နန်းတွင်းသို့တခေါက်ပြန်ခြင်း
Vol. 7 Ch. 97
ကျိုးယန်သည် မဟူရာမြို့တော်နှင့် မြို့တော်အ
သစ်ကြားစီမံစရာများအတွက် အမိန့်တချို့ချ
မှတ်ကာ အလယ်ပိုင်းဒေသသို့ဆက်လက်ထွက်
ခွာရန်ပြင်ဆင်တော့သည်။ ထိုခရီးအတွက် မည်
သူ့ကိုမှခေါ်ဆောင်သွားခြင်းမရှိပဲ တဦးတည်း
သာထွက်ခွာမည်ဖြစ်သည်။
“စိတ်ချပါမင်းသား ကျုပ်တို့မြို့နှစ်ခုကြားအစီ
အစဥ်တွေအတွက်သေချာပေါက်အားစိုက်ထုတ်
ပါ့မယ်”
ကျောက်မိသားစုခေါင်းဆောင်သည် ကျိုးယန်
ကို အလေးအနက်ပင်ပြောကြားလိုက်သည်။
ကျိုးယန်တွင် မည်သည့်စိတ်ကူးရှိ၍ နန်းမြို့
တော်သို့သွားလိုသည်ကို မသိသော်လည်းထိုအ
ရာက သူလိုက်ပါစဥ်းစားကမည့်အပိုင်းမဟုတ်
တော့ပေ။ သူလုပ်ရမည်က မြို့နှစ်ခုကြားအစီ
အစဥ်များအတွက် ကိုင်ရီရီတို့နှင့်ပူးပေါင်းရန်
သာဖြစ်သည်။
“ကျုပ်ခဗျားတို့ကိုစိတ်ချပါတယ် ခရီးကလည်း
သိပ်တော့မကြာလောက်ပါဘူး”
မူလက အရှေ့ဘက်ဒေသထိဆက်သွားလိုပေမဲ့
ထိုအစီစဥ်ကိုလမ်းရောက်မှသာ ဆက်သွားသင့်
မသင့် တွေးတောမည်ဖြစ်သည်။ အလယ်ပိုင်း
ဒေသ နန်းမြို့တော်ကိုသွားသည်က အခြားသူ
များ၏ သတင်းကိုပိုမိုသိလိုခြင်းကြောင့်သာ
ဖြစ်ပေသည်။ ကိုင်ရီရီတို့နှင့် မဟူရာမြို့တော်၌
ရက်အတန်ကြာနေပြီးနောက် ခရီးစထွက်လာ
သည်။ မဟူရာမြို့တော်သည် အလယ်ပိုင်းဒေ
သနှင့်ထိစပ်မြို့တော်တခုဖြစ်တာကြောင့် ခရီး
ကမဝေးတော့ပေ။ သုံးရက်ခန့်ကြာမြင့်ပြီးတွင်
ကြီးမားသည့် မြို့ရိုးကြီးရှိရာ အလယ်ပိုင်းဒေသ
နန်းမြို့တော်ကိုရောက်လာတော့သည်။
“မနေ့တနေ့ကလိုပဲလို့အခုထိထင်နေမိတုန်းပဲ
မြို့တော်ကြီးက မကြာခင်အုပ်ချုပ်သူပြောင်း
လဲသွားရတော့မယ်”
ကျိုးယန်သည် မြို့တော်တံခါးကြီးနှင့် မြို့ရိုးကို
ကြည့်ကာ သက်ပြင်းရှည်တခုချလိုက်မိသည်။
သူ့အတွက် ဤကမ္ဘာရှိမှတ်ဉာဏ်များသည်ဝေ
ဝါးကာ ပြတ်သားခြင်းမရှိတော့ပေ။ ပိုဆိုးသည်
က တဖက်ကမ္ဘာသို့ပြန်ရောက်ပြီးနောက် ထိုဝေ
ဝါးမှုများကပို၍သိသားလာခြင်းဖြစ်သည်။
“ငါက တဖြေးဖြေး ဒီကအရာတွေနဲ့ကင်းကွာစ
ပြုလာသလိုခံစားနေရတယ် ဒါကကောင်းတာ
လား ဆိုးတာလားပဲ”
ကျိုးယန်သည် မြို့တော်အတွင်းအချိန်တခုအ
ကြာလှည့်ပတ်သွားလာပြီးနောက် တည်းခိုရန်
နှင့် စားသောက်ရန် ဆိုင်တခုကိုရှာကာဝင်လိုက်
သည်။ ဆိုင်ထဲတွင် လူအချို့ရှိသော်လည်း ပြည့်
ကျပ်နေသည်အထိတော့မဟုတ်ပေ။
“ဘာများသုံးဆောင်ချင်လို့လဲ သခင်လေး”
စားပွဲထိုးက ကျိုးယန်ဆီရောက်လာကာတလေး
တစားဖြင့်မေးသည်။ ကျိုးယန်သည် ပုံစံပြန်
ပြောင်းထားသော်လည်း အရှိန်အဝါသည်မိသား
စုကြီးများမှ သခင်လေးများကဲ့သို့ဖြစ်နေသေး
သည်။
“ဝိုင်တချို့နဲ့ အသားကြော်တပွဲပေးပါ”
ခရီးထွက်ချိန်တွင် သောက်စားလေ့မရှိသည့်
ကျိုးယန်သည် မည်သည့်အတွက်ကြောင့်မှန်း
မသိစိတ်ရှုပ်ထွေးသလိုခံစားနေရကာ ဝိုင်အချို့
ပင်မှာလိုက်မိသည်။
“ခနစောင့်ပေးပါသခင်လေး မကြာခင်လာပို့
ပေးပါ့မယ်”
စားပွဲထိုးလည်း ကျိုးယန်၏မှာကြားမှုကိုလက်
ခံပြီးနောက် ဦးညွတ်ကာထွက်ခွာသွားသည်။
“နောင်ကြီး ကြယ်ရောင်မြို့က ပြိုင်ပွဲကြီးအ
ကြောင်း ကြားပြီးပြီလား”
“ကြားလိုက်မိတယ် သတင်းတွေအရ ဒုတိယ
မင်းသားက ကြီးမှူးတယ်မဟုတ်လား”
“ဟုတ်တာပေါ့ ကျုပ်တို့ဂိုဏ်းရဲ့အကြီးအကဲက
တော့ ဒါကဒုတိယမင်းသားရဲ့ နန်းမြို့တော်ကို
ပထမဆုံးခြေတလှမ်းစတာဖြစ်လိမ့်မယ်လို့
တွက်ဆနေတယ်”
“အဲ့ကိစ္စနဲ့ပက်သက်ရင်တော့ ကျုပ်ကစိတ်မဝင်
စားလှဘူး အဓိကသတင်းရှိသေးတယ် ပြောပြ
ရမလား ဟဲဟဲ”
ကျင့်ကြံသူတဦးမှ ရယ်သွမ်းသွေးရင်းသူ့လူ
များကိုမေးလိုက်သည်။
“အဓိက သတင်းလား လုပ်စမ်းပါဦး ဘာသ
တင်းများထပ်ရှိသေးလို့လဲ”
“ကျုပ်ရဲ့ အဖေဘက်ကဦးလေးတယောက်က
နန်းတော်ထဲကအစေခံတချို့နဲ့ရင်းနီးတယ်လေ
သူတို့ဆီကြားတာတော့ ပြိုင်ပွဲကို ပဥ္စမမင်းသမီ
လည်းတက်ရောက်မယ်တဲ့ ကဲ ဒါကသတင်းမ
ထူးဘူးလား”
ကျန်သူများ၏မျက်လုံးများက ဝိုင်းစက်သွား
ကြကာ ကျယ်ကျယ်လောင်လောင်ပင်တုန့်ပြန်
လာကြသည်။
“သိပ်ကိုထူးတာပေါ့ ပဥ္စမမင်းသမီးကတွေ့ရခဲ
တဲ့အလှနတ်ဘုရားမလေးတပါးမဟုတ်လား
သူမက ကျုပ်သိရသလောက် နန်းတွင်းထဲက
တောင်အပြင်မထွက်ဘူးဆိုပဲ အခုသတင်းသာ
လူတွေသိကုန်ရင် အို ပြိုင်ပွဲကတော့ထင်ထား
တာထက်ပိုစည်ကားတော့မှာပဲ”
“ဟုတ်တယ် ကျုပ်ကတော့ပထမပြိုင်ပွဲကိုစိတ်
မပါပေမယ့် ခဗျားသတင်းကြောင့်စိတ်ဝင်စား
သွားပြီဗျို့ ပဥ္စမမင်းသမီးလေးကိုမြင်ရမယ့်
အခွင့်အရေးက နည်းတဲ့အခွင့်အရေးလား”
ကျိုးယန်သည် ထိုသူများ၏စကားကိုအတန်ကြ
စဥ်းစား၍နေလေသည်။ ကျိုးစုန့်၏ပြိုင်ပွဲသ
တင်းကိုတော့ ရထားပြီးဖြစ်၍မထူးဆန်းသော
လည်း ပဥ္စမအစ်မတော်က ဘာအတွက်ပြိုင်ပွဲ
ကိုသွားရောက်လိုရသနည်း။ ဦးခေါင်းကိုခါယမ်
ပြီးနောက် ဝိုင်အနည်းငယ်သောက်လိုက်သည်။
“နန်းတွင်းထဲ ခနပြန်သင့်လား ငါ့ကိုကော ကြို
ဆိုကြပါ့မလား”
ကျိုးယန်၏တီးတိုးစကားကိုကြားလျှင်စနစ်က
“စနစ်ရှင်ရဲ့ဂုဏ်သတင်းကို ပြည်ထောင်စုတခု
လုံးသိနေတာပဲ မကြိုဆိုပဲနေရဲပါ့မလား”
ကျိုးယန်ကဦးခေါင်းကိုခါယမ်း၍
“ပုံမှန်အားဖြင့်ဆိုရင်တော့မှန်တယ် ဒါပေမဲ့သူ
တို့အမြင်မှာငါက နှစ်ပေါင်းများစွာ အမှိုက်ဖြစ်
ခဲ့တာလေ ရုတ်တရက်ကောင်းမွန်တဲ့အမြင်တ
ချို့ရှိလာမယ်လို့ ငါမထင်ဘူး”
“စနစ်ရှင်အတွေးလွန်နေတာပါ”
စနစ်၏စကားကို ကျိုးယန်လည်းသဘောတူရ
မလိုဖြစ်သွားသည်။ သူတကယ်အတွေးလွန်
နေသည်လား။ နန်းတွင်းသည် သူ့အနေဖြင့်
ပြန်ရန်အခက်ခဲရှိနေလို့လား။ မဟုတ်ပေ။ သူ့
စိတ်က ကင်းကွာနေ၍သာထိုသို့ခံစားနေရခြင်း
ဖြစ်ပေသည်။
“အင်း အနည်းဆုံးမြို့တော်ကိုရောက်လာနေမှ
တော့ နန်းတော်ထဲကိုအလည်တခေါက်ပြန်သင့်
ပါတယ်လေ ခမည်းတော်ဧကရာဇ်စိတ်မဆိုးဖို့
ပဲ မျှော်လင့်ရမယ်”
ကျိုးယန်သည် စားသောက်ဆိုင်၌ အချိန်တခုအ
ကြာစားသောက်ပြီးနောက် တည်းခိုရန်အခန်းတ
ခုငှားလိုက်သည်။ နန်းတော်ထဲသွားရန်ရှိသော်
လည်း ထိုအရာက နန်းတော်ထဲတွင်ညအိပ်မည်
ဟုတော့မဆိုလိုပေ။တည်းခိုခန်းတွင်ကိုယ်လက်
သန့်စင်ပြီးနောက် နန်းတော်သို့ထွက်လာလိုက်
သည်။ နန်းတော်နှင့်နီးကပ်ချိန်တွင် မူလပုံစံ
ပြန်ပြောင်းလိုက်သညိ။ ထိုပုံစံဖြင့်သာ နန်းတော်
အတွင်းသို့ ဝင်ရောက်နိုင်မည်မဟုတ်လား။ ကြီး
မားသည့် နန်းတော်အဆောက်အုံများ ကျယ်ဝန်း
သည့် နေရာတွင်ပြည့်သိပ်ကျပ်ရှိနေကာ မြို့
ငယ်လေးတခုအသွင်ရှိနေသည့် နန်းတွင်ကိုတ
ချက်ကြည့်လိုက်သည်။ နန်းတော်အစောင့်များ
သည်နေရာတိုင်း အသင့်ရှိနေကာ ထိုအရာများ
သည် ကျိုးယန်ရှိနေစဥ်ကအတိုင်းပင်မည်သည့်
အရာမှ မပြောင်းလဲပေ။
ဧကရာဇ်သည် စာကြည့်ခန်းထဲတွင်ထိုင်းရင်း
ရှေးစောင်းစာပေအချို့ကို ဖတ်နေလေသည်။
မှတ်တမ်းများအရ သားရဲတောင်ကြောကိစ္စကို
အသေချာပြုစုထားမည်ဖြစ်ကာ ယခုသတင်း
သာမှန်ကန်ပါက ကိုင်တွယ်ရန်အတွက်နည်း
လမ်းရလိုခြင်းပင်။
“ငါက ဒုတိယသားတော်ကို ကိုင်တွယ်ခွင့်ပေး
လိုက်ရမလား ငါ့စိတ်ထဲမှာ ငါ့သားတော်ကမရိုး
ရှင်းဘူးလို့ခံစားနေရတယ် နောက်ပြီး သားတော်
ငယ်လေးဆီကလည်း သားရဲသတင်းနဲ့ပက်သ
က်ပြီးမကြားရလေတော့ မှန်နိုင်ပါ့လား”
ဧကရာဇ်သည် အမှောင်ထဲ၌ရပ်နေသည့် သူ၏
ကိုယ်ပိုင်သက်တော်စောင့်ကို မေးလိုက်သည်။
“ကျတော်မျိုးက အဲ့ကိစ္စနဲ့ပက်သက်ရင်တော့
မည်သည့်အကြံဉာဏ်မှပေးစရာမရှိပါဘူး”
ထိုအရိပ်လူသည် ဧကရာဇ်ကိုမေးခွန်းကိုဖြေရန်
ငြင်းဆိုလိုက်သည်။ ဧကရာဇ်မေးခွန်းက သူ့ဆီ
မှ သားရဲတောင်ကြောကိုဖြေရှင်းခွင့်နဲ့ပက်သက်
၍ အကြံတောင်းခံနေခြင်းဖြစ်ကြောင်း ရိပ်မိ
လေသည်။
အင်း……
ဧကရာဇ်သည် သက်ပြင်းမောကိုသာချ၍ စာ
အုပ်များကိုဆက်လက်ဖတ်ရှူနေလိုက်သည်။
ထိုစဥ်..
“အငယ်ဆုံးမင်းသားလေးက အရှင်မင်းကြီးကို
တွေ့ခွင့်တောင်းနေပါတယ်”
အစေခံတဦးမှ ဧကရာဇ်ကိုလျှောက်တင်လာသ
ည်။ အငယ်ဆုံးသားတော်လား။ သူကဘယ်လို
ဖြစ်ပြီးရောက်လာပြန်တာလဲ။နေဦး သားရဲကိစ္စ
နဲ့ဆက်စပ်နေပြန်တာလား။
ဧကရာဇ်သည် မှတ်တမ်းများကိုထပ်ကြည့်လို
က်သည် မှတ်တမ်းများတွင် သားရဲပြဿနာမှာ
ထူးဆန်းသည့်လေဟာနယ်လမ်းကြောင်းတခု
ပေါ်ထွက်ရာမှ ဖြစ်လာသည်ဟုဆိုထားသည်။
“ငါမကြာခင်ရောက်လာခဲမယ်လို့ပြောလိုက်
သားတော်ကို ခန်းမထဲမှာစောင့်ခိုင်းထားပါ”
ဧကရာဇ်သည် အစေခံကိုပြန်လည်မှာကြားပြီး
နောက် ဖတ်လက်စ စာအုပ်များကိုပြန်လည်သိ
မ်းဆည်းကာ စာဖတ်ခန်းမှထွက်၍ ခန်းမဆောင်
ရှိရာသို့သွားလိုက်သည်။
ကျိုးယန်သည် အရင်တိုင်းမပြောင်းလဲသည့်
ပုလ္လင်ကိုတခဏကြည့်ပြီးနောက် ခန်းမဆောင်
ကြီး၏ နေရာအနှံ့ကိုလေ့လာကာ နန်းတွင်း၏
ဗိသုကာပညာမှာလည်း အဆင့်မနိမ့်လှကြောင်း
သတိထားမိလိုက်သည်။
“မင်းရောက်နေတာကြာပြီလား သားတော်”
ဧကရာဇ်သည် ရာဇပုလ္လင်ပေါ်အသာထိုင်၍ ကျိုးယန်ကိုမေးလိုက်သည်။ ကျိုးယန်လည်း
သတိပြန်ဝင်လာကာ ချက်ချင်းပင် ဦးညွတ်၍
နှုတ်ဆက်လိုက်သည်။
“နေကောင်းပါရဲ့လား ခမည်းတော်”
ကျိုးယန်သည် အချိန်တခုကြာစောင့်နေခဲ့ရပေ
မဲ့ထိုအရာကိုတော့ မဖြေကြားတော့ပေ။ ဧက
ရာဇ်၏ကျန်းမာရေးကိုသာ မေးမြန်းလိုက်တော့
သည်။
“အင်း အတော်လေးတော့အဆင်ပြေပါတယ်
ဒါနဲ့ မင်းကကော ဘာကိစ္စများရှိလို့လဲ”
ဧကရာဇ်၏လေသံက သူ့အရင်နန်းတွင်းထဲပြန်
လာသူရှိသည်ဟု ဆိုလိုနေ၍ ကျိုးယန်လည်း
မှင်သက်သွားရသည်။ ဘယ်သူလဲ ကျိုးစုန့်
လား။ သူကပြိုင်ပွဲလုပ်နေတဲ့ ကြယ်ရောင်မြို့
မှာရှိနေရမယ်မဟုတ်လား။
“သားတော်က ခရီးတခုအတွက်လမ်းကြုံဝင်
တဲ့သဘောပါပဲ ခမည်းတော်တခြားကိစ္စမရှိပါ
ဘူး”
ဧကရာဇ်သည် ကျိုးယန်၏စကားကိုကြားလျှင်
မျက်မှောင်ကြုတ်သွားရသည်။ တခြားကိစ္စမရှိ
ဘူးတဲ့လား။ သားရဲတောင်ကြောက သူ့နောက်
ကျောမှာရှိနေတာလေ သူကဘာသတင်းမှမရ
ထားပေဘူးလား။
“သားတော်ကိုမေးစရာတခုရှိတယ် ခုရက်ပိုင်း
သားရဲတောင်ကြောကထူးခြားဖြစ်စဥ်များရှိ
ထားလေသလား”
“ထူးခြားဖြစ်စဥ်လား သားတော်သတိမထားမိ
ပါဘူး ဘာဖြစ်လို့ပါလဲ ခမည်းတော်”
ဧကရာဇ်သည် အတန်ကြာလေးနက်သည့်အမူ
အရာဖြင့် ငြိမ်သက်နေလေသည်။ ပြီးမှ
“မင်းရဲ့အစ်ကိုတော်က သားရဲတောင်ကြောရဲ့
လှုပ်ခတ်မှုကို ပြောပြသွားပြီး မင်းရဲ့အနောက်
ဘက်ဒေသနဲ့ မြောက်ဘက်ဒေသကြားထိစပ်နေ
ရာက ရွာတချို့ သားရဲဖျက်စီးမှုကြုံနေရတယ်
လို့ပြောသွားတယ် တကယ်ပဲမင်းမှာအဲ့အတွက်
ဘာသတင်းမှမရှိထားဘူးလား ဒါမှမဟုတ်ဖုံး
ကွယ်ထားလိုနေတာလား”
ဧကရာဇ်က ကျိုးယန်ကိုစိုက်ကြည့်ကာမေးလာ
သည်။ သူ့ပုံစံအရ ကျိုးယန်၏အဖြေကိုအတိအ
ကျသိလိုဟန်ရှိကာ ထိုအကြောင်းအရာနှင့်ပက်
သက်၍လည်း အလေးအနက်ရှိနေပုံရသည်။
ကျိုးယန်က ခေါင်းခါပြ၍
“သားတော်က အနောက်ဘက်ဒေသကထွက်
လာတာရက်တချို့ကြာပြီဆိုပေမဲ့သားရဲသတင်း
ကိုတော့ တကယ်မကြားမိပါဘူးခမည်းတော်”
ကျိုးယန်သည် ကျိုးစုန်ပေးသွားသည့်သတင်း
နှင့်ပက်သက်၍ စိတ်ထဲမတင်မကျခံစားနေရ
သည်။ ဒေသနှစ်ခုထိစပ်နေရာတွင် အမှန်တ
ကယ်ဖြစ်ပွားပါက သူ့အင်အားစုများမှမသိပဲ
မနေပေ။ သို့သော် ကျိုးစုန့်ကတော့ အသေချာ
ပင်ပြောသွားပုံရှိကာ ဧကရာဇ်မှလည်းအလေး
အနက်ထားနေလေသည်။