← Chapters

တစ္ဆေကြီးအဖွဲ့

Vol. 8 Ch. 105

တစ္ဆေကြီးအဖွဲ့

Vol. 8 Ch. 105

မြင့်မားသည့်သစ်ပင်ကြီးများထူထပ်စွာပေါက်ရောက်ကာ နေရောင်ပင်တိုး၍မဝင်နိုင်သည့် တောနက်တနေရာတွင် လူ၃ဦးသည် စုဝေး၍ တစုံတရာကိုတိုင်ပင်နေကြပုံပေါ်လေသည်။ ထိုသူများသည်တူညီသည့်ဝတ်စုံကိုဝတ်ဆင်ထားကြပြီးထိုအရာကဂိုဏ်းတခုခု၏ဝတ်စုံဖြစ်ပုံရသည်။

“ငါတို့ ဒီတခေါက်တာဝန်ကိုအောင်မြင်ရင် နိမ့်ကျတဲ့တပည့်တွေအဖြစ်ကနေ အပြင်စည်းအကြီးအကဲရာထူးကိုရယူနိုင်ပြီ”

ထိုအဖွဲ့၏အလယ်တွင်ထိုင်နေသည့် ခေါင်းဆောင်ဖြစ်ဟန်တူသူက အားတက်သရောပြောလာသည်။

ကျန်တဲ့နှစ်ယောက်ကလည်း

“ဟုတ်တယ်ဆရာတစ္ဆေကြီးကျုပ်တို့တဝန်ကလဲတခြားအဖွဲ့တွေထက်စာရင် လွယ်ပါတယ် ဘယ်သူက မြောက်ဘက်ကိုဝင်တဲ့သားရဲတွေက အနောက်ဘက်ကိုဝင်မယ်လို့ထင်မိမှာလဲ”

ထိုစကားကိုတစ္ဆေကြီးကရယ်သွမ်းသွေး၍

“ဒါပေါ့ကွ အဲ့ဒါကြောင့်လည်း ငါ့ဆရာက ဟိုကောင်တွေနဲ့မတူတဲ့တာဝန်တခုရအောင်လုပ်ပြီးငါတို့ကိုလွှတ်လိုက်တာပေါ့ဒါနဲ့ကျောက်ဘီလူးတို့ဆီကဘာသတင်းကြားသေးလဲ”

“မကြားရသေးဘူးဆရာတစ္ဆေကြီးသူတို့ထိန်းချုပ်ထားတဲ့ကျားရဲကြီးနဲ့တင် အလုပ်ဖြစ်မှာပါ”

“ဟမ့်ကျားရဲကမြန်တာတခုပဲအားသာတာပါအဆင့်တူချင်းဆိုမီးကြံ့ကိုဘယ်သားရဲကယှဥ်နိုင်မှာလဲ”

“ဟုတ်တယ် ဟုတ်တယ်”

ကျန်နှစ်ယောက်ကလည်းဝမ်းသာအားရထောက်ခံစကားများပြောလာကြသည်။

အချိန်ကတဖြေးဖြေးကုန်လွန်လာကာ မနက်မှ နေ့လည်ခင်းထိုမှညနေစောင်းထိရောက်ရှိလာပြီးမူလကနေရောင်ပင်မတိုးသော်လည်း အလင်းဖျဖျရှိနေတတ်သည့်နေရာသည် ယခုတော့မှောင်အတိကျနေလေပြီ။ တစ္ဆေကြီးသည် သူနှင့်သားရဲကြားဆက်

နွယ်မှုတဖြေးဖြေးလျော့ကျလာသည်ကိုသိသော်လည်းထိုအရာကအကွာအဝေးတခုရောက်နေပုံရသည်ဟုထင်ကာ အမှုမဲ့အမှတ်မဲ့ နေနေလေသည်။

ကျန်သည့်နှစ်ဦးသားကလည်းဂိုဏ်းမှပေးထားတဲ့ဆက်သွယ်ရေးကိရိယာများကိုသုံးကာ ကျောက်ဘီလူးထံဆက်သွယ်နေသည်။ ခနအကြာတွင် တဦးကအလန့်တကြားဖြင့်

“ဆရာတစ္ဆေကြီး ကျောက်ဘီလူးတို့သားရဲသေသွားပြီတဲ့ သူတို့နဲ့အဆက်သွယ်ပြတ်သွားတယ်လို့ခုပဲသ

တင်းပို့နေတယ်”

ထိုဆက်သွယ်ရေးကိရိယာသည်ဧရိယာတခုကိုပို့ပေးနိုင်သည့် ကိရိယာဖြစ်သောကြောင့် ထိုဧရိယာထဲတွင်ရှိနေသည့်အဖွဲ့သားများအချင်းချင်းသိရှိနိုင်ကာ ကူညီနိုင်ရန်ဖြစ်သည်။

“ဟမ့်ငါပြောသားပဲကျားရဲကမြန်တာပဲရှိတာပါလို့တကယ့်ပညာရှင်နဲ့တွေ့ရင် မခံနိုင်ဘူး ကျောက်ဘီလူးကိုအသိပေးသားပဲ သူကမှနားမထောင် ဝေါ့”

တစ္ဆေကြီးသည်ကျောက်ဘီလူးဆိုသည့်လူကိုအားပါးတရဝေဖန်နေရင်းသူသည်လည်းသွေးတပွက်အန်ထုတ်လိုက်ရသည်။

“ဆ ဆရာ တစ္ဆေကြီး ဘာ ဘာဖြစ်တာလဲ”

ကျန်နှစ်ဦးသည်ထိုအချင်းအရာကိုသိသော်လည်းမသိဟန်ဆောင်ကာ မေးသည်။ တစ္ဆေကြီး၏ဒေါသကိုကြောက်သောကြောင့်ဖြစ်သည်။

“မီးကြံ့နဲ့အဆက်သွယ်ပြတ်သွားပြီ ချီးပဲ မီးကြံ့ကိုပါအနောက်ဘက်ဒေသကလူတွေရှင်းလိုက်နိုင်တာပဲ”

ပါးစပ်ထောင့်မှသွေးကိုတချက်သုတ်ကာ မချိတင်ကဲဟန်ဖြင့်ရေရွတ်လိုက်သည်။ တစ္ဆေကြီးသည်မီးကြံ့ကြီးကိုထိန်းချုပ်ရန် အချိန်တခုယူခဲ့ရသည်။

သားရဲထိန်းချုပ်ခြင်းဂိုဏ်း၏ပညာရပ်များသည်ထူးဆန်းကာသားရဲများကိုထိန်းချုပ်နိုင်သည်ဆိုပေမဲ့ အလွယ်တကူတော့မဟုတ်ချေ။ အဓိကထိန်းချုပ်လိုသူ၏သွေးအဆီအနှစ်ကိုသုံးကာ အင်းကွက်တခုရေးဆွဲ၍ ထိန်းချုပ်မည့်သားရဲ၏ကိုယ်ထဲသို့ထည့်

သွင်းရသည်။ ထိုသားရဲသေဆုံးပါက တန်ပြန်မှုကိုခံစားရကာသားရဲ၏သေခြင်းတရားသည်ပြင်းထန်လျင်တန်ပြန်ဒဏ်ရာသည်လည်း ပြင်းထန်တတ်သည်။ တစ္ဆေကြီးသည် စကားပြောနေရင်းမှပင်သွေးများအဆတ်မပြတ်အန်ထုတ်နေကာ နောက်ဆုံးတွင်တော့ အားအင်ကုန်ခမ်း၍ မြေပေါ်သို့ပြိုလဲသွားရ

တော့သည်။

“ငါတို့ဘယ်လိုလုပ်ကြမလဲ”

“ဂိုဏ်းကိုပြန်ခေါ်သွားကြတာပေါ့အကြီးအကဲလော့ဆူလည်း ဘယ်တတ်နိုင်ပါ့မလဲ”

“အေး အဲ့တိုင်းပဲလုပ်တာပေါ့”

နှစ်ဦးသားတစ္ဆေကြီးကိုချီမကာထွက်ခွာသွားလေသည်။ထိုနေရာနှင့်မလှမ်းမကမ်းတွင်လည်း ထိုနည်အတူပင် ကျောက်ဘီလူးမှာ တန်ပြန်ခံလိုက်ရပြီးသူကတော့ တစ္ဆေကြီးလောက်မပြင်းထန်ပေ။ သို့သော်

လည်းသတိလစ်ကာအဖွဲ့သားများ၏အကူညီဖြင့်ဂိုဏ်းသို့ပြန်ရန်သာရှိတော့သည်။

မြောက်ဘက်ပိုင်းဒေသ ကျေးရွာတခု။

“သားရဲတွေဝင်လာပြီဟေ့ ပြေးကြ ပြေးကြ”

ရွာတခုလုံး ယောက်ယက်ခတ်၍ ကြောက်လန့်တကြားအော်ဟစ်သံများ အမျိုးသမီးများနှင့်ကလေးသူငယ်များ၏ ငိုသံများက ကမ္ဘာပျက်မတက်ကျယ်

လောင်စွာထွက်ပေါ်နေသည်။ သားရဲအုပ်ငယ်လေးသည် အဆင့်နိမ့်သော်လည်း အရေအတွက်များပြား

သည့်အပြင် ရွာရှိသူများသည် ကျင့်ကြံသူများမဟုတ်သောကြောင့် ခုခံရန်ပင် မတတ်နိုင်ကြ။ရက်စက်သည့်သေခြင်းတရားဖြင့်သာ ရင်ဆိုင်နေရတော့သည်။

အားးး

ကယ်ကြပါဦး

အားး အမလေး

ရဲရင့်သည့်ယောက်ကျားသားအချို့ကခုခံမှုတချို့လုပ်သော်လည်း မစွမ်းသာကြပေ။ သူတို့သည်လဲသားရဲများ၏ကိုက်ဝါးခြင်းကို ခံလိုက်ကြရသည်။

“မိန်းမ သမီးလေးကိုခေါ်ပြီးပြေးတော့ ငါ့အတွက်မပူနဲ့”

အမျိုးသားတဦးသည် ဇနီးဖြစ်သူနှင့် နှစ်အရွယ်

ကလေးမလေး၏လက်ကိုတင်းကြပ်စွာဆုပ်ကိုင်၍အလျင်အမြန်ပြေးရန်မှာကြားနေလေသည်။

“ရှင်မပါပဲ ကျမတို့မသွားနိုင်ဘူး”

“မင်းတို့အခုမသွားရင်သေလိမ့်မယ်ငါတို့သမီးလေးက ဒီလိုအဆုံးသတ်ရမှာမဟုတ်ဘူး မိန်းမငါ့စကားနားထောင်ပြီးအခုပဲသွားပါတော့”

ယောကျားဖြစ်သူကပြောသော်လည်း မိန်းမဖြစ်သူကတော့တွင်တွင်ငြင်းဆန်နေလေသည်။

“ဒီကနေလွတ်လည်းတောနက်ထဲမှာတခြားသားရဲတွေကြောင့်ဘကျမတို့သားအမိသေရမှာပဲ မထူးပါဘူး ရှင်ပါလိုက်ခဲ့ပါ”

မိန်းမဖြစ်သူ၏မျက်ရည်များနှင့်တောင်းပန်စကားကိုကြားလျင်ထိုသူသည်အနည်းငယ်တွေဝေသွားလေသည်။ရွာထဲမှထွက်ပြေးနိုင်သော်လည်း အမျိုးသမီးနှင့်ကလေးမလေးအနေဖြင့် တောနက်ထဲတွင်ရှင်သန်ရန်က ရာနှုန်းမရှိပေ။ ထိုအရာကရွာထဲတွင်အတူတကွသေဆုံးခြင်းနဲ့မကွာခြားပေ။

“ကောင်းပြီ ငါ့နောက်ကနေလိုက်ခဲ့ ငါတို့မိသားစု

ရအောင်ဖောက်ထွက်မယ်”

သူမပါလျင်မိန်းမနှင့်သမီးဖြစ်သူသေရမည်ကိုသိသောကြောင့်ခွဲ၍လွှတ်လိုက်ရန်နည်းလမ်းကိုမလုပ်တော့ပေ။ သေခြင်းတရားကို ထိပ်တိုက်ရင်ဆိုင်ကာသေလည်းအတူတူဟုသာ ဆုံးဖြတ်လိုက်​တော့သည်

ကျိုးယန်သည် စုဝေးစကားပြောဆိုပြီးနောက်

ကျောက်ဝမ်အာကိုဆေးပညာအချို့သင်ပေးရန်ခေါ်ထားကာ မုရုံရှီသည်လည်း ကိုင်ရီရီထံသွားရောက်၍တရားဝင်တပည့်တဦးအဖြစ်နေထိုင်တော့သည်။

“ဒါက သွေးဆေးလုံးလို့ခေါ်တယ်တတိယအဆင့်

အဆင့်နိမ့်ဆေးလုံးအမျိုးအစားပေါ့သူကချီစွမ်း

အင်ကိုယာယီပေါက်ကွဲထွက်စေတဲ့အစွမ်းရှိတယ်”

ကျိုးယန်သည် ဆေးဖော်စပ်သည့်အခန်းထဲတွင် နမူနာဖြစ်သည့်သွေးဆေးလုံးကိုဖော်စပ်ပြနေကာထိုဆေး၏ဂုဏ်သတ္တိကိုလည်းရှင်းပြနေလေသည်။ကျောက်ဝမ်အာကကျိုးယန်၏ဆေးလုံးဖော်စပ်ပုံအဆင့်ဆင့်ကိုတချက်လေးမှပင်အလွတ်မခံပဲ အာရုံစိုက်၍ ကြည့်ရှုလေသည်။ နာရီအနည်းငယ်ကြာပြီးနောက် ဆေးမီးဖိုသည် ပြင်းထန်စွာတုန်ခါလာ၍ဆေးလုံးအချို့ထွက်ပေါ်လာသည်။

“ရပြီ ဒီဆေးက အသေအရှင်တိုက်ပွဲတွေမှာအရမ်း

အသုံးဝင်တယ်တတိယအဆင့်ဖြစ်တဲ့အတွက်ဘေးထွက်ဆိုးကျိုးလည်းမရှိဘူး ဒါပေမဲ့တခါသောက်ရင်တလုံးထက်ပိုသောက်လို့တော့မရဘူး မဟုတ်ရင်

ဒန်တျန်ကို အပြင်းအထန်ထိခိုက်စေနိုင်တယ်”

ကျိုးယန်ကဆေးလုံးများကိုကျောက်စိမ်းပုလင်းထဲအသေချာသိမ်းကာကျောက်ဝမ်အာကိုပေးလိုက်သည်။

“ရော့ ကျောက်သခင်မလေးဒါကိုယူပြီး မိသားစုကိုပေးထားလိုက်ပါတနေ့ကျအသုံးဝင်လာပါလိမ့်မယ်မမေ့နဲ့တလုံးထက်ပိုသောက်လို့မရဘူး”

ကျိုးယန်ပေးသည့်ဆေးပုလင်းကို ကျောက်ဝမ်အာကတယုတယပင်လှမ်းယူကာသိမ်းလိုက်သည်။သူမ၏စိတ်စွမ်းအင် ထိုဆေးကိုဖော်စပ်ရန်မတတ်နိုင်

သော်လည်းမသင်ယူနိုင်တာတော့မဟုတ်ပေ။အခြေခံနည်းတချို့ သိထားပါက ဒုတိယအဆင့်ဆေးလုံးများကို ဆေးကြိုးပါအောင်ဖော်စပ်ရာတွင် အထော

က်အကူဖြစ်စေမည်။

(ဆေးကြိုးဆိုသည်မှာဆေးလုံး၏အစွမ်းသတ္တိကိုမြင့်တင်ပေးသည့် လက္ခဏာတခုဖြစ်သည်)

ကျိုးယန်သည် ကျောက်ဝမ်အာနှင့်အတူ ဆေးဖော်စပ်ခန်းမှထွက်ကာ သူမအတွက်အခန်းတခုစီစဥ်ပေးရန် စုယင်ကိုပြောလိုက်သည်။ထိုနောက် ညစာ

အနည်းငယ်အတူတကွ စားသုံးပြီးနောက် အနားယူရန် အိပ်ခန်းဆီသွားလိုက်သည်။

“ငါက ပကတိရှင်သန်ခြင်းအဆင့်၁ ပဲရှိသေးတာကိုနိယာမကျမ်းကဘာလုပ်ရမှာလဲ”

ကျိုးယန်သည် ဗာဂျာရာကျင့်စဥ် ဒုတိယပိုင်းကိုရ၍ကျေနပ်နေသော်လည်း နိယာမကျမ်းမှာလတ်တလတွင် သူ့အတွက်အသုံးမဝင်ချေ။ ထိုအရာကိုစနစ်မှ

မည်သည့်အတွက်ကြောင့်ပေးရသနည်း။

All Chapters