သားရဲများအမှန်တကယ်ထကြွလာခြင်း။
Vol. 7 Ch. 98
ကျိုးယန်သည် ထိုသတင်းနှင့်ပက်သက်၍အမှန်
တကယ်ပင်သိရှိထားသူမဟုတ်ဟု ဧကရာဇ်မှ
ယူဆပြီးနောက် ထိုအကြောင်းအရာနှင့်ပက်သ
က်၍ ဆက်လက်ဆွေးနွေးခြင်းမရှိတော့ပေ။
ကျိုးစုန်၏ပြိုင်ပွဲအကြောင်းပြောဆိုကာ အခြား
အစ်ကိုတော်များနှင့်အစ်မတော်တို့ လိုက်ပါ၍
ထွက်ခွာသည်ကို ကျိုးယန်သိလိုက်ရသည်။ ထို
ကြောင့် ကျိုးယန်သည် နန်းတော်ထဲဆက်လက်
နေလိုခြင်းမရှိတော့ပဲ တည်းခိုရာသို့ပြန်လာ၍
သူ့အနေဖြင့် အရှေ့ဘက်ဒေသကိုသာမက ပြိုင်
ပွဲရှိရာကြယ်ရောင်မြို့သို့ပင် ဆက်သွားချင်လို
စိတ်မရှိတော့ပေ။
ထိုသတင်းမှန်မမှန်ကို အဖိုးဝူတို့မှ စုံစမ်းမည်
မှာသေချာသလောက်ရှိသောကြောင့် ဧကရာဇ်
ဆီမှကြားသိရသည့်သတင်းအား အသံပေးပို့
ခြင်းမှတဆင့် မြို့တော်အသစ်ရှိအဖိုးဝူတို့ထံ
ပေးပို့ကာ သူကိုယ်တိုင်ပြန်ရောက်လာမှသာ ထို
ကိစ္စကိုဖြေရှင်းမည်ဟု မှာလိုက်တော့သည်။
မြို့တော်အသစ်ခန်းမကြီးတွင် ကျိုးယန်ဆီမှ
သတင်းရပြီးနောက် အဖိုးဝူ ကိုင်ရီရီအပါအဝင်
အဓိက ခေါင်းဆောင်များသည် ထိုသားရဲသတ
င်းနှင့်ပက်သက်၍ ဆွေးနွေးရန်ရှိနေကြသည်။
“မြို့တော်အသစ်က ထိစပ်ဒေသနဲ့ဝေးတယ်ဆို
ပေမယ့် သားရဲတွေရဲ့သတင်းကိုကျုပ်တို့မရ
ထားဘူးမဟုတ်လား ခဗျားတို့ကော”
အဖိုးဝူမှ ခန်းမထဲရှိလူများကို မေးလိုက်သည်။
အများစုသည် ထိုသတင်းကို၎င်းတို့လည်းရရှိ
ထားခြင်းမရှိဟု ဆိုလာကြသည်။
“ကျမကတော့ ပိုပြီးသေချာအောင်သတင်းအ
သစ်ရှိမရှိသိနိုင်ဖို့အတွက် မင်းသားဆီကသိရ
ပြီးတာနဲ့ စုံစမ်းဖို့လူအချို့လွှတ်ထားလိုက်တယ်
မကြာခင် အတိအကျသိရမယ်ထင်တယ်”
ကိုင်ရီရီသည် မူလကသူမလည်း အဆိုပါကိစ္စ
အတွက် ဇဝေဇဝါဖြစ်ခဲ့သော်လည်း အမှန်ဖြစ်
နေပါက မြို့တော်အသစ်ကိုသာမက အနောက်
ဘက်ဒေသတခုလုံးကိုပါရိုက်ခတ်လာနိုင်သော
ကြောင့် ပို၍သတင်းရစေရန် လူလွှတ်စုံစမ်းစေ
ခြင်းဖြစ်သည်။
“အဲ့ဒါ ကောင်းတယ် ကျုပ်တို့အနေနဲ့ ကိုယ်စီ
စုံစမ်းဖို့လည်းလိုတယ် ထိစပ်ဒေသကရှည်လျား
ပြီး အဲဒီဒေသမှာ လူနေရွာအချို့ရှိထားတယ်ဆို
တာကတော့ ကျုပ်သိထားတာကြာပါပြီ”
အဖိုးဝူသည် မင်းကြီး၏အားထားရာဖြစ်စဥ်အ
ချိန်ကပင် ပြည်ထောင်စု၏အရပ်ဒေသမှအင်
အားစုများသာမက ထိုသို့ဝေးလံသည့်အရပ်ဒေ
သများရှိ ပြည်သူများအကြောင်းကိုပါသိရှိလေ
သည်မဟုတ်လား။
“မင်းသားက သူပြန်ရောက်မှကိုင်တွယ်မယ်ဆို
ပေမယ့် သတင်းမှန်မမှန်ကိုတော့ ကျမတို့ဘာ
သာအတိပြုရလိမ့်မယ်”
ကိုင်ရီရီမှပြောလိုက်သည်။ ကျိုးယန်ကိုယ်တိုင်
ပင် ထိုသတင်းကြောင့်နားမလည်ဟန်ဖြစ်နေပုံရ
သည်ဟု သူမထင်လေသည်။
ထိုစဥ် ကိုင်ရီရီ၏သတင်းပို့ကျောက်စိမ်းပြားမှ
အရောင်တချို့ထွက်လာသည်။ ကိုင်ရီရီလည်း
အလေးအနက်ထားကာ သတင်းပေးပို့ချက်ကို
နားထောင်လိုက်သည်။
“တကယ်ကြီးလား ရွာအချို့ပျက်စီးပြီး လူတွေ
သေဆုံးတာအမှန်ပေါ့”
ကိုင်ရီရီ၏မျက်နှာသည် အတန်ကြာပျက်ယွင်း
နေကာ သတင်းအတွက်မယုံကြည်ဟန်ရှိလေ
သည်။
“ဘာတဲ့လဲသတင်းကအမှန်တဲ့လား”
အကုန်လုံးက ကိုင်ရီရီ၏မျက်နှာအပြောင်းအ
လဲကို ကြည့်နေသူများဖြစ်သောကြောင့် ချက်
ချင်းပင် အထိတ်တလန့်မေးလာကြသည်။
အဖိုးဝူသည် ထိုသတင်းအမှန်တကယ်ဖြစ်လာ
ခြင်းကိုမယုံနိုင်ဟန်ရှိကာ အဆိုပါဖြစ်ရပ်သည်
မည်သည့်အရာကို ဦးတည်စေခြင်းကိုလည်းသိ
ထားသူဖြစ်သည်။
“ပြည်ထောင်စုရဲ့ပျက်စီးခြင်းနိမိတ်ပဲ တခုရှိ
တာက ဒီအဖြစ်အပျက်ကြီးအပြီးမှာ ကျိုးပြည်
ထောင်စုကမှန်ကန်တဲ့လမ်းကြောင်းတခုအပေါ်
ရောက်သွားနိုင်တာပဲ”
ကိုင်ရီရီမှ ခန်းမထဲရှိလူများ၏မျက်နှာများကို
အတန်ကြာဝေ့ဝဲကြည့်ပြီးနောက် လေးလံသည့်
လေသံဖြင့်ပြောပြလာသည်။
“ကျမလူတွေရဲ့ပေးပို့မှုအရ သတင်းကအမှန်ပဲ
ဒါပေမယ့် အတိအကျအားဖြင့် မြောက်ပိုင်းဒေ
သရဲ့ပိုင်နက်ထဲမှာဖြစ်နေတာပဲ”
အကုန်လုံးကသက်ပြင်းကိုချကာအနည်းငယ်
စိတ်ချမ်းသာရရာသွားကြသည်။ ထိုမြောက်ပိုင်
ကိစ္စက ထိုဒေသကိုအုပ်ချုပ်ခွင့်ရှိနေသည့် မင်း
သား၏ပြဿနာဖြစ်ကာ သူတို့နှင့်မဆိုင်ပေ။
ကိုင်ရီရီမှဆက်၍
“ဒါပေမယ့်သားရဲတွေကပိုများလာပြီး အနောက်
ဘက်ဒေသထိစပ်နေရာတွေကိုပါ ကျူးကျော်
လာနိုင်ချေလည်းရှိတယ်လို့ ပေးပို့ချက်ခဲမှာပါ
နေတယ် ဒါကမကြာခင်မှာသားရဲတောင်ကြော
ရဲ့လှုပ်ခတ်မှုကအမြင့်ဆုံးထိရှိနိုင်ပြီး မြို့တော်
အသစ်ကိုသေချာပေါက်ရိုက်ခတ်လာနိုင်တယ်
ဆိုတာကို ပြနေတာပဲမဟုတ်လား”
အဖိုးဝူသည် ထိုသတင်းအတွက်စိတ်မသက်မ
သာဖြစ်နေရသည်။ မြောက်ပိုင်းဒေသရှိကျေး
ရွာအချို့ဖျက်စီးခံရပြီးနောက် ထိုသားရဲများ
သည် လမ်းကြောင်းတလျှောက်အပြင် ပို၍
အင်အားကောင်းလာပါက အနောက်ဘက်ဒေသ
ထဲကိုပါရောက်လာနိုင်လေသည်။ ထိုသို့သာဖြစ်
လာပါက မြို့တော်အသစ်၏နောက်ကျောရှိ
သားရဲတောာင်ကြောကြီးသည် စိုးရိမ်စရာဖြစ်
လာစေမည်။
“အဖိုးဝူ သတင်းက ဒုတိယမင်းသားလျှောက်
တင်ပြီးချိန်မှာ ထွက်ပေါ်လာတာကိုထူးဆန်း
တယ်လို့မခံစားမိဘူးလား”
ကိုင်ရီရီသည် သူမ၏သိလိုမှုကိုအဖိုးဝူသို့မေး
လိုက်သည်။ ကျိုးယန်၏အသံပေးပို့မှုတွင် ထို
သတင်းကိုကျိုးစုန့်မှ ဧကရာဇ်ဆီလျှောက်တင်
ခြင်းဖြစ်ကာ သားရဲကိစ္စကိုဖြေရှင်းရန်လည်း
လုပ်ပိုင်ခွင့်အချို့တောင်းယူသည်ဟု ပါဝင်နေ
သည်မဟုတ်လား။ အဖိုးဝူမှဦးခေါင်းကိုခါယမ်း
၍
“ဒီကိစ္စက မသက်ာစရာမရှိပါဘူး သားရဲကိစ္စက
အရင်မင်းဆက်တွေတုန်းကလည်း ဖြစ်ဖူးပါတ
ယ် မဖြစ်တာနှစ်ထောင်ချီကြာခဲဲ့ပြီလေ”
အဖိုးဝူသည် သူသိထားသည့်မှတ်တမ်းများထဲမှ
အချက်အလက်များကိုပြောပြလိုက်သည်။ ထို
စဥ် အကုန်လုံးမျက်နှာသည်လည်းလေးနက်နေ
ကြကာ သားရဲပြဿနာသည် ပြည်ထောင်စု၏
ပြုပြင်ပြောင်းလဲမှုကို တွေ့ကြုံရပေတော့မည်။
“ကျမလည်း ဘိုးဘေးတွေရဲ့မှတ်တမ်းတချို့မှာ
ရှိနိုင်တယ်လို့ ယူဆမိတယ် ခက်တာက ကျမက
မှတ်တမ်းတွေအတော်များများကို မဖတ်ဖြစ်ခဲ့
တော့ အခုအဖိုးဝူပြောပြတဲ့ကိစ္စကိုသတိမထား
မိခဲ့ဘူး”
ကိုင်ရီရီ၏မျိုးနွယ်စုသည် သက်တော်ရှည်မျိုး
နွယ်စုဖြစ်သော်လည်း လက်ရှိအချိန်မျိုးနွယ်စု
ထဲတွင် အသက်ကြီးဆုံးဘိုးဘေးဆိုလျှင်ပင်
အသက်၅၀၀ ဝန်းကျင်သာရှိနေလေသည်။ထို
ကြောင့် သားရဲနှင့်ပက်သက်၍သိလိုပါက မှတ်
တမ်းအချို့ပြန်ကြည့်ရန်လိုပေသည်။
“ဒါက ကိစ္စမရှိပါဘူးအခုအကုန်လုံးသိသွားကြ
ပြီပဲ လက်ရှိဖြစ်နေတဲ့သားရဲတွေသတင်းကိုပိုပြီ
အတွင်းကျကျနဲ့ ပြည့်ပြည့်စုံစုံသိနိုင်ဖို့ကြိုးစား
ရလိမ့်မယ် ဒါကပဲ အနောက်ဘက်ဒေသကိုသား
ရဲတွေလွှမ်းမိုးမှုနဲ့ အခြားလူတွေရဲ့ အခွင့်ကောင်
ယူစေမှုကို တားဆီးနိုင်လိမ့်မယ်”
အဖိုးဝူ၏စကားကို အကုန်လုံးမှထောက်ခံကြ
ကာ သားရဲကိစ္စကိုမဖြေရှင်းနိုင်ပါက ကျိုးယန်
တည်ဆောက်ထားသည့်မြို့တော်သာမက သူ့အ
ပေါ်မီတည်နေသည့် အင်အားစုများပါဒုက္ခများ
ကိန်းဆိုက်နိုင်ပေသည်။ ထိုအချင်းအရာကိုအ
ခွင့်ကောင်းယူ၍ အခြားသူများမှ နောက်ကျော
ဓားနဲ့ထိုးခြင်းကိုလည်း ကြုံရနိုင်ပေသည်။
ပိုင်လီမှ
“ဒါဆိုလတ်တလော ကျမတို့လုပ်ရမှာက နောက်
ကွယ်က အခြေနေနဲ့သားရဲတွေပိုဆိုးလာဖို့ရှိမရှိ
ရနိုင်သမျှသတင်းတွေအကုန်ရဖို့လိုတယ် ဒါမှ
မင်းသားပြန်ရောက်လာတဲ့အချိန်မှာ ကိုင်တွယ်
ဖို့အတွက် အဖြေတခုထုတ်နိုင်မှာ”
အဖိုးဝူမှလည်း
“အဲ့အတွက် အနောက်ဘက်နဲ့မြောက်ဘက်ထိစ
ပ်ဒေသကို လူအချို့အမြန်ထပ်လွှတ်ကြတာပေါ့
အရင်ရှိပြီးသား မင်းသမီးရဲ့လူတွေနဲ့ပူးပေါင်းပြီ
သတင်းတွေဆက်လက်စုံစမ်းဖို့ ခေါင်းဆောင်
တို့က ကိုယ့်လူကိုအသေအချာမှာထားကြပါ”
အဖိုးဝူ၏စကားအဆုံးတွင် ခန်းမထဲရှိခေါင်း
ဆောင်များက သတင်းစုံစမ်းငန်လူများစေလွှတ်
ရမည့်ကိစ္စအတွက် ပြန်ဘည်ထွက်ခွာသွားကြ
တော့သည်။ စုယင်သည် ထိုသတင်းကိုအလေး
အနက်တွေးနေကာ ရုတ်တရက်ဖြစ်လာသည့်
ကိစ္စများသည် မရိုးရှင်းဟုသူမထင်နေသည်။