← Chapters

ဗာဂျာရာကျင့်စဥ် ဒုတိယပိုင်း

Vol. 8 Ch. 106

ဗာဂျာရာကျင့်စဥ် ဒုတိယပိုင်း

Vol. 8 Ch. 106

ကျိုးယန်သည် စနစ်ကိုမကျေမနပ်ပြောဆိုကာ ကုတင်ပေါ်ပစ်လှဲချလိုက်သည်။ ခနအကြာတွင်ပြန်ထ၍ ဗာဂျာရာကျင့်စဥ်ကို ကြည့်ရန်ထုတ်လိုက်သည်။

ဗာဂျာရာကျင့်စဥ်ဒုတိယပိုင်းသည်ဗာဂျာရာခန္ဓာ

ကိုယ်ကိုတည်ဆောက်သည့်အဆင့်ဖြစ်သည်။ထိုအဆင့်တွင်အရိုးအရေပြားသွေးကြောတို့သန့်စင်သည့်ပထမထက်ပို၍ပြင်းထန်သည့်လေ့ကျင်မှုများလိုအပ်ကာ အောင်မြင်ပါက ပြန်လည်ရရှိလာမည့်အကျိုးကျေးဇူးသည်လည်း ကြီးမားပေသည်။

“ဒီဒုတိယပိုင်းမှာငါကခန္ဓာကိုယ်ရဲ့ဘယ်ဟာကိုအထူးပြုပြီးလေ့ကျင့်ရမှာလဲ”

ကျိုးယန်သည်ကျင့်စဥ်၏ရေးသားမှုများကိုအသေအချာဖတ်ကြည့်သည်။စနစ်မှပေးအပ်ထားသည့်အရာဖြစ်သောကြောင့်ရှင်းလင်းချက်များက ပိုမိုပြတ်သားကာ အသေးစိပ်ပေသည်။

“ဟမ် ဒါက အင်မော်တယ်အသွင်ပြောင်းခြင်းအဆင့်

ရောက်မှ ကျင့်ရတာပဲ စနစ်ငါ့ကိုဂျင်းထည့်ပြီ”

ကျိုးယန်၏မကျေမနပ်သံကိုကြားလျှင်စနစ်က

“ဟုတ်တယ် ပကတိရှင်သန်ခြင်းရဲ့အထက်ဆင့်မှာ

အင်မော်တယ်အသွင်ပြောင်းခြင်းအဆင့် ၃ဆင့်ရှိတယ် သုံးဆင့်ကို ချီအရည်​ပြောင်းလဲခြင်းဒန်တျန်ကိုစွန့်ပယ်ခြင်း စိတ်ဝိဉာဥ်ပင်လယ်တည်ဆောက်ခြင်း ဆိုပြီးခွဲထားတယ်”

“ချီကို ဘယ်လိုအရည်ပြောင်းတာလဲ”

“ချီကိုအရည်ပြောင်းတယ်ဆိုတာက ချီစွမ်းအင်ကိုအငွေ့ကနေ အရည်ပုံစံပြောင်းလိုက်တာ အဆင့်တခု

အနေနဲ့ ဆို ရိုးရိုးချီကနေ အင်မော်တယ်ချီပြောင်းလဲခြင်းလို့ သက်မှတ်နိုင်တယ် နောက်တခုဖြစ်တဲ့ ဒန်တျန်ကိုစွန့်ပယ်တာကဒန်တျန်ကိုမိုးကြိုးစွမ်းအင်နဲ့အပြီးပိုင်ဖျက်စီးလိုက်တာပဲ”

ကျိုးယန်ကထိုစကားကြားလျှင် အထိတ်တလန့်ဖြင့်

“ဟဒန်တျန်မရှိတော့ရင်ဘယ်လိုကျင့်ကြံမတုန်း”

“ဒန်တျန်အစား စိတ်ဝိဉာဥ်ပင်လယ်ဆိုတဲ့ကိုယ်တွင်း

ကမ္ဘာတခု ဖြစ်ပေါ်လာမယ်လေ အဲ့အဆင့်က တတိယအဆင့်ပဲ များသောအားဖြင့် ၃ဆင့်လုံးကမိုးကြိုးအပြစ်ဒဏ်ခံယူရပြီး လူအများစုက ဒုတိယအဆင့်

မှာတင် သေဆုံးသွားလေ့ရှိတယ်”

ကျိုးယန်တယောက်လန့်သွားသည်။ အင်မော်တယ်တပါးဖြစ်ဖို့က စာစဥ်တွေထဲမှာရေးသားထားသည်

ထက်ပို၍ ခက်ခဲကြမ်းတမ်းနေလေသည်။

“စိတ်ဝိဉာဥ်ပင်လယ်ဆိုတဲ့ ကိုယ်တွင်းကမ္ဘာတခု

တည်ဆောက်နိုင်သွားပြီဆိုရင်တော့ အင်မော်တယ်ဘဝကို ခြေတလှမ်းစလိုက်တာပဲ ကိုယ်တွင်းကမ္ဘာအားကောင်းရင် အားကောင်းသလို ကျင့်ကြံသူက

လည်း အားကောင်းလိမ့်မယ် အဓိကက ကိုယ်တွင်းကမ္ဘာမှာရှိနေတဲ့နိယာမသဘောတရားတွေပဲ အဲ့ဒါကြောင့် ပကတိရှင်သန်ခြင်း အထက်ဆင့်တွေမှာနိယာမသဘောတရားတွေကို လေ့လာဖို့လိုတာပေါ့”

ကိုယ်တွင်းကမ္ဘာဆိုသည်မှာ ခန္ဓာကိုယ်ထဲနောက်ထပ် သက်ရှိကမ္ဘာတခုတည်ဆောက်ထားခြင်းဖြစ်ပြီး

ထိုကမ္ဘာထဲတွင်သက်ရှိများနေထိုင်နိုင်ရန်ကျင့်ကြံသူက မြေ ရေ မီး သတ္တု သစ်သား ဆိုသည့်ဓာတ်ငါးပါးအပြင် အခြားသောရှင်သန်ရန်လိုအပ်သည့်နိ

ယာမ များကိုသိထားရန်လိုအပ်လေသည်။ ထိုသို့မဟုတ်ပါက ကိုယ်တွင်းကမ္ဘာမှာ အားနည်းပြီးမည်

သည့်အဆင့်တူကိုမဆို ရှုံးနိမ့်နိုင်သည်။

“အင်မော်တယ်အသွင်ပြောင်းခြင်းအထက်မှာဘာအဆင့်တွေရှိသေးလဲ”

ကျိုးယန်၏အမေးကိုစနစ်က

“ပကတိရှင်သန်ခြင်းအထက်ဆင့်ရောက်ရင်ပြောပြမယ် အခုတော့အဆင့်မမီသေးဘူး”

“ချီးပဲ နှိမ်လိုက်တာကွာ”

ကျိုးယန်သည်စနစ်ကိုကျိန်ဆဲနည်းပေါင်းများစွာဖြင့် တစ်တစ်ခွခွ ကျိန်ဆဲတော့သည်။ အမှန်တိုင်းပြောရလျင် စနစ်သာ ကျိုးယန်၏စိတ်အခြေနေကိုအကောင်းဆုံးသိနားလည်သည့် မိတ်ဆွေတဦးဟု

ဆိုရမည်ဖြစ်သည်။ သူသာမရှိပါက ကျိုးယန်တယောက် ဤလောကတွင်ရပ်တည်ရန်ခက်ခဲနိုင်ပါသ

ည်။ထိုအတွက်တော့တခါတရံစနစ်ကိုကျေးဇူးတင်ရပေမည်။ သို့သော် သကောင့်သားစနစ်မှာ သူ့ကိုနှိမ်လွန်းသည်။

ထိုသို့ဖြင့် ရက်အနည်းငယ်ကုန်လွန်သွားကာ ကျိုးယန်သည် ကျောက်ဝမ်အာကို ဆေးပညာသင်ပေးရင်း တဖက်တွင် သားရဲလှုပ်ရှားမှုများကိုအဆက်မ

ပြတ်သတင်းစုံစမ်းရန် စေလွှတ်နေလေသည်။ ရက်အချို့ကြာပြီးနောက် ကျိုးစုန့်သည် သားရဲများကိုကိုင်တွယ်နိုင်လိုက်ကာ မြောက်ဘက်ဒေသသည်အသေအပျောက်ရှိသော်လည်း ပြန်လည်ငြိမ်းချမ်းသွားသည်။ ထိုအခြေနေကို အလေးနက်ရှိနေသူက

ကျိုးယန်သာဖြစ်သည်။

“ပြန်ငြိမ်သွားတာလားငါတော့လုံးဝစိတ်ထဲမသက်ာဘူး မြောက်ဘက်ဒေသကိုသွားပြီး ခြေရာလက်ရာအချို့စုံစမ်းရင်ကောင်းမလား”

ကျိုးယန်၏အတွေးကို စနစ်က

“စနစ်ရှင် အားနေတာပဲ သွားသင့်တယ် တခုခုထူးခြားမှာပေါ့”

ကျိုးယန်သည်စနစ်၏စကားကိုကြားလျင် မျက်လုံးများအရောင်တောက်လာသည်။ စနစ်သည် မည်သည့်အခါမှ အကျိုးမရှိသည့်စကားကိုမပြောခဲ့ပေ။တ

ခုခုပြောလာပါကသေချာပေါက်ကျိုးယန်အတွက်အကျိုးရှိမည့်အရာဖြစ်နေတတ်သည်။

“မင်းပြောလာပြီဆိုတော့ငါဒီရက်ပိုင်းထဲသွားဖြစ်အောင်သွားလိုက်မယ်”

ထိုရက်များ၌ ကိုင်ရီရီ၏စိတ်သည်လည်း တည်ငြိမ်စပြုသွားကာ မုရုံရှီကိုသင်ကြားရန် အခက်တွေ့လာသည်။ သူမတွင်လူသားကျင့်ကြံသူများအတွက်

ကျင့်စဥ်များမရှိပေ။ ထိုကြောင့်နောက်ဆုံးတွင် ကျိုးယန်ဆီကိုသာ ရောက်လာတော့သည်။

“ကျုပ်ထင်တော့ထင်သား ဒါပေမဲ့ကိစ္စမရှိပါဘူး

ကျင့်စဥ်တချို့တလေတော့ကျုပ်ပေးနိုင်ပါတယ်မင်းသမီးလည်း နည်းနည်းလေ့လာပေါ့”

ကျိုးယန်က ကိုင်ရီရီကိုချူလင်းယွင်ကိုပေးခဲ့သည့်

အသူရာဓားကျင့်စဥ်ပထမတွဲကိုစတိုးမှထပ်မံဝယ်ယူကာပေးလိုက်တော့သည်။ ထို့အပြင် အမျိုးသမီးကျင့်ကြံသူများအသုံးပြုရန်အဆင်ပြေသည့် လက်ဝါးနည်းတချို့ကိုလည်း ထပ်မံပေးအပ်လိုက်သေးသည်။

“တခါဝယ်ပြီးရင် တသက်လုံးသုံးမရဘူးလား”

ကျိုးယန်မှာအသူရာဓားကျင့်စဥ်ကိုထက်မံဝယ်ယူလိုက်ရသည့်အတွက်မကျေမနပ်ဖြစ်နေလေသည်။

“ဆုတောင်းလေ”

ဟမ့် ချစ်တီးစနစ်။ ကျိုးယန်၏ကျိန်ဆဲမှုကို စနစ်ကဂရုပင်မစိုက်ချေ။အချိန်တခုကြာလာပြီးနောက် နှစ်ဦးသားသည် ပိုမိုနားလည်လာကာ အချိတ်အဆက်ရှိလာကြသလိုကျိန်ဆဲမှုများကလည်း တိုး၍သာလာနေတတ်သည်။

“ဒါနဲ့ ဒီရက်ထဲကျုပ်ထိစပ်ဒေသတခုကို သွားဦး

မယ် မင်းသမီးက တပည့်ရသွားပြီဆိုတော့ မလိုက်နဲ့တော့ပေါ့”

ကျိုးယန်က ကိုင်ရီရီကို ပြောလိုက်သည်။ မုရုံရှီရှိနေသည့်အတွက် ပစ်ထားလို့မသင့်ချေ။ ကိုင်ရီရီသည်လည်းထိုအချက်ကိုသတိပြုမိသောကြောင့် ကျိုးယန်၏စကားကိုနားလည်ကာ ခေါင်းညိတ်ပြလိုက်ရသည်။

“ကျမတို့မျိုးနွယ်က အမျိုးသမီးတွေကျင့်ကြံတဲ့

နည်းတချို့ရှိပေမယ့်သူကသင်ချင်ပါ့မလားမသိဘူအခု မင်းသားပေးလိုက်ပြီဆိုတော့ အဆင်ပြေသွားပါပြီ”

ကိုင်ရီရီသည် ကျိုးယန်ဆီမှရလာသည့် ကျင့်စဥ်များကိုအသုံးပြုကာ သူမသည်လည်းဓားကိုင်သူဖြစ်၍

မုရုံရှီနှင့်အတူ လေ့လာမည်ဖြစ်သည်။ မြို့တော်အသစ်သည်သားရဲသတင်းတည်ငြိမ်သွားမှုနှင့်အတူတည်ငြိမ်သွားကာ အဖိုးဝူတို့မှ အပင်ပန်းခံထိန်းချုပ်နေရန်မလိုတော့ချေ။

ကျိုးယန်၏ကျင့်ကြံရေးလောကနှင့်မတူညီသည့်နည်းလမ်းများက မြို့တော်အသစ်ကို လူအများပိုမိုစိတ်ဝင်စားလာစေသည်။ ကလေးငယ်များအတွက်ကစားကွင်းများ တရားဝင်အရ​က်ဆိုင်နှင့်ပြည့်တန်

ဆာလုပ်ငန်းများအပြင် ထီ ဟုခေါ်သည့် ကံစမ်းမဲလက်မှတ်များကိုလည်း လစဥ်မဲဖောက်ရွေးချယ်ပေသည်။ ထိုအရာများကို ကုန်သည်များသာမက ပြည်

သူများသည်လည်း စိတ်ဝင်စားကြ ထီလက်မှတ်တစောင်လျှင် ငွေစ ၂၀ ၅၀ ဟူ၍ ခွဲခြားထားပြီး အမျာစုတတ်နိုင်သည့် ပမာဏာဖြစ်သောကြောင့် ပါဝင်ကံ

စမ်းသူများလည်း များပြားပေသည်။ ထို့အပြင်

ကျိုးယန်ကအစီအရင်ပညာရှင်အချို့စုစည်းကာကျင့်ကြံရေးအတွက်ချီစု​ဆေင်းခြင်းအစီအရင်များတည်ဆောက်စေပြီးထိုအရာများကိုအခပေးစနစ်ဖြင့် အသုံးပြုနိုင်ကန်ဖွင့်လှစ်စေသည်။

“ဘောလုံးအားကစားနဲ့မိတ်ဆက်ပေးရမလား”

ကျိုးယန်သည် ကမ္ဘာမြေတွင်ရှိစဥ်က ဘောလုံးကစားနည်းနှင့်ကြက်တောင်ရိုက်အားကစားကိုနှစ်သက်သူဖြစ်သည်။

“ဘောလုံးအားကစားက အဆင်မပြေသေးဘူး အရင်ဆုံးလူအရေတွက်နည်းနည်းနဲ့ကစားလို့ရတဲ့ ကြက်တောင်ရိုက်အားကစားကို မိတ်ဆက်ရင်ပိုကောင်းမယ်”

ကျိုးယန်သည်ယခုတခေါက်ထိစပ်ဒေသမှပြန်ရောက်ပါကစနစ်၏စတိုးမှလိုအပ်သည့်ပစ္သည်းများကိုအနည်းငယ်ဝယ်ယူကာ စုယင်တို့ကိုကစားစေမည်ဟုတွေးလိုက်သည်။ ဘောလုံးအားကစားအတွက်မှာတော့ကျယ်ဝန်းသည့်ကစားကွင်းများတည်ဆောက်ရန်လိုအပ်သောကြောင့် အကုန်အကျရှိလာနိုင်သည်

ထို့အပြင်ထိုအရာကအသင်းအနည်းငယ်စုဖွဲ့ရဦးမည်ဖြစ်ကာသားရဲသတင်းတည်ငြိမ်သွားကာမှ ပြုလုပ်လျင်ပိုကောင်းပေမည်။

ရက်အချို့ထပ်မံကြာမြင့်ပြီးနောက် ကျိုးယန်သည်အဖိုးဝူနှင့် လူအချို့ကိုသာအသိပေး၍ မြောက်ဘက်

ဒေသနှင့်အနောက်ဘက်ဒေသထိစပ်နေရာသို့တဦးတည်း ထွက်လာတော့သည်။ တောနက်ကြီးသည်တိတ်ဆိတ်ကာ အရင်က အင်အားစုငယ်များရှိခဲ့သော်လည်း ယခုအခါတွင်မြို့တော်အသစ်သို့အကုန်

လုံးပြောင်းရွှေ့လာသောကြောင့်ထိုအင်အားစုများ၏ယခင်တည်နေရာများတွင်မြေကွက်လပ်များသာကျန်ရှိတော့သည်။

“သစ်ပင်တွေရဲ့အရေးပါမှုကိုဒီကလူတွေမသိကြလောက်ဘူး နေပါဦး ကျင့်ကြံရေးလောကအတွက်သဘာဝဘေးအန္တရာယ်ဆိုတာ ဖြေရှင်းရလွယ်မှာပေါ့”

ကျိုးယန်တယောက်ကမ္ဘာမြေနှင့်နှိုင်ယှဥ်၍တွေးလိုက်မိသည့်သူ့ကိုယ်သူလှောင်ရယ်မိသွားရသည်ရက်စက်သည့်လောကတခုဖြစ်သော်လည်းသာမန်လူသားများကဲ့သို့ပလပ်စတစ်မသုံးစွဲရေး သစ်ပင်သစ်တော ထိန်းသိမ်းရေး သန္တာကျောက်တန်းမပျက်စီးရေး စသည့်အချက်များဂရုစိုက်စရာမလိုပေ။

“သန္တကျောက်တန်းဆိုမှပင်လယ်ကမ်းခြေတခုခုကိုတောင်မရောက်ဖူးသေးဘူး လူဖြစ်ရမတန်လိုက်ပုံများ”

ကျိုးယန်၏မချိတင်ကဲစကားသံကိုစနစ်မှ

“ကျင့်ကြံသူတွေအတွက်ဘာခက်ခဲလို့လဲ အိုင်ကြီးတခုဖန်တီးပြီး ကမ်းခြေအတုလုပ်လေ”

စနစ်၏စကားကိုကျိုးယန်က

“တကယ့်ခံစားချက်ဆိုတာ အတုလုပ်လို့မရဘူး”

ကမ်းခြေဆိုသည့်ခံစားချက်ကိုကမ်းခြေအစစ်မှန်ကသာပေးစွမ်းနိုင်ပေမည်။အတုဆိုသည်ကတော့အစစ်လောက်မည်သည့်အရာမှ မကောင်းပေ။

All Chapters