သံချပ်ကာကား၏စွမ်းအား
Vol. 7 Ch. 103
တပ်မှူးချင်သည် တောက်ချင်ကိုကားတစီးပေါ်
တင်ပေးပြီးနောက် တိုက်ပွဲရှိရာသို့ပြန်လည်ခုန်
ဝင်လာသည်။ ကျားရဲကြီးသည် စက်သေနတ်
ကြောင့် ဒဏ်ရာငယ်များအဆတ်မပြတ်ရရှိနေ
ကာ သံချပ်ကာကားဆီသို့ တိုးဝင်ရန်ကြိုးစား
လာတော့သည်။
“ကားတွေနားမကပ်စေနဲ့ ဆက်တိုက်ပစ်ကြ”
တပ်မှူးချင်သည် သိုင်းပညာရှင်အထွဋ်အထိပ်
အဆင့်နှင့်နီးကပ်နေပြီဖြစ်၍ ကျားရဲထက်မသန်
မာသော်လည်း တားဆီးရန်တော့ တတ်နိုင်သေး
သည်။ ပြင်းထန်သည့် ဓားချီတခုထုတ်ဖော်ကာ
ကျားရဲ၏လမ်းကြောင်းထဲသို့ ခုတ်ပိုင်းလိုက်သ
ည်။
ရွှီး..
ဓားချက်က လေကိုခွဲ၍ အလင်းတန်းတခုနှယ်
ပြေးဝင်သွားကာ ကျားရဲ၏ခြေထောက်ကိုထိမှ
န်ပြီး ကျားရဲ၏အရှိန်မှာထပ်မံတုန့်ဆိုင်းသွားရ
ပြန်သည်။
“ပစ်ထား အဆက်မပြတ်ပစ်နေ”
တဖက်တွင်သူ့လူများကို စက်သေနတ်ဖြင့်ဆက်
တိုက်ပစ်ရန်မှာနေပြီး ချီဓာတ်များကိုထုတ်ဖော်
၍ ဓားချက်များဖြင့်ခုတ်ပိုင်းနေလေသည်။ထို့
အတူ တပ်မှူးချင်၏လူများကလည်း ကျားရဲ၏
ဦးခေါင်းပိုင်းကိုအဓိကထား၍ စက်သေနတ်ဖြင့်
ပစ်ခတ်လိုက်ကြသည်။
ဒက် ဒက် ဒက် ဒက် ဒက် ဒက်
စက်သေနတ်သံများကျယ်လောင်စွာထွက်ပေါ်
နေပြီး ကျားရဲသည် တစတစခွန်အားနည်းလာ
ပြီး သံချပ်ကာကားရှိရာသို့ဆက်မတိုးရဲတော့
ပေ။ တပ်မှူးချင်နှင့် လက်ထောက်အချို့တို့သ
ည်လည်း သံချပ်ကာကားဆီသို့ ကျားရဲကြီးတိုး
မဝင်လာစေရန် အစွမ်းကုန်ကာကွယ်၍တိုက်ခို
က်နေလေသည်။
ဝေါင်း
ကျားရဲကြီးသည် ကျားနာခဲ ခဲတော့မည့်ဟန်ဖြင့်
နောက်ဆုံးလက်ကျန်ခွန်အားကို သုံးကာရိုက်ချ
က်တခုဖြင့် သံချပ်ကာကားတစီးဆီသို့ ရိုက်ပုတ်
လိုက်သည်။ ကြီးမားသည့်သားရဲ၏လက်ဖဝါး
ရိုက်ချက်တခုက သံချပ်ကာကားတစီးရှိရာတ
ည့်တည့်ပင် တိုးဝင်ကာ ထိမှန်ခံလိုက်ရသည့်သံ
ချပ်ကာကားပေါ်မှ လူများမှလွင့်စင်ထွက်သွား
၍ ကားသည်လည်း တစစီကြေမွသွားကာ အ
တော်တော်ဝေးဝေးနေရာသို့ပင် ပြန့်ကြဲသွားရ
လေသည်။
“ဒက် ဒက် ဒက် ဒက် ကျန်ရှိသည့် ကား၄စီးထံ
မှ ဆက်တိုက်ပင်ပစ်ခတ်လာပြီး ခွန်အားကုန်ခ
မ်းသွားရသည့် ကျားရဲသည် မောပန်းစွာဖြင့်
မြေပြင်ပေါ် ပစ်ကျသွားတော့သည်။ ခန္ဓာကိုယ်
တခုလုံးတွင်လည်း သွေးချင်းချင်းနီနေကာ ဒ
ဏ်ရာများဗရပွဖြစ်နေလေသည်။
ဟူးးး ပြီးသွားပြီ။
တပ်မှူးချင်သည် သံချပ်ကာကားပျက်စီးမှုနှင့်
အတူ လွင့်စင်သွားသည့် အဖွဲ့သားများဒဏ်ရာ
မပြင်းထန်သည်ကို တွေ့သည့်အခါနောက်တကြိ
မ်သက်ပြင်းထပ်ချလိုက်မိပြန်သည်။ ပျက်စီး
သွားရသည့် ကားတစီးအတွက်ကတော့ နှမြော
သလိုခံစားရသော်လည်း ကျားရဲကြီးကိုအနိုင်ရ
လိုက်သည်က အမြတ်တခုပင်ဖြစ်သည်။
ကျားရဲကြီးသည် အသက်ကိုမောပန်းစွာရှူကာ
မြေပြင်ပေါ်တွင် နောက်ဆုံးထွက်သက်ကိုရုန်း
ကန်နေလေသည်။ နီရဲနေသည့်မျက်လုံးအစုံ
သည်လည်း ပုံမှန်ပြန်ဖြစ်သွားပြီး ခြေလက်များ
အကြိမ်အနည်းငယ် တွန့်သွားပြီးနောက် ငြိမ်
သက်သွားတော့သည်။ ထိုအခြေနေကိုမြင်မှ
တပ်မှူးချင်သည် စိတ်ကိုဒုန်းဒုန်းချ၍ ဒဏ်ရာရ
သူများကို ကားပေါ်တင်ကာ သေဆုံးသူများကို
တော့ နေရာတွင်ပင် အသေချာမြုပ်နှံလိုက်ကြ
တော့သည်။ ကျားရဲ၏အလောင်းကိုလည်း အ
စိတ်စိတ်ခုတ်ပိုင်း၍ သိုလှောင်လက်စွပ်ထဲခွဲ
ဝေထည့်ပြီးနောက် မြို့တော်ရှိရာသို့ပြန်လည်
ဆုတ်ခွာလာကြသည်။
ကိုင်ရီရီသည် သူမ၏အဖွဲ့သားများ သေဆုံးရ
သည့်သတင်းကိုကြားသည်နှင့် ကျိုးယန်ဆီအ
မြန်ရောက်ရှိလာကာ တိုက်ပွဲနေရာသို့သွားရန်
ခွင့်တောင်းလိုက်သည်။ ကျိုးယန်သည်လည်း
သူမနှင့်အတူလိုက်ပါရန် ပြောလိုက်ပြီးနောက်
နှစ်ဦးသားချက်ချင်းပင် မီးကြံ့နှင့်တိုက်ပွဲရှိရာ
သို့ သွားကြတော့သည်။
“မီးကြံ့တဲ့လား သူ့မှာဘယ်လိုအားသာချက်တွေ
ရှိတာလဲ”
လမ်းတွင်သွားနေရင်း ကျိုးယန်ကမေးသည်။
“ခန္ဓာကိုယ်မာကြောမှုပဲ သူ့ရဲ့ခန္ဓာကိုယ်မာကြော
မှုက ဒဏ္ဍာရီလာ နဂါးမျိုးနွယ်အချို့နဲ့တောင်
ယှဥ်နိုင်လုနီးပါးပဲ အားနည်းချက်ကတော့
လေးလံတဲ့လှူပ်ရှားမှုနဲ့ အသိဉာဏ်ပိုင်းဆိုင်ရာ
ပေါ့”
ကျိုးယန်တို့ တိုက်ပွဲနေရာသို့ရောက်သွားချိန်
တွင် နေရာအနှံ့သွေးများပြန့်ကြဲနေကာ မြွေ
မျိုးနွယ်စုမှ လူများသည် ဆုတ်ခွာရင်းနှင့်ပင်
လူစုများကွဲ၍ အကျအဆုံးများသွားပုံရလေသ
ည်။ ကိုင်ရီရီသည် ထိုအချင်းအရာများကိုကြည့်
၍ မျက်နှာမကောင်းဖြစ်သွားလေသည်။ သူမ
၏မျိုးနွယ်တူများ သေဆုံးရသည့်အပေါ်သူမက
စိတ်ထိခိုက်သွားပုံရသည်။
“တော်တော်လေးပြင်းပြင်းထန်ထန် ဖြစ်ခဲ့တာပဲ
နောက်ပြီး မီးဓာတ်တချို့အာရုံခံမိတယ်”
ကျိုးယန်တယောက် တိုက်ပွဲမြေပြင်ကိုအာရုံခံ
နိုင်ချိန်၌ ဒန်တျန်ထဲရှိ မီးသန္ဓေသားလေးသည်
လှုပ်ရှားနေလေသည်။
“မီးတောက်လေး စိတ်လှုပ်ရှားနေတာလား”
ကျိုးယန်လည်းမီးတောက်လေး၏လှုပ်ရှားမှု
များကို သိလိုက်သည်နှင့် မီးကြံ့ကြီးသည်မီး
တောက်လေးကို အနည်းနဲ့အများအကျိုးပြုနိုင်
မည့်ပုံရှိသည်ဟု တွေးလိုက်သည်။ ကျိုးယန်က
သူ၏စိတ်အာရုံကို ဖြန့်ကျက်၍ ရှာလိုက်သည်။
မီတာ ၁၀၀ ၂၀၀ ၅၀၀ ၁၀၀၀ အရောက်ထိ
မည်သည့် သားရဲမှမတွေ့သော်လည်း မီတာ
၁၀၀၀ ကိုအနည်းငယ်ကျော်သွားချိန်တွင်တော့
ကြီးမားသည့်ခန္ဓာကိုယ်နှင့် မီးတောက်နေသည့်
ဥိးချိုပါ သားရဲတကောင်ကိုတွေ့လိုက်ရသည်။
“မင်းကို ငါတွေ့ပြီ မင်းသမီး မြောက်ဘက်တည့်
တည့်ပဲ ကျုပ်တို့လိုက်ကြမယ်”
စိတ်ထိခိုက်နေပုံရသည့် ကိုင်ရီရီသည် ကျိုးယန်
၏အသံကိုကြားမှ သတိဝင်လာကာ ခေါင်းညိ
တ်ပြ၍ ကျိုးယန်နှင့်အတူ မီးကြံ့ရှိရာမြောက်ဘ
က်တည့်တည့်သို့ အလျင်အမြန်လိုက်ပါတော့သ
ည်။
မိနစ်အနည်းငယ်ကြာပြီးချိန်တွင် မီးကြံ့နှင့်အ
ကွာအဝေးက ပိုမိုနီးကပ်လာလေသည်။ မီးကြံ့
ကြီးသည် မြောက်ပိုင်းဒေသထဲသို့ဝင်ရန်ကြိုး
စားနေပုံရသည်။
“သိပ်မလို့တော့ဘူး မီတော့မယ်”
ကျိုးယန်တို့နှစ်ယောက်လည်း အရှိန်ကိုတင်၍
လိုက်လျှင် နောက်ထပ်နာရီဝက်အကြာမှာတော့
မီးကြံ့ကြီးကို မီတာအနည်းငယ်အကွာတွင်မြင်
လိုက်ရတော့သည်။
“ဟမ့် ငါ့လူတွေကိုသတ်ပြီး ပြေးချင်လို့ရလား”
ကိုင်ရီရီသည် မီးကြံ့ကြီးကိုတွေ့သည်နှင့် ဒေါသ
ထွက်သွားကာ ဓားချက်တခုထုတ်ပိုင်းလိုက်သ
ည်။ ဓားချက်သည် မီးကြံ့ကြီး၏နောက်ကျော
ဘက်ရောက်ခါနီးတွင် မီးကြံ့သည်သတိပြုမိ
သွားကာ ချက်ချင်းပင် ပြန်လှည့်၍ ဓားချက်ရှိ
ရာတည့်တည့်သို့ ပြေးဝင်လာသည်။
ဒုန်း ဒုန်း ဒုန်း
ကြီးမားသည့်ခြေထောက်များက မြေပြင်ပေါ်ရှိ
အရာများကို ဖွာခနဲပင်လွင့်စင်စေကာ ဓားချက်
သည် မီးကြံ့ကြီးကို ထိမှန်သွားသော်လည်း မ
ည်သို့မှ ဖြစ်ဟန်မတူချေ။
“ဟမ် ဒါကငါ့ရဲ့ခွန်အားတဝက်လေ ဒါတောင်
ဒဏ်ရာရမသွားဘူးလား”
ကိုင်ရီရီသည် မီးကြံ့ကြီး၏ခန္ဓာကိုယ်မာကြော
မှုကိုသိထားသော်လည်း လက်တွေ့ကြုံသည့်အ
ခါ မှင်သက်နေရသေးသည်။ ကျိုးယန်သည်
ကိုင်ရီရီအနေဖြင့် မီးကြံ့ကိုတဥိးတည်းရင်ဆိုင်
ရန်မဖြစ်နိုင်ဟု တွေးလိုက်မိသည်။
“မလွယ်လောက်ဘူး နှစ်ယောက်ပေါင်းတိုက်မှ
ဖြစ်မယ်”
ကျိုးယန်သည် မီးကြံ့ရှိရာပြေးဝင်၍ ဦးခေါင်း
ပိုင်းကို ခုတ်ပိုင်းလိုက်သည်။
ထန်း! !!
ဓားချက်သည် မီးကြံ့၏ခန္ဓာကိုယ်ကိုခြစ်ရာအ
နည်းငယ်သာထင်စေပြီး ပြတ်ရှမသွားချေ။
သောက်ကျိုးနည်းအောင်ကိုမာတာဟ။ တိုက်ခို
က်ခံလိုက်ရသည့်အတွက် မီးကြံ့ကြီးသည် ကျိုး
ယန်တို့ရှိရာပို၍ တိုးဝင်လာပြီး ဦးခေါင်းမှချို
ဖြင့် တိုက်ခိုက်လာသည်။
ဝုန်း ဝုန်း ဝုန်း ဖြောင်း ဂျွတ် ဝုန်း
ပြင်းထန်သည့် တိုက်ခိုက်မှုများကြောင့် ပတ်
ဝန်းကျင်ရှိသစ်ပင်များ ပြိုလဲသွားကာ မြေပြင်
သည် ကွင်းပြင်သဏ္ဍန်ဖြစ်သွားရလေသည်။
ကျိုးယန်နှင့်ကိုင်ရီရီသည် မီးကြံ့၏တိုက်ခိုက်မှု
များကို ရှောင်တိမ်းကာ ဓားချက်များအဆတ်
မပြတ်ဖော်၍ ပိုင်းနေသော်လည်း မထိရောက်
ပေ။ ထိုစဥ် ဒန်တျန်ထဲရှိ မီးသန္ဓေသားလေးသ
ည် ပို၍ပင်လှုပ်ရှားလာသည်။
“အပြင်ထွက်ချင်တာလား ကောင်လေး”
ထိုအရာကိုသတိထားမိသည်နှင့် ကျိုးယန်သည်
မီးတောက်လေးကို လက်ဖဝါးပေါ်ထုတ်ယူလိုက်
သည်။ မီးတောက်လေးသည် အပြင်ရောက်လာ
သည့်နှင့် ယိမ်းထိုးနေကာ စိတ်လှုပ်ရှားနေဟန်
ပေါ်သည်။ ကိုင်ရီရီ၏ဓားချက်များဆက်တိုက်
ထိမှန်နေသည့် မီးကြံ့ကြီးသည် တစုံတခုကိုအာ
ရုံခံမိသွားပုံရကာ ချက်ချင်းပင်ကျိုးယန်ဘက်
လှည်ံ့ကြည့်လာသည်။
ဘူးးးးး ဘူး
ကျယ်လောင်သည့် အော်သစ်နှင့်အတူ ခွာများ
ကိုအတ်မပြတ်ပေါက်ကာ ဦးချိုရှိမီးတောက်
သည်လည်း ပို၍တောက်လှောင်လာကာ မီး
တောက်လေးကဲ့သို့ပင် အသိဉာဏ်ရှိနေဟန်ဖြင့်
ယိမ်းထိုးနေသည်။ ထိုမြင်ကွင်ကိုတွေ့လျှင်
ကျိုးယန်တို့နှစ်ဦးလည်း မှင်သက်နေကာ မီး
တောက်များမှာ အချင်းချင်းတိုက်ခိုက်ချင်ဟန်
ပြသနေကြသည်ကို သိသွားကြသည်။ ထိုစဥ်
မှာပင် မီးကြံ့ကြီးသည် ဦးချိုကိုဆတ်ခနဲခါလို
က်လျင် မီးတောက်တခုကျိုးယန်ဆီပြေးဝင်
လာပြီး ဦချိုကြီးသည် မဲနက်သည့်အသွင်ပြင်
သာကျန်ရှိတော့ကာ မီးတောက်မှာတော့မရှိပေ။
ကျိုးယန်လက်ဖဝါးပေါ်ရှိ မီးတောက်လေးသည်
လည်း အဆိုပါကြံ့ကြီး၏မီးတောက်ပြေးဝင်
လာချိန်တွင် လက်ဖဝါးပေါ်မှခုန်ထွက်သွားကာ
ပြန်လည်ပြေးဝင်သွားသည်။
ဝုန်း
ပြင်းထန်သည့်အပူချိန်တခုဖြစ်ပေါ်လာပြီးထို
အပူချိန်အောက်တွင် သိုင်းပညာရှင်အဆင့်များ
ပင် ပြာကျသွားနိုင်လေသည်။ ကျိုးယန်အတွက်
ကမူ ဗာဂျာရာကျင့်စဥ်ကြောင့် အပူဒဏ်ကိုအ
နည်းသာခံစားရကာ ကိုင်ရီရီအတွက်ကတော့
သက်တောင့်သက်သာအနေထားသာဖြစ်သည်။
မီးတောက်နှစ်ခုသည် အချင်းချင်းတွန်းကန်နေ
ပြီး ခနအကြာတွင် မီးတောက်တခုက တခြား
တခုကို ဖုံးအုပ်သွားကာ အပူရှိန်သည်တိုးလာ
ပြီး မီးတောက်၏အရောင်အဝါသည်လည်း ပို
၍ တောက်ပလာသည်။
“မီးတောက်ကလေး နိုင်သွားတာလား”
ကြံ့ကြီးသည် သူပိုင်ဆိုင်သည့်မီးတောက်ရှုံးနိမ့်
သွားသည်ကိုမြင်လျင် ခွာများအပြင်းအထန်
ရိုက်ပုတ်ကာ ဒေါသတကြီးဖြင့် ပြေးဝင်လာ
တော့သည်။ လေထဲတွင် အလုံးသဏ္ဍန်ဖြင့်ရှိ
နေသည့် မီးတောက်လေးက ကြံ့ကြီးပြေးဝင်
လာသည်ကိုမြင်လျင် လမ်းတဝက်ကပင်ဖြတ်
၍ ကြံ့ကြီး၏ခန္ဓာကိုယ်ကိုစွဲလောင်သွားတော့
သည်။
ဘူးးးး
တကိုယ်လုံးမီးများတောက်လောင်နေသည့်
ကြံ့ကြီးသည် နာကျင်စွာဖြင့်အော်ဟစ်ကာသစ်
ပင်များကို ပြေးဝင်တိုက်နေသည်။
“အနောက်ကိုနည်းနည်းဆုတ်မယ်”
ကျိုးယန်နှင့်ကိုင်ရီရီတို့သည်လည်း ထိုနေရာမှ
မီတာရာဂဏန်းခန့်ဆုတ်ခွာကာ ကြည့်နေကြရ
သည်။ နာရီပိုင်းအကြာတွင် မီးများဖြင့်တောက်
လှောင်နေသည့် ကြံ့ကြီး၏ခန္ဓာကိုယ်မှာ မဲတူး
သွားကာ မြေပြင်ပေါ်အသက်မဲ့သွားဟန်ဖြင့်
ပြိုလဲကျသွားတော့သည်။ ထိုအချိန်မှပင် မီး
တောက်ကလေးသည် ကြံ့ကြီး၏ခန္ဓာကိုယ်မှခွာ
၍ ကျိုးယန်ရှိရာပျံဝဲလာကာ လက်ဖဝါးပေါ်၌
ယိမ်းထိုးနေလေသည်။
“အနိုင်ရသွားတာဂုဏ်ယူပါတယ်”
ကျိုးယန်သည် မီးတောက်ကလေးကို ချီးကျူး
စကားဆိုပြီးနောက် ဒန်တျန်ထဲသို့ပြန်လည်သိမ်
ဆည်းလိုက်တော့သည်။
“ဒီအလောင်းကြီးကိုသိမ်းပြီးပြန်ကြရအောင်
မင်းသမီးရဲ့လူတွေအတွက်လည်း စီစဥ်စရာရှိ
တာအချိန်မီစီစဥ်လို့ရတာပေါ့”
ကိုင်ရီရီလည်းသက်ပြင်းချကာ သဘောတူလို
က်သည်။ ခနအကြာတွင် မီးကြံ့၏ခန္ဓာကိုယ်ကို
စနစ်၏သိုလှောင်ခန်းသို့တိုက်ရိုက်ပင်ထည့်သွင်
လိုက်တော့သည်။
ဒင်!
ဖုံးကွယ်တာဝန်ဖြစ်သည့် သားရဲလှုပ်ခတ်မှုအား
ထိန်းချုပ်နိုင်လိုက်သည့်အတွက် ဂုဏ်ယူပါတ
ယ်။
စနစ်မှ ဆုလာဘ်အနေဖြင့် နိယာမကျမ်းတခု
ဗာဂျာရာကျင့်စဥ် ဒုတိယအပိုင်းတို့ကို ပေးအပ်
လိုက်ပါသည်။သိုလှောင်ခန်းတွင်ထုတ်ယူနိုင်
သည်။
“ပြီးသွားပြီလား တခြားသားရဲတွေကို နိုင်လိုက်
ပြီပေါ့”
ကျိုးယန်မသိသည်က မီးကြံ့နှင့်ဝါးမြိုခြင်း
ကျားရဲသာ အနောက်ဘက်ဒေသသို့ဝင်ရောက်
လာပြီး ကျန်သည့်သားရဲများက မြောက်ဘက်
ဒေသသို့ တိုးဝင်သွားခြင်းဖြစ်ပေသည်။