နန်းတော်ထဲကျိုးစုန့်အလည်ပြန် ခြင်းနှင့်လှုပ်ခတ်လာသည့် ပုန်ကန်မှုများ
Vol. 7 Ch. 96
ကြယ်ရောင်မြို့သည် ဒုတိယမင်းသားမှဦးစီးတဲ့
ပြိုင်ပွဲ၏ဂုဏ်သတင်းကြောင့်လှုပ်လှုပ်ခတ်ခတ်
ဖြစ်နေချိန်တွင် ကျိုးစုန့်သည် နန်းတွင်းရှိရာအ
လယ်ပိုင်းဒေသရှိ ရွှေမြို့တော်ရှိရာသို့ရောက်ရှိ
နေလေသည်။ သူသည်ပြိုင်ပွဲကိုသိပ်မကြာခင်
အချိန်၌ ကျင်းပမည်ဖြစ်သော်လည်း ထိုအရာ
ကိုအမှန်တကယ်စိတ်ဝင်စားခြင်းမရှိချေ။
“ဧကရာဇ်ကြီးကိုလျှောက်တင်ပါတယ် ဒုတိယ
သားတော်လေးက တွေ့ခွင့်တောင်းနေပါတယ်”
နန်းတွင်းအစေခံမှ လျှောက်တင်လာသည်ကို
ကြားလျှင် ဧကရာဇ်တယောက်အနည်းငယ်အံ့
သြသွညးရသည်။ သူ၏သားတော်သည်ကြယ်
ရောင်မြို့၌ ရှိနေရမည်မဟုတ်လား။ အဘယ်
ကိစ္စဖြင့် နန်းတွင်းထဲ ပြန်လာရသနည်း။
“သူ့ကိုဝင်ခွင့်ပေးလိုက်ပါ”
အစေခံသည် ဧကရာဇ်၏အမိန့်ကိုပြန်လည်ယူ
ဆောင်၍ ထွက်ခွာသွားလေသည်။ ခနအကြာ၌
ကျိုးစုန့်နှင့်အတူ သူ၏ကိုယ်ပိုင်အကြံပေးအ
မတ်လည်း ခန်းမထဲသို့ဝင်ရောက်လာကာ ဧက
ရာဇ်ကိုဥိးညွှတ်၍ အရိုအသေပြုနှုတ်ဆက်စ
ကားဆိုလိုက်သည်။
“သားတော် အလည်ပြန်ရောက်လာပါပြီ”
ဧကရာဇ်က ကျိုးစုန့်ကိုတချက်ကြည့်လိုက်သ
ည်။ သားတော်များထဲတွင် မတူညီတဲ့စရိုက်များ
ရှိသည့်ကြားမှ ဒုတိယမင်းသားသည် အလျှို့ဝှ
က်ဆုံးနှင့်ခန့်မှန်းရအခက်ဆုံးသားတော်တစ်ပါး
ဖြစ်လေသည်။ ငယ်စဥ်ကပင် အခြားသူများနှင့်
ရောနှောလေ့မရှိပဲ သီးသန့်နေတတ်သူဖြစ်ကာ
အပေါင်းအသင်းဟူ၍မရှိပေ။
“မင်းက ကြယ်ရောင်မြို့မှာပြိုင်ပွဲတခုစီစဥ်ထား
တယ်လို့ ငါကြားတော်မူတယ် ဒါနဲ့အခုကဘာကိ
စ္စများရှိလို့လဲ သားတော်”
ဧကရာဇ်၏အမေးကအနည်းငယ်စိမ်းသက်နေ
သည်ကိုကျိုးစုန့်ခံစားနေရသည်။
“အထူးအထွေကိစ္စတော့မရှိပါဘူး သားတော်က
ပြိုင်ပွဲကိုကျင်းပတဲ့အချိန် နန်းတွင်းမှာရှိနေတဲ့
ညီတော်တွေနဲ့ ညီမတော်လေးကိုဖိတ်ကြားဖို့
ခေါ်ယူရင်းရောက်လာတာပါ”
“အို အဲ့ကိစ္စပဲလား ဒါဆိုမင်းစိတ်မပူနဲ့ငါသူတိူ့ကို
မင်းရဲ့ပြိုင်ပွဲဆီသွားခွင့်ပြုထားပြီးပါပြီ”
ကျိုးစုန့်သည် ဧကရာဇ်၏စကားကိုကြားလျှင်
အနည်းငယ်မှင်သက်သွားရသော်လည်း ဦး
ခေါင်းကိုသာညိတ်ပြလိုက်သည်။
“တခြားကော ဘာအကြောင်းများရှိနေသေးလဲ
သားတော်”
ဧကရာဇ်က ကျိုးစုန့်ကိုစိုက်ကြည့်၍မေးလာ
သည်။ အခြားသားတော်သမီးတော်များသည်
နန်းတွင်းသို့ပြန်မလာသည်မှာ အတော်ကြာပြီ
ဖြစ်ကာ ဒုတိယသားတော်တပါးသာ အလည်အ
ပတ်ပြန်လာသည်မှာ မရိုးရှင်းလောက်ပေ။
“အနောက်ဘက်နယ်စပ်ဒေသမှာရှိတဲ့ သားရဲ
တောကြီးကိစ္စနဲ့ပက်သက်လို့ ခမည်းတော်နဲ့
ဆွေးနွေးချင်လို့ပါ”
“သားရဲတောင်ကြောလား ဘာဖြစ်လို့လဲ”
ဧကရာဇ်သည်သားရဲတောင်ကြောဟုကြားလျှင်
အနည်းငယ်လေးနက်သွားသည်။ ထိုအရာက
စုန့်ပြည်ထောင်စုနှင့် ကျိုးပြည်ထောင်စုကြား
ရှည်လျားသည့် တံတိုင်းတခုဖြစ်ကာ တဖက်မှ
ကျိုးပြည်ထောင်စုကိုအလွယ်တကူ ဝင်ရောက်
မကျူးကျော်ရဲသည့် အရာအဖြစ်တားဆီးထား
သည်မှာ မင်းဆက်နှစ်ဆက်မကတော့ပေ။
“သားတော်ရဲ့သတင်းပေးတွေက ခုတလော
သားရဲတောင်ကြောမှာ သားရဲအချို့ထွက်ပေါ်
လာပြီး လူတွေနေတဲ့နေရာဆီကျူးကျော်လာ
တယ်လို့ သတင်းပေးကြပါတယ် သားတော်က
ပြည်သူတွေအတွက်စိုးရိမ်မိလို့ သားရဲကိစ္စကို
ကိုင်တွယ်ခွင့် လာရောက်တောင်းဆိုတာပါ”
ဧကရာဇ်သည် ထိုသတင်းကိုမကြားမိပေ။ ထို့
အပြင်သားရဲတောင်ကြောနှင့်အနီးစပ်ဆုံးဖြစ်
သည့် သားတော်၈ သည်လည်းထိုအရာကိုဖြေ
ရှင်းနေရသည်ကို သတင်းမထွက်လာပေ။မည်
ကဲ့သို့ သားရဲတွေက လူနေရွာတွေကို ကျူးလွန်
တိုက်ခိုက်နေရသနည်း။ ကျိုးစုန့်သည် ဧကရာဇ်
၏ မယုံဟန်ပုံစံကိုတွေ့လျှင်
“အနောက်ဘက်ဒေသက ကျယ်ဝန်းပြီးရှည်
လျားပါတယ် ညီတော်၈က အနောက်ဘက်ဒေ
သကိုစုစည်းထားပေမယ့် အပြည့်အဝဟုတ်ပုံ
မရသေးပါဘူး ဒါကြောင့်အနောက်ဘက်ဒေသ
နဲ့ အထူးသဖြင့်သားတော်တို့ရဲ့ မြောက်ဘက်
ဒေသဆပ်စပ်တဲ့လူနေဒေသတွေမှာ ဖြစ်ပျက်
တာကို သူသိနိုင်မှာမဟုတ်ပါဘူး”
ဧကရာဇ်သည် ခေါင်းညိတ်လိုက်သည်။ ထိုကိစ္စ
ကို ကိုင်တွယ်ခွင့်ပေးလိုက်သည်က အနောက်
ဘက်ဒေသကို လွယ်လင့်တကူဝင်ထွက်ခွင့်ပေး
လိုက်ခြင်းဖြစ်ကာ ဒေသတခုစီရထားသည့်
သူ၏ကလေးများအတွက်တော့ မသင့်လျော်ပေ
“ငါက အဲ့ကိစ္စကိုဖြေရှင်းဖို့ ခွင့်ပြုလိုပေမယ့်
မင်းက မင်းရဲ့ညီတော်ရဲ့ပိုင်နက်ထဲကိုရောက်
သွားခဲ့ရင် မင်းတို့ညီအစ်ကိုကြားမှာ ပြဿနာ
မီးစတွေဖြစ်လာနိုင်တယ်မဟုတ်လား”
“သားတော်သိပါတယ် အခုကလည်းသူ့ရဲ့အ
နောက်ဘက်ဒေသကို မဝင်ရောက်ပဲ ထိစပ်နယ်
မြေကိုသာ ကိုင်တွယ်မှာပါ ကျန်တာကတော့
သူ့ဒေသဖြစ်တာမို့ သူပဲဖြေရှင်းရပါလိမ့်မယ်”
ထိုစဥ် ခန်မးထဲသို့ခရီးထွက်ရန်အသင့်ဖြစ်ပြီး
ဖြစ်ကြောင်း ခမည်းတော်ဧကရာဇ်အားပြော
ကြားရန် ဝင်လာသည့် ကျိုးလီ ကျိုးယွမ်နှင့်
ပဥ္စမမင်းသမီးတို့သည် ထိုစကားကိုတစွန်းတစ
ကြားသွားကြသည်။
“သားရဲတောင်ကြောလှုပ်ခတ်လာတာလား ငါ
တို့လည်းသတင်းမကြားမိဘူးနော်”
“ဟုတ်တယ် အစ်ကိုတော် ကျုပ်လည်းအပြင်
မထွက်ဖြစ်ပေမယ့် အပြင်ကသတင်းတွေကို
တော့အဆတ်မပြတ်နားစွင့်နေတာပါ အဲ့လိုသ
တင်းတော့ တကယ်မကြားမိဘူး”
“အခုလျှောက်တင်နေတာ ဒုတိယအစ်ကိုတော်
မဝုတ်လား”
ထိုအချိန်ခန်းမအဝင်ရှိ အစောင့်က
“မင်းသားတို့ခနစောင့်ပေးပါ အထဲမှာဧကရာဇ်
က ဒုတိယသားတော်နဲ့တွေ့ဆုံနေပါတယ်”
ထိုအစောင့်၏စကားကိုကျိုးလီမှလက်ကာ၍
“ကိစ္စမရှိဘူး ငါတို့ကဒုတိယအစ်ကိုတော်ရဲ့ပွဲ
ကိုသွားဖို့ကိစ္စနဲ့ပက်သက်ပြီး ခမည်းတော်ကို
လာလျှောက်တင်တာပါ ဝင်သွားလိုက်မယ်”
သူတို့သည် အစောင့်၏ပြန်ကြားမှုကိုပင် မ
စောင့်တော့ပဲ ခန်းမထဲတန်းဝင်သွားလိုက်သည်။
သားရဲတောင်ကြောမှ သတင်းအသစ်ကိုအမှန်
တကယ်စိတ်ဝင်စားနေလေသည်။
ဧကရာဇ်သည် ခန်းမထဲဝင်ရောက်လာသည့်
သမီးတော်နှင့် သားတော်နှစ်ပါးကိုတွေ့လျှင်
မျက်ခုံးပင့်သွားသည်။ ဒင်းတို့သည် သူ့ထံ
လျှောက်တင်ခြင်းပင်မပြုတော့ပေ။ ထိုအပြုအ
မူက အနည်းငယ်ရိုင်းပေသည်။
“မင်းတို့တွေက ခရီးအတွက်ပြင်ဆင်လို့ပြီးကြ
ပြီလား ဒီမှာမင်းတို့အစ်ကိုတော်လည်းရောက်
နေတော့ သူပြန်ရင်သူနှင့်အတူ လိုက်သွားကြ
ပေါ့”
ဧကရာဇ်သည် သားရဲတောင်ကြောမှ သားရဲကိ
စ္စကိုဆက်လက်မဆွေးနွေးလိုဟန်ဖြင့် ကျိုးစုန့်
ကိုသာ ညွှန်ပြ၍ ပြောလိုက်သည်။ ကျိုးစုန့်သ
ည်လည်း အခြေနေကိုသတိထားမိသောကြောင့်
နောက်ထပ်လျှောက်တင်ခြင်းမပြုတော့ပဲ ဝင်
ရောက်လာသည့် ညီတော်နှင့်ညီမတော်တို့ကို
သာ နှုတ်ဆက်စကားဆိုလိုက်ရတော့သည်။
“စတုတ္ထညီတော် မင်းက သိုင်းပညာရှင်အဆင့်
ကိုတောင်ရောက်နေပြီပဲ ပြီးတော့ညီမတော်လဲ
ပိုပြီးကြည့်ကောင်းလာတယ်”
ကျိုးစုန့်၏စကားကိုကြားလျှင် ကျိုးလီတို့မှ
ပြန်လှန်ကာ သာကြောင်းမာကြောင်းအချို့ပြော
လိုက်လေသည်။ ဧကရာဇ်သည် ထီးနန်းအတွ
က် ပါဝင်သည့် ကျိုးစုန့်အားတဖက် နန်းတွင်း၌
ပင်နေကာ ထီးနန်းရေးရာကိုစိတ်မဝင်စားသည့်
ကျိုးလီတို့ကိုတဖက်ကြည့်ကာ သက်ပြင်းချ
လိုက်တော့သည်။
“အစ်ကိုတော်ခုနကပြောလိုက်တာ ညီတော်
ကြားလိုက်မိတာရှိလို့ပါ သားရဲတောင်ကြောက
အဖြစ်အပျက်တခုခုများထူးခြားလို့လား”
ကျိုးလီက ကျိုးစုန့်နားကပ်၍အသာမေးလိုက်
သည်။
“ဟုတ်တယ် ညီတော် အဓိက အနောက်ဘက်နဲ့
မြောက်ဘက်ဒေသအစပ်မှာ ဖြစ်နေတာရွာတွေ
ထဲ သားရဲအချို့ရောက်လာပြီး ဖျက်ဆီးကြပုံရ
တယ် အဲ့အတွက် ရွာသားတွေက အစ်ကိုတော်
ရဲ့ မြောက်ပိုင်းဒေသမြို့တော်ကစစ်သည်တွေရဲ့
လုပ်ဆောင်မှုကို မေးခွန်းထုတ်လာတာတွေ
တောင်ရှိနေကြပြီလေ”
ကျိုးယွမ်က မျက်လုံးအပြူးသားဖြင့်ပြန်မေး
လိုက်သည်။
“အဲ့လောက်တောင်ပြင်းထန်နေပြီတဲ့လား”
“ သေချာပေါက်ခုချိန်မကိုင်တွယ်ခဲ့ရင် ပိုပြီး
တောင်ပြင်းထန်လာနိုင်ချေရှိတယ်ညီတော်”
ကျိုးစုန့်ကအလေးအနက်ပုံစံဖြင့် ရှင်းပြလာသ
ည်။ သူသည် ဧကရာဇ်တပါးမဟုတ်သေးပေမဲ့
လက်ရှိရထားသည့်ဒေသ၌ ပြည်သူများ၏လုံ
ခြုံရေးကို အလေးထားရန်လိုအပ်နေသည်ဟု
ခံစားနေရသည်။
“အင်း ကျတော်က သတင်းတွေမကြားလိုက်မိ
တော့ ပြင်းထန်နေတာကိုသတိမထားမိလိုက်ပါ
ဘူး ဒါနဲ့ အစ်ကိုတော်က အခုကျတော်တို့ကို
ပြိုင်ပွဲဆီတပါတည်း ခေါ်သွားပေးမှာလား”
ကျိုးယွမ်သည် ထိုသတင်းနှင့်ပက်သက်၍ အ
နည်းငယ်သံသယစိတ်ဝင်မိသော်လည်း ထပ်
မမေးတော့ပဲ ပြိုင်ပွဲ၏ခရီးစဥ်အတွက်သာမေး
လိုက်တော့သည်။
“ဟုတ်တယ် မင်းတို့က ခမည်းတော်ဆီကခွင့်
ပြုချက်ရထားမယ်လို့မထင်ထားတော့ အခုကိ
စ္စကိုလည်းလျှောက်တင်ရင်း မင်းတို့အတွက်ပါ
ခွင့်လာတောင်းရတာပဲ”
ကျိုးလီတို့မှ ကျိုးစုန့်တို့ကိုဦးညွတ်၍ ကျေးဇူး
တင်စကားပြောလိုက်သည်။
“ ကျေးဇူးတင်ပါတယ် အစ်ကိုတော်”
“ကဲ တခြားကိစ္စမရှိရင် ခရီးထွက်ဖို့ပြင်ဆင်ကြ
တော့ အချိန်ကမလိုတော့ဘူးမဟုတ်လား”
ဧကရာဇ်သည် ကျိုးစုန့်တို့အားတိုက်တွန်း၍
ခန်းမထဲမှ နှင်ထုတ်လိုက်တော့သည်။ သူ့တွင်
အလေးအနက်စဥ်းစားရမည့်အကြောင်းအရာ
များရှိလာပြီ ဖြစ်လေသည်။ သားရဲတောင်ကြေ
လှုပ်ခတ်ခြင်းသည် အရေးကြီးသည် ရှေးမင်း
ဆက်များ၏အဆိုအရ သားရဲတောင်ကြောလှုပ်
ခတ်ခြင်းက ပြည်ထောင်စုကိုသွေးချောင်းစီးစေ
မည့်လက္ခဏာဟုဆိုထားသည်မဟုတ်လား။