲ့လား။ သူ့အနေဖြင့် ထိုအပိုင်းတွင်
အတွေ့အကြုံနည်းသော်လည်း သူသည်သာမန်လူတယောက်မဟုတ်တော့ပေ။ ထိုက်သင့်
သည်ကျင့်ကြံမှုဖြင့် လူမှုဆက်ဆံရေးအတွေ့အကြုံရှိထားသူမို့ တချို့အခြေနေများကို ကိုင်
တွယ်ရာတွင် တည်ငြိမ်သင့်သည်မဟုတ်လား။
“ဒါနဲ့ မင်းက အရင်မိန်းခလေးတွေတုန်းက ခုလိုမျိုးတဖက်သားအကြောင်းကိုစိတ်ပါလက်ပါ
မပြောခဲ့ဘူးမဟုတ်လား စနစ် ခုကဘာဖြစ်လို့လဲ နောက်ကွယ်ကမရိုးရှင်းဘူးလား”
ကျိုးယန်၏အမေးကို စနစ်မှ
“ရိုးရှင်းပါတယ် ဒီတိုင်းပြောဖြစ်သွားတာပါ ဒါပေမယ့်သေချာတာတခုကစနစ်ရှင်နဲ့သူမကြား
မှာ ကံချည်နှောင်မှုတခုတော့ ရှိနေတယ်ဆိုတာပဲ ဒီထက်တော့ပိုပြောလို့မရတော့ဘူး”
“ကံ ချည်နှောင်မှူလား”
ထိုစကားကိုစနစ်ဆီမှ ပထမဆုံးကြားဖူးခြင်းဖြစ်သောကြောင့် အနည်းငယ်ထူးဆန်းသွား
သော်လည်း ထိုထက်ပိုမပြောပါဟု ဆိုလာသည့်စနစ်ကြောင့် ထပ်မေးလျှင်လည်းထူးမည်
မဟုတ်ဟုတွေးကာ မမေးတော့ပေ။
ကျောက်အိမ်တော်ခန်းမ
“မိန်းမ မင်းတကယ်သက်သာရဲ့လား”
ကျောက်တင်းလျန်သည် သူ့ဇနီး၏လက်ကိုခပ်ဖွဖွဆုပ်ကိုင်ထားကာ ဇနီးဖြစ်သူပြန်လည်
ကျန်းမာလာသည့်အပေါ် မယုံနိုင်သေးဟန်ဖြင့် ထိုစကားကိုသာ မကြာခဏမေးနေသည်။
အစောပိုင်းအချိန်တုန်းကသာဆိုလျှင် ထိုသို့မေးမြန်းမှုက ကျိုးယန်ကိုစော်ကားရာကျမည်ကို
သိထားသောကြောင့် အောင့်အည်းနေရခြင်းဖြစ်သည်။
“အဖေ…စိတ်မပူပါနဲ့ အမေကတကယ်ကိုသက်သာနေပါပြီ သခင်လေးစူးကလည်း
ရက်အနည်းငယ်နားရင် သက်သာပြီတဲ့ သူ့စကားကသေချာပါတယ်”
ကျောက်ဝမ်အာကလည်း သူမ၏မိခင်လက်ကိုတဖက်ကဆုပ်ကိုင်ထားကာ ဖခင်ဖြစ်သူရဲ့
စိတ်ကိုနားလည်သည့်ဟန်ဖြင့်ပြောလိုက်သည်။
“အဖေက စိုးရိမ်နေတာပါ သမီးအမေလည်း ရောဂါကြောင့်အိပ်ရာထဲလဲနေရတာကြာပြီ
မဟုတ်လား ခုလိုရုတ်ချည်းအကောင်းဘက်ရောက်လာတော့ အဖေလည်းမယုံနိုင်ဖြစ်နေရ
သေးတယ်”
ကျောက်တင်းလျန်က သက်ပြင့းရှည်ကိုချကာ ပြောလိုက်သည်။ သူ့အနေဖြင့် ဇနီးသည်ကို
ကျန်းမာစွာဖြင့် ရှင်သန်စေလိုခဲ့သော်လည်း သူတို့ကျောက်မိသားစု၏လုပ်နိုင်စွမ်းက အကန့်
အသတ်ရှိခဲ့ကာ နှစ်ကာလများစွာ အရင်းအမြစ်များအတွက်ပုံအောကာ ကုသခဲ့သော်လည်း
မထူးခြားခဲ့ပေ။
“ဒါတွေထားလိုက်တော့ အခုသခင်လေးစူးကို ငါတို့ဘယ်လိုပြန်ပြီးကျေးဇူးတုန့်ပြန်ရမလဲ
ဆိုတာကို စဥ်းစားရမယ် နောက်ပြီး သူကတကယ်ပဲ အလယ်ပိုင်းဒေသရဲ့ တော်ဝင်မျိုးနွယ်
ကလူတယောက်လား ဒါဆိုရင် ငါ့အနေနဲ့ တခြားမိသားစုခေါင်းဆောင်တွေကိုဖိတ်ပြီး စကား
ပြောဆိုဖို့လိုသွားပြီ”
ကျောက်မိသားစုခေါင်းဆောင်၏စကားကို ကျောက်သခင်မက
“ကျမတော့ သခင်လေးစူးကို တော်ဝင်မျိုးနွယ်လက်အောက်ခံဆိုတာထက် သူကိုယ်တိုင်က
တော်ဝင်မျိုးနွယ်ဖြစ်နေမယ်လို့ ခံစားနေရတယ် သူ့ရဲ့ကိုယ်ရောင်ကိုယ်ဝါကို ဖုံးအုပ်ထားတယ်
ဆိုပေမယ့် မြင့်မြတ်တဲ့အရှိန်အဝါတချို့တလေ လွတ်ထွတ်လာတာကို ကျမသတိထားလိုက်မိ
တာရှိတယ်”
ကျောက်သခင်မ၏စကားကြောင့် ကျောက်မိသားစုခေါင်းလည်း ခနအကြာတွေဝေသွားလေ
သည်။ တော်ဝင်မျိုးနွယ်က မင်းသားတပါးလား။ ဘယ်မင်းသားဖြစ်မလဲ။ ထီးနန်းလုပွဲတွင်
မပါဝင်သည့် မင်းသားများဖြစ်ကြသည့် စတုတ္ထမင်းသား ဆဥ္ဓမ မင်းသားတို့များဖြစ်နေသ
လား။
“အချိန်တခုယူပြီး လေ့လာရမယ့်ပုံပဲ ဟူး ပြည်ထောင်စုကြီးကလည်း ပိုပိုပြီးရှုပ်ထွေးလာနေ
တယ် မြို့တော်အသစ်ကိုလည်း တခြားအင်အားကြီးတွေက မျက်စိဒေါက်ထောက်ကြည့်နေ
ကြတယ် အခုသခင်လေးစူးသာ မြို့တော်အသစ်အတွက်ရောက်လာတာဆိုရင် ပိုရှုပ်ထွေး
သွားလိမ့်မယ်”
ကျောက်မိသားစုခေါင်းဆောင်သည် မင်းသား၈ ကိုသဘောကျသူဖြစ်ကာ သခင်လေးစူးသည်
မင်းသား၈ ကြောင့်လာရောက်ကာ တဖက်တွင် မင်းသား၈ နှင့်ဘက်မတူပါက သူတို့အတွက်
ရွေးချယ်မှုများလုပ်ရပေတော့မည်။ ထိုအရာက ကျေးဇူးတရားနှင့်အနာဂတ်ကို ရွေးချယ်ရ
ခြင်းဖြစ်သည်။
ထိုစဥ် အိမ်တော်၏အစေခံတဦးမှ လာရောက်ပြောကြားသည်။
“ ရှမိသားစုခေါင်းဆောင်ကြီး ရောက်လာပါတယ် ဝင်ရောက်ခွင့်ပြုလိုက်ရမလားသခင်ကြီး”
ကျောက်မိသားစုခေါင်းဆောင်က မျက်ခုံးပင့်သွားသည်။ ပြဿနာက ရောက်လာလေပြီ။
“ဝင်ခွင့်ပေးလိုက်ပါ”
အစေခံမှ ခေါင်းညိတ်ပြ၍ ပြန်ထွက်သွားသည်။ ခနအကြာတွင် လူတဦးရောက်ရှိလာကာ
ထိုသူသည် ရှမိသားစုခေါင်းဆောင်ဖြစ်သည်။
“ညီနောင်ကျောက် ကျန်းခန့်သာရဲ့လား”
ရှမိသားစုခေါင်းဆောင်မှ အရင်ဦးစွာနှုတ်ဆက်လာသည်။ ကျောက်မိသားစုခေါင်းဆောင်
သည် တဖက်လူမှ မည်သည့်အတွက်ကြောင့်လာသည်ကို သိသော်လည်း အိမ်ရှင်ပီသစွာ
ကြိူဆိုရန်တာဝန်ရှိသောကြောင့် နေရာထိုင်ခင်းစီစဥ်ပေးရတော့သည်။
“မိတ်ဆွေကြီးကော ဘယအတွက်နဲ့များရောက်လာတာလဲဗျ အထွေအထူးကိစ္စများရှိလို့လား”
ကျောက်မိသားစုခေါင်းဆောင်က မသိဟန်ဆောင်၍မေးလိုက်သည်။ ထိုမေးခွန်းကိုကြားလျှင်
ရှမိသားစုခေါင်းဆောင်က မျက်နှာတချက်မဲ့သွားသော်လည်း ချက်ချင်းပင်ပျောက်ကွယ်သွား
ကာ တည်ငြိမ်သွားသည်။
“ကျုပ်တို့ချင်း မိတ်ဆွေဖြစ်တာကြာပြီဆိုတော့ ဝေ့ဝိုက်မနေတော့ပါဘူး လာရင်းကိစ္စက
ညီနောင်ကျောက်ဆီကိုရောက်နေတဲ့ မိတ်ဆွေလေးနဲ့စကားအချို့ပြောချင်ရုံပါ အဆင်ပြေနိုင်
တယ်မလား ညီနောင်ကျောက်”
ရှမိသားစုခေါင်းဆောင်က တဲ့တိုးပင်ပြောလာသည်။ စကားပြောဆိုရန် သေချာပေါက်မရိုးရှင်
သည်ကို ကျောက်မိသားစုဝင်များကသိထားကြသည်။
“ညီနောင်ရှပြောတဲ့ မိတ်ဆွေလေးဆိုတာက သခင်လေးစူးယွမ်ကိုပြောတာဖြစ်မယ် သူကအခု
အနားယူနေတယ်ဗျ တွေ့ဆုံပေးဖို့အဆင်မပြေလောက်ဘူးထင်တယ်”
ကျောက်မိသားစုခေါင်းဆောင်က မြွေမသေတုတ်မကျိုး ပြောလိုက်သည်။ တဖက်သူမှ
ကောင်းကောင်းမွန်မွန်ပြောလာသည့်အပြင် မိတ်ဆွေလည်းဖြစ်နေသောကြောင့် ထိုသို့တုန့်ပြန်
လိုက်ခြင်းဖြစ်သည်။ ရှမိသားစုခေါင်ဆောင် မျက်နှာပျက်ယွင်းသွားကာ လေသံမာမာဖြင့်
“ညီနောင်ကျောက်ရဲ့သခင်လေးစူယွမ်ဆိုတဲ့လူငယ်က ကျုပ်ရဲ့မြေးကိုထိခိုက်အောင်လုပ်သွား
ခဲ့တယ်ဆိုတာ ညီနောင်ကျောက်လည်းသိပေသားပဲမဟုတ်လား အဲ့ကိစ္စအတွက် စူးယွမ်ဆီက
ကျုပ်ကျေနပ်လောက်တဲ့ ဖြေရှင်းချက်တခုခုလိုချင်တယ် မဟုတ်ရင်တော့ ကျုပ်ကတန်ရာ
တန်ကြေးတခုခုတော့ ပြန်ယူရမှာပဲ”
ကျောက်မိသားစုခေါင်းဆောင်၏မျက်နှာသည် ရှုံ့မဲ့သွားလေသည်။
“ညီနောင်ရှစကားက မပြင်းထန်ဘူးလား သခင်လေးစူးယွမ်က ကျုပ်တို့ကျောက်အိမ်တော်ရဲ့
အထူးဧည့်သည်ဖြစ်နေပြီ ပြင်းထန်တဲ့ထိခိုက်ဒဏ်ရာမဟုတ်တဲ့အတွက် ကျုပ်တို့ကျောက်
အိမ်တော်မျက်နှာကိုထောက်ပြီး ဒီတခါတော့နားလည်ပေးလိုက်ပါ”
ရှမိသားစုခေါင်းဆောင်က ထိုစကားကိုကြားလျှင် ကျယ်လောင်စွာရယ်ကာ
“ထောက်ထားရမယ်တဲ့လား ညီနောင်ကျောက်က ကျုပ်လိုမိတ်ဆွေဖက်မပါပဲ တဖက်သူကို
ကာကွယ်ချင်နေတာကိုသိသိနဲ့ ကျုပ်က ထောက်ထားရမယ်လို့ ပြောချင်တာလားရယ်စရာပဲ”
ကျောက်တင်းလျန်အပါအဝင် ကျောက်မိသားစုဝင်များ၏ မျက်နှာများမဲမှောင်သွားကာ
တဖက်လူသည် သိသာစွာပင် မိမိတို့အိမ်တော်ထဲထိဝင်ရောက်ကာ မထေ့မဲ့မြင်ပြုလာနေပေ
သည်။
“ညီနောင်ရှ မင်းက ငါတို့ကျောက်အိမ်တော်ကို ခြိမ်းခြောက်ချင်နေတာလား”
ကျောက်မိသားစုခေါင်းဆောင်၏ လေသံသည် ပြင်းထန်လာသည်။ သူ့အနေဖြင့်ကျိုးယန်၏
ကျေးဇူးတရားအတွက် တုန့်ပြန်ရန်တွေးထားပြီဖြစ်ကာ မိတ်မပျက်လိုသောကြောင့် တဖက်
လူကို ကောင်းမွန်စွာပြောခဲ့သော်လည်း ခြိမ်းခြောက်ခံနေရပေသည်။
“အိုးဟိုး ညီနောင်ကျောက်က တကယ်ကြီးကာကွယ်ပေးနေတာပဲ ကောင်းပြီ ခုတကြိမ်တော့
ကျုပ်က မိတ်ဆွေတယောက်ဖြစ်ခဲ့ဖူးတာကိုထောက်ထားပြီး လွှတ်ပေးလိုက်မယ် ဒါပေမဲ့
ခဗျားတို့ သူ့ကိုဘယ်လောက်ကြာကြာဖွက်ထားနိုင်မှာတဲ့လဲ တနေ့တော့ကျုပ်နဲ့ဆုံမှာပါအဲဒီ
ခါကျ ခဗျားကာကွယ်ပေးလို့မရတော့ဘူး ညီနောင်ကျောက်”
ထိုစကားက ကြိမ်းသေပေါက် ခြိမ်းခြောက်ခြင်းဖြစ်သည်။ အဆင့်တူမိသားစုအချင်းချင်း
တဖက်လူမှ အိမ်ပေါ်ထိတက်ကာ ပါးရိုက်သည်နှယ်ခံစားရစေသည့်စကားဖြစ်သည်။ထိုအရာ
သည် မိသားစုကြီးကြားအက်ကြောင်းထစေကာ ပြည်ထောင်စုကြီး မငြိမ်းချမ်းစဥ်ကာလများ
၌ ပျက်စီးခြင်းဆိုက်ရောက်စေမည့်လမ်းစဖြစ်သည်။
“ကိစ္စမရှိပါဘူး ညီနောင်ရှ ကျောက်အိမ်တော်မှာရှိနေသရွေ့တော့ ကျုပ်ကစောင်ရှောက်ပေးရ
မှာပဒ အိမ်တော်ရဲ့အပြင်ကိုရောက်တဲ့အခါကျ ရှအိမ်တော်ကလူတွေဘယ်လောက်တိုးတက်
လာလဲဆိုတာ သိရဖို့အခွင့်အရေးရှိလာမှာပါ”
ကျောက်မိသားစုခေါင်းဆောင်က အသာပြုံး၍ပြောလိုက်သည်။ ကျိုးယန်ကိုအဆုံးထိကူညီ
မည်ဟု ဆုံးဖြတ်လိုက်သောကြောင့် ထိပ်တိုက်တွေ့ဆုံမှုအတွက် နောက်မဆုတ်ယေတ့ပေ။
“သိပ်ကောင်းတယ် နောင်မှ နောင်တမရပါနဲ့ညီနောင်ကျောက် အခုတော့ကျုပ်လည်းပြန်
လိုက်ပါဦးမယ်”
“လိုက်မပို့တော့ဘူး ညီနေင်ရှ”
ကျောက်မိသားစုဝင်များက အရင်လိုပင်လေးလေးစားစားဦးညွတ်နှုတ်ဆက်ကြခြင်းမရှိ
တော့ပေ။
ရှမိသားစုခေါင်းဆောင်ထွက်သွားပြီနောက် ကျောက်သခင်အက
“သူ့မြေးဆိုတာ ရှသခင်လေး ရှပင်ဆိုတဲ့အရိုင်းအစိုင်းလေးကိုပြောနေတာလား”
သူမသည် ကျိုးယန်၏ပြဿနာကိုသိထားသော်လည်း အစုံအလင်တော့မဟုတ်ပေ။ ကျောက်
တင်းလျန်ကလည်း
“အမှန်ပဲ ဟိုနှစ်တွေတုန်းက ရှမိသားစုခေါင်းဆောင်ကနေတဆင့် ဝမ်အာလေးကို တောင်းရမ်း
ဖို့ကြိုးစားသေးတယ်လေ အဖေကတခါတည်းငြင်းလိုက်တာ မဟုတ်ရင် ဒီအယုတ်တမာရှမိ
သားစုနဲ့ အစ်ကိုတို့ပက်သက်နေရလောက်ပြီ”
ကျောက်မိသားစုခေါင်းဆောင်သည် သက်ပြင်းကိုသာချလိုက်တော့သည်။ ထိုစဥ်ကသူသည်
ရှပင်၏အမူအကျင့်ကိုမကြိုက်သောကြောင့် ငြင်းပယ်ခဲ့ခြင်းဖြစ်ကာ ရှပင်သည် မုရုံမိသားစု
မှ မုရုံရှီဖက် လှည့်သွားသည်ကိုသိထားပြီး ထိုအိမ်တော်နှစ်ခု နီးစပ်နေသည်ကိုလည်းသတိ
ထားမိတာကြာပြီဖြစ်သည်။ ယခု ပြဿနာက ထိုမိသားစုကိုလက်ဝါးချင်းရိုက်၍ ကျောက်မိ
သားစုကို အလဲထိုးရန် လမ်းကြောင်းရသွားစေနိုင်သည်မဟုတ်လား။