ကျိုးယန်၏ပုံစံအစစ်အမှန်
Vol. 7 Ch. 94
“ရှအိမ်တော်ကို မင်းသား၈ရဲ့အထူးတပ်ဖွဲ့တွေ
အဖိုးတို့နဲ့အတူသွားကြတယ်တဲ့ ထူးဆန်းတယ်
မထင်ဘူးလား”
ကျောက်ဝမ်အာက ကျိုးယန်ကိုမေးလာသည်။
ရှအိမ်တော်နဲ့ မင်းသား၈ ကြားအဆက်စပ်ကို
သူမစဥ်းစား၍မရပေ။ ကျိုးယန်ကမူ အနည်း
ငယ်ပြုံးတုံ့တုံ့လုပ်ကာနေလေသည်။ ကျောက်
သခင်မသည် ထိုရက်များအတွင်းကျိုးယန်ကို
သတိထားနေသူဖြစ်တာကြောင့် ကျိုးယန်၏အ
မူအရာကိုတွေ့လျှင် အနည်းငယ်ထူးဆန်နေသ
လိုခံစားလိုက်ရသည်။ ကျောက်တင်းလျန်ကမူ
ထိုအရာကိုသတိမထားမိပဲ အတွေးများနေလေ
သည်။
“စိုးရိမ်စရာကိစ္စတော့မဟုတ်လောက်ပါဘူး
ကျောက်သခင်မလေးက စိတ်ဝင်စားလို့လား”
ကျိုးယန်၏အမေးကို ကျောက်ဝမ်အာမှ
“စိုးရိမ်တယ်တော့မဟုတ်ပါဘူး ရှအိမ်တော်ဆို
တာက မိသားစုတွေကြားအဆိပ်ဆူးလိုပဲလေ
သူတိူ့သာ မင်းသား၈ရဲ့အကူညီကိုရသွားရင်
ကျမတို့အိမ်တော်တွေအတွက်ခက်ခဲနိင်တယ်
အထူးသဖြင့် ရှင့်အတွက်ပေါ့”
ကျောက်ဝမ်အာသည် ရှအိမ်တော်မှ မင်းသား၈
၏အကူညီဖြင့် ကျိုးယန်ကိုအန္တရာယ်ပေးလာ
လိမ့်မည်ဟု သူမထင်နေလေသည်။ ကျိုးယန်
သည် သူမ၏စိတ်ကိုနားလည်သွားလေသည်။
အနည်းငယ်ပြုံးကာ
“ကျုပ်တို့ရှအိမ်တော်ကိုသွားကြည့်ကြမလား”
ကျိုးယန်၏စကားကိုကြားလျှင် မိသားစု၃ဦးစ
လုံးကြောင်အသွားကြသည်။ သူကရှအိမ်တော်
ဆီသွားချင်သည်တဲ့လား။ ထိုအရာကသေလမ်း
သို့ဝင်ချင်နေခြင်းဖြစ်သည်။ ကျိုးယန်ကသူတို့
၏ပုံစံကိုကြည့်၍ အနည်းငယ်ရယ်ချင်လာရ
သည်။
“ကျုပ်အတွက်မစိုးရိမ်ပါနဲ့ ကျုပ်အဲ့ကိုသွားလို့ရ
ပါတယ် လာပါ ကျုပ်နဲ့သာလိုက်ခဲ့”
ရှအိမ်တော်ခန်းမတွင် မိသားစုခေါင်းဆောင်၃ဦး
အပါအဝင် ကိုင်ရီရီနှင့်ပိုင်လီတိူ့ရှိနေကြသည်။
“မင်းသမီးလာရင်းကိစ္စက ကျုပ်တို့မဟူရာမြို့
တော်ကမိသားစုတွေကို မင်းသားထံခိုလှုံစေဖို့
လား”
ကျောက်မိသားစုခေါင်းဆောင်သည် တဲ့တိုးပင်
မေးလိုက်သည်။ တဖက်လူ၏ရည်ရွယ်ချက်ကို
မသိသော်လည်း စိတ်ထဲတွင်တော့သက်တောင့်
သက်သာခံစားချက်တခုရနေလေသည်။
“ဟုတ်တယ် ကျမတို့မင်းသားက ရှင်တို့မြို့ထဲ
မှာရှိနေတယ်သူ့ဆီက အမိန့်ပေးချက်အရ ဒီကို
လာရတာပဲ ရည်ရွယ်ချက်ကတော့ ခုနကရှင်
ပြောတဲ့အတိုင်းဆိုပေမယ့် အနည်းငယ်ကွဲပြား
မှုရှိတယ်”
ကိုင်ရီရီက ရှမိသားစုခေါင်းဆောင်ဘက်သို့
ကြည့်ကာပြောလိုက်သည်။ ရှမိသားစုခေါင်း
ဆောင်သည် ကိုင်ရီရီ၏ဆိုလိုရင်းကိုမသိရ
သေးသော်လည်း စိတ်ထဲတွင်ထင့်နေလေသည်။
ကျောက်မိသားစုခေါင်းဆောင်မှ
“အဲ့ကိစ္စနဲ့ပက်သက်ပြီး ကျုပ်တို့မှာလည်းအ
တွေးကိုယ်စီရှိထားကြပါတယ် ဒါပေမယ့်ကိစ္စ
ကအရေးကြီးလေတော့ တချို့အရာတွေကို
မင်းသား၈ရဲ့ နှုတ်ကတိတချို့လိုအပ်တယ်”
ကျောက်မိသားစုခေါင်းဆောင်၏စကားကို
ကိုင်ရီရီမှ ခေါင်းညိတ်ပြကာ
“ သေချာတာပေါ့ မကြာခင်မင်းသား၈က ဒီနေ
ရာကိုရောက်လာပါလိမ့်မယ်”
ခေါင်းဆောင်၃ဦးလည်းအနည်းငယ်မှင်သက်
သွားရသော်လည်း ခေါင်းညိတ်ပြလိုက်သည်။
ခနအကြာတွင် ခန်းမထဲသို့ လူ၄ဦးဝင်လာကာ
ထိုအထဲတွင် ကျိုးယန်ပါလာသည်။ ထိုအရာကို
မြင်လျှင် ရှမိသားစုခေါင်းဆောင်၏မျက်နှာ
သည်တင်းမာသွားလေသည်။ တဖက်လူငယ်
သည် သူ့မြေးကိုပညာပေးကာ ကျောက်အိမ်
တော်တွင် ပုန်းခိုနေရာမှ ယခုတော့ထွက်လာချေ
ပြီ။
“ဟမ့် နောက်ဆုံးတော့မင်းထွက်လာရပြီပဲ”
ရှမိသားစုခေါင်းဆောင်၏စကားကိုကြားလျှင်
ကိုင်ရီရီနှင့်ပိုင်လီတို့သည် မျက်နှာပျက်သွားကြ
သည်။ သူမတို့သည် ကျိုးယန်စဝင်လာတည်းမှ
သတိထားမိသွားကြပြီးဖြစ်သည်။ တဖက်လူ
သည် တကယ်ပင်ကျိုးယန်ကိုအန္တရာယ်ပြုချင်
နေသူဖြစ်နေလေသည်။ ထိုအတွက်ကြောင့် ရှ
အိမ်တော်သို့သူမတို့၏မင်းသားကစေလွှတ်ပုံရ
လေသည်။ ကျိုးယန်သည် ခန်းမထဲလျှောက်
ဝင်လာပြီနောက် ခပ်တည်တည်ဖြင့်ပင် ကိုင်ရီ
ရီတို့နားလျှောက်သွားကာထိုင်လိုက်သည်။
“အဟက် ဟုတ်တယ်ကျုပ်အခုထွက်လာပြီ
ခဗျားကလဲ့စားချေချင်လို့လား အခုရတယ်”
ကျိုးယန်က ရိသဲ့သဲ့ပုံစံဖြင့်ရှမိသားစုခေါင်းဆေ
ာင်ကိုကြည့်ကာပြောလိုက်လေသည်။ ကျိုး
ယန်နှင့်အတူပါလာသည့် ကျောက်မိသားစု၃ဦး
လည်း မှင်သက်သွားကြကာ ကျိုးယန်ကိုကြည့်
နေကြလေသည်။
“ပဟေဌီတွေလုပ်မနေပါနဲ့တော့မင်းသား”
ကိုင်ရီရီက ကျိုးယန်ကိုကြည့်၍ပြောလိုက်သည်
သူမသည် ကျိုးယန်ကိုသတိထားမိပြီဖြစ်၍ ထို
စကားကိုပြောလိုက်ခြင်းဖြစ်သည်။
“မင်းသား ဟုတ်လား သူကအလယ်ပိုင်းဒေသ
ကမဟုတ်လား ဘယ်လိုလုပ်မင်းသား၈ ဖြစ်
နေတာလဲ”
ခန်းမထဲရှိလူများကြောင်အနေစဥ်မှာပင် ကျိုး
ယန်သည်သူ၏မူလပုံစံကို ပြန်ပြောင်းလိုက်သ
ည်။ အနည်းငယ်ပိန်းပါးသည့်လူငယ်လေးတဦး
အသွင်ပြောင်းသွားကာ ပို၍ပင်ချောမောနေပုံရှိ
လေသည်။ ခန္ဓာကိုယ်တွင်လည်း မင်းသားတပါ
၏အရှိန်အဝါတချို့ထွက်ပေါ်နေပြီး ထိုအရာမှာ
တုပလို့ရသည့်အရာမဟုတ်ပေ။
ကျောက်ဝမ်အာသည် အတန်ကြာမှင်သက်နေ
ရာမှ သက်ပြင်းချလိုက်သည်။ သူမသည် မင်း
သားတပါး၏ပညာသင်ကြားမှုကို တကယ်ပင်
ခံယူခဲ့ရသည်မဟုတ်လား။ ထိုမင်းသားသည်
တည်ကြည်၍ စိတ်ထားကောင်းသူဖြစ်ကာ သူ
မ၏အိမ်တော်ကိုလည်း ကူညီခဲ့သူဖြစ်နေလေ
သည်။ ထိုအရာက သူမတို့အနေဖြင့် ထိုမင်း
သား၏လက်အောက်ခံတခုဖြစ်လာစေမည့် ကံ
တရားဟုဆိုရမည်လား။ ကျောက်မိသားစု
ခေါင်းဆောင်သာမက အခြားသူနှစ်ဦးလည်း
အံ့သြနေကာ အထူးသဖြင့်ခုနလေးကမှ ခြိမ်း
ခြောက်နေသည့် ရှမိသားစုခေါင်းဆောင်ပင်
ဖြစ်လေသည်။ ကျောက်သခင်မသည် အထူး
အဆန်းဟုမခံစားရတော့ပေ။ သူမစိတ်ထဲထင်
နေခဲ့သည့်အရာနဲ့အနည်းငယ်နီးစပ်နေသည်မ
ဟုတ်လား။
“ကျုပ်ကခဗျားတို့သိထားတဲ့မင်းသား၈ပဲ အခု
ကျုပ်မဟူရာမြို့တော်ကို မြို့တော်အသစ်နဲ့
ပေါင်းစည်းဖို့ရည်ရွယ်ချက်နဲ့လာခဲ့တာလို့ဆို
နိုင်တယ် ကျောက်မိသားစုခေါင်းဆောင် ဖုံး
ကွယ်ထားမိတာကို နားလည်ပေးပါ”
ကျိုးယန်သည် ကျောက်မိသားစုခေါင်းဆောင်
ကိုတောင်းပန်စကားဆိုလိုက်သည်။ တဖက်တွင်
မုရုံမိသားစုခေါင်းဆောင်သည် ထိုအခြေနေကို
မည်သည့်စကားမှဝင်မပြောပေ။
“ကိစ္စမရှိပါဘူးမင်းသား မင်းသားကပဲကျုပ်တို့
ကိုကူညီခဲ့တာမဟုတ်လား ကျုပ်ရဲ့စိတ်ရင်းကို
မင်းသားသိထားပြီဖြစ်လို့ အထူးအထွေမပြော
တော့ပါဘူး”
ကျောက်မိသားစုခေါင်းဆောင်သည် ကျိုးယန်
ကိုရွေးချယ်ထားပြီဖြစ်၍ ယခုခြေနေသည်သူ့
အနေဖြင့်လက်ခံနိုင်ပေသည်။မုရုံမိသားစုမှ
မုရုံဖေသည်လည်း ကျောက်မိသားစုခေါင်း
ဆောင်၏သဘောအတိုင်းပင်ရှိလေသည်။ သို့
ရာတွင် ကျိုးယန်မှ
“ ကျောက်အိမ်တော်နဲ့ မုရုံအိမ်တော်အတွက်ကို
ကျုပ်မှာပြောစရာမရှိပါဘူး ဒါပေမဲ့ရှအိမ်တော်
ကတော့ ကျုပ်ကဲ့လက်အောက်ခံဖြစ်ဖို့မထိုက်
တန်ဘူး ဒီအတွက်ရွေးချယ်စရာ၂ခု ရှိတယ်
ဒီဒေသက ထွက်သွားမလား တမိသားစုလုံးကို
ကျုပ်ကရှင်းပစ်ရမလား”
ကျိုးယန်၏လေသံက တင်းမာကာမာန်ပါ၍
ပြတ်သားလေသည်။ ရှအိမ်တော်သည် ဆူးခ
လုတ်တခုဖြစ်ကာ မြွေပွေးခါးပိုက်မပိုက်လိုပေ။
နောင်တချိန်တွင် သူ့လက်အောက်အင်အားစု
များအကြားသွေးထိုးနိုင်သည့်လူဖြစ်သည်။
ရှမိသားစုခေါင်းဆောင်သည် ချက်ချင်းပင်
အထိတ်တလန့်ဖြစ်သွားရကာ
“ကျုပ်ကိုခွင့်လွှတ်ပေးပါမင်းသား ကျုပ်မြေးရဲ့
မသိနားမလည်မှုကို မင်းသားကပဲသဘောထား
ကြီးကြီးနဲ့နားလည်ပေးဖို့တောင်းဆိုပါတယ်
ကျုပ်တို့ကိုလည်း လက်အောက်ခံဖြစ်ဖို့အခွင့်
အရေးတခုပေးပါ မင်းသားကျေနပ်စေရမယ်
လို့ ကျုပ်ကတိပေးပါတယ်”
ကျိုးယန် ကိုင်ရီရီနှင့်ပိုင်လီတို့သည် ထိုစကား
ကိုကြားလျှင် နှာခေါင်းရှုံ့လိုက်ကြသည်။ သူမ
တို့သည် လူများစွာကိုထိန်းချုပ်ထားသူဖြစ်၍
ရှမိသားစုခေါင်းဆောင်၏စိတ်ရင်းကို ခံစားမိ
ကြသူများဖြစ်သည်။
“ကျုပ်မှာ အပိုစကားပြောဖို့အချိန်မရှိဘူး
၃ရက်အချိန်ပေးမယ် ၃ရက်အတွင်းမြို့တော်
မှာ ရှမိသားစုဝင်တဦးမှ ကျုပ်မမြင်ချင်ဘူး
မဟုတ်ရင် ကျုပ်ကိုရက်စက်တယ်လို့ အပြစ်
မဆိုနဲ့”
ကျိုးယန်သည် ထိုစကားကိုပြောကာ ကိုင်ရီရီ
တို့ကိုအချက်ပြ၍ အခြားသူများနှင့်အတူရှအိမ်
တော်မှ ပြန်လည်ထွက်ခွာသွားလေသည်။ ရှမိ
သားစုခေါင်းဆောင်သည် အရှက်တကွဲတောင်း
ပန်ခဲ့သော်လည်း သက်ညှာမှုမရခဲ့သည့်မိမိအ
ဖြစ်ကို ဒေါသထွက်ကာ နောင်တွင်မင်းသား၈
ကိုလက်တုန့်ပြန်ရန်တွေးထားလိုက်တော့လေ
သည်။
“အဖေ တကယ်ပဲကျုပ်တို့က ထွက်ခွာပေးရမှာ
လား နောက်ပြီး ဘယ်ကိုသွားမှာလဲ”
ရှမိသားစုခေါင်းဆောင်၏ သမက်သည် ပျက်
ယွင်းနေသည့်မျက်နှာဖြင့် ယောက္ခထီးဖြစ်သူ
ကိုမေးလေသည်။ ခေါင်းဆောင်နေရာကိုရယူ
ရန်နီးစပ်နေချိန်ရောက်ကာမှ ယခုလိုအဖျက်အ
မှောင့်ပေါ်လာကခြင်းကိုလက်မခံနိုင်ပေ။
“ငါတို့မှာ ရွေးချယ်စရာမရှိဘူး မင်းမှာမင်းသား
၈ ကိုတွန်းလှန်တနိုင်တဲ့အင်အားရှိလို့လား”
ရှမိသားစုခေါင်ဆောင်၏အမေးကိုကြားလျှင်
အခြားသူများလည်းပါးစပ်ပိတ်သွားကြရလေ
သည်။ ကိုင်ရီရီတဦးတည်းကပင် ရှအိမ်တော်
ကိုမြေမြုတ်ပစ်ရန်လုံလောက်သည်။ထိုအတွက်
သူတို့တွင် တုန့်ပြန်ရန်အခွင့်အရေးမရှိပေ။
“ဒါက မင်းသား၈ဆိုတဲ့ကောင်ရဲ့ ကျုပ်တို့ကို
အညှိုးတေးထားမှုကြောင့်ပဲ သူ့ကိုလက်တုန့်
ပြန်ကိုပြန်ရမယ်အဖိုး”
ရှပင်ကဒေါသတကြီးပြောလာသည်။ သူတို့အိမ်
တော်တခုလုံးအရှက်တကွဲပုံစံဖြင့် မဟူရာမြို့
တော်မှ ထွက်ခွာရခြင်းကြောင့် နောင်တွင်မင်း
သား၈ ကိုပြန်ပေးဆပ်စေမည်ဖြစ်သည်။
“ဟုတ်တယ် သေချာပေါက်အဖိုးတို့လက်တုန့်
ပြန်ရမယ် အခုတော့ အလယ်ပိုင်းဒေသကိုရွှေ့
ကြတာပေါ့ ဒုတိယမင်းသားဆီကို ခိုလှုံနိုင်ရင်
အဖေတို့အတွက် အခွင့်အရေးရှိလာမှာပါ”