သားရဲများကိုဖြေရှင်းခြင်း
Vol. 7 Ch. 100
တောက်ချင်သည် တောနက်ထဲသို့အာရုံစူးစိုက်
၍ကြည့်ကာ ပတ်ဝန်းကျင်ကိုလည်း သတိမပြ
တ်ထားနေလေသည်။ သားရဲကိစ္စသည် မြို့တေ
အသစ်အတွက် အလွန်ပင်အရေးကြီးသည့်ကိစ္စ
တခုဖြစ်ကာ အချိန်မီမထိန်းချုပိနိုင်ပါက နောင်
တွင်ပို၍ဆိုးလာနိုင်ပေသည်။
“ခေါင်းဆောင်တောက် သားရဲဟိန်းဟောက်သံ
တွေနည်းနည်းကျဲသွားတယ် သတိထားမိလား”
တောက်ချင်၏လက်ထောက်တယောက်မှ
တောက်ချင်ကို တီးတိုးပြောလာသည်။တောက်
ချင်သည်လည်း ထိုအရာကိုသတိထားမိကာသူ့
စိတ်ထဲတွင်လည်း စနိုးစနောင့်ဖြစ်နေသောကြေ
င့် အလေးအနက်ထားနေခြင်းဖြစ်သည်။
“ငါသိတယ် ဒါပေမယ့်ငါတို့ပေါ့ဆလို့တော့မဖြစ်
သေးဘူး ဒါနဲ့ မင်းသမီးရဲ့လူတွေဘက်ကဘာ
သတင်းထူးသေးလဲ”
လက်ထောက်က
“သူ တို့ဘက်မှာလည်း ကျတော်တို့လိုပဲလို့ခုန
လေးက သတင်းပို့လာတယ်”
“ရုတ်တရက်ကြီး ငြိမ်ကျသွားတာလား ဒါက
မသက်ာစရာကောင်းနေတယ်”
တောက်ချင်တယောက် လက်ထောက်နှင့်စကား
ပြောနေစဥ် ကျယ်လောင်သည့်ဟိန်းသံကြီးတခု
ကိုကြားလိုက်ရသည်။
“ဝေါင်း”
ကျားရဲလား ။ဝါးမြိုခြင်းမှော်ကျားရဲအသံလား။
သူကအဆင့်၃ အထွဋ်အထိပ်လေ။ဘယ်လိုလုပ်
ဒီနေရာမှာရှိနေတာလဲ။ တောက်ချင်သည် ထိုအ
သံကိုကြားချိန် ပို၍ပင်လေးနက်သွားရသည်။
ထိုသားရဲအဆင့်သည် သူကိုင်တွယ်နိုင်သည်ထ
က်ပိုနေပြီဖြစ်သည်။
“အင်အားနဲ့ရင်ဆိုင်ရင်တော့ရလောက်ပါတယ်”
ထိုစဥ် အခြားသောလူတွေဘက်မှာလည်းထိုကဲ့
သို့အဆင့်ရှိသည့် သားရဲများ၏အသံများဆက်
တိုက်ထွက်ပေါ်လာပြန်သည်။
ချီးပဲ.. အကုန်လုံးအဆင့်၃ တွေလို့တော့မပြော
လိုက်နဲ့နော်။
တောက်ချင်တယောက် ကျိန်ဆဲနေစဥ် တောန
က်ထဲမှ မီတာနှစ်ဆယ်ခန့်ကြီးမားသည့် သားရဲ
တကောင်ထွက်ပေါ်လာသည်။ ဒါက ကျားကော
ဟုတ်ရဲ့လားကွာ ဆင်ထက်တောင်ကြီးနေပြီဟ။
အဖွဲ့သားများသည် အသင့်နေရာယူလိုက်ပြီး
လက်နက်များကို သားရဲရှိရာချိန်လိုက်ကြသည်
“နေဦး ငါအမိန့်ပေးမှပစ်ကြ ငါတို့လက်နက်နဲ့
ထိခိုက်မှုရှိမရှိသိဖို့လိုတယ် မဟုတ်ရင်ငါတို့အ
ကုန်ဒီနေရာမှာတင် သေကုန်လိမ့်မယ်”
တောက်ချင်သည် သူ့လူများကိုအလျင်အမြန်
အမိန့်ပေးကာ တဖက်တွင်လည်း အဖိုးဝူထံထို
သတင်းကို ပို့ပေးလိုက်သည်။
“ဘာ အဆင့်၃ အထွဋ်အထိပ်ဟုတ်လား နောက်
ပြီး နေရာအများစုမှာတပြိုင်နက်ပေါ်လာတာ
လား”
အဖိုးဝူတယောက်ရလာသည့်သတင်းကြောင့်
ဆွံ့အနေသည်။ သားရဲများ၏လှုပ်ရှားမှုက ပထ
မအကြိမ်တွင်ပင် အဆင့်မြင့်သားရဲကြီးများပါ
လာနေသည်မဟုတ်လား။
“မဖြစ်ဘူး တပ်မှူးချင်ကိုပါ ထပ်လွှတ်ရမယ်”
အဖိုးဝူသည်အလျင်အမြန်ပင် တပ်မှုးချင်ဆီ
ဆက်သွယ်၍ တောက်ချင်တို့ထံတပ်ကူသွားရန်
စေခိုင်းလိုက်တော့သည်။
ကျိုးယန်သည် မူလက အရှေ့ပိုင်းဒေသကိုသွား
လိုသော်လည်း သားရဲသတင်းပေါ်စိတ်ထဲအန
ည်းငယ် မရှင်းမလင်းဖြစ်နေသည့်အတွက် မြို့
တော်ရှိရာကိုသာပြန်လာလိုက်သည်။ ရက်အန
ည်းကြာပြီးနောက် မြို့တော်ကိုပြန်ရောက်ချိန်၌
မြို့တော်သည်အရင်တိုင်းပင် လှုပ်ရှားသက်ဝင်
နေဆဲဖြစ်ကာ သားရဲများနှင့်ပက်သက်၍ စိုးရိမ်
ခြင်းမရှိပုံပေါ်နေလေသည်။ အမှန်တွင်တော့ထို
အခြေနေရရန် ကိုင်ရီရီတို့က အသည်းအသန်
ထိန်းချုပ်ထားရသည်ကိုတော့သူမသိပေ။ကျိုး
ယန်သည် သူ၏အိမ်တော်ကိုရောက်သည်နှင့်
ကိုင်ရီရီတို့ကို လှမ်း၍အသိပေးလိုက်သည်။ခန
အကြာတွင် ကိုင်ရီရီအပါအဝင် ခေါင်းဆောင်
အချို့နှင့်အတူ စုယင်လည်းလိုက်ပါလာလေသ
ည်။
“သားရဲသတင်းတွေဘာထူးလဲ အခုလက်ရှိခြေ
နေကိုပြောပြပါဦး”
ကျိုးယန်က ကိုင်ရီရီကိုချက်ချင်းပင်လှမ်းမေး
လိုက်သည်။ကိုင်ရီရီမှ
“သတင်းကတော့အမှန်ပဲမင်းသား အခုနောက်
ဆုံးတောက်ချင်ပေးပို့တဲ့အကြောင်းအရာအရ
အဆင့်မြင့်သားရဲတွေ နေရာအနှံ့ပေါ်လာတယ်
တဲ့”
“အဆင့်မြင့်သားရဲဟုတ်လား ဘယ်အဆင့်လဲ”
ကျိုးယန်၏အမေးကို ကိုင်ရီရီမှသက်ပြင်းချ၍
“အဆင့်၃ အထွဋ်အထိပ်”
ရှီး…။ကျိုးယန်သည် စိန်မျောက်ဝံနှင့်တိုက်ပွဲကို
ပင်သတိရသွားမိသည်။ အဆင့်၃ဆိုသည်ကပင်
ကိုင်တွယ်ရန်ခက်ခဲနေလေပြီ။ အထွဋ်အထိပ်
ဆိုသည်ကတော့ ပြောစရာပင်မလိုချေ။
“အဲ့ကိစ္စနဲ့ပက်သက်ပြီး အဖိုးဝူရဲ့အစီစဥ်ကိုပြော
ပါဦး”
ကျိုးယန်က အဖိုးဝူဘက်လှည့်မေးလိုက်သည်။
“လတ်တလောတော့ တပ်မှူးချင်တို့အဖွဲ့ကိုတပ်
ကူအတွက်ပို့ထားတယ် သခင်လေးရဲ့အထူးတ
ပ်ဖွဲ့ကိုသုံးချင်ပေမယ့် မြို့တော်လုံခြုံရေးကလဲ
ရှိသေးတော့ အဲ့အစီစဥ်ကိုဖျက်လိုက်တယ်”
ကျိုးယန်ကခေါင်းညိတ်ပြလိုက်သည်။ အထူး
တပ်ဖွဲ့သည် သူ့အမိန့်မပါလျင် တာဝန်ထမ်းဆေ
မည်မဟုတ်ပေ။
“နောက်ထပ်သတင်းအချို့ နားစွင့်ထားပေးပါဦး
အဆင်မပြေရင် ကျတော်ကိုယ်တိုင်သွားမယ်”
အကုန်လုံးက အတွေးကိုယ်စီဖြင့်လေးနက်နေ
ကြသည်။ သားရဲများတပြိုင်နက်ပေါ်လာပြီးထို
သားရဲများက အဆင့်မြင့်တွေချည်းဖြစ်နေခြင်း
က အာရုံစိုက်စရာပင်။
“မင်းသားသွားရင် ကျမပါလိုက်ခဲ့မယ် ကျမလဲ
သားရဲပဲဆိုတော့ သားရဲအများစုရဲ့အားသာချ
က်အားနည်းချက်တွေကိုသိတယ်လေ”
ကိုင်ရီရီ၏စကားကိုကျိုးယန်က
“ဒါက တပ်မှူးချင်တို့နဲ့မလုံလောက်မှပါ အဆင်
ပြေရင်တော့ ကျုပ်မသွားဘူး ဒါပေမယ့်ကျုပ်
ဒေသနှစ်ခုထိစပ်နေရာကိုသွားကြည့်ချင်နေတ
ယ်”
ကျိုးယန်က ကျိုးစုန့်တယောက် ဧကရာဇ်ထံ
လျှောက်တင်သွားသည့် သားရဲကိစ္စများနှင့်
နောက်ဆက်တွဲ ကိုင်တွယ်ဖြေရှင်းရန်အာဏာ
တောင်းဆိုခြင်းကိုပါ ပြောပြလိုက်သည်။
“ဒုတိာမင်းသားလျှောက်တင်နေချိန်နဲ့ သားရဲ
လှုပ်ခတ်မှုက တပြိုင်နက်ဖြစ်နေတယ်လို့ မခံ
စားရဘူးလား”
အဖိုးဝူ၏အမေးကို ကျိုးယန်က
“ကျတော်တော့မခံစားရဘူး သားရဲကိစ္စကအမှန်
တကယ် မြောက်ပိုင်းဒေသမှာအရင်ဖြစ်ပြီးမှ
အနောက်ပိုင်းဒေသဆီကူးလာပုံရတယ် တခုရှိ
တာက ကိုယ်ပိုင်ဒေသကိုဖြေရှင်းတာက ပုံမှန်
ကိစ္စတခုဖြစ်ပါလျက် အစ်ကိုတော်ကဘာလို့
အထူးအာဏာကို တောင်းဆိုတာလဲ မလိုအပ်
ဘူးမဟုတ်လား”
ကျိုးယန်က တကိုယ်တည်းမေးခွန်းထုတ်သလို
ဖြင့် အကုန်လုံးကိုကြည့်ကာ ပြောလိုက်သည်။
“သူ့ရဲ့ရည်ရွယ်ချက်အမှန်ကို မသိရသေးဘူး
ဘာပဲ ဖြစ်ဖြစ်သူ့ဘက်မှာလည်း သားရဲကိစ္စကို
ကိုင်တွယ်ရမှာပဲဆိုတော့ လတ်တလောတော့
ကျမတို့ အာရုံစိုက်စရာမလိုသေးပါဘူး”
ကိုင်ရီရီမှ သူမ၏အမြင်ကိုပြောပြသည်။ ကျိုး
စုန့်၏ရည်ရွယ်ချက်ကို စဥ်းစားသည်ထက်အဆ
င့်မြင့်သားရဲများကိစ္စကို အရင်ဖြေရှင်းသည်က
ပို၍သင့်တော်ပေသည်။
“ကောင်းပြီ ကျုပ်တို့ သတင်းကိုဆက်စောင့်ကြ
တာပေါ့”
ကျိုးယန်သည် အဆိုပါစကားကိုပြောပြီးနောက်
ကိုင်ရီရီနှင့် အဖိုးဝူတို့ကိုသာချန်နေစေကာ ကျန်
သူများကိုပြန်လွှတ်လိုက်သည်။ ခနအကြာတွင်
ဌာန၌ အလုပ်များနေသည့်စုယင်လည်း ကျိုး
ယန်ပြန်ရောက်လာသည်ကိုသိ၍ အပြေးအလွှာ
ရောက်ချလာသည်။
“ပြန်လာပြီလား အစ်ကိုကြီး”
စုယင်တယောက် အသည်းအသန်လာခဲ့ရပုံပေါ်
သည်။ သူမ၏ပုံစံသည်ကျင့်ကြံသူတယောက်
မဟုတ်သည့်အတွက် အနည်းငယ်မောပန်းနေ
လေသည်။
“ဘာတွေအလျင်လိုနေတာလဲစုယင်ရဲ့ ဘယ်မှ
ထွက်ပြေးမှာမှမဟုတ်တာ”
ကျိုးယန်ကစုယင်ကိုပြုံး၍ပြောလိုက်သည်။ထို
ကောင်မလေးသည် မျက်စိရှေ့၌ပင်ကြီးပြင်း
လာကာ လုံးကျစ်သည့်ခန္ဓာကိုယ်လေးနှင့် မျက်
နှာလေးသည်လည်း ကလေးဆန်သည့်ပုံစံမှာ
အနည်းငယ်ရင့်ကျက်သည့်ဟန်ပန်များပေါ်စပြု
နေပြီဖြစ်သည်။ အဖိုးဝူကဘေးမှနေ၍
“စုယင်က သခင်လေးမရှိတဲ့အချိန် အလုပ်ချည်
ဖိလုပ်နေတော့တာ ဒီအဖိုးကြီးတောင်မတားနိုင်
ခဲ့ပါဘူး”
“အိုး ဟုတ်လားစုယင်”
“အင်း.. ညီမကဒီတိုင်းနည်းနည်းပိုကြိုးစားလိုက်
တာပဲရှိတာပါ ဒါမှလည်းနောက်ပိုင်းအစ်ကိုကြီး
ကိုပိုပြီးကူညီနိုင်တာပေါ့”
ကျိုးယန်နှင့်စုယင်တို့အပြန်အလှန်စကားပြော
နေသည်ကို ကိုင်ရီရီမှ ခပ်လှမ်းလှမ်းမှနေ၍
ကြည့်နေလေသည်။ သူမ၏မျက်လုံးထဲတွင်အ
နည်းငယ်ရှုပ်ထွေးနေပုံပေါ်သည်။
“ကဲ အဲ့ဒါတွေထားပြီး အခု ညစာအတွက်စီစဥ်
တော့ မင်းသမီးလည်း ကျုပ်တို့နဲ့အတူစားသွား
လိုက်ပါ”
ကျိုးယန်သည် အစေခံတချို့ကိုမှာပြီးနောက်
ကိုင်ရီရီကိုပါ ခေါ်လိုက်သည်။ ခုနတုန်းက ကိုင်
ရီရီ၏အကြည့်ကိုသတိထားမိလိုက်သည့် ကျိုး
ယန်သည်လည်း ကိုင်ရီရီ၏ခံစားချက်ကို မသိ
သောကြောင့် မည်သို့ကူညီရမည်ကိုမသိပေ။သူ
ထင်သည်က သားရဲကိစ္စကြောင့်ဟုသာ တွေးမိ
ခြင်းဖြစ်သည်။
ခနအကြာတွင် ညစာအတွက်အသင့်ဖြစ်ကာ
၄ယောက်သား စကားတပြောပြောဖြင့် ညစာ
ကိုစားလိုက်ပြီးနောက် ကိုင်ရီရီလည်း ကျိုးယန်
ကိုနှုတ်ဆက်၍ အိမ်တော်မှပြန်ထွက်သွားလေ
သည်။
“သခင်လေး ကျုပ်လာမယ့်လအနည်းငယ်မှာ
သိုင်းပညာရှင်အထွဋ်အထိပ်ကိုရောက်မယ်လို့
ခံစားနေရတယ်”
အဖိုးဝူက ကျိုးယန်ကိုအသိပေးသလိုဖြင့်ပြော
လာသည်။
“ဟုတ်လား အဖိုးကပါရမီရှင်ပဲ အချိန်ကဘယ်
လောက်ရှိသေးလို့လဲ”
ကျိုးယန်၏စကားကိုအဖိုးဝူမှပြုံး၍
“ဒါတွေက သခင်လေးရဲ့အကူညီတွေကြောင့်ပါ
မဟုတ်ရင် ဒီအဖိုးကြီးက နှစ်အနည်းငယ်ကို
တောင်ထပ်နေရမယ်မထင်ပါဘူး”
“မလိုအပ်တာပဲအဖိုး ကျတော်တို့ကြားပြောစရာ
မလိုတဲ့စကားတွေပါ”
စုယင်သည် ကျိုးယန်၏နံဘေးတွင်ကပ်၍ထိုင်
ကာ ကျိုးယန်တို့စကားပြောနေသည်ကို ပြုံး၍
နားထောင်နေလေသည်။ သူမသည် ဌာနတွင်
အလုပ်လုပ်ချိန်၌ တည်ငြိမ်ကာ ကျိုးယန်ကြော
င့် သူမ၏အဆင့်တန်းသည် မြင့်မာ၍ သူမကို
သဘောကျသည့် လူငယ်အချို့ရှိသော်လည်း
မကပ်ရဲကြပေ။ အထူးသဖြင့် မင်းသား၏ညီမ
ဆိုသည့် ဂုဏ်ပုဒ်ကြောင့်ဖြစ်သည်။ အဖိုးဝူမှ
လည်း ထိုသတင်းများကိုကြားသိသော်လည်း
သူသည် ငယ်ရာမှကြီးလာသည်မို့ စုယင်၏စိတ်
ကိုနားလည်ကာ စုယင်သည် ကျိုးယန်မှလွဲ၍
မည်သည့်ယောက်ကျားသားကိုမှ ကြိုက်နှစ်သ
က်လာမည်မဟုတ်ပေ။ မင်းသားကတော့ ထို
အရာများကိုသိမည့်ဟန်မပေါ်ချေ။ တခါတရံ
ငယ်ရွယ်ခြင်းသည် ကောင်းမွန်သည့်ဆုလာဒ်တ
ခုဖြစ်ပုံရပါသည်။ ကျင့်ကြံသူများသည် အသ
က်အရွယ်ပုံစံကိုတခုကို ထိန်းထားနိုင်သော်လဲ
ငယ်ရွယ်သူတဦး၏စိတ်ကိုတော့ မထိန်းထား
နိုင်ပါ။ အထူးသဖြင့် ကျိုးယန်သည်ပင် လွန်ခဲ့
သည့် နှစ်အနည်းငယ်နှင့်ယှဥ်ပါက ကွဲပြားစပြု
လာသည်မဟုတ်လား။