← Chapters

ဒါကနည်းနည်းတော့ တမျိုးပဲ

Vol. 7 Ch. 101

ဒါကနည်းနည်းတော့ တမျိုးပဲ

Vol. 7 Ch. 101

အဖိုးဝူနှင့်စကားအနည်းငယ်ပြောပြီးနောက် အ

နားယူရန် အိပ်ခန်းရှိရာသို့ပြန်သွားတော့သည်။

ကျိုးယန်၏အကြိုက်ဆုံးအရာဖြစ်သည့် အိပ်

စက်ခြင်းကို ပြုလုပ်ရန်ပင်ဖြစ်သည်။ ထိုချိန်၌

စုယင်သည် ကျိုးယန်လက်မောင်းကိုချိတ်၍

အိပ်ခန်းရှိရာသို့ပါလာလေသည်။ အရင်နှစ်များ

ကဆိုလျှင် စုယင်တယောက်ထိုကဲ့သို့ပုံစံဖြင့်အ

ချိန်အများစု ကျိုးယန်အနားရှိတတ်သည်မို့

အထူးအဆန်းဟုမခံစားရသည့် ကျိုးယန်ကသူ

မ၏လက်ကို မဖယ်ထုတ်လိုက်ပေ။

“ဟေ့ ကောင်မလေး ကျုပ်ကအနားယူတော့မှာ

လေ ဘာလိုက်လုပ်တာလဲ”

ကျိုးယန်က ပြုံးစစဖြင့် စုယင်ကိုစ လိုက်သည်။

စုယင်က မျက်နှာလေးကိုရှုံ့မဲ့ထားလိုက်ပြီး

“အစ်ကိုကြီး စုယင်လည်း ကျင့်ကြံသူဖြစ်ချင်

တယ်”

“ဟင် ဘယ်လိုလုပ်ရုတ်တရက်ကြီးဖြစ်ချင်ရ

တာလဲ”

ကျိုးယန်ကမှင်သက်စွာဖြင့်မေးလိုက်သည်။

“စုယင်က ဌာနထဲမှာနေပြီးအစ်ကိုကြီးကို ကူညီ

တာထက် အပြင်ဘက်ကိုလိုက်ပြီး တိုက်ပွဲတွေ

ကိုအတူတူရင်ဆိုင်ချင်တာ”

စုယင်၏စကားကိုကြားလျှင် ကျိုးယန်တယော

က်သက်ပြင်းချလိုက်သည်။ ကျင့်ကြံသူဖြစ်လို

သည်လား။ သူ့အတွက်လွယ်ကူပါသည်။ ပါရမီ

မရှိသူကိုတောင် သူကူညီနိုင်သည်။ သို့သော်စု

ယင်ကို ကျင့်ကြံသူတဦးထက် သာမန်ဘဝလေး

ဖြင့် အသက်ရှည်ရှည်နေစေကာ ညီမလေးတဦး

အသွင် တသက်လုံးသူစောင့်ရှောက်နိုင်ပါသည်

သို့သော် ကျိုးယန်၏အတွေးက ထိုသို့ရိုးစင်းနေ

ချိန်တွင် စုယင်၏အတွေးကတော့မရိုးစင်းချေ။

“အစ်မမင်းသမီးလိုမျိုး အစ်ကိုကြီးနဲ့ရင်ဘောင်

တန်းတိုက်ခိုက်နိုင်တဲ့သူဖြစ်ချင်တယ် ဒါကြော

င့်မလို့ စုယင်ကိုကူညီပေးပါ”

စုယင်၏မျှော်လင့်ချက်များပြည့်နေသည့် မျက်

ဝန်းလေးများကို ကျိုးယန်သတိထားမိသွားသ

ည်။ ထိုမျက်ဝန်းများထဲတွင် တွယ်တာမှုများအ

ပြင် ချစ်မြတ်နိုးမှုများကိုပါ အနည်းငယ်ရိပ်စား

လိုက်မိပြီးနောက် စုယင်တယောက်မည်သည့်ကိ

စ္စကြောင့် ကျင့်ကြံသူဖြစ်လိုမှန်း သိသွားတော့

သည်။ သူမသည် ကိုင်ရီရီနှင့်ပက်သက်၍ သူမ

ကိုယ်သူမ အားမလိုအားမရဖြစ်နေခြင်းဖြစ်ကာ

ကိုင်ရီရီထံရောက်နေသည့် မုရုံရှီနှင့် သူကိုယ်တို

င် ဆေးပညာသင်ပေးနေသည့် ကျောက်ဝမ်အာ

တို့ကိုပါ ထပ်မံတွေ့ပါက ပို၍ဆိုးလာနိုင်သည်မ

ဟုတ်လား။ သို့သော်လည်း ငြင်းဆိုရန်သူ့တွင်

ခွန်အားမရှိပေ။ စုယင်နှင့်ပက်သက်၍ ညီမတ

ဦးကဲ့သို့ စိတ်ထားသော်လည်း တချို့အချိန်များ

တွင် သူ့စိတ်ကအနည်းငယ်ရိုင်းသည့်ဘက် ကူး

ပြောင်းသွားသည့်အခါမျိုးရှိတတ်လေသည်။

“ကောင်းပြီ အစ်ကိုကမင်းကို သင်ပေးလို့ရပါ

တယ် ဒါပေမဲ့ ခုဖြစ်နေတဲ့သားရဲကိစ္စကိုရှင်းပြီး

မှ ဖြစ်လိမ့်မယ် အဆင်ပြေလား”

ကျိုးယန်သည် သက်ပြင်းကိုကျိတ်၍ချကာ သ

ဘောတူပေးရန် ဆုံးဖြတ်လိုက်သည်။ အနည်း

ဆုံးတော့ သူမကိုယ်သူမ ကာကွယ်ရန်လိုအပ်နေ

သေးသည်မဟုတ်လား။ စုယင်သည် ကျိုးယန်

၏ခွင့်ပြုမှုကို ကြားလျှင် ပျော်ရွှင်သွားကာကျိုး

ယန်၏ လက်မောင်းကိုပို၍တင်းကြပ်စွာဖက်

လိုက်သည်။

“ဟီးဟီး အစ်ကိုကြီးကအကောင်းဆုံးပဲ စိတ်မပူ

ပါနဲ့ ညီမလေးကြိုးစားကျင့်ကြံမှာပါ”

ကျိုးယန်သည် သူ့လက်မောင်းကိုထိတွေ့နေသ

ည့် နူးညံ့သည့်အသားစိုင်နစ်ခုကို သတိထားမိ

သွားကာ ခန္ဓာကိုယ်က တချက်တွန့်သွားရလေ

သည်။ ထိုအဖြစ်အပျက်နှင့် ခံစားမှုက ကျောက်

သခင်မကို ထိတွေ့ချိန်နှင့်ကွာခြားသော်လည်း

နှစ်လိုဖွယ်ကောင်းလေသည်။

သောက်ကျိုးနည်း ဘယ်ကကျောက်သခင်မပါ

လာရတာလဲ ချီးပဲ။

ကျိုးယန်သည် ထိုသို့အတွေးဝင်လာသည်နှင့်

ချက်ချင်းပင် ခေါင်းကိုခါယမ်းလိုက်ရသည်။

စုယင်ကတော့ ထိုအရာကိုသတိထားမိခြင်းမရှိ

ပဲ ဖက်ထားသည်ကို တစက်ကလေးမှ လျှော့

ပေးခြင်းမရှိချေ။ ကျိုးယန်သည် နီးကပ်နေသ

ည့် စုယင်၏မျက်နှာလေးကိုတချက်ခိုးကြည့်

လိုက်သည်။ သူမ၏ကြီးပြင်းမှုကို အစအဆုံး

မြင်ခဲ့သူမို့ အပြောင်းအလဲကိုသိထားသော်လဲ

မယုံနိုင်စရာဖြစ်နေတုန်းပင်။ ကော့ရွှမ်းသည့်

မျက်တောင်လေးများ ကြည်လင်၍ဝိုင်းစက်နေ

သည့် မျက်လုံးဝိုင်းလေးအပြင် အနည်းငယ်

သေးငယ်သော်လည်း ဖူးနုနေသည့်နှုတ်ခမ်း

များသည် သူမ၏ငယ်ရွယ်၍ချစ်စဖွယ်ကောင်း

ပုံကို မီးမောင်းထိုးပြနေလေသည်။ လီချင်းကျုး

ရွှမ်းရွှမ်းတို့နှင့်မတူကွဲပြားသည့်အလှတရား

ဖြစ်ကာ ချူလင်းယွင်ကဲ့သို့လည်း အေးစက်

သည့်ပုံစံရှိမနေပေ။ စုယင်သည် ကျိုးယန်၏

အကြည့်ကို ဖျတ်ခနဲသတိထားလိုက်မိပြီးနော

က် ပြန်၍မော့ကြည့်လာသည်။

“အစ် အစ်ကိုကြီးအနားယူတော့လေ စုယင်လဲ

သွားတော့မယ်”

မည်သို့ပင်ဖြစ်သွားမှန်းမသိသော်လည်း ထိုအ

ကြည့်ထဲမှ တပ်မက်မှုအနည်းငယ်ကို သတိထာ

မိလိုက်ပြီးနောက် သူမ၏နှလုံးခုန်သံများမြန်

ဆန်လာကာ အသံများလည်းတုန်ယင်လာလေ

သည်။

စုယင်၏ တုန်ယင်နေသည့်အသံကိုကြားမှ ကျို

ယန်သတိဝင်လာက စုယင်၏လက်ကိုဖယ်ထုတ်

လိုက်သည်။

“အင်း သွားနားတော့လေ”

သူ၏အသံသည် အနည်းငယ်အက်ကွဲနေသည့်

ပုံစံဖြစ်နေသည်။ သို့သော် အတတ်နိုင်ဆုံးစိတ်

ကိုထိန်းချုပ်၍ စုယင်ကိုပြန်လွှတ်ရန်သာတွေး

လိုက်ရသည်။

“ဟုတ် ဟုတ်ကဲ့”

စုယင်သည် လက်များကိုလွတ်၍ မတ်တပ်ထရ

ပ်လိုက်သည်။ ပြီးနောက် အတန်ကြာရပ်နေကာ

နှုတ်ခမ်းကိုကိုက်နေလေသည်။ အချိန်တခုကြာ

သည်အထိ ထိုပုံစံဖြင့်ရှိနေပြီးနောက် ကျိုးယန်

ကိုကြည့်လာသည်။ ကျိုးယန်သည် စိတ်ကိုဖြေ

လျှော့ရန် အနားယူရန် ခန္ဓာကိုယ်ကိုအကြောဆ

န့်လိုက်ချိန်တွင် နူးညံ့သည့်အထိတွေ့တခုက သူ့

နှုတ်ခမ်းပေါ်ရောက်လာကာ ထိတွေ့မှုသည် စ

က္ကန်အနည်းငယ်သာဖြစ်ပြီး ပြန်လည်ပျောက်

ကွယ်သွားလေသည်။ သူသတိထားမိချိန်တွင်

စုယင်တယောက် အခန်းထဲ၌မရှိတော့ပေ။

ကျိုးယန်အနည်းငယ်ပြုံးကာ သူ၏နှုတ်ခမ်းကို

ထိတွေ့ကြည့်လိုက်သည်။

“ဒါကဘယ်လိုအရသာကြီးလဲ တမျိုးပဲ”

“စနစ်ရှင်ရဲ့ ပထမဆုံးအနမ်းမဟုတ်လားဟဟ”

စနစ်၏အသံထွက်ပေါ်လာသည်။

“တော်လိုက်စမ်း”

All Chapters