← Chapters

သားရဲထိန်းချုပ်ခြင်းဂိုဏ်း

Vol. 7 Ch. 99

သားရဲထိန်းချုပ်ခြင်းဂိုဏ်း

Vol. 7 Ch. 99

မြောက်ဘက်ဒေသ၏တောနက်ထဲတွင် နေ့အ

ချိန်ဖြစ်သော်လည်း ကျယ်လောင်သည့် သားရဲ

ဟိန်းဟောက်သံများ ရံဖန်ရံခါထွက်ပေါ်နေလေ

သည်။ နွေဦးကာလဖြစ်သော်လည်း တောနက်

၏ နေရာအများစုတွင် မြူများကျဆင်းနေသ

သို့ဖြစ်နေကာ သာမန်လူအဖို့ကြောက်လန့်စရာ

ပင်ကောင်းနေလေသည်။

“ဒီတခေါက် သားရဲတွေထိန်းချုပ့်တဲ့နည်းကပို

ပြီးအဆင့်မြင့်လာတယ်”

“ဟုတ်တယ်အစ်ကိုရှု အကြီးအကဲမာက ကျုပ်

တို့ကို ယုံကြည်ချက်ရှိရှိနဲ့ဒီကိစ္စကိုလုပ်ဖို့ လွှတ်

လိုက်တည်းက ကျုပ်တို့စဥ်းစားခဲ့မိရမှာ”

လူနှစ်ဦးသည် တောနက်ထဲရှိဂူတခုတွင် အနား

ယူကာစကားစမြည်​ပြောနေဟန်တူသည်။ သူတို့

၏ပတ်ဝန်းကျင်ကို ကြီးမားသည့်သစ်ပင်ကြီး

များဖုံးလွှမ်းထားကာ ရုတ်တရက်ဆိုလျှင် ဂူကို

သာမက သူတို့ကိုပါတွေ့မြင်ရန်မဖြစ်နိုင်ပေ။

“ဒီတခေါက် ငါတို့ညီအစ်ကိုကတခြားအဖွဲ့တွေ

ထက်ပိုပြီးထိန်းချုပ်နိုင်ခဲ့တယ် အဲ့ဒါကဂိုဏ်း

ချုပ်ရဲ့ရည်ရွယ်ချက်ကိုဖြည့်ဆည်းရမှာ ပိုပြီး

ထိရောက်တယ်ဆိုတော့ ဂိုဏ်းကိုပြန်ရောက်ရင်

ငါတိူ့တော့ အကျိုးပြုအမှတ်တွေအများကြီး

သေချာပေါက်ရလိမ့်မယ်လို့ငါထင်တယ်”

“ သေချာတာပေါ့ အစ်ကိုရှုသတိထားမိတယ်မ

ဟုတ်လား ကျောက်ဘီလူးနဲ့ တစ္ဆေကြီးတို့အဖွဲ့

တွေတောင် သူတို့ထိန်းချုပ်နိုင်မှုနဲ့လုပ်ဆောင်

ချက်က ကျုပ်တို့ညီအစ်ကိုနဲ့ယှဥ်ရင် ပိုပြီးအ

လှမ်းဝေးနေသေးတယ်လေ ဟားးဟား”

အစ်ကိုရှုဆိုသူကလည်း အားပါးတရရယ်၍

“ငါတို့နောက်ထပ်ရက်နည်းနည်းလောက် ကြိုး

စားပြီးရင် ဂိုဏ်းရဲ့ပစ်မှတ်ဖြစ်တဲ့ ကျေးရွာအ

များစုကိုဖျက်ဆီးလို့ပြီးလောက်ပြီ ဒါဆို ငါတို့

လည်းဂိုဏ်းဆီပြန်လို့ရပြီ.

အစ်ကိုရှုစကားအဆုံးတွင် တဖက်သူက

“လက်ရှိ မြို့တော်အသစ်ရှိနေတဲ့အနောက်ဘက်

ထိစပ်ဒေသကို ကျုပ်တို့တာဝန်မယူရတာနာတာ

ပဲ မဟုတ်ရင် သူတို့ရဲ့ဒေသကို ဖျက်စီးပြီးမင်း

သား၈ဆိုတာ ဒီဘိုကိစ္စလေးကိုတောင်မကိုင်

တွယ်နိုင်တဲ့အမှိုက်တယောက်လို့ လူတွေသိစေ

အောင် လုပ်ပစ်လိုက်ချင်သေးတယ်”

အစ်ကိုရှုက

“ဒါငါတို့ကိစ္စမဟုတ်ဘူးလေ ငါတို့ကိစ္စကမြော

က်ပိုင်းဒေသအစပ်ကလူနေရွာတွေကိုဖြေရှင်းရ

မှာ ကျန်တာက ကျောက်ဘီလူးတို့လုပ်ပါလိမ့်

မယ်”

“ ဟုတ်ပါပြီ ကျုပ်ကအခုတလောနာမည်ကြီးနေ

တဲ့ မင်းသား၈ ဆိုတဲ့တယောက်ကိုကြည့်မရရုံပါ

တာဝန်ကိုမြန်မြန်ပြီးတော့လည်း မြန်မြန်ဂိုဏ်း

ကိုပြန်လို့ရတာပေါ့”

ထိုစဥ် အနောက်ဘက်ဒေသအပိုင်ထဲမှာလည်း

သားရဲအချို့ဝင်ရောက်လာကြသည်ကို သတင်း

စုံစမ်းရန်ရောက်ရှိနေသူများက သတိထားမိသွာ

ကြလေသည်။

“ညီအစ်ကို ဒါသားရဲတွေရဲ့အသံပဲ သူတို့ကဒီ

ဘက်အခြမ်းကို ကူးလာနေတယ်လို့ကျုပ်ယူဆ

မိတယ်”

မြွေမျိုးနွယ်စုမှလူက အခြားသူများထံအဆက်

မပြတ်သတင်းပို့ကာ သားရဲဝင်ရောက်မှုကိုသိ

စေလိုက်သည်။

“ကျုပ့တို့ပိုင်နက်ထဲကို သားရဲအချို့ဝင်လာပြီ

လို့ မြွေမျိုးနွယ်စုကမိတ်ဆွေတယောက်ခုပဲသ

တင်းလှမ်းပို့တယ် အဲ့ဒါသူ့ဘက်ကအတည်ပြု

ပြီးရင် မြို့တော်ကိုသတင်းပို့ဖို့စီစဥ်ကြရအောင်

အခြားသူများသည်လည်း ထိုသတင်းကိုရသည်

နှင့်တပြိုင်နက် နေရာအသီးသီးသို့အာရုံစိုက်၍

အထူးသဖြင့် အနောက်ဘက်ဒေသထဲတွင်ရှိတဲ့

အင်အားစုငယ်အများစု မြို့တော်အသစ်ကိုဝင်

ရောက်ထားကြသောကြောင့် လူထိခိုက်မှုမရှိနိုင်

ပေမယ့် ကီလိုမီတာ ရာဂဏန်းမျှသာကွာဝေး

သည့် မြို့တော်အသစ်ကိုတော့ ရောက်လာနိုင်

ချေရှိပေသည်။

အနောက်ဘက်ဒေသပိုင်နက် မြို့တော်နှင့်ကီလို

မီတာ ၂၅၀ အကွာ….။

ဝူးးအူးးး

ဖြောင်း ဂျွတ်…..

ကျယ်လောင်သည့် အူသံများအပါအဝင်သစ်

ပင်များကိုနင်းချေလာသည့် သားရဲကြီးများ၏

ခြေသံများကလည်း ခပ်စိပ်စိပ်ထွက်ပေါ်နေ

သည်။ အကုန်လုံးက သက်ဆိုင်ရာနေရာများမှ

နေ၍ ထိုအသံကိုသတိအပြည့်နားစွင့်ထားကြ

ကာ ထိုသတင်းကိုလည်းမြိူ့တော်ထံအချိန်မီ

ပေးပို့လိုက်ကြသည်။

“ဘာ ကျုပ်တို့ပိုင်နက်ထဲတောင်ရောက်လာပြီ

တဲ့လား”

တပ်မှူးချင်သည် ထိုသတင်းကိုကြားလျှင်အထိ

တ်တလန့်ဖြစ်သွားလေသည်။ စုယင်မှ

“သခင်လေးဆီဒီသတင်းပေးပို့လိုက်ရမလား”

“သခင်လေးက အခုလမ်းမှာရောက်နေလောက်

ပါပြီ နောက်ပြီး အခုအခြေနေကအဖိုးတို့ထိန်း

ချုပ်နိုင်ပါသေးတယ် သခင်လေးကိုစိတ်မရှုပ်

ထွေးစေချင်ဘူး”

အဖိုးဝူသည် စုယင်၏မေးခွန်းအနက်ပင်ပြန်၍

ဖြေကြားလိုက်သည်။ သားရဲများသည် တကြိမ်

တည်းဖြင့် အင်အားအလုံးအရင်းဝင်ရောက်

လာမည်ဟုတော့ သူမထင်ပေ။

“မင်းသမီး ကျုပ်တို့လူတွေနောက်ထပ်နည်းနည်

ထပ်ပို့လိုက်ကြရအောင် အခြေနေတွေပိုမဆိုး

ခင် ထိန်းချုပ်နိုင်စေဖို့နဲ့ သတင်းကိုအဆတ်မ

ပြတ်ဖို့ ဆောင်ရွက်ရလိမ့်မယ်”

တောင်ချင်၏စကားကို ကိုင်ရီရီမှလည်းခေါင်း

ညိတ်ပြကာ သဘောတူလိုက်သည်။

“မင်းသားက သူပြန်လာမှကိုင်တွယ်မယ်ဆိုတာ

သတင်းမှန်မမှန်မသိသေးလို့​ပြောခဲ့တာ အခုက

သေချာပေါက်ဖြစ်နေတာဆိုတော့ ကျမတို့ရဲ့စီ

စဥ်မှုကို သူအပြစ်မြင်မယ်မထင်ဘူး”

စုယင်ကလည်း ဝင်ပြောလာသည်။

“အစ်ကိုကြီးက နားလည်မှာပါ သူကိုယ်တိုင်လဲ

အသေချာမသိခဲ့ဘူးမဟုတ်လား အစ်မမင်းသမီ

တို့ သင့်တော်ရာစီစဥ်လိုက်ကြပါ”

ချက်ချင်းပင် ကိုင်ရီရီတို့အဖွဲ့သည် အင်အား

များထပ်မံစေလွှတ်၍ သားရဲများရှေ့ဆက်တိုး

လာပါက ဖြေရှင်းရန်ဆောင်ရွက်ကြတော့သည်

မြို့တော်အသစ်သည် ကျိုးယန်၏စီမံပေးမှု

အောက်တွင် တရှိန်ထိုးတိုးတက်လာခြင်းမဟုတ်

သော်လည်း မြင်စာသည့်အ​ပြောင်းအလဲများက

နေ့စဥ်ဖြစ်ပေါ်နေသည်ကိုတော့ လူတိုင်းသတိ

ထားမိကြသည်။ မီးတောက်အင်ပါယာဂိုဏ်း၏

အဖြစ်အပျက်နောက်ပိုင်းတွင် မည်သည့်အင်

အားစုမှ နောက်ထပ်အကဲစမ်းလာခြင်းမရှိသော

ကြောင့်လည်းပါဝင်ပေသည်။

ဌာနအသီးသီးများနှင့် ကုန်သွယ်ရေးလမ်းကြော

င်းများသည် အချိတ်အဆက်မိမိ ရှိနေပြီ သာမနိ

ပြည်သူများအတွက် ကျိုးယန်၏အစီစဥ်များမှာ

လည်း မှန်ကန်သည့်လမ်းကြောင်းပေါ်ရောက်ရှိ

နေပြီဟုဆိုနိုင်ပေသည်။

အဖိုးဝူသည် မြို့တော်ခန်းမ၏အပေါ်ဆုံးအထပ်

မှတဆင့် မြို့တော်ကြီးကိုကြည့်ကာ သက်ပြင်း

တခုလေးလံစွာချလိုက်လေသည်။ မြို့တော်မှာ

အရှိန်ရကာစဖြစ်၍ အမှားမခံနိုင်ချိန်တွင် သား

ရဲကိစ္စက တိုက်တိုက်ဆိုင်ဆိုင်ပေါ်လာသည်။ထို

အရာကို သူကိုယ်တိုင်မသက်ာဖြစ်မိသော်လည်း

မှတ်တမ်းများအရတော့ သားရဲကိစ္စသည် နိမိတ်

တခုသာဖြစ်ပြီး တခြားပယောဂမပါရှိဟုဆို

ထားလေသည်။

“ငါအတွေးလွန်နေတာဖြစ်မှာပါလေ”

ထိုရက်များတွင် မြို့တော်ရှိလူများပျာယာခတ်

မသွားစေရန် သတင်းကိုအတတ်နိုင်ဆုံးထိန်း

ချုပ်ထားသော်လည်း မဖုံးကွယ်နိုင်ခဲ့ပေ။ ကျင့်

ကြံသူတဦးကဲ့သို့ အစွမ်းရှိသည့် သားရဲများအ

တွင် ကီလိုမီတာရာဂဏန်းက ပြောပလောက်တဲ့

အကွာအဝေးတော့မဟုတ်ပေ။ ထို့ကြောင့်အမျာ

စုသည် စိုးရိမ်စိတ်ဝင်လာကြရသည်။ ထိုအခြေ

အနေတွက် ကိုင်ရီရီတို့သည် စိတ်မသက်မသာ

ခံစားနေကြရကာ သားရဲလှုပ်ရှားမှုများပို၍မဆိုး

ရွားလာစေရန်နှင့် အခြေနေကိုသူမတို့၏လူများ

မှထိန်းချုပ်နိုင်ရန်သာမျော်လင့်တော့သည်။ သို့

မဟုတ်ပါက ကျိုးယန်တယောက်မြို့တော်ပြန်

ရောက်ချိန်တွင် မြို့တော်၏အနေထားကိုတွေ့၍

စိတ်ရှုပ်ထွေးသွားကာ သူမတို့သည်လည်းမျက်

နှာပျက်ရကိန်းရှိလာနိုင်သည်။

“အခြေနေကို ကျမတို့ရဲ့လူတွေထိန်းချုပ်နိုင်ဖို့

ကျမတကယ်မျှော်လင့်ပါတယ်”

ပိုင်လီသည် ထိုစကားကိုလေးပင်စွာပြောလိုက်

လေသည်။ သူမ၏လက်အောက်တွင် အစွမ်း

ထက်ပညာရှင်နည်းပါးကာ ကျိုးယန်တွင်သာ

မခိုလှုံခဲ့ပါက ယခုလိုသားရဲများဝင်ရောက်ချိန်၌

အရင်ဆုံးပျက်စီးရမည့်အင်အားစုသည် သူမတို့

အင်အားစုဖြစ်နေပေလိမ့်မည်။

“အရမ်းလည်းစိတ်မပူပါနဲ့အစ်မပိုင် ကျမတို့

မင်းသားရောက်လာချိန်ထိ အခြေနေကိုထိန်း

ချုပ်ထားနိုင်မှာပါ ဒီထက်နည်းနည်းဆိုးလာရင်

ကျမကိုယ်တိုင် အဲ့နေရာကိုသွားလိုက်မယ်”

ကိုင်ရီရီသည် ပြတ်သားစွာဖြင့်ဆိုလာသည်။သူ

မကိုယ်တိုင်ပင် ဝင်ရောက်ဖြေရှင်းရန်လိုအပ်ပါ

ကတွန့်ဆုတ်နေမည်မဟုတ်ပေ။

အဖိုးဝူမှ ခေါင်းခါယမ်း၍

“တောက်ချင်တို့အဖွဲ့ကို လွှတ်လိုက်တာပဲ သေ

ချာပေါက်ကိုင်တွယ်နိုင်မှာပါ”

အခြေနေကိုအပြည့်အဝသိချိန်တွင် အဖိုးဝူ

သည် တောက်ချင်ကိုတိုက်ရိုက်စေလွှတ်ကာ

ထိန်းချုပ်ရန်စေခိုင်းလိုက်ရသည်။ တခြားသူ

များသာဆိုလျှင် အခက်ခဲတချို့ရှိလာနိုင်သည်

ဟု သူထင်နေလေသည်။

All Chapters