← Chapters

လူဝင်စားဧကရီ

Vol. 8 Ch. 107

လူဝင်စားဧကရီ

Vol. 8 Ch. 107

ကျိုးယန်သည် စနစ်နဲ့စကားအခြေအတင်ပြော

ရင်း ထိစပ်ဒေသရှိရာသို့ရောက်ရှိလာသည်။ထိ

စပ်ဒေသသည် ဒေသနှစ်ခုကြားတွင်တည်ရှိ၍

လူနေကျေးရွာများလည်း ရှိတတ်ပေသည်။အ

များအားဖြင့် မြောက်ဘက်ဒေသတွင်သာ ထိုသို့

ကျေးရွာများရှိကာ ကြမ်းတမ်းသည့်အနောက်

ဘက်ဒေသတွင်တော့ ကျေးရွာအများစုသည်

ဒေသ၏ အလယ်ပိုင်းလောက်တွင်စုနေတတ်၍

ထိစပ်ဒေသတွင် ရှိမနေတတ်ကြပေ။

လမ်းတလျှောက် သားရဲများဖြတ်သန်းသွားလာ

ထားသည့် လက္ခဏာအချို့ကိုမြင်တွေ့ရသည့်အ

ပြင် အချို့ကျေးရွာများသို့ရောက်လျှင်လည်း

တော်ရုံလူများအတွက် သွေးပျက်စရာမြင်ကွင်း

များက စောင့်ကြိုနေလေသည်။

“အတော်ဆိုးဆိုးဝါးဝါးထိခိုက်သွားတာပဲ ဒုတိ

ယအစ်ကိုတော်ကတော့ ခေါင်းခဲစရာပဲ”

ကျိုးယန်သည် ရွာတခု၏လမ်းမအတိုင်းလျှော

က်ဝင်ပြီး သွေးကွက်များ အနည်းငယ်ပုပ်သိုးစ

ပြုနေသည့် အသားအပိုင်းအစများကိုလိုက်လံ

ကြည့်ရှုရင်း တီးတိုးပြောဆိုနေလေသည်။

“သားရဲတွေရဲ့လက္ခဏာအတိုင်းပဲဆိုပေမယ့်

လူနေဒေသတွေကို ရုတ်တရက်တိုက်ခိုက်တဲ့ကိ

စ္စက နားလည်ရခက်စေတယ်”

တဲအိမ်အများစုမှာ ပြိုကျလျက်ရှိပြီး သွေးညှီနံ့

များလှိုင်ထနေသည်မှာ အော့အန်ချင်စရာပင်

ကောင်းနေသည်။ မြင်ကွင်များက ကြည့်ရက်စ

ရာမရှိသော်လည်း ထိုအရာက ကျင့်ကြံရေးက

မ္ဘာ၏ ပြယုဂ်တခုပင်ဖြစ်သည်။ ကျိုးယန်သည်

ကျေးရွာပတ်ပတ်လည်ကို စိတ်အာရုံအသုံးပြု

ကာ လေ့လာကြည့်လိုက်သည်။ အသက်ရှင်ကျ

န်ရစ်သူများ ရှိလိုရှိငြားဖြစ်သည်။

“ဟမ် လူရှိနေသေးတာပဲ ရွာသားတွေပဲလား”

ကျိုးယန်၏စိတ်အာရုံထဲသို့ မြင်ကွင်းတခုဝင်

ရောက်လာသည်။ ထိုမြင်ကွင်းက ရွာနှင့်အတန်

ငယ်ဝေးကွာသည့်နေရာတွင် လှိုဏ်ဂူငယ်လေး

တခုရှိကာ ထိုဂူငယ်လေးထဲတွင် နှစ်နှစ်ကျော်

ခန့်အရွယ်ရှိသည့် ကလေးငယ်တဦးကိုချီမ၍

အမျိုးသမီးတဦးက ချက်ပြုတ်ရန်ကြိုးစားနေ

သည့် မြင်ကွင်းဖြစ်သည်။ ချက်ချင်းပင် ထိုနေ

ရာရှိရာသို့ သွားလိုက်သည်။ နေရာသို့ရောက်လျှ

င် လှိုဏ်ဂူငယ်လေးကိုတွေ့လိုက်ရပြီး သဘာဝ

အလျောက်ဖြစ်နေသည့်ပုံပေါ်ကာ သစ်ပင်အချို

ကအုပ်ဆိုင်းထားသောကြောင့် အကာအကွယ်ပုံ

စံဖြစ်၍ စိတ်အာရုံဖြင့်သာ အာရုံမခံပါကတွေ့

မြင်ရန်ခက်ပေမည်။ ကျိုးယန်သည် အသာအ

ယာပုံစံဖြင့်ပင် လှိုဏ်ဂူငယ်လေးဆီ ချဥ်းကပ်

သွားလိုက်သည်။ အထဲရှိအမျိုးသမီးက ကျေး

ရွာသူတစ်ဦးဖြစ်သည်ဆိုပါက သားရဲဝင်ရောက်

ခြင်းနှင့်ပက်သက်၍ သိလိုရာအချို့မေးမြန်း၍

ရနိုင်ပေမည်။

ကျိုးယန်တယောက် လှိုဏ်ဂူထဲရောက်သွားချိန်

တွင် လှိုဏ်ဂူက ဆယ်ပေသာသာကျယ်ဝန်းပြီး

အထဲတွင် အဝတ်စများကို အိပ်ရာသဖွယ်ခင်း

ကျင်းထားပြီး ထိုအရာက ကလေးငယ်လေးအိ

ပ်စက်ရန်ဖြစ်ရပေမည်။ မြေအိုးငယ်လေးများ

မီစအနည်းငယ်တောက်နေသည့် မီးဖိုလေးဘေး

တွင် အမျိုးသမီးက မြေအိုးအသေးတခုတင်၍

တစုံတရာကို ချက်ပြုတ်နေဟန်ပေါ်သည်။ထို

စဥ် တစုံတရာကိုသတိထားမိလိုက်၍ထင် ချက်

ချင်းပင် လှိုဏ်ဂူဝသို့ ကြည့်လာသည်။

“ဟင် ဘယ်သူလဲ”

အနည်းငယ်ထိတ်လန့်သွားသည့်ပုံစံဖြင့်ကလေး

ငယ်ကို ချီမထားရင်းနှင့်ပင် အနောက်သို့ဆုတ်

ခွာသွားသည်။ အဖာရာများပြည့်နေသည့် အဝ

တ်အစားများကိုဝတ်ဆင်ထားပြီး မျက်နှာတွင်

စိတ်ရှုပ်ထွေးမှုများ စိတ်အားငယ်မှုများပြည့်နေ

သည့် အမျိုးသမီးကိုကြည့်ကာ ကျိုးယန်က

“စိတ်အေးအေးထားပါ အစ်မ ကျတော်ကအန္တ

ရာယ်ပေးမဲ့သူမဟုတ်ပါဘူး”

ကျိုးယန်ကလေသံကိုအတတ်နိုင်ဆုံးနူးညံ့စေရ

န်သတိထား၍ပြောလိုက်ပြီး ကလေးငယ်လေး

ဆီအကြည့်ရောက်သွားသည်။ အိပ်ပျော်နေပုံရှိ

သည့် ကလေးငယ်လေးသည် မိန်းခလေးဖြစ်ဟ

န်တူကာ မို့အစ်နေသည့်ပါးဖောင်းဖောင်းများ

ညစ်ပေနေသော်လည်း ဝင်းဝါနေသည့်အသား

အရေကို ဖုံးကွယ်ထားနိုင်ခြင်းမရှိဟန်တူကာ

ကလေးငယ်သည် သာမန်ထက်ပို၍ချစ်စဖွယ်

ကောင်းမည်မှာ သေချာသလောက်ရှိလေသည်။

ကျိုးယန်၏လေသံကို သတိထားမိသည်နှင့် အ

နည်းငယ်သတိလျော့သွားကာ သက်ပြင်းချလို

က်သည်။

“ဘာပဲဖြစ်ဖြစ် ရှင်အထဲကိုထပ်တိုးမလာပါနဲ့

ကျမ ယောက်ကျားပြန်လာတဲ့အခါမှ ပြောစရာ

ရှိတာကိုပြောပါ”

သူမကသတိအပြည့်ထားနေဟန်ဖြင့် ကျိုးယန်

ကိုလှိုဏ်ဂူထဲ ရှေ့ဆက်မဝင်ခိုင်းပေ။ ကျိုးယန်

က ဦးခေါင်းကိုညိတ်ပြ၍

“ကောင်းပြီ ကျတော့်မှာမေးစရာအချို့ရှိလို့ပါ

ကိစ္စမရှိပါဘူး လှိုဏ်ဂူအပြင်မှာစောင့်နေပါမယ်

စိတ်ကိုအေးအေးထားပါအစ်မ”

ကျိုးယန်က လှိုဏ်ဂူအပြင်သို့ပြန်ထွက်သွားပြီး

အဆိုပါအမျိုးသမီး၏ ယောက်ကျားဖြစ်သူကို

စောင့်ဆိုင်းရန်သာရှိတော့သည်။ အချိန်တနာရီ

ခန့်အကြာတွင် လှိုဏ်ဂူဘက်သို့လျှောက်လာသ

ည့် ခြေသံတခုကြားလိုက်ရကာ အမျိုးသားတဦ

၏ပုံရိပ်ထွက်ပေါ်လာသည်။ ထိုအမျိုးသားသ

ည် ကျိုးယန်ကိုလှိုဏ်ဂူအဝတွင် တွေ့လိုက်သည်

နှင့် အထိတ်တလန့်ဖြစ်သွားပြီး လက်ထဲတွင်ကို

င်ဆောင်ထားသည့် လက်နက်ကိုကျစ်နေအောင်

ဆုပ်ကိုင်လိုက်သည်။ ထိုသူ၏ခန္ဓာကိုယ်ပေါ်တွ

င်လည်း ဒဏ်ရာအချို့ရှိထားကာ ကျောပေါ်၌

ခြင်းတောင်းတခုကိုသယ်ပိုးထားပြီး စား၍ရနိုင်

သည့် အရွက်နှင့်အသီးအနည်းငယ်ကိုထည့်ထာ

လေသည်။ ကျိုးယန်က ထိုသူကိုတွေ့သည်နှင့်

နောက်တဖန် ထုံးစံအတိုင်းထပ်ပြောရပြန်သည်

“စိတ်အေးအေးထားပါ နောင်ကြီး ကျုပ်ကအန္တ

ရာယ်ပေးမဲ့သူမဟုတ်ပါဘူး လှိုဏ်ဂူထဲကိုလည်း

မဝင်ရသေးပါဘူး သိလိုတာအချို့ရှိတဲ့အတွက်

မေးစရာရှိလို့ စောင့်နေတာပါ”

ကျိုးယန်က ကျင့်ကြံသူတောင်မဟုတ်သည့် ထို

သူကိုမကြောက်ပေ။ သို့သော် လှိုဏ်ဂူထဲရှိအမျို

သမီးနှင့်ယှဥ်တွဲ၍ အမြင်မှားမည်ကိုကြောက်သ

ည့်အပြင် တခြားသူများကဲ့သို့လည်း ခွန်အားကို

အသုံးပြု၍ ခြိမ်းခြောက်တတ်သည့်လူမျိုးမဟု

တ်ပေ။

တဖက်သူသည် ကျိုးယန်၏ မိသားစုကြီးများမှ

သခင်လေးတပါးကဲ့သို့အသွင်ပြင်မျိုးကို ခံစား

မိလိုက်၍ထင် သတိအနည်းငယ်လျော့သွားကာ

ကျင့်ကြံသူဖြစ်ပုံရသည့် ကျိုးယန်သာအန္တရာယ်

ပေးလိုပါက ယခုလိုပြောလာမည်မဟုတ်ဟု ထို

သူတွေးလိုက်သည်။ ဆုပ်ကိုင်ထားသည့်လက်န

က်ကို လွှတ်၍ ကျိုးယန်ကိုပြောလာသည်။

“အထဲကို လိုက်ခဲ့ပါ ခဗျားကို ကျတော်ယုံပါတ

ယ်”

မည်သည့်အတွက်ကြောင့်မှန်းမသိသော်လည်း

တဖြေးဖြေးပင် အဆိုပါလူငယ်လေးမှာ သူတို့

ကိုအန္တရာယ်မပေးနိုင်ဟု ယုံကြည်လာ၍အထဲ

သို့ ဖိတ်ခေါ်လိုက်ခြင်းဖြစ်သည်။ ကျိုးယန်က

ခေါင်းညိတ်ပြလိုက်ပြီး ထိုသူကိုအရင်ဝင်စေသ

ည်။ သူတို့နှစ်ဦး လှိုဏ်ဂူထဲဝင်ရောက်လာသည်

ကိုမြင်လျင် အမျိုးသမီးမှ လှည့်ကြည့်လာသည်

“ယောက်ကျား ဒဏ်ရာတွေရလာပြန်ပြီလား”

အမျိုးသမီးက ကလေးငယ်ကိုအဝတ်စအိပ်ရာ

ပေါ်အသာချ၍ အမျိုးသား၏ကျောပေါ်မှခြင်း

တောင်းကို ကူကာအောက်ချပေးလိုက်သည်။ပြီ

နောက် မျက်ရည်များဝဲနေသည့် မျက်ဝန်းအစုံ

ဖြင့် ယောက်ကျားဖြစ်သူကို ပြစ်တင်ပြောဆိုလို

က်သည်။

“ကျမပြောပါတယ် ကျမတို့ဒီအနီးနားကအသီး

အရွက်တချို့နဲ့တင် အဆင်ပြေပါတယ်လို့ အခု

ဒဏ်ရာတွေရလာပြီ ရှင့်ဒဏ်ရာတွေကိုကုဖို့ ကျ

မတို့မှာ ဘာဆေးဝါးရှိမနေဘူးလေ ကြာရင်အဲ့

ဒဏ်ရာတွေကြောင့် ရှင်တခုခုဖြစ်သွားရင် ကျမ

တို့သားအမိ ဘယ်သူ့ကိုအားကိုးရမလဲ”

အမျိုးသမီး၏ တဖျစ်တောက်တောက်စကား

များကို အမျိုးသားကစိတ်မဆိုးသည့်အပြင်အ

နည်းငယ်ပင်ပြုံး၍

“ငါသိပါတယ်မိန်းမရာ ဒါပေမဲ့ အသီးအရွက်ချ

ည်းပဲ စားမယ်ဆိုဘယ်လိုလုပ်အာဟာရဖြစ်မှာ

လဲ ငါ့မှာအမဲလိုက်တဲ့အတွေ့အကြုံရှိပြီးသားပါ

ယုန် ဖွတ်လို သားကောင်ငယ်လေးတွေလောက်

ကတော့ အမဲလိုက်နိုင်ပါသေးတယ်”

အမျိုးသားက ကလေးငယ်လေးရှိရာသွား၍ချီ

မလိုက်သည်။ ကလေးငယ်သည် ဖခင်ဖြစ်သူမှ

ချီမလိုက်၍ထင် နိုးလကာ ကာတွန်းမျက်လုံးကဲ့

သို့ ဝိုင်းစက်ကြည်လင်နေသည့် မျက်လုံးလေး

များဖြင့်ကြည့်ကာ လက်သီးဆုပ်လေးများကို

လည်း ဖြန့်ချီဆုပ်ချီလုပ်လျက် ဖခင်ဖြစ်သူကို

စကားပြောလာသည်။

“ဖေဖေ ပြန်လာပြီလား ဘာပါလာလဲဟင်”

နှစ်နှစ်ကျော်ဆိုသော်လည်း ကျင့်ကြံရေးလော

ကရှိကလေးငယ်များသည် ကျင့်ကြံသူများ၏

မျိုးတက်မဟုတ်သည့်တိုင်အောင် ကမ္ဘာမြေမှ

ကလေးများထက် စကားပြောပိုစောကာ ပို၍ပင်

အတတ်မြန်ကြပုံရှိသည်။ ကျိုးယန်သည် ထို

ကလေးငယ်လေးကို ကြည့်ရင်းပင် တဖြေးဖြေး

ချစ်မြတ်နိုးလာသည်ဟု ခံစားလိုက်ရသည်။

“ငါက ကလေးချစ်တတ်တာနဲ့ ဒီကလေးမလေး

ချစ်ဖို့ကောင်းပုံနဲ့တော့ ဟုတ်နေပြီ”

အမျိုးသားက ကလေးမလေး၏နှာခေါင်းကို

အသာတို့၍

“သမီးလေးအတွက် ဖေဖေကအသီးတွေအများ

ကြီးယူလာတာပေါ့”

“ခိခိ ခိခိ”

ကလေးမလေးသည် သာယာသည့်ချစ်စဖွယ်အ

သံလေးဖြင့်ရယ်၍ ဖခင်ဖြစ်သူ၏လက်ထဲတွင်

ခန္ဓာကိုယ်ကိုတွန့်လိမ်နေကာ ပျော်ရွှင်နေပုံရှိသ

ည်။

“ရှင်က ခုနကလှိုဏ်ဂူထဲဝင်လာတဲ့ တယောက်မ

ဟုတ်လား ဘာကိစ္စများသိချင်တာရှိလို့လဲ”

ပစ္စည်းများကိုနေရာချနေသည့် အမျိုးသမီးက

ကျိုးယန်ကိုကြည့်၍ မေးလာသည်။ကျိုးယန်က

“ကျတော်က သားရဲနှိမ်နင်းရေးအဖွဲ့ကပါ သားရဲ

တွေဝင်ရောက်လာတဲ့သတင်းကိုကြားလို့ စုံစမ်း

နေတဲ့သူပါ အစ်မတို့က ကျေးရွာသားတွေမဟု

တ်လား အစ်မတို့ကျေးရွာကကော သားရဲတွေ

ဖျက်စီးတာခံလိုက်ရပြီလား”

ကျိုးယန်ကသူ၏ပုံရိပ်အမှန်ကိုထုတ်မပြောပေ။

ကျိုးယန်၏စကားကိုကြားလျှင် အမျိုးသားက

“ညီလေးက ဒုတိယမင်းသားလက်အောက်ကနဲ့

တူတယ် ဟုတ်တယ် အစ်ကိုတို့တရွာလုံးသားရဲ

တွေဖျက်စီးတာခံလိုက်ရပြီ အစ်ကိုတို့မိသားစု

တောင်မနည်းရုန်းထွက်ခဲ့ရတာ”

ကလေးမလေးမှ ဖခင်၏ကိုယ်ပေါ်မှနေ၍ ကျိုး

ယန်ကို ကြည့်လာပြီး ရယ်ပြသည်။

“ကျတော်သိချင်တာက သားရဲတွေရုတ်တရက်

ဝင်ရောက်လာတဲ့ပုံစံက ထူးဆန်းနေလို့နောက်

ကွယ်မှာ တခုခုများရှိနေမယ်လို့ထင်မိတယ်အစ်

ကိုတို့အနေနဲ့ ထူးခြားတာများတခုခုသတိထားမိ

ခဲ့လား”

ကျိုးယန်၏အမေးကို အမျိုးသားကခနစဥ်းစား

ဟန်ပြု၍ ခေါင်းခါပြသည်။

“သတိမထားမိဘူး သားရဲတွေဝင်လာတော့လူ

တိုင်းအသက်ရှင်ဖို့ ကြိုးစားရုန်းကန်ကြရတာ

တခြားတခုကိုအာရုံရဖို့ မကြိုးစားနိုင်ကြဘူး”

ထိုအမျိုးသားပြောသည်ကလည်းမှန်ပေသည်။

ကျင့်ကြံသူများသာ တိုက်ပွဲဖြစ်နေချိန်တွင်စိတ်

အာရုံဖြင့် တခြားနေရာများကို ကြည့်ရှုနိုင်မည်

မဟုတ်လား။

“ကျမတို့ ရွာထဲကထွက်လာတော့ တွေ့လိုက်တဲ့

လူ၅ဦးကကော ဘာတွေလဲယောက်ကျား”

အမျိုးသမီးက တစုံတခုကိုသတိရသွားသည်ထ

င် ယောက်ကျားဖြစ်သူကိုမေးလိုက်သည်။

“လူ၅ဦးလား ဘယ်လိုပုံစံတွေလဲ”

ကျိုးယန်ကချက်ချင်းပင်မေးလာသည်။

“အစ်ကိုတို့လည်း သူတို့သတိထားမိသွားကြမှာ

စိုးလို့ အမြန်ရှောင်ထွက်ခဲ့ရတော့ သေချာသတိ

မထားမိလိုက်ဘူး ပုံစံတွေကတော့ ကျင့်ကြံသူ

တွေဖြစ်မှာပါ အကုန်လုံးက တူညီဝတ်စုံကိုဝတ်

ထားကြတယ် အဲ့လောက်ပဲ”

တူညီဝတ်စုံ?ထိုအရာက ဂိုဏ်းများ၏လက္ခဏာ

ပင်မဟုတ်လော။ မိသားစုကြီးများတွင်လည်း

ထိုသို့တူညီဝတ်စုံများရှိတတ်သော်လည်း အစဥ်

အမြဲဝတ်ဆင်ကြသည်တော့မဟုတ်ပေ။ ယခုပုံ

စံက ဂိုဏ်းတခုခုမှဖြစ်နိုင်ချေရှိသည်။

……………………………………………

All Chapters