← Chapters

တုန်လှုပ်သွားသည့်မိသားစုများ

Vol. 7 Ch. 93

တုန်လှုပ်သွားသည့်မိသားစုများ

Vol. 7 Ch. 93

ကျိုးယန်သည် ထိုရက်များတွင် အိမ်တော်၌သာ

နေ၍ အသူရာကျင့်စဥ်ကိုသာမက ဆေးပညာ

ကိုလည်း လေ့လာပေသည်။ ဆေးပညာအတွက်

တတိယအဆင့်ကိုခြေတလှမ်းပင်ရောက်ရှိနေ

ကာ ထိုအဆင့်က ကျိုးပြည်ထောင်စုတွင်သာမ

က အခြားသောပြည်ထောင်စုများတွင်ပင် ကျိုး

ယန်၏အသက်တူသူတွင် မရှိနိုင်တော့ပေ။

ကျောက်ဝမ်အာသည် ကျိုးယန်၏ဆေးပညာကို

တွေ့ပြီးနောက် ကျိုးယန်ဆီမှ ပြန်လည်သင်ယူ

ရန်စိတ်အားထက်သန်နေလေသည်။ ကျောက်

သခင်မ၏အစီအမံဖြင့် အိမ်တော်တခုအပိုင်ရ

ရှိကာ ထိုနေရာတွင်ပင် ဆေးပညာကိုလွတ်လပ်

စွာလေ့လာနိုင်ပေသည်။

“ သွေးဂျင်းစင်းရဲ့အာနိသင်ကအရမ်းပြင်းတယ်

ဒါကြောင့် သူ့ကိုဆေးဖော်စပ်ဖို့သုံးမယ်ဆိုရင်

သူ့ရဲ့ဂုဏ်သတ္တိကိုထိန်းချုပ်ဖို့ နှစ်တရာအသီးနဲ့

တွဲသုံးပေးဖို့လိုတယ်”

ကျောက်ဝမ်အာက ကျိုးယန်၏သင်ကြားမှုကို

အလေးအနက်ပင်သင်ယူသည်။ သူမသည်ဒုတိ

ယအဆင့် အဆင့်မြင့်ထိတက်ရန်ရည်မှန်းထား

ကာ အသက်၃၀မတိုင်မီ တတိယအဆင့်သို့ရော

က်လိုနေပေသည်။

“ပြင်းထန်တဲ့အဆိပ်တွေကိုကုရင် အဆိပ်တမျိုး

ထည့်သုံးလေ့ရှိတယ် အဲ့ဒါက ဓာတ်တူချင်းပြန်

တိုက်ခိုင်းတဲ့သဘောပေါ့ ထိရောက်မှုကတခြား

နည်းလမ်းတွေထက်ပိုပေမယ့် တဖက်မှာလက်

ခံသူရဲ့ခန္ဓာကိုယ်ကလည်း အားကောင်းဖို့လိုနေ

တယ် မဟုတ်ရင် ဆေးရဲ့ဘေးထွက်ဆိုးကျိုးကို

ခံနိုင်ရည်ရှိမှာမဟုတ်ဘူး”

ကျိုးယန်က အဆိပ်နှင့်ပက်သက်၍စနစ်၏

ဆေးပညာကျမ်းဆီမှ သိနားလည်သည်များကို

ဆရာစားမချန်သင်ပြပေးလေသည်။ သူမကို

မျှော်လင့်ထားကာ နောင်တချိန်တွင်ထူးချွန်တဲ့

အမျိုးသမီးဆေးပညာရှင်တဦးဖြစ်လာစေရန်

ရည်မှန်းထားလေသည်။

မဟူရာမြို့တော်အဝင်တနေရာတွင် တပ်ဖွဲ့တခု

ရောက်ရှိနေသည့် သတင်းက လှုပ်ခတ်မှုကြီးစွာ

ဖြစ်ပေါ်ကာ မိသားစု၃စုအားချက်ချင်းပင်နိုး

ကြားသွားစေသည်။ဘယ်သူလဲ.ဘယ်ကလဲ။

ရှမိသားစုခေါင်းဆောင်သည် အင်အား၃၀၀၀

ခန့်ပါဝင်သည့် တပ်ဖွဲ့တခုမြို့တော်ထဲသို့ဝင်ရန်

ပြင်ဆင်နေသည်ကိုကြားလျင် မြို့တော်တံခါးဝ

သို့ ကတိုက်ကရိုက်ပင်ထွက်လာတော့သည်။

မြို့တော်တံခါးဝတွင်

“ဘုရားရေ ဒီတပ်ဖွဲ့ကစစ်သည်တော်တွေကို

ကြည့်လိုက်ပါဦး တကယ့်ယောက်ကျားကြီး

တွေအတိုင်းပဲ သန်မာလိုက်တာ”

“ဟုတ်ပါ့ အားကိုးချင်စရာတွေပဲ ခိခိ”

“နင်တို့ကဘာတွေမျှော်လင့်နေတာလဲ သူတို့တွေ

မြို့တော်ကိုအန္တရာယ်ပေးဖို့လာတာဆိုရင်ဖြင့်

အားကိုးချိန်တောင်ရလိုက်မှာမဟုတ်ဘူး”

အမျိုးသမီးအချို့၏သည်းသည်းလှုပ်မှုကို

ဘေးရှိအမျိုးသားတဦးမှ ငေါက်ငမ်းလိုက်ရ

သည်။ သူသည်လည်း ထူးမခြားနားပေ။ သန်

မာသည့် ယောက်ကျားအစုအဖွဲ့ရှေ့၌ အမျိုးသ

မီးချပ်ဝတ်အပြည့်အစုံဖြင့် ချောမောလှပသည့်

နတ်မိမယ်နှစ်ဦးနေရာယူထားပုံမှာ ကြည့်ရသူ

တိုင်းကို ဆွဲဆောင်မှုတမျိုးဖြစ်နေစေသည်။

ကိုင်ရီရီသည် မြို့နေလူထု၏အကြည့်များကို

လျစ်လျူရှူကာ မြို့တော်အစောင့်ထဲချည်းကပ်

သွားလိုက်သည်။

“ငါက မင်းသား၈ရဲ့လက်အောက်ကပဲ ဒီမြို့ထဲ

မှာ ကိစ္စတခုလုပ်စရာရှိလို့ ဝင်ခွင့်ပြုပါ”

သူမ၏အသံကမယဥ်ကျေးသော်လည်း မရိုင်း

ပေ။ ပုံမှန်အတိုင်းသာဖြစ်သည်။

“မင်းသား၈ တဲ့ ဒါဆိုသူတို့ကမြို့တော်အသစ်က

ပေါ့ ဒါကြောင့်မို့သူတို့လက်နက်တွေကထူးဆန်း

ပါတယ်လို့ထင်နေခဲ့တာ တကယ်ပဲသူတို့ကိုး”

မြို့တော်အစောင့်များသည် ပုံမှန်အားဖြင့်မိသား

စု၃စု မှလူများစုပေါင်းတာဝန်ယူခြင်းဖြစ်ကာ

.ခုတခေါက်တွင် တိုက်ဆိုင်စွာဖြင့်ကျောက်အိမ်

တော်မှဖြစ်နေလေသည်။

“ခနစောင့်ပေးပါ ပုံမှန်ဆိုဝင်ခွင့်ပြုပေမယ့်အခု

က ဒီတပ်ဖွဲ့ကြီးတခုလုံးကိုသာ မြို့ထဲဝင်ခွင့်ပြု

လိုက်ရင် မြို့တော်ကပြည်သူတွေကြောက်လန့်

တကြားဖြစ်သွားနိုင်လို့ မိသားစုခေါင်းဆောင်ရဲ့

အမိန့်ကိုစောင့်ရပါလိမ့်မယ်”

ကိုင်ရီရီမှခေါင်းညိတ်ပြကာ ထိုစကားကိုလက်ခံ

လိုက်သည်။ ကျိုးယန်သည် မြို့တော်ထဲတွင်ရှိ

နေမှန်းသိသော်လည်း မည်သည့်နေရာတွင်မှန်း

သူမမသိပေ။ ထိုအချိန်ကျောက်အိမ်တော်တွင်

တော့ ပျာယာခတ်နေကြသည်။ မြို့တော်အသစ်

မှ မင်းသား၈၏အထူးတပ်ဖွဲ့ရောက်လာသည့်

သတင်းက ပျာယာခတ်ရန်လုံလောက်ပါသည်။

“အဖေ မြို့တံခါးဆီသွားရအောင် မတော်တဆ

အဖေ့လူတွေက မချေမငံဆက်ဆံလိုက်ရင်

နောက်ဆက်တွဲကို ကျောက်အိမ်တော်ကကိုင်

တွယ်နိုင်မှာမဟုတ်ဘူး”

ကျောက်တင်းလျန်ကသူ့ဖခင်ကိုချက်ချင်းပင်

တိုက်တွန်းသည်။ မင်းသား၈သည်သူတို့တွက်

ဆထားသည့်အတိုင်စ လှုပ်ရှားလာခြင်းဖြစ်၍

ဆွေးနွေးရန်လိုအပ်ပေသည်။

“ကောင်းပြီ ငါကအခုပဲ မြို့တံခါးကိုသွားလိုက်

မယ် တခြားညီ​နောင်တွေလည်းခုဆိုသွားနေ

လောက်ပြီ”

ကျောက်မိသားစုခေါင်းဆောင်ထွက်ခွာသွားချိန်

တွင် ကျိုးယန်ကအသံပေးပို့မှုမှတဆင့် သူ၏

တည်နေရာကိုပြောပြလိုက်ကာ မြို့တော်ကို

တိုက်ရိုက်ဝင်စေ၍ ရှမိသားစုထံသွားရန်တိုက်

တွန်းလိုက်သည်။ ကိုင်ရီရီသည် ကျိုးယန်၏အ

သံပေးပို့မှုကိုကြားလျှင် ချက်ချင်းပင်တပ်ဖွဲ့

များကို စုလျက် မြို့တံခါးပေါက်မှဝင်လေသည်

“မိန်းကလေး ဒီလိုလုပ်လို့မရပါ ခနစောင့်ပါ

အိမ်တော်ခေါင်းဆောင်အခုလာနေပါပြီ”

မြို့စောင့်လည်းကမန်းကတန်းပင်တားရတော့

သည်။ သူသာသူမကိုဝင်ခွင့်ပေးလိုက်ပါက

နောက်ဆက်တွဲကိစ္စများသည် သူ့ခေါင်းပေါ်ပုံ

ကျလာမည်မှာသေချာသည်။

“မြို့ထဲမှာ ကျမတို့မင်းသားရှိနေတယ် နောက်

ပြီး ကျမကမင်းသားရဲ့အမိန့်အရ ရှမိသားစုဆီ

သွားဖို့လိုတယ်”

ရှမိသားစုဆီတဲ့လား။ မြို့စောင့်ကတွေဝေသွား

သည်။ ထိုအရာက မြို့တော်ထဲတွင်ဖြစ်နေပေမဲ့

ကျောက်အိမ်တော်နဲ့မပက်သက်သောကြောင့်

လွှတ်ပေးလို့ရနိုင်သည်။ တဖက်သူများသည်

ရှမိသားစုထံ ကောင်းသောလာခြင်းမဟုတ်နိုင်

ပေ။ အတန်ကြာစဥ်းစားပြီးနောက်

“မင်းသား၈ မြို့တော်ထဲရောက်နေတာကို ကျုပ်

သတင်းမကြားမိပါဘူး ဘာပဲဖြစ်ဖြစ်ခနတော့

စောင့်ပေးပါ မကြာပါဘူး”

အစောင့်၏တားမြစ်မှုမကြာမီတွင် ကျောက်မိ

သားစုခေါင်းဆောင်နှင့် မုရုံမိသားစုခေါင်းဆော

င်တို့ရောက်ရှိလာကြသည်။ ထို့နောက်ရှမိသားစု

ခေါင်းဆောင်လည်း ရှေ့ဆင့်နောက်ဆင့်ပင်ရော

က်လာပြန်သည်။ ကိုင်ရီရီသည် ထိုလူအို၃ဦးကို

ကြည့်လိုက်လျှင် အကတိရှင်သန်ခြင်းအစောပို

င်းတွင်သာရှိနေသည်ကို သတိထားမိလိုက်ပေ

သည်။ ကျောက်မိသားစုခေါင်းဆောင်က

“မင်းသမီးကို နှုတ်ဆက်ပါတယ် တခုခုအရေး

ကိစ္စရှိရင်လည်း မြို့တော်ထဲရောက်မှ ကျုပ်တို့

ဆွေးနွေးကြတာပေါ့ ဒီတိုင်းကျ ကျုပ်တို့ပြည်

သူတွေ အထိတ်တလန့်ဖြစ်စေပါတယ်”

သူပြောသည်ကလည်းမမှားပေ။ ခေတ်မီလက်

နက်ဆန်းများ ဝတ်စုံအပြည့်အထူးစစ်သားကြီး

အယောက်၃၀၀၀ ဆိုသည့်အင်အားကဖြုံချင်စ

ရာပင်မဟုတ်လော။ ကိုင်ရီရီမှ သဘောတူလိုက်

သည်။

“ဒါဆို ကျမကိုလမ်းပြပေးပါ အရင်ဆုံးဒီထဲမှာ

ရှမိသားစုခေါင်းဆောင်ကဘယ်သူလဲ သူ့ဆီမှာ

ဆွေးနွေးကြတာပေါ့”

ကိုင်ရီရီ၏စကားကြောင့် မိသားစုခေါင်းဆောင်

၃ဦးလည်း မှင်သက်သွားရသည်။ မည်သည့်အ

တွက်ကြောင့် ရှအိမ်တော်ကိုသွားလိုသနည်း။

မည်သည့်အချိန်ကစ ရှအိမ်တော်နှင့်မင်းသား၈

ကြားရင်းနီးသွားလေသနည်း။ တဖက်တွင်ရှမိ

သားစုခေါင်းဆောင်သည် ဇဝေဇဝါဖြစ်နေလေ

သည်။ တဖက်လူက သူ့အိမ်တော်ဆီသွားလို

သည်တဲ့လား။ သို့သော်သူတို့ခပ်ကြာကြာတွေ

ဝေချိန်မရလိုက်ပေ။ ကိုင်ရီရီကရှေ့မှဝင်ရောက်

သွားလေသည့်အတွက်ကြောင့်ဖြစ်သည်။

All Chapters