← Chapters

မြို့တော်အသစ်၏အထူးတပ်ဖွဲ့

Vol. 7 Ch. 92

မြို့တော်အသစ်၏အထူးတပ်ဖွဲ့

Vol. 7 Ch. 92

မုရုံခေါင်းဆောင်သည် ရှမိသားစုခေါင်းဆောင်

၏စိတ်ထားကိုသိ၍ ထိုအရာသည်မိသားစုများ

ကြားအက်ကြောင်းထစေမည်ကိုစိုးရွံနေသည်။

ထိုအတွက် သူသည်လည်းတစုံတရာမစဥ်းစား

နိုင်တော့သည်ဖြစ်ရာ နောက်ဆုံးတွင် ကျောက်

မိသားစုထံရောက်နေသည့် စူးယွမ်ဆိုသည့်လူ

ငယ်၏အကြောင်းကိုသာ မေးမြန်ရန်ရောက်ရှိ

လာခဲ့တော့သည်။ ကျောက်မိသားစုမှလူများ

သည် ရှမိသားစု၏ခြေလှမ်းကိုတွက်ဆမိပြီးဖြစ်

သော်လည်း အမှန်တကယ်ပြုလုပ်လာသည့်အ

ခါတွင်တော့ ဒေါသထွက်ကြရသည်။ ထိုအရာ

ကမိသားစုကြားရန်တိုက်သည့်ပုံစံမျိုးဖြစ်နေရ

သည်မဟုတ်လား။

“ညီနောင်မုရုံ ကျုပ်အများကြီးမပြောလိုဘူး ဒါ

ပေမယ့်မင်းအနေနဲ့ ကျုပ်တို့မိသားစုတွေရဲ့နှစ်

ပေါင်းများစွာရင်းနီးလာခဲ့တာကို ထောက်ထား

ပြီးတခုခုမလုပ်ခင် စဥ်းစားနိုင်လိမ့်မယ်လို့ ယုံ

ကြည်တယ်”

ကျောက်မိသားစုခေါင်းဆောင်က လေးနက်စွာ

ပြောလိုက်သည်။ သူသည်မုရုံမိသားစုအပေါိအ

မြင်ကောင်းရှိထားပြီး ရှမိသားစုများထက်ပိုမို၍

လည်း ရင်းနီးသူဖြစ်သည်။

“စိတ်ချပါ ကျုပ်ကညီနောင်ကျောက်ရဲ့ဆုံးဖြတ်

ချက်ကိုအမြဲလေးစားခဲ့တယ်မဟုတ်လား အခု

ကလည်း ရှညီနောင်ကရုတ်တရက်ကြီးတိုင်ပင်

လာတယ် ပြီးတော့ပြဿနာကလည်း ညီနောင်

ကျောက်နဲ့ပက်သက်နေလေတော့ မဖြစ်သင့်တာ

မဖြစ်ရလေအောင် လာအကဲခတ်တဲ့သဘောပါ”

မုရုံဖေသည် အနည်းငယ်စိတ်အေးသွားရသည်။

စူးယွမ်ဆိုသည့်လူငယ်သည် အလယ်ပိုင်းဒေသ

တွင် အထိုက်အလျောက်အာဏာရှိသည်ဟုဆို

ထားသည်မဟုတ်လား။ ထိုအရာက ပေါင်တခု

ရရှိရန်လမ်းစဖြစ်နိုင်သည်။

မြို့တော်အသစ်တွင် အဖိုးဝူ ကိုင်ရီရီ တပ်မှူး

ချင်နှင့် တောက်ချင်တို့လူတစုရှိနေကြသည်။

မင်းသားထဲမှ သတင်းကိုကြားလိုက်ရပြီး မင်း

သားသည် အလယ်ပိုင်းဒေသကိုပင်မရောက်ရှိ

သေးပဲ မဟူရာမြို့ကိုထိန်းချုပ်လိုနေသည်ဟု

သိရပြီးနောက် အစီစဥ်များစတင်ရေးဆွဲတော့

သည်။

“သခင်လေးက မြို့တော်မှာပုံစံပြောင်းပြီးရှိနေ

လိမ့်မယ်လို့ ကျုပ်ထင်တယ် ဒီအတွက်ကျုပ်တို့

မြို့တော်ကိုဝင်တဲ့အခါကျရင် သတိထားဖို့လို

မယ်”

အဖိုးဝူမှအားလုံးကိုသတိပေးလိုက်သည်။ အင်

အားစုတခုကသာ ရုတ်ချည်းဝင်ရောက်သွားခဲ့

လျှင် အကုန်လုံးရုတ်ရုတ်သဲသဲဖြစ်သွားစေပြီး

မင်းသား၏ ရည်ရွယ်ချက်ဖြစ်သည့် ရှမိသားစု

သည် သတိထားမိသွားနိုင်ပေသည်။

“ကျမကတော့ မင်းသားရဲ့အထူးတပ်ဖွဲ့တွေကို

လျှို့ဝှက်ပြီးမြို့တော်အထဲသွင်းဖို့ဆိုတာမလွယ်

လောက်ဘူးလို့ထင်နေတယ် ပြီးတော့အဲ့လိုလုပ်

ဖို့လည်းမလိုအပ်ပါဘူး ဘာလို့လဲဆိုတော့ရှမိ

သားစုဘက်က အခြေနေကိုသိပြီးရှောင်တိမ်းဖို့

စိတ်ကူးရှိသွားရင်တောင် ရုတ်ချည်းရှောင်ထွက်

သွားမယ်လို့မထင်ဘူးလေ”

ကိုင်ရီရီမှသူမ၏ထင်မြင်ချက်ကို ပြောပြလာ

သည်။ ရှမိသားစုကိုအငိုက်ဖမ်းဖြိုခွင်းရန်သူမ

တွင်စိတ်ကူးရှိသော်လည်း လူထောင်ဂဏန်းအ

ရေအတွက်ကိုမူ လျှို့ဝှက်သွင်းရန်မဖြစ်နိင်ပေ။

“ဘာပဲဖြစ်ဖြစ်ကျုပ်ကတော့ ပေါ်ပေါ်ထင်ထင်ပဲ

မြို့တော်ထဲဝင်မယ် ကျုပ်တို့ရဲ့ရည်ရွယ်ရင်းကို

တဖက်လူကသဘောပေါက်မယ်မထင်ဘူး ဘာ

လို့လဲဆိုတော့ သခင်လေးက မြို့တော်မှာသူ့ပုံ

ရိပ်ကိုဖုံးကွယ်ထားတယ်လို့ ပြောထားတဲ့အတွ

က် ကျုပ်တို့နဲ့သခင်လေးကိုဆက်စပ်ပြီးတွေးမိ

မှာမဟုတ်ဘူး”

တောက်ချင်၏စကားကိုအကျိုးအကြောင်းသင့်

ပေသည်။ ကျိုးယန်သည် လတ်တလောတွင်မြို့

တော်၌ မင်းသား၈ဟူ၍သိထားခြင်းမဟုတ်ပေ။

ထို့ကြောင့် အထူးတပ်ဖွဲ့များဝင်ရောက်လာလျှင်

လည်း ထိုအရာက မင်းသား၈မှသီးသန့်စေခိုင်း

ခြင်းဟုသာတွေကြမည်ဖြစ်ပြီး ကျိုးယန်၏

လက်ရှိပုံရိပ်နဲ့တော့ဆက်စပ်မိမည်မဟုတ်ပေ။

“ကောင်းပြီ အဲ့အတိုင်းပဲ သက်မှတ်လိုက်ကြတာ

ပေါ့ ဒါနဲ့ဒီတခါမြို့တော်ကိုဘယ်သူသွားမှာလဲ

ခရီးကသိပ်အဝေးကြီးမဟုတ်ပေမယ့် တဖက်

မိသားစုက ရုန်းကန်လာရင် တိုက်ပွဲတခုဖြစ်နိုင်

ချေရှိတယ်အဲ့အတွက် ကိုင်တွယ်နိုင်ဖို့လည်းလို

လိမ့်မယ်”

အဖိုးဝူက အကုန်လုံးဆီမှအကြံတောင်းလိုက်

သည်။ သူသည်မြို့တော်အသစ်ကိုမင်းသားမရှိ

ချိန်တွင် စွန့်ခွာရန်မဖြစ်နိုင်ပေ။ ထိုအတွက်ကိုင်

ရီရီတို့၃ဦးထဲမှ တဦးသို့မဟုတ် အခြားအင်အား

စုများထံမှတဦးကိုခေါ်ဆောင်ကာ သွားရပေ

မည်။

“ကျမက အကြီးအကဲပိုင်လီကိုခေါ်ပြီးသွားလို့ရ

ပါတယ် မြို့တော်အသစ်ကိုအင်အားစုအသီး

သီးက မျက်စိကျနေတော့ တပ်မှူးတို့မရှိလို့လဲ

မဖြစ်ဘူးမဟုတ်လား”

ကိုင်ရီရီ၏စကားကိုကြားလျှင် အကုန်လုံးကဦး

ခေါင်းကိုညိတ်ပြလိုက်သည်။ ထိုသို့နှင့် ကျိုး

ယန်၏အထူးတပ်ဖွဲ့နှင့်အတူ ကိုင်ရီရီ ပိုင်လီတို့

မဟူရာမြို့တော်ထံခရီးထွက်ရန် ပြင်ဆင်ကြရ

တော့သည်။ စုယင်သည်မူလကလိုက်ပါလိုပေ

မယ့် သူမလိုက်ပါသွားလျင်လည်း ထိုမြို့တော်

မှတဆင့်နောက်ထပ် ကျိုးယန်၏ခရီးစဥ်များ

တွင် လိုက်ပါနိုင်မည်ကိုမထင်မိသောကြောင့်

မလိုက်ချင်တော့ပေ။

ကိုင်ရီရီသည် ပိုင်လီနှင့်အချိန်တခုအကြာဆွေး

နွေးကာ အထူးတပ်ဖွဲ့ဝင်များကို ကျိုးယန်၏စေ

ခိုင်းမှုအားပြောပြ၍ ခရီးစဥ်အတွက်ပြင်ဆင်

စေသည်။ အထူးတပ်ဖွဲ့သည် ကျိုးယန်၏အမိန့်

တခုကိုသာလိုက်နာသည့် တပ်ဖွဲ့ဖြစ်ပြီး အခြား

သူများမှထိန်းချူပ်လိုပါက ကျိုးယန်၏နှုတ်က

တိလိုအပ်ပေသည်။

All Chapters