← Chapters

မိသားစုနှစ်ခု၏တွေ့ဆုံမှု

Vol. 7 Ch. 91

မိသားစုနှစ်ခု၏တွေ့ဆုံမှု

Vol. 7 Ch. 91

နောက်တနေ့တွင် ကျိုးယန်တယောက်လန်းစန်း

စွာဖြင့်နိုးလာသည်။ ကျိုးယန်အတွက် အိပ်စက်

ခြင်းသည် အခြားကျင့်ကြံသူများနှင့်မတူညီစွာ

အရေးပါသည့်အရာတခုဖြစ်သည်။ ကျိုးယန်

တယောက် ကိုယ်လက်သန့်စင်ပြီးချိန်တွင် အ

စေခံတဦးက မနက်စာအတွက်လာရောက်ခေါ်

ဆောင်လာသည်။

“မဂ်လာပါ သခင်လေးစူးယွမ် မနက်စာအသင့်

ဖြစ်ပြီဆိုတာကို သခင်မလေးကမှာလိုက်လို့ပါ”

ကျိုးယန်က ထိုအစေခံမလေးကိုဦးခေါင်းညိတ်

ပြလိုက်ပြီး သူမ၏အနောက်မှ စားသောက်ခန်း

ရှိရာသို့လိုက်ပါသွားလိုက်သည်။ စားသောက်ခ

န်းထဲတွင် ကျောက်တင်းလျန်တို့မိသားစုများရှိ

နေကာ လူစုံပေသည်။ ကျောက်ဝမ်အာမှ ကျိုး

ယန်ကိုတွေ့လျှင် မတ်တပ်ထရပ်၍ နှုတ်ဆက်

လေသည်။

“မဂ်လာပါသခင်လေးစူး ဒီနေရာမှာထိုင်ပါ”

“အဲ့လောက်မလိုပါဘူး အဆင်ပြေပါတယ်”

ကျိုးယန်လည်း အနည်းငယ်အားနာသလိုခံစား

သွားရကာ သူမညွှန်ပြသည့်နေရာတွင်ထိုင်လိုက်

ရသည်။ ထိုနေရာက ကျောက်မိသားစုခေါင်း

ဆောင်၏ဘေးတွင်ဖြစ်သည်။

“မနက်စောစောသတင်းဆိုးတွေ​ပြောရတာ မ

ကောင်းပေမယ့် မပြောမဖြစ်မို့ပါ”

ကျောက်မိသားစုခေါင်းဆောင်မှ စကားစလာ

သည်။ သူ့ပုံစံသည်ကျိုးယန်ကိုပြောရန် တွန့်

ဆုတ်နေပုံရသည်။

“ရပါတယ် ပြောပါ”

“မနေ့က ရှမိသားစုခေါင်းဆောင်ရောက်လာပြီး

သခင်လေးစူးကိုလက်လွှဲပေးဖို့ပြောလာတယ်”

ကျိုးယန်ကမျက်ခုံးပင့်သွားရသည်။ ထိုသို့ပင်

တိုက်ရိုက်တောင်းဆိုဝံ့သည်လား။ ထိုအရာက

မိသားစုကြီးများကြား အနည်းငယ်အဆင်မပြေ

မှုကိုသိသာစေနေသည်မဟုတ်လား။

“အဲ့ကိစ္စနဲ့ပက်သက်ပြီး သခင်လေးစူးစိတ်မပူပါ

နဲ့ ကျမတို့အဖိုးကငြင်းလိုက်ပါတယ် အိမ်တော်

ထဲမှာရှိနေသရွေ့ သခင်လေးစူးအန္တရာယ်ကင်း

ဖို့အာမခံပါတယ်”

ကျောက်ဝမ်အာမှ ဝင်ပြောလာသည်။သူမသည်

ကျိုးယန်၏အကူညီတွက် ကျေးဇူးတင်နေကာ

ရှမိသားစုကိုလည်းကြည့်မရသူဖြစ်သည်။ ထို

အတွက် အဖိုး၏သဘောထားအတိုင်းပင် သူမ

သည်လည်း ကျိုးယန်ကိုကူညီမည်ဟုဆုံးဖြတ်

ထားပေသည်။ ကျိုးယန်က ဟင်းရည်ကိုအသာ

ခပ်၍သောက်လိုက်ပြီး စိတ်ထဲမထားဟန်ဖြင့်

“ကိစ္စမရှိပါဘူး သူတို့ကဒီလိုပြဿနာလေးတခု

ကြောင့်နဲ့ မီးစကိုပွားချင်နေပုံရတယ်ဒါက ကျုပ်

အတွက် စိုးရိမ်စရာမဟုတ်ပါဘူး”

ကျိုးယန်၏စကားကိုကြားလျှင် ကျောက်မိသား

စုခေါင်းဆောင်က ဦးခေါင်းကိုခါယမ်းလိုက်၍

“အဲ့လိုလည်း မဟုတ်သေးဘူးသခင်လေးစူး သူ

တို့ရဲ့အင်အားက ကျုပ်တို့ကျောက်အိမ်တော်

ထက်အနည်းငယ်သာနိုင်တယ် နောက်ပြီးမုရုံ

မိသားစုနဲ့ ခြေလှမ်းခပ်စိပ်စိပ်ရှိနေတာကို သတိ

ထားမိတဲ့အတွက် နောက်ဆက်တွဲပြဿနာက

ထင်သလောက်ရိုးရှင်းမှာမဟုတ်ဘူး”

“ကျုပ်သိတယ် သူတို့က ကျုပ်ကိုဗန်းပြပြီး အ

မြတ်တခုခုရှာဖွေချင်နေတာ သူတို့ကလာမယ့်

ထီးနန်းလုပွဲရဲ့ခေတ်ပျက်ကာလမှာ တခြားအင်

အားစုတွေအောက်မရောက်ချင်ရင် အချင်းချင်း

လွှမ်းမိုးတဲ့ပုံစံကို ဖော်ပြကြလိမ့်မယ်”

ကျိုးယန်၏စကားကအထိုက်အလျောက် မှန်

ပေသည်။ ရှမိသားစုသည် ကျိုးယန်၏မြို့တော်

အသစ်ကိုတွန်းလှန်ရန် ခွန်အားမရှိပေ။ တဖက်

တွင် အညံ့လည်းမခံလိုသောကြောင့် သူတို့အ

နေဖြင့် တခြားဒေသကိုအုပ်စိုးထားသည့် မင်း

သားနှင့်မင်းသမီးများထံဝင်ရောက်လိုပါကအင်

အားတခုခုကို ပြသ၍ကြိုးစားကြရလိမ့်မည်။

ကျောက်မိသားစုခေါင်းဆောင်က ကျိုးယန်၏

စကားကိုထောက်ခံသည်။ သူသည်လည်းထိုလူ

များ၏ခြေလှမ်းကို တွက်ဆနိုင်ပြီးဖြစ်ပြီး ထို

မိသားစုများ၏ ရွေးချယ်မှုက နောင်တွင်အဆုံး

အဖြတ်တခုဖြစ်လာစေလိမ့်မည်။

“အမှန်တိုင်းပြောရရင် ဒီအဖိုးကြီးကမင်းသား၈

ကို ယုံကြည်တဲ့သူပါ သူများတွေဘယ်လိုပဲအ

မှိုက်လို့ပြောနေပါစေ သူ့ထက်အင်အားအများ

ကြီးသာလွန်တဲ့ဂိုဏ်းတခုကို ဖြိုခွဲပြလိုက်တယ်

မဟုတ်လား”

ကျောက်မိသားစုခေါင်းဆောင်က ထိုသို့ပြောရင်

ကျိုးယန်၏မျက်နှာကိုလည်း အကဲခတ်နေလေ

သည်။ ကျိုးယန်သာ မင်းသား၈၏ရန်ဘက်ဖြစ်

ပါက အမူအရာပျက်သွားလိမ့်မည်ဟု သူထင်

လေသည်။

“ဒါ့အပြင်သူက အနောက်ဘက်တောတွင်းဒေသ

လိုကြမ်းတမ်းတဲ့နေရာကိုစုစည်းနိုင်တဲ့အရည်

အချင်းရှိတယ် အဲ့ဒီအတွက် နောင်တချိန်မှာထီး

နန်းအရိုက်အရာကိုမရရင်တောင် မဟူရာမြို့

တော်နဲ့ အနောက်ဘက်ဒေသကို ကာကွယ်နိုင်

လိမ့်မယ်လို့ ဒီအဖိုးကြီးကတွေးမိလို့ပါ”

ကျိုးယန်ကအနည်းငယ်ပြုံးလိုက်မိသည်။ တ

ဖက်လူသည် သူ့အပေါ်ယုံကြည်မှုရှိသည့်မိသား

စုဖြစ်နေကာ သူကိုယ်တိုင်ပင်အားစိုက်ထုတ်စ

ရာမလိုသည့်အနေထားဖြစ်သည်။ ထိုအတွက်

အနည်းငယ်ပျော်ရွှင်ရသလို သူ့ကြောင့်ကျောက်

မိသားစုရန်ဘက်တိုးလာသည်ကိုလည်း စိတ်

မကောင်းဖြစ်မိသည်။

“ဒါတွေက ခုချိန်မှာပြောရခက်ပါတယ် ပထမ

မင်းသားက စုန့်ပြည်ထောင်စုနောက်ခံရှိထားပြီ

ဒုတိယမင်းသားကလည်း ပြည်ထောင်စုထဲမှာ

သြဇာရှိတဲ့အနေထား တတိယမင်းသမီးမှာက

အရင်တုန်းကဧကရာဇ်တောင်မထိပါးရဲခဲ့တဲ့

ဝိဉာဥ်မျိုးနွယ်ရဲ့အကူညီရှိနေတယ် ဘယ်သူ့အ

တွက်မှ လွယ်ကူတဲ့လမ်းကြောင်းဖြစ်မှာမဟုတ်

ဘူးလို့ ကျုပ်ထင်တယ်”

ကျိုးယန်က မလျော့မပေါ့သာပြန်ပြောပြလိုက်

သည်။ သူသည်မင်းသား၈ ဖြစ်ကြောင်းဝန်ခံရ

မည်လား။ ထိုအရာကစောပါသေးသည်။ ရှမိ

သားစု၏ခြေလှမ်းများကိုကြည့်၍ ဆုံးဖြတ်ရ

မည်ဟု တွေးလိုက်သည်။

“နောက်ပြီး ကျုပ်ကအလယ်ပိုင်းဒေသမှာ အ

ထိုက်အလျောက်အာဏာရှိပါတယ် ရှမိသားစု

တင်မကပဲ မုရုံမိသားစုပါလာပစေဥိး သူတို့ကို

ကိုင်တွယ်ဖို့လုံလောက်တယ်”

ကျိုးယန်က တခြားအကြောင်းအရာတခုကိုသာ

လွှဲပြောင်းပြောလိုက်သည်။ သူ့အတွက်မိသားစု

နှစ်ခု၏ခေါင်းဆောင်များကိုထိပ်တိုက်ရင်ဆိုင်

ရန်လွယ်ကူကာ နောက်လိုက်များအတွက်မူ

မြို့တော်ရှိ အထူးတပ်ဖွဲ့အချို့အားခေါ်လိုက်ရုံ

ဖြင့်အဆင်ပြေသည်။ ကျိုးယန်၏စကားကို

ကြားလျှင် အကုန်လုံးကစိတ်သက်သာရာရစွာ

သက်ပြင်းချလိုက်ကြသည်။

“သခင်လေးစူးကိုယုံပါတယ် ဒါကသူတို့ကို

ကျုပ်တို့ကျောက်အိမ်တော်ကကြောက်လို့မ

ဟုတ်ဘူး ဒီကာလမှာ မိတ်ဆွေအချင်းချင်းရန်

သူမဖြစ်ချင်တာပဲရှိတာပါ ဒါပေမယ့်သူတို့ဘက်

ကလွန်ကြူးလာရင်တော့ သည်းခံနေမှာမဟုတ်

ပါဘူး”

ကျောက်မိသားစုခေါင်းဆောင်က ပြတ်ပြတ်

သားသားပြောလာသည်။ ကျိုးယန်ကိုကူညီရန်

အတွက်ပင်ဖြစ်စေ ကျောက်မိသားစုအတွက်

ပင်ဖြစ်စေ ရင်ဆိုင်သင့်သည်ကို ရင်ဆိုင်မည်

ဖြစ်သည်။ ကျိုးယန်ကမည်သည့်စကားမှထပ်

မဆိုတော့ပဲ ခေါင်းသာညိတ်ပြလိုက်သည်။

“မိတ်ဆွေရှက တကယ်ပဲမင်းသား၈ကိုကျော်ပြီး

အလယ်ပိုင်းဒေသအစပ်ထိအာဏာရှိလာတဲ့ ဒု

တိယမင်းသားဆီခိုလှုံချင်နေတာလား”

မုရုံမိသားစုခေါင်းဆောင်ဖြစ်သည့် မုရုံဖေက

ပြောလာသည်။ သူသည်တခုခုကိုရွေးချယ်ရန်

မစဥ်းစားရသေးပေ။

“ဟုတ်တယ် မင်းသား၈က အရည်အချင်းရှိတာ

မှန်ပေမယ့် တယောက်တည်းအားနဲ့တခြားသူ့

အစ်ကိုနဲ့အစ်မကိုယှဥ်နိုင်ဖို့ခက်တယ်လေနောက်

ပြီး အခုကျောက်အိမ်တော်မှာရောက်နေတဲ့ စူး

ယွမ်ဆိုတဲ့ကောင်လေးက အလယ်ပိုင်းဒေသက

လာတာလို့ကြားတယ် ဒါကတော်ဝင်မျိုးနွယ်နဲ့

သာဆက်စပ်နေတဲ့သူဆိုရင် ကျောက်မိသားစု

ကရွေးချယ်မှုတခုလုပ်လိုက်ပြီလို့ တွေးထားလို့

ရတယ်”

ရှမိသားစုခေါင်းဆောင်က သူ့အတွေးကိုပြောပြ

လာသည်။ မင်းသား၈သည် မြို့တော်အတွင်းမှ

မထွက်ခွာပဲ မဟူရာမြို့တော်ကိုလွှတ်ပေးထား

သည်က သိမ်းပိုက်ရန်အင်အားမရှိဟုယူဆကာ

တိုက်ဆိုင်စွာပင် ကျောက်မိသားစုကလည်းအ

ကြောင်းမဲ့ဖြင့် အပြင်လူတဦးကိုကာကွယ်နေ

ကာ ထိုလူငယ်မှာ အလယ်ပိုင်းဒေသမှလာသူ

ဟုသတင်းထွက်နေလေသည်။

“ကျုပ်ရဲ့ကျောက်မိသားစုအိမ်တော်မှာရှိတဲ့ သူ

လျှိုရဲ့သတင်းပေးချက်အရ အလယ်ပိုင်းဒေသ

ကလူဆိုတာသေချာသလောက်ရှိတယ် ဒီတော့

ကျောက်မိသားစုကလည်း မင်းသား၈ကိုကျော်

ပြီး ရွေးလိုက်တာမဟုတ်လား ကျုပ်တို့နောက်

ကျလို့မဖြစ်ဘူး”

ရှမိသားစုသည် အတွေးလွန်နေခြင်းသာဖြစ်သ

ည်။ ၎င်းတို့အိမ်တော်များစုစည်း၍ တစုံတဦး

ထံခိုဝင်သည်က ပို၍ကောင်းမွန်သည်ကိုသိပေ

မယ့် သူသည်အကျိုးမြတ်ကိုတွက်ဆ၍ ခွဲဝေ

မပေးလိုခြင်းဖြစ်သည်။ မုရုံဖေသည် အနည်း

ငယ်တွေဝေသွားသည်။

“ ကျောက်ညီအစ်ကိုက အဲ့လိုစိတ်မရှိပါဘူး

ခဗျားအထင်လွဲနေတာပဲ ဖြစ်ရမယ် ကျုပ်သူ့ကို

မေးကြည့်ပြီးမှ ဆုံးဖြတ်မယ်ဗျာ”

ရှမိသားစုခေါင်းဆောင်သည် ထိုအဖြေကိုမျှော်

လင့်ပြီးသားဖြစ်သည်။ သူတို့သည်အဆင့်တူ

များသာဖြစ်သော်လည်း ကျောက်မိသားစုခေါင်

ဆောင်မှာ အဖွဲ့တွင်ပို၍အရေးပါပုံရသည်။ ထို

အရာကိုသူမကျေနပ်ပေ။

“ကိစ္စမရှိပါဘူး အချိန်တချို့ရပါသေးတယ် မူ

လက စူးယွမ်ဆိုတဲ့လူငယ်ကိုဖြေရှင်းရင် ကူညီ

ဖို့ပြောချင်ပေမယ့် ထားလိုက်ပါတော့ ကျုပ်

ဘာသာပဲ စီစဥ်တော့မယ်”

မုရုံဖေလည်း ခေါင်းညိတ်ပြကာခန်းမထဲမှပြန်

ထွက်သွားတော့သည်။ သူသည် ရှမိသားစု၏

လုပ်ရပ်များကိုသိထားကာ ရန်ဘက်မဖြစ်လို

ခြင်းကြောင့်သည်းခံနေရခြင်းဖြစ်သည်။ ထိုအ

တွက် ကူညီရန်လည်းစိတ်မဝင်စားကာ ကိုယ့်

ပြဿနာကိုယ်ရှင်းရန်သာလိုပေမည်။

ကျောက်အိမ်တော်၏တနေရာ

ကျိုးယန်က ကျောက်ဝမ်အာတို့သားအမိ၃ဦး

နှင့်အတူ စကားပြောနေလေသည်။

“မုရုံမိသားစုကဘယ်လိုသဘောထားရှိမယ်ထင်

လဲ”

ကျောက်ဝမ်အာက ကျိုးယန်၏အမေးကိုကြား

လျှင်အတန်ကြာတိတ်ဆိတ်သွားပြီးနောက်

“မုရုံသခင်ကြီးက အဖိုးကိုအရမ်းလေးစားတာ

အဖိုးရဲ့ဆုံးဖြတ်ချက်ကိုမလိုက်နာရင်တောင်

ကန့်ကွက်မယ့်လူမဟုတ်ဘူး ဒါပေမယ့် ဘာလို့

ရှမိသားစုကိုသည်းခံပြီး မုရုံရှီလိုမိန်းကလေးကို

ရှပင်နဲ့နီးစပ်စေနေတာလဲ ကျမလည်းမတွေးတ

တ်ဘူး”

ကျောက်သခင်မက သက်ပြင်းချ၍

“ဒီကိစ္စမှာ သမီးမသိတာတွေအများကြီးရှိနေ

တယ် အမေတို့ငယ်ရွယ်တုန်းက ရှသခင်ကြီးမှာ

အမေနဲ့ရွယ်တူသမီးတယောက်ရှိဖူးတယ် အဲ့ဒီ

သမီးလုပ်သူက အခုမုရုံရှီရဲ့အဖေ ဖြစ်တဲ့ မုရုံ

လင်းကို အတော်လေးစွဲလမ်းခဲ့တာ ဟိုကသူ့ကို

ဘာခံစားချက်မှမရှိပဲ ငြင်းပယ်ပြီးမုရုံရှီရဲ့အမေ

ဖြစ်တဲ့ ဝေဝေ့ကိုယူလိုက်တော့ အဆိပ်သောက်

ပြီး ကိုယ့်ကိုကိုယ်သတ်သေသွားတယ်လေ ဒါ

ကိုသိတော့ မုရုံသခင်ကြီးက သူ့သားမှာအပြစ်

မရှိတာသိပေမယ့် သူ့သားစနက်မကင်းဘူးဆို

ပြီး ရှသခင်ကြီးကိုလည်း အတော်ကြာတဲ့အထိ

တောင်းပန်ခဲ့သေးတာ လက်ရှိရှပင်ရဲ့အမေက

ဒုတိယသမီးပဲ ရှသခင်ကြီးဒုတိယမိန်းမနဲ့ရထား

တာပေါ့”

ကျောက်သခင်မကရှည်လျားစွာရှင်းပြလာသ

ည်။သူတို့အကြောင်းက ဇာတ်ရှုပ်တခုလိုဖြစ်

နေပုံရသည်။ ကျောက်ဝမ်အာမှ မကျေမနပ်ပုံစံ

ဖြင့်

“ဒါကလည်း အချိန်တခုကြာပြီမဟုတ်လား သူ

တို့ရဲ့ပါရမီရှင်မြေးမလေးကို ဒီတိုင်းထိုးပေး

တာတော့မဟုတ်သေးပါဘူး”

ကျိုးယန်က ချောင်းဟန့်၍

“အဲ့လိုလည်းမဟုတ်သေးဘူး ငြင်းပယ်လို့မသင့်

တဲ့အခြေနေမှာ ကာယကံရှင်ကိုဆုံးဖြတ်စေဖို့

လမ်းဖွင့်လိုက်တယ်လို့ပဲ ယူဆရမယ်”

ကျိုးယန်၏စကားကို ကျောက်သခင်မကလဲ

လက်ခံသည်။

“သခင်လေးပြောတာမှန်တယ် မုရုံရှီလိုမိန်းက

လေးက ရှပင်လိုလူငယ်ကိုသဘောကျမယ်တဲ့

လား လုံးဝမဖြစ်နိုင်တာပဲ”

သူတို့၏ဆွေးနွေးမှုကိုဘေးတွင်နားထောင်နေ

သည့်ကျောက်တင်းလျန်ကတော့ မည်သည့်စ

ကားမှဝင်မပြောပေ။

“ကျုပ်အထင် ရှမိသားစုခေါင်းဆောင်က မုရုံ

မိသားစုခေါင်းဆောင်နဲ့တွေ့ပြီးလောက်ပြီ အင်း

ဒီရက်တွေအတွင်း ကျောက်အိမ်တော်ကိုမုရုံ

မိသားစုခေါင်းဆောင်ရောက်လာနိုင်တယ်”

ကျောက်တင်းလျန်တို့မိသားစုလည်း ထိုစကား

ကိုတွေးနေလေသည်။ မုရုံသခင်ကြီး၏စိတ်အ

ရ ကျောက်မိသားစုခေါင်းဆောင်ထံလာရောက်

၍ အကြံ​တောင်းယူမည်မှာ သေချာလေသည်။

ကျိုးယန်သည် သတင်းအချက်အလက်ကိုကြား

ပြီးနောက်မဟူရာမြို့တော်တွင် အဓိကဖြေရှင်း

ရန်မှာ ရှမိသားစုသာရှိသည်ကို သိသွားရလေ

သည်။ ဒါက ငါ့အတွက်ပိုတောင်အဆင်ပြေနေ

သေးသည်။ ဒီမှာသိပ်ကြာကြာမနေချင်ဘူး အ

လယ်ပိုင်းဒေသကိုခရီးထွက်ရဦးမယ် ပြဿနာ

ကိုအမြန်ရှင်းတာပေါ့။

ကျိုးယန်သည် တဦးတည်းအတွေးများနေလေ

သည်။ ရှမိသားစုကို ကိုင်တွယ်ရန်ကိစ္စက မုရုံ

သခင်ကြီးရောက်လာပြီးမှ စတင်လျှင်ပို၍တိ

ကျသည့် ရလာဒ်တခုရှိလာနိုင်သည်။

All Chapters