← Chapters

ကျိုးစုန့်၏ခြေလှမ်းများ

Vol. 7 Ch. 95

ကျိုးစုန့်၏ခြေလှမ်းများ

Vol. 7 Ch. 95

ရှအိမ်တော်မှလူများ မဟူရာမြို့တော်မှထွက်ခွာ

သွားရသည့်သတင်းက မြို့တော်ကိုရက်ပေါင်း

များစွာကြာသည်အထိ လှုပ်ခတ်နေစေရန်လုံ

လောက်ခဲ့ပါသည်။ ကျိုးယန်သည် ပြတ်သားတဲ့

ဆုံးဖြတ်ချက်များကို ချမှတ်ခဲ့သည့်အပြင် မုရုံ

မိသားစုအပေါ်တွင် အမြင်ကောင်းတချို့တည်ရှိ

ထားမှုကြောင့် အိမ်တော်၂ခုကို မြွေမျိုးနွယ်ကဲ့

သို့ပူးပေါင်းမဟာမိတ်ပုံစံ ပြုလုပ်ပေးခြင်းဖြင့်

မဟူရာမြို့တော်ရှိ ၎င်းတို့၏ပုံရိပ်များကိုမြင့်တ

က်စေခဲ့သည်။ ထိုအရာတွက်အိမ်တော်၂ခု မှလူ

များသည် ကျိုးယန်ကိုကျေးဇူးတင်မဆုံးရှိကြ

ကာ နောင်တွက်လည်း ရင်ဘောင်တန်း၍အတူ

ရင်ဆိုင်ပေးမည်ဟု ကတိများအတန်တန်ဆိုကြ

လေတော့သည်။

မဟူရာမြို့တော်သည် ကျန်ရစ်ခဲ့သည့်မိသားစု

နှစ်ခု ပုံရိပ်ကြီးမြင့်လာခြင်းကိုခံစားနေရချိန်၌

ရှမိသားစုများသည် အလယ်ပိုင်းဒေသရှိ ကျိုး

စုန့်၏ သြဇာလွှမ်းမိုးရာ ကြယ်ရောင်မြို့တော်

သို့ရောက်ရှိသွားကြလေသည်။ နောက်ဆက်တွဲ

သည်ခန့်မှန်းရန်လွယ်ကူပါလိမ့်မည်။

“ရှမိသားစုဝင်တွေက အလယ်ပိုင်းနဲ့မြောက်ပိုင်း

ဒေသနှစ်ခုကြားထိစပ်မြို့တော်ဖြစ်တဲ့ ကြယ်

ရောင်မြို့ကိုပြောင်းရွှေ့သွားကြတယ်လို့ ကျုပ်

သတင်းရလိုက်တယ်မင်းသား”

မုရုံဖေမှ ကျိုးယန်ကိုလေးစားသည့်ပုံစံဖြင့်ပြော

လာသည်။ကျိုးယန်မှခေါင်းညိတ်ပြ၍

“ကြယ်ရောင်မြို့ကိုကျုပ်သိပါတယ် အချိန်တခု

ကြာခဲ့တုန်းက အခေါက်ရေအချို့ရောက်ဖူးပြီး

လက်ရှိမဟူရာမြို့တော်ထက်ပိုပြီး စည်ကားနေ

တယ်ဆိုတာ ပြောစရာကိုမလိုဘူး ဒါပေမဲ့ကျုပ်

စဥ်းစားမရတာ ကြယ်ရောင်မြို့ရဲ့အင်အားစု

တွေက ဒုတိယအစ်ကိုတော်ကိုဘာအတွက်နဲ့အ

လွယ်တကူခိုလှုံလိုက်ကြတာလဲ ဆိုတာပဲ”

ကျိုးယန်သည် ထိုကိစ္စအတွက်အဖြေရှာမရခဲ့။

ကျိုးစုန့်သည် အင်အားကြီးတည်ရှိမှုတခုဖြစ်ခဲ့

သော်လည်း ကျိုးချန်နှင့် ကျိုးယင်ချင်းတို့ကဲ့သို့

အားကောင်းသည့်သူတော့မဟုတ်ပေ။ ထိုအနေ

ထားတွင် ကျိုးစုန့်၌မည်သည့်အရာများရှိနေပါ

၍ ထိုအင်အားစုများကပါဝင်ချင်ကြသနည်း။

“အဲဒါထက်ပိုအရေးကြီးတာက အခုမင်းသားတို့

လိုထီးနန်းအတွက်ပါဝင်နေသူတွေကဆိုင်ရာမြို့

တော်တွေကိုအပြည့်အဝထိန်းချုပ်နိုင်နေပြီဆို

တော့နောက်တလှမ်းက ဘာများဖြစ်မလဲ”

ကျောက်မိသားစုခေါင်းဆောင်မှမေးလာသည်။

သက်ဆိုင်ရာဒေသတခုဆီအပြင် အဓိကကျနေ

သည့်မြို့တော်များကိုလည်း ကိုယ်စီအုပ်ချုပ်

ထားနိုင်နေပြီဖြစ်သောကြောင့် နောက်တလှမ်း

သည် နန်းမြို့တော်များဖြစ်နေမလား။

“တခါတလေမှာ ဒေသတခုကိုသိမ်းပိုက်တာက

တိုက်ခိုက်တဲ့နည်းလမ်းအပြင် အခြားနည်းလမ်း

တွေရှိနေပါသေးတယ် ဒုတိယအစ်ကိုတော်က

ကျုပ်ထင်တဲ့နည်းလမ်းကိုသုံးနေတာပဲ ဖြစ်ရ

လိမ့်မယ်”

ကျိုးယန်၏စကားကို ကျောက်သခင်မက

“ဒေသတခုဒါမှမဟုတ် မြို့တော်ရဲ့ပင်မလိုအပ်

ချက်ကိုဖြည့်ဆည်းပေးလိုက်တာမျိုးလား”

ကျိုးယန်သည်ကျောက်သခင်မ၏ တွေးခေါ်နိုင်

မှုကိုလေးစားသွားရသည်။ ထိုကဲ့သို့နိုင်ငံရေးအ

တွေးခေါ်များသည် ခေတ်သစ်ကမ္ဘာတွင်အင်

အားကြီးနိုင်ငံများက ကိုလိုနီပြုလုပ်ခြင်းအတွ

က်ပြုလုပ်ကြသည့် အနုနည်းစစ်ပွဲဝါဒတခုဖြစ်

သည်။ သင်တို့နိုင်ငံသည် ငွေကြေးလိုအပ်ပါသ

လား…ထောက်ပံ့မည်။ သို့မဟုတ် နည်းပညာ

လား..လူ့စွမ်းအညးအရင်းအမြစ်လားအရာရာ

ကို ထိုဒေသ၏လိုအပ်ချက်အလိုက် ပေးချေ၍

ကျေးဇူးတရားတခု တည်ဆောက်ကြခြင်းဖြစ်

သည်။

“ဟုတ်တယ်သခင်မ များသောအားဖြင့် ခမည်း

တော်သက်တမ်းမကုန်သေးချိန် ကျုပ်တို့ညီအစ်

ကိုတွေကြားတည်ငြိမ်နေတယ်ဆိုပေမယ့် အခု

သာ ဖခမည်းတော်တခုခုဖြစ်သွားရင် စစ်ပွဲက

ရုတ်ချည်းရောက်လာမှာ ကျုပ်တို့ကလည်းမတူ

ညီတဲ့အရပ်ဒေသတွေကို လွှမ်းနိုးနိုင်ဖို့တိုက်ပွဲ

ဝင်ရလိမ့်မယ် အဲ့လိုခြေနေမှာ မြို့တော်မှာရှိနေ

တဲ့အစုအဖွဲ့ကိုထိန်းချုပ်ဖို့က တိုက်ခိုက်ခြင်းနဲ့မ

ရနိုင်ဘူး သူတို့ဘာလိုချင်တာလဲ လုံခြုံမှုလား

သူတို့ရဲ့အာဏာတည်မြဲရေးကိုလား ဘာကိုလို

ချင်လဲဆိုတဲ့အရာအပေါ်မူတည်ပြီး ဒုတိယအစ်

ကိုတော်က အာမခံပေးနိုင်သည့်အပေါ်မူတည်

ပြီး သူ့ရဲ့အာဏာကိုတည်ဆောက်သွားလိမ့်မယ်

လို့ ကျုပ်ထင်တယ်”

အကုန်လုံးက ကျိုးယန်၏စကားကိုအတန်ကြာ

စဥ်းစားနေကြပြီးနောက် ထိုအရာကဖြစ်နိုင်ချေ

ရှိသည်ကို လက်ခံသွားကြလေသည်။ ကျန်တဲ့

တော်ဝင်မင်းသားမင်းသမီးများသည် တိုက်ခိုက်

ရန်သာ စိတ်အားထက်သန်နေချိန်တွင် နောင်တ

ချိန်၌ ဝှက်ဖဲဖြစ်လာမည့် နန်းတွင်း၏အခွင့်အ

လမ်းကို မေ့လျော့နေကြပုံရသည်။ ထိုအထဲတွင်

တော့ ကျိုးယန်မပါပေ။ ကျိုးယန်သည် တိုက်ပွဲ

ခုံမင်သူမဟုတ်သော်လည်း အကျိုးအမြတ်ပြ၍

အုပ်ချုပ်လိုသူလည်းမဟုတ်ပေ။ ထိုအရာကစစ်

မှန်သည့် အင်အားစုကိုထူထောင်ရန်ခက်ခဲကာ

သစ္စာဖောက်နိုင်ချေလည်းများပေသည်။

“ဒါဆို အခုမင်းသားရဲ့အစီစဥ်ကဘာများလဲ”

ကျောက်မိသားစုခေါင်းဆောင်၏မေးခွန်းကို

ကျိုးယန်က အေးဆေးသက်သာသည့်ပုံစံဖြင့်

ရှင်းပြသည်။

“လတ်တလောမှာ မဟူရာမြို့တော်နဲ့မြို့တော်အ

သစ်ကြား ပိုပြီးနီးကပ်အောင်လမ်းပန်းဆက်သွ

ယ်ရေးကအစ အင်အားစုတွေမျှဝေတာအထိ

ကျုပ်တို့ဆောင်ရွက်ရလိမ့်မယ် သူများအိမ်ကိုခဲ

နဲ့မပေါက်ခင် ကိုယ့်အိမ်ကအရင်ခိုင်ဖို့လိုတယ်”

အကုန်လုံးက ကျိုးယန်ကိုသတိအပြည့်ဖြင့်

ကြည့်လာကြသည်။ တကယ်ပင်မင်းသား၈ က

တိုက်ခိုက်လိုစိတ်ပြင်းထန်သူဖြစ်နေတာလား။

“ခဗျားတို့ဘယ်လိုပုံစံနဲ့ ကြည့်နေကြတာလဲ

ကျုပ်ပြောတဲ့ဆိုလိုရင်းက ရန်ပြုဖို့မဟုတ်ပါဘူး

တဖက်နဲ့တဖက်အင်အားထောက်လှမ်းတာ အ

ကဲစမ်းတာတွေအတွက်နောက်ဆက်တွဲကိစ္စက

ဖြစ်လာနိုင်တယ် မီးတောက်အင်ပါယာဂိုဏ်းလို

ပေါ့ အဲ့ဒီအတွက်​နောက်ဆက်တွဲကို ကိုင်တွယ်

နိုင်တဲ့အင်အားတခုရှိဖို့လိုတယ်လို့ ကျုပ်ပြော

လိုတာပါ ကျုပ်ကိုစစ်ပွဲအရှင်သခင်လိုကြည့်မ

နေကြနဲ့”

ထိုသို့ကြားမှ အကုန်လုံးကသက်ပြင်းမောကိုချ

လိုက်ကြသည်။ ကျိုးယန်သည်အင်အားကြီး

သည်မှာ မှန်သော်လည်း လက်ရှိအချိန်၌တခြား

သူကို တိုက်ခိုက်ခြင်းက ကောင်းသည့်ဆုံးဖြတ်

ချက်မဟုတ်ပေ။

မုရုံမိသားစုမှ မုရုံရှီသည် ကျိုးယန်ကိုတွေဝေ

စွာဖြင့် တချက်တချက်ကြည့်နေသလို ကိုင်ရီရီ

ရှိရာကိုလည်း အားကျသည့်မျက်လုံးများဖြင့်

ကြည့်နေလေသည်။ ထိုအရာကိုတွေ့လျှင် မုရုံ

ဖေက မြေးမလေး၏စိတ်ကိုသိနေသည့်အတွက်

သက်ပြင်းချလိုက်မိသည်။ မုရုံရှီသည် ကိုင်ရီရီ

၏ စစ်သူရဲကောင်းအသွင်ကိုအားကျနေပုံရပြီး

ကျိုးယန်ကိုတော့ သူမတွေ့ဖူးသည့်လူငယ်ဖြစ်

နေလိမ့်မည်ဟု မထင်ထားခြင်းဖြစ်ပုံရသည်။

“မင်းသား ကျုပ်တခုလောက်ခွင့်တောင်းပါရစေ”

မုရုံဖေမှ အားတင်း၍စကားဆိုလာသည်။သူ့၌

မြေးမလေးပေါ် ရှပင်နှင့်ပက်သက်၍ အပြစ်ရှိ

သလိုခံစားရသောကြောင့် မုရုံရှီ၏ဆန္ဒကိုရိပ်မိ

ချိန်တွင် အရဲကိုးကြိုးစားလိုခြင်းဖြစ်သည်။

“အဲ့လောက်ယဥ်ကျေးစရာမလိုပါဘူးအဖိုး လို

ရာကိုအားမနာတမ်းပြောပါ”

ကျိုးယန်သည် ခပ်တောင့်တောင့်ဖြစ်နေဟန်ရှိ

သည့် မုရုံဖေကိုသက်တောင့်သက်သာဖြစ်စေ

ရန်အလို့ငှာ ပြောလိုက်သည်။

“ကျုပ်ရဲ့မြေးမလေးနဲ့ပက်သက်တာပါ သူမက

အရည်အချင်းအချို့ရှိတဲ့ ပါရမီရှင်ပါ အခုသူမ

ရဲ့ဆန္ဒအရ မင်းသမီးကိုင်ရီရီဆီမှာ ပညာသင်

အဖြစ်လက်ခံပေးစေဖို့ ​တောင်းဆိုချင်လို့ပါ”

ကိုင်ရီရီ၏မျက်ခုံးများမြင့်တက်သွားရသည်။

သူမထက်နှစ်အနည်းငယ်သာ ငယ်သည့်မိန်းခ

လေးတဦးကို တပည့်အဖြစ်ခေါ်ရမည်လား။ထို

အရာကို သူမတခါမှမတွေးခဲ့ပေ။ ကိုင်ရီရီသည်

ကျိုးယန်ရှိရာ ကြည့်လိုက်သည်။ ကျိုးယန်သ

ည်လည်း မထင်ထားသည့်တောင်းဆိုမှုကြောင့်

အံ့သြသွားရသော်လည်း ထိုအရာကခက်ခဲစေ

သည့်တောင်းဆိုမှုတော့မဟုတ်ပေ။

“မင်းရဲ့ရည်ရွယ်ချက်ကဘာလဲ”

ကျိုးယန်သည် မုရုံရှီကိုစေ့စေ့ကြည့်၍မေးလိုက်

သည်။ မုရုံရှီက

“ကျမက နောင်တချိန်စစ်ပွဲသူရဲကောင်းတဦး

ဖြစ်လိုတာပါ”

စစ်ပွဲသူရဲကောင်းလား။ ထိုအရာကမိန်းခလေး

အများစုမလိုချင်သည့်ဘဝဖြစ်ကာ ကိုင်ရီရီမှာ

ငယ်ရွယ်စဥ်၌ မျိုးနွယ်စုကိုအုပ်ချုပ်ခဲ့ရ၍ ထို

ဘဝကိုမလိုချင်ပဲရောက်ခဲ့သူဖြစ်သည်။ သို့ပေ

မယ့် သူမကလိုလိုလားလား လိုချင်နေခဲ့လေသ

ည်။ ကျိုးယန်သည် ကိုင်ရီရီထံပြုံး၍ ကြည့်လို

က်သည် ထိုအရာကသူနှင့်မဆိုင်တော့ပေ။

“မုရုံသခင်မလေး ပြန်စဥ်းစားပါဦး”

“ကျမ ဆုံးဖြတ်ပြီးပါပြီ ကျမမှာခွန်အားရှိရင်

ရှအိမ်တော်ရဲ့ ချုပ်ကိုင်မှုကို ကျမတို့ခံခဲ့ရမှာ

မဟုတ်ဘူး”

သူမ၏စကားကိုကြားသော် မုရုံဖေသည် မျက်

နှာပျက်သွားကာ မြေးမလေးသည် ထိုကိစ္စကို

ခုထိမကျေနပ်သေးပုံပေါ်လေသည်။ အဓိကမှာ

အင်အားကြောင့်မဟုတ်သည်ကိုတော့ သူမမသိ

ထားပေ။ကိုင်ရီရီမှသက်ပြင်းချ၍

“မုရုံသခင်မလေးက ဆုံးဖြတ်ပြီးပြီဆိုမှ​တော့

ကျမလည်း ပြောစရာမရှိတော့ပါဘူး မင်းသား

လက်ခံရင်ရပါပြီ”

“အို ကျုပ်သဘောတူတယ် ဟီးဟီး”

ကျိုးယန်သည် ထိုဘောလုံးလှလှကိုသူ့ဆီအ

ရောက်မခံပါ။ ထိုအရာကအလှအပကို မမက်၍

မဟုတ်ပဲ ဒီတိုင်းငြင်းဆန်ခြင်းဖြစ်သည်။ အလှ

အပလား ယခုချိန်တွင်မလိုသေးပေ။

“ဆရာလို့ခေါ်လိုက်လေ သမီး”

မုရုံဖေကအလျင်အမြန်ပင်တိုက်တွန်းလိုက်လေ

သည်။ မုရုံရှီသာ ကျိုးယန်၏လက်ထောက်ဖြစ်

သည့် ကိုင်ရီရီ၏တပည့်ဖြစ်ပါက မုရုံအိမ်တော်

သည် ကျိုးယန်၏စောင့်ရှောက်မှုကိုအပြည့်အဝ

ရရှိပြီဟု ဆိုလိုသည်မဟုတ်လား။ တဖက်တွင်

ကျောက်ဝမ်အာကတော့ သူမ၏ဆရာက ကျိုး

ယန်ကိုယ်တိုင်ဖြစ်နေ၍ မုရုံရှီကိုအားကျမနာလို

ခြင်းတစက်မှမရှိပေ။

All Chapters