ဝါးမြိုခြင်းကျားရဲ
Vol. 7 Ch. 102
တောက်ချင်သည် ကျားရဲ၏လှုပ်ရှားမှုများကို
သတိမပြတ်စောင့်ကြည့်လျက်ရှိနေသည်။ ထို
သားရဲကောင်ကြီးသည် လွန်စွာကြီးမားသည့်
ခန္ဓာကိုယ်ရှိသော်လည်း သွားလာမှုကတော့ထင်
မှတ်မထားနိုင်လောက်အောင်ပင် မြန်ဆန်နေသ
ည်။
ဝေါင်း
ကျားရဲကဟိန်းဟောက်သံတခုကိုပြုလုပ်လိုက်
ပြီး တောက်ချင်တို့လူတစုရှိရာကို စူးစိုက်၍ကြ
ည့်နေလေသည်။ဘာလဲဟ…သူကငါတို့ကိုသတိ
ထားမိနေတာလား။
တောက်ချင်သည် ကျားရဲ၏အာရုံခံမှုကိုသိသွား
ပြီးနောက် မှင်သက်သွားရသည်။ သားရဲများမှာ
လူသားများကဲ့သို့စိတ်ဝိဉာဥ်အာရုံ ကျင့်ကြံနိုင်
ခြင်းမရှိကြပေ။ ယခုကျားရဲက စိတ်ဝိဉာဥ်အာ
ရုံကိုသုံးနေသည်တဲ့လား။ ထိုအရာကမဖြစ်နိုင်
ပေ။ တောက်ချင်မသိသည်က ကျားရဲသည်
ပတ်ဝန်းကျင်ရှိ ချီဓာတ်များကိုဖြေးညှင်းစွာဝါး
မြိုရင်း ထိုအထဲ၌ရောယှက်ပါလာသည့် စွမ်း
အင်အပိုင်းအစများကို အာရုံခံနေခြင်းပင်ဖြစ်
သည်။
တောက်ချင်တို့အဖွဲ့ ကျားရဲ၏လှုပ်ရှားမှုများကို
စောင့်ကြည့်နေချိန် တဖက်မြွေမျိုးနွယ်လူစုတွင်
တော့ မီးကြံ့တကောင်နှင့် ရင်ဆိုင်နေရလေပြီ။
မီးကြံ့၏ခန္ဓာကိုယ်သည် နက်မှောင်ကာဦးခေါင်
ထိပ်တည့်တည့်တွင် မီးများတောက်လောင်နေ
သည့် ဦးချိုတချောင်းရှိနေလေသည်။ ထိုအပြင်
မီးကြံ့သည် အဆင့်၃ သားရဲဖြစ်ပြီး ခန္ဓာကိုယ်
မာကြောမှု၌ ပြိုင်ဘက်ကင်းတည်ရှိမှုဖြစ်ပေ
သည်။ မီးကြံ့၏ဦးချိုသည် အဆင့်၃ ဆေးလုံး
ဖော်စပ်ရာတွင်အသုံးပြုနိုင်ပြီး မီးနှင့်ပက်သက်
သည့် အရာများတွင်လည်းအသုံးပြုနိုင်သည်။
ကျိုးယန်သာရှိပါက မီးသန္ဓေသားလေးသည်
မီးကြံ့ကိုဝါးမြိုရန် ဆွေ့ဆွေ့ခုန်နေပေလိမ့်မည်
မှာသေချာသလောက်ရှိသည်။
“တိုက်ကြ”
ရှောင်လွဲရန်မဖြစ်သာတော့သည့် အခြေနေမို့
မြွေမျိုးနွယ်မှလူများသည် တိုက်ပွဲကိုသာရွေး
ချယ်ကြရတော့သည်။ ကျိုးယန်၏လက်နက်အ
ကူညီကြောင့် မြွေမျိုးနွယ်ဝင်များတွင်လည်း လ
က်နက်အချို့တပ်ဆင်ထားနိုင်ပြီဖြစ်ကာ ထိုလ
က်နက်များနှင့် အကျွမ်းတဝင်ရှိနေပြီဖြစ်သည်။
ဒိုင်း ဒိုင်း ဒိုင်း
သေနတ်သံများကျယ်လောင်စွာထွက်ပေါ်လာ
ပြီး မီးကြံ့ကိုအဝေးမှပစ်ခတ်နေသည့် လက်နက်
သံများဖြစ်နေသည်။ မီးကြံ့သည် သူ့ရဲ့ခန္ဓာကို
ယ်ကိုလာရောက်ထိမှန်နေသည့် ကျည်ဆံများကို
ဂရုမထားပေ။ ခန္ဓာကိုယ်ပတ်ပတ်လည်တွင်မ
မြင်ရသည့် အကာရံတခုရှိထားသလိုပင် ကျည်
ဆံများကထိုအရာကိုထိမှန်ကာပြုတ်ကျကုန်သ
ည်။
“ငါတို့လက်နက်က မီးကြံ့ရဲ့ခန္ဓာကိုယ်ကိုမတိုး
ဖောက်နိုင်ဘူး နောက်ပြန်ဆုတ်ကြ”
မြွေမျိုးနွယ်မှလူတဦးက သူ့လူများကိုအော်ဟစ်
အသိပေးပြီးနောက် သူကိုယ်တိုင်မှလည်း လက်
နက်ဆွဲထုတ်ကာ မီးကြံ့မှပြေးဝင်တိုက်ခိုက်လာ
ပါကရင်ဆိုင်ရန် ပြင်ဆင်လိုက်သည်။
ဝုန်း ဝုန်း ဝုန်း
ကြီးမားသည့် ခန္ဓာကိုယ်ကြီးကိုရွေ့လျားပြီး
မီးကြံ့သည် မြွေမျိုးနွယ်လူစုထံ ခေါင်းတိုး၍ဝင်
ရောက်သွားတော့သည်။
“ဆုတ်ကြ အမြန်နောက်ဆုတ်ကြ”
အော်ဟစ်သတိပေးသံများထွက်ပေါ်လာသလို
ဆက်တိုက်ပင် ထိခိုက်သံများကလည်းပါဝင်
လာလေသည်။
ဖြောင်း
အားးးး
မီးကြံ့သည် သူ၏ဦးခေါင်းမှ ချိုဖြင့်လူတယော
က်ကို ပက်ထုတ်လိုက်သည်။ ပက်ထုတ်ခံလိုက်
ရသည့်လးသည် သွေးများဖြာခနဲပန်းထွက်သွာ
ပြီး ခန္ဓာကိုယ်ရှိအရိုးများလည်း ကျိုးကြေသွား
ရလေသည်။
ဖြောင်း
အားး ကယ်ကြပါဦး
ဆက်တိုက်ပင် အော်ဟစ်သံများထွက်ပေါ်နေပြီ
မီးကြံ့၏အဆက်မပြတ်တိုက်ခိုက်မှုအောက်၌
မြွေမျိုးနွယ်မှလူများသည် နောက်သို့ဆုတ်ခွာ
ရင်း ထိခိုက်ဒဏ်ရာရသူများ များပြားလာလေ
သည်။
“ဒီတိုင်းဆိုမဖြစ်ဘူး မင်းသမီးကိုတပ်ကူလွှတ်
ဖို့ သတင်းပို့မှဖြစ်မယ်”
မြွေမျိုးနွယ်မှခေါင်းဆောင်ဖြစ်သူသည် မီးကြံ့
မှဖြာထွက်လာသည့် တိုက်ခိုက်မှုများကိုခုခံရင်း
ကိုင်ရီရီထံသတင်းပို့ရန်ကြိုးစားလိုက်သည်။
တဖက်တွင် တောက်ချင်တို့၏တည်ရှိမှုကိုလည်
ကျားရဲမှ တွေ့သွားပြီဖြစ်ကာ အလျင်မြန်ပင်
ခုန်ဝင်လာတော့သည်။ ချီးပဲကွာ ဘယ်လိုသိ
သွားရတာလဲ။ တောက်ချင်သည် ကျိန်ဆဲလိုက်
ပြီးနောက် ချီစွမ်းအင်တခုထုတ်ဖော်ကာ ကျားရဲ
၏လမ်းကြောင်းအတိုင်းဓားချက်တခုပို့လွှတ်
လိုက်သည်။
ဝုန်း ခနဲမြည်သံနှင့်အတူ ကျားရဲက ဓားချက်ကို
တွေ့သော်လည်းမရှောင်ပဲ ဆက်တိုး၍ ဓားချက်
သည် ပျက်ပြယ်သွားရတော့သည်။
“ထိပ်တိုင်ရင်ဆိုင်လို့မရဘူး အဝေးကနေပစ်ကြ
အနားကပ်မခံနဲ့”
တေက်ချင်သည် ဓားချက်ပျက်ပြယ်သွားသည်
နှင့် ဓားကိုပြန်သိမ်းကာ သေနတ်ဖြင့်ပစ်ခတ်
တော့သည်။
ဒိုင်း ဒိုင်း ဒိုင်း
ကျားရဲသည် မီးကြံ့ထက်ကျင့်ကြံမှုအနည်းငယ်
မြင့်သော်လည်း မာကြောမှုကတော့မယှဥ်နိုင်ပေ
ထို့ကြောင့် ကျည်ဆံများသူ့ဆီရောက်လာချိန်မှ
တော့ ကြီးမားသည့်ခန္ဓာကိုယ်ကြောင့် မရှောင်
တိမ်းနိုင်ပဲ ထိမှန်ကာ နာကျင်သွားလေသည်။
ဝေါင်း ဝေါင်း ဝေါင်း
ပြင်းထန်သည့်ဒဏ်ရာမဟုတ်သော်လည်း နာ
ကျင်သွားရသည့်အတွက် ဒေါသထွက်သွားကာ
ပို၍လျင်မြန်စွာပင်လှုပ်ရှားလာသည်။မြန်တယ်
မြန်လွန်းတယ်။ အရှိန်ကနှစ်ဆကျော်တိုးလာပြီး
တောက်ချင်တို့လူစုဆီရောက်လာကာ ကြီးမား
သည့်လက်ဖဝါးကြီးကအုပ်မိုး၍ရိုက်ချလာသ
ည်။
ဖြောင်း ဝုန်း….
တောက်ချင်တိူ့လူတစုမှ လက်ဝါးကြီးကိုအမြန်
ရှောင်လိုက်နိုင်သော်လည်း ဖြာထွက်နေသည့်
အစွန်းထွက်စွမ်းအင်များကြောင့် မီတာအတော်
များများလွင့်ထွက်ကုန်သည်။
ကျားရဲသည် အဆက်မပြတ်ထပ်တိုးဝင်၍ ရိုက်
ချက်များတချက်ပြီးတချက် ရိုက်ချနေလေသ
ည်။ တောက်ချင်တို့မှာလည်း ထိုရိုက်ချက်များ
ကိုအဆက်မပြတ်ရှောင်နေရသဖြင့် သေနတ်
ဖြင့်ပြန်လည်ပစ်ခတ်ရန်အခွင့်မသာတဲ့အပြင်
လူတချို့ပါ ထိခိုက်ဒဏ်ရာပြင်းထန်စွာရကုန်
ကြလေသည်။
“တပ်ကူကမလာသေးဘူးလား အကုန်သေကြ
တော့မယ်”
တောက်ချင်၏လက်ထောက်သည် မချိတင်ကဲ
ရွတ်ဆိုရင်း ကျားရဲကိုဒေါသတကြီးကြည့်ကာ
သေနတ်ဖြင့်ပစ်ခတ်ရန်ကြိုးစားတော့သည်။
“မလုပ်နဲ့ အမြန်ရှောင်”
ထိုမြင်ကွင်းကိုတွေ့သည့် တောက်ချင်ကသူ့
လက်ထောက်ကိုသတိပေးသော်လည်း အချိန်မ
မီတော့ပေ။ သေနတ်သည် နီးကပ်သည့်ရန်သူ
ကိုဖြေရှင်းရာတွင် အခက်ခဲတချို့ရှိကာ ကျားရဲ
သည်အလွန်လျင်မြန်စွာလှုပ်ရှားနိုင်သောကြောင့် ပို၍ခက်ခဲသည်။
ဖြောင်း
အားးးးးးးးးးးးး
ကျယ်လောင်သည့် အော်သံနှင့်တခုအသားအ
ပိုင်းစများလေထဲ လွင့်ပျံသွားသည်။ ထိုအရာ
ကလက်ထောက်၏ ခန္ဓာကိုယ်အပိုင်းအစများ
ဖြစ်ကာ ကျားရဲ၏ရိုက်ချက်သည် သူတဦးတ
ည်းပေါ် အားအများဆုံးကျရောက်သွားပုံပေါ်
လေသည်။
“သေစမ်း ကျားရဲစုတ်”
ထိုအဖြစ်ကိုမြင်သည်နှင့် တောက်ချင်တို့လူစု
လည်း ဒေါသအကြီးအကျယ်ထွက်သွားရပြီး
ဓားများဆွဲထုတ်ကာ သေသေကြေကြေဝင်တို
က်ရန်ကြိးစားကြတော့သည်။ ရှောင်လွဲ၍မရမဲ့
အတူတူ တိုက်ခိုက်ဖို့သာ ဆုံးဖြန်လိုက်သည်။
ကျားရဲသည် အလွန်လျင်မြန်သောကြောင့် ပြေး
လျင်လည်း လွတ်မြောက်မည်မဟုတ်ပါ။
“သားရဲအော်သံလား တိုက်ပွဲဖြစ်နေပြီထင်တယ်
တပ်မှူးချင်သည် အလျင်အမြန်လာရင်းပင်
ကျားရဲ၏အော်သံကို ကြားလိုက်ကာ ထိုအရာ
တိုက်ပွဲတခု ဖြစ်ပျက်နေပုံရသည်ဟုဆိုလိုနေ
သည်။
“မြန်မြန် မြန်မြန်သွားကြမယ်”
တောက်ချင်တို့လူစုတွင် သံချပ်ကာကားများမ
ပါဝင်ပဲ တပ်မှုးချင်ကတော့ တပ်ကူမြန်မြန်ရော
က်စေရန် သံချပ်ကာကားများယူဆောင်လာကြ
သည်မဟုတ်လား။ ကားကိုလမ်းကြမ်းအတိုင်း
ပို၍ အရှိန်ပြင်းစွာ မောင်းနှင်လိုက်သည်။
တောက်ချင်တို့လူစုရှိရာ ရောက်ချိန်တွင်တော့
လူ၄၀ ကျော်အစုအဖွဲ့သည် လက်တဖက်စာပင်
မကျန်တော့ကာ တောက်ချင်သည် သွေးအလူး
လူးဖြင့် ကျားရဲကိုခုတ်ပိုင်းနေလေသည်။
ဝုန်း………..
တောက်ချင်တယောက် လက်ကျန်ခွန်အားများ
ပျောက်ကွယ်သွားပြီး အမှောင်အတိကျကာ
ခန္ဓာကိုယ်သည်လည်း လွင့်စင်သွားရတော့သ
ည်။
“ညီအစ်ကိုတောက် ကျုပ်လာပြီ”
ခက်လှမ်းလှမ်းမှပင် တပ်မှူးချင်၏အော်သံက
ထွက်ပေါ်လာပြီး တပြိုင်နက်သံချပ်ကာကားမျာ
၏ထိပ်မှ စက်သေနတ်များပစ်ခတ်သံလည်းပါ
လာသည်။
ဒက် ဒက် ဒက် ဒက် ဒိုင်း ဒိုင်း ဒိုင်း
“ပစ်ကြစမ်း”
တပ်မှူးချင်သည် တောက်ချင်တို့အဖွဲ့၏ဖြစ်စဥ်
ကိုတွေ့လျင် မျက်နှာပျက်ယွင်းသွားကာ ထိုအ
ချင်းအရာသည် တပ်ကူနောက်ကျမှုကြောင့်ဟု
သူ့ကိုယ်သူအပြစ်မြင်မိလေသည်။
ကျားရဲသည် မြန်ဆန်သော်လည်း စက်သေနတ်
ကိုတော့ မယှဥ်နိုင်ပေ။စက်သေနတ်ပစ်အားက
သာမန်သေနတ်ထက်ပိုပြင်းကာ ကျည်ဆံများ
အဆက်မပြတ်ထွက်ပေါ်လာပြီး ခန္ဓာကိုယ်ကိုထိ
မှန်ကာ ကျားရဲ၏အရှိန်လည်း လျော့ကျသွားရ
သည်။ တပ်မှူးချင်သည် ထိုအရာကိုတွေ့သည်နှ
င့် ဒဏ်ရာရကာ သတိလစ်နေသည့် တောက်ချင်
ကိုခေါ်ကာ သံချပ်ကာကားဆီခေါ်လာသည်။
“ဒဏ်ရာရတဲ့သူတွေကို အရေးပေါ်ကုသပေးဖို့
ပြင်ဆင်လိုက်ကြ”
ကျားရဲနှင့်တိုက်ပွဲသည် မပြီးဆုံးသေးချေ။ထို့
ကြောင့် သံချပ်ကာကားများကို မြို့တော်သို့ပြန်
လွှတ်ရန်မှာမဖြစ်နိုင်ပေ။