← Chapters

လူဝင်စားဧကရီ ၂

Vol. 8 Ch. 108

လူဝင်စားဧကရီ ၂

Vol. 8 Ch. 108

ကျိုးယန်တယောက် တူညီဝတ်စုံများအကြောင်

ကိုအလေးအနက်စဥ်းစားလိုက်မိသည်။ စုယင်

၏စကားအရ သားရဲထိန်းချုပ်ခြင်းဂိုဏ်းဆိုတဲ့

ရှေးဟောင်းဂိုဏ်းတခုကများ ပါဝင်ပက်သက်

နေသည်လား။ မြို့တော်ပြန်ရောက်မှ အဖိုးဝူကို

သေချာမေးရမယ် ဟု တွေးလိုက်သည်။

ကျိုးယန်တယောက်အတွေးများနေစဥ် ကလေး

မလေးက ကျိုးယန်ဆီလက်ဆန့်တန်း၍ သူမကို

ချီရန် ခွင့်တောင်းသည့်ပုံစံပြုလုပ်နေလေသည်။

“အမ် သမီးလေးကပုံမှန်ဆိုလူစိမ်းအချီမခံပါဘူ

အခုကျ ထူးဆန်းလိုက်တာ”

အမျိုးသမီးက သူ့သမီး၏ပုံစံကြောင့်မှင်သက်

နေလေသည်။ သူမ၏သမီးလေးသည် အသက်

အရွယ်နှင့်မလိုက်အောင်ပင် သိတတ်လွန်းကာ

မွေးစတည်းမှစ၍ ဂျီကျခြင်း ဂျစ်တိုက်ခြင်းမျာ

မရှိခဲ့ပေ။ ထို့အပြင် မရင်းနီးသည့်လူစိမ်းများမှ

ချီပိုးခြင်းကိုလည်း လက်ခံခဲ့သူမဟုတ်ပေ။

ကျိုးယန်တယောက် အတွေးလွန်နေရာမှကလေ

မလေး၏ လက်နှစ်ဖက်သူ့ဆီဆန့်တန်းလာသ

ည်ကိုမြင်လျှင် အံ့သြသွားသည်။ သို့သော်မိဘ

နှစ်ပါး၏ ခွင့်ပြုချက်ကိုတောင်းခံသည့်အနေဖြ

င့် တချက်လှည့်ကြည့်သည့်အခါ မိခင်ဖြစ်သူမှ

ဦးခေါင်းကိုညိတ်ပြလာသည်။ ထို့ကြောင့် ကျိုး

ယန်လည်း သူ့ဆီလာချင်နေပုံရှိသည့် ကလေးမ

လေးကို လှမ်း၍ချီလိုက်ရသည်။

“သူမ နာမည်ကဘာများလဲ”

ကျိုးယန်က ကလေးမလေးကို ချစ်မြတ်နိုးစွာချီ

ထားရင် မေးလိုက်သည်။

“ ရှောင်ရှောင်ပါ အစ်ကို့မျိုးရိုးက ရှောင်လေ”

ကျိုးယန်က ခေါင်းညိတ်ပြလိုက်သည်။ပြီး​နော

က် စနစ်၏စတိုးထဲမှ ကလေးများအတွက်ပေး

ရန်သင့်တော်သည့်အရာတခုခု တွေ့လိုတွေ့ငြား

ရှာကြည့်သော်လည်း မတွေ့ရပေ။

“အစ်မတို့ဆီမှာ တခြားဧည့်ခံစရာတော့မရှိပါ

ဘူး စိတ်ထဲမထားရင် ဒီအသီးအရွက်ဟင်းရည်

တချို့နဲ့ ဧည့်ခံပါရစေ”

ကျိုးယန်၏ပုံစံက သူမတို့အတွက် အန္တရာယ်မ

ရှိသည်ကို သတိပြုမိသွားပြီးနောက် ကျိုးယန်

ကို တလေးတစားပင် ဖိတ်လာသည်။ ကျိုးယန်

က မြေအိုးငယ်လေးဆီ တချက်လှမ်းကြည့်ကာ

ပြုံးလိုက်သည်။ ပြီးနောက်

“ကိစ္စမရှိပါဘူး အဆင်ပြေပါတယ် ဒါပေမဲ့ ခန

စောင့်ပေးလို့ရမလား”

ကျိုးယန်က ကလေးမလေးကို သူမ၏ဖခင်ထံ

ပြန်ပေး၍ သားကောင်ငယ်အချို့ဖမ်းဆီးလိုပေ

မဲ့ ကလေးမလေးက သူ့ဆီမှမဆင်းတော့ချေ။

“ကောင်းပြီ ဦးဦးက သမီးအတွက် သားရဲတချို့

အခုပဲ သွားဖမ်းပေးမယ် သမီးလေးကဒီမှာပဲ

လိမ်လိမ်မာမာလေး စောင့်နေပေးဟုတ်ပြီလား”

ကျိုးယန်၏ဖြောင့်ဖျစကားကိုကြားမှ ကလေးမ

လေးက သူမ၏ဖခင်ဆီပြန်သွားကာ ချစ်စဖွယ်

အသံလေးဖြင့် ပြောလာသည်။

“ဦးဦး သားရဲတွေအများကြီးဖမ်းလာခဲ့နော်”

“ သေချာတာပေါ့သမီးရဲ့ အများကြီးဖမ်းခဲ့မယ်”

ကျိုးယန်သည် ထိုလင်မယားနှစ်ဦးကိုနှုတ်ဆ

က်ကာ ဂူအပြင်သို့ထွက်သွားလိုက်သည်။ သူ့အ

တွက် သားကောင်ရှာသည်က လွယ်လွန်းပေသ

ည်။ မိနစ်အနည်းငယ်ကြာပြီးနောက် ကြီးမားတဲ့

ယုန်ကြီး နှစ်ကောင်ဖမ်းမိလိုက်ကာ လှိုဏ်ဂူဆီ

ပြန်လည်ရောက်ရှိလာသည်။

ကျိုးယန်၏လက်ထဲမှ သားကောင်များကိုတွေ့

လျင် အမျိုးသားက မျက်နှာပျက်သွားသော်လဲ

အလျင်အမြန်ပင် ထိန်းချုပ်လိုက်သည်။ သူက

ကျင့်ကြံသူမှ မဟုတ်လေပဲ။ ကျိုးယန်လိုအလွ

ယ်တကူ သားကောင်ဖမ်း၍မရနိုင်ပေ။

ကျိုးယန်က သားကောင်ကို အသင့်မီးကင်ရန်

သူကိုယ်တိုင်ခုတ်ထစ်ဆေးကြောကာ အမျိုးသ

မီးလက်ထဲအပ်လိုက်သည်။ ကလေးမလေးသ

ည် စားစရာအသားများကိုတွေ့သောကြောင့်

ပျော်ရွှင်သွားပုံရကာ ကျိုးယန်၏ကိုယ်ပေါ်မှနေ

၍ လက်ခုပ်များအဆက်မပြတ်တီးကာ တခစ်

ခစ် ရယ်မောနေပြီး သူမ၏မိခင်ကိုလည်း အမြ

န်ဆုံး ပြုလုပ်ပေးရန်တောင်းဆိုနေလေသည်။

ခနအကြာစားစရာများအသင့်ဖြစ်သွားပြီးနောက် ဟင်းရည်နှင့်ယုန်သားကင်များရရှိလာကာ

အတူတကွ ခေါင်းမဖော်တမ်းစားကြတော့သ

ည်။ စားနေရင်းဖြင့်ပင် ကျိုးယန်ကသူ့ကိုယ်သူ

အမှန်တိုင်းမိတ်ဆက်သော်လည်း တဖက်သူမျာ

က မင်းသား၈၏ အမည်ကိုမသိကြပေ။

အမျိုးသား၏အမည်က ရှောင်ဝူဖြစ်ကာ အမျိုး

သမီး၏အမည်ကာ ဟွာမုန့်ယင် ဖြစ်သည်။

“အစ်မ မုန့်ယင် ကျတော်နဲ့မြို့တော်အသစ်ကို

လိုက်ခဲ့မလား”

ကျိုးယန်၏အမေးကိုကြားလျင် ရှောင်ဝူက

“မြို့တော်အသစ်ဟုတ်လား မြောက်ပိုင်းဒေသ

မှာဘယ်တုန်းက မြို့တော်အသစ်ရှိသွားတာလဲ

အစ်ကိုလည်းမကြားမိပါလား ညီလေးရ”

“မြောက်ပိုင်းဒေသကမဟုတ်ပါဘူး အနောက်

ဘက်ဒေသထဲက မြို့တော်အသစ်ပါ အစ်ကိုတို့

မကြားမိဘူးလား”

ကျိုးယန်၏အမေးကိုနှစ်ယောက်လုံးက ဦးခေါ

င်းကိုသာ ခါယမ်းပြကြသည်။ သူတို့သည် ဒုတိ

ယမင်းသား ကျိုးစုန့်ကိုသာ သိကြပြီး ယခုအ

သက်အရွယ်ထိ မြောက်ဘက်ဒေသမှမထွက်ခွာ

ဘူးပေ။ ထို့ကြောင့် ပြည်ထောင်စု၏လက်ရှိအ

ခြေနေများကိုလည်း သိထားခြင်းမရှိကြပေ။

“ကျတော်က ဒုတိယမင်းသားလက်အောက်က

မဟုတ်ပါဘူး မြို့တော်အသစ်ကပါ အစ်ကိုတို့

အနေနဲ့တောထဲမှာ ဒီတိုင်းနေသွားလို့တော့မဖြစ်

ဘူးမဟုတ်လား အစ်ကို့ရဲ့ဒဏ်ရာတွေမရှိရင်

တောင် ဟိုတခါကဆုံတဲ့လူတွေနဲ့ တွေ့ရင်အန္တ

ရာယ်ရှိနိုင်သေးတယ် နောက်ပြီး ရှောင်ရှောင်

လေးရဲ့ အနာဂတ်ကလည်းရှိသေးတယ်”

ကျိုးယန်က ရှည်လျားစွာပြောပြလာသည်။သူ့

အနေဖြင့် ထိုသို့သာမန်လူများအပေါ်အနည်းင

ယ် ပေးကမ်းလိုက်၍ရသော်လည်း ရှောင်ရှောင်

လေးကို အချစ်ပိုနေမိသောကြောင့် သူနေထိုင်

သည့် မြို့တော်ကိုခေါ်ဆောင်ရန်ကြိုးစားကြည့်

ခြင်းဖြစ်သည်။ ကျိုးယန်၏စကားကို ထိုလင်မ

ယားက အတန်ကြာတွေးတောနေကြသည်။

“တောနက်ထဲနေတာထက်စာရင် မြို့တခုမှာရှင်

သန်တာက ပိုကောင်းမယ်ထင်တယ်ယောကျား

ကျမလည်း မြို့ထဲမှာအလုပ်တခုခုလုပ်လို့ရတာ

ပေါ့”

အမျိုးသမီးက ရှောင်ရှောင်၏အနာဂတ်ဟုကြား

ချိန်တွင် စိတ်ဝင်စားသွားကာ သူမ၏ယောကျား

ကို တိုက်တွန်းတော့သည်။ မိဘများသည် သူတို့

၏သားသမီးများအနာဂတ်ကို ကြို၍တွေးတော

တတ်ကြသည်မှာ မည်သည့်လောကတွင်ဖြစ်စေ

အတူတူသာဖြစ်ပုံရသည်။ အမျိုးသားကခေါင်း

ကိုခပ်ကြမ်းကြမ်းကုတ်၍

“သွားတာကဟုတ်ပါပြီ မြို့တော်အသစ်ကဝေး

လွန်းမနေဘူးလား ရက်တွေအများကြီးကြာမှာ

အစ်ကိုတို့လမ်းမှာတခုခုဖြစ်သွားနိုင်တယ်လေ”

ကျိုးယန်ကပြုံး၍

“ကျတော်နဲ့အတူလိုက်ခဲ့ရမှာပေါ့ ဘာမှစိတ်မပူ

ပါနဲ့ ကျတော်က ကျင့်ကြံသူတယောက်ပါ အစ်

ကိုတို့မိသားစု အန္တရာယ်ကင်းကင်းနဲ့မြို့တော်

ထိပို့ပေးလို့ရပါတယ်”

ကျိုးယန်၏စကားကိုကြားမှ ဟွာမုန့်ယင်လည်း

သက်ပြင်းမောကိုချကာ ကျိုးယန်ပြောသည့်

မြို့တော်အသစ်သို့လိုက်ပါရန် သဘောတူလိုက်

တော့သည်။ ရှောင်ဝူကတော့ ဇနီးဖြစ်သူ၏စ

ကားကို မငြင်းဆန်ခဲ့ပေ။ တချို့တလေကိုနား

လည်နေပုံရှိသည် ရှောင်ရှောင်လေးက ယုန်သာ

အနည်းငယ်ကိုစားနေရင်းမှ ပျော်ရွှင်စွာဖြင့်လ

က်များကို ဝေ့ယမ်းနေလေသည်။

ကျိုးယန်သည် ထိုမိသားစုနှင့်အတူ တနေ့တာ

အတူနေပြီးညအချိန်၌ အိပ်စက်ရန် သူကိုယ်တို

င် ပြင်ဆင်ပေးလေသည်။ အိပ်ရာခင်းများ နွေး

ထွေးသည့် စောင်များအပါအဝင်ဖြစ်သည်။ကျို

ယန်သာဆိုလျှင် အချိန်မရွေးထွက်ခွာနိုင်သော်

လည်း သာမန်သူများအတွက် တောနက်ထဲတွင်

ညအချိန်က အန္တရာယ်များပေသည်။ ထို့အပြင်

ရှောင်ရှောင်အတွက်လည်း မကောင်းပေ။

ကျိုးယန်၏ပစ္စည်းများကိုကြည့်ကာ ကျိုးယန်

၏နောက်ခံသည် သူတို့တွေးသည်ထက်ပို၍မြင့်

ပုံရသည်ကို ရှောင်ဝူသတိထားမိလိုက်သည်။မူ

လက မိခင်ဖြစ်သူနှင့်အတူအိပ်လေ့ရှိသည့် ရှော

င်ရှောင်လေးသည် ကျိုးယန်ရောက်ရှိလာချိန်

တွင်တော့ ကျိုးယန်၏လက်ပေါ်ကပင်မဆင်း

တော့ပေ။ သူမ၏မိဘများက အားနာသည့်အမူ

အရာများဖြင့်သာ ကျိုးယန်ကိုကြည့်နေနိုင်ကြ

သည်။

အချိန်တခုအကြာ စကားပြောဆိုပြီးနောက်တွင်

တော့ ရှောင်ဝူတို့လင်မယားလည်း အနားယူရန်

ကျိုးယန်ပြင်ပေးထားသည့်အိပ်ရာခင်းဆီသို့

သွားရောက်ကြပြီး ရှောင်ရှောင်လေးကိုတော့

ကျိုးယန်က သူ၏လက်ပေါ်တွင်သာ သိပ်ထား

ရလေသည်။ စကားတတ်လှသည့် သူမလေးသ

ည် စကားအပြောများ၍ မောသွားသည်ထင်

ကျိုးယန်၏လက်ပေါ်တွင် တခါတည်းအိပ်ပျော်

သွားလေသည်။

“စနစ် ဒီကလေးမလေးက ကျင့်ကြံလို့ရနိင်လား”

ကျိုးယန်က ရှောင်ရှောင်လေးကိုဘေးဘက်ရှိ

အိပ်ရာခင်းပေါ်အသာချကာ ချစ်စဖွယ်ကောင်း

သည့်မျက်နှာလေးကိုကြည့်ရင်း စနစ်ကိုမေးလို

က်သည်။

“စနစ်ရှင်ကသူ့ကို ဘာထင်နေလို့လဲ”

ကျိုးယန် မျက်မှောက်ကြုတ်လိုက်သည်။

“ငါက ဘာထင်ရမှာလဲ ကလေးပဲပေါ့”

ကျိုးယန်၏စကားကို စနစ်က

“ဟမ့် သူမက လူပြန်ဝင်စားလာတာကိုစနစ်ရှင်

မသိဘူးမဟုတ်လား”

“ပြန်ဝင်စားတာ ငါ့လိုပဲလား”

“ဟုတ်တယ် ဒါပေမဲ့သူမက ကမ္ဘာမြေကတော့မ

ဟုတ်ဘူး အင်မော်တယ်လောက ကပဲ အရင်ဘ

ဝတုန်းက အဆင့်မြင့်ဧကရီတပါးဖြစ်ခဲ့ပြီး သူမ

ရဲ့ယောက်ကျားကသစ္စာဖောက်ပြီး အသတ်ခံခဲ့

ရတာ”

အင်မော်တယ်လောက ပြီးတော့အဆင့်မြင့်ဧက

ရီ ဟုတ်လား။ ဘယ်အဆင့်ကိုအဆင့်မြင့်လို့

ပြောတာလဲ။ ကျိုးယန်တယောက် အတွေးများ

သွားရသည်။ အင်မော်တယ်လောကမှ အဆင့်

နိမ့်ကျင့်ကြံရေးလောကဆီပြန်ဝင်စားခြင်း။ ပြီး

တော့ ဧကရီတပါးလည်းဖြစ်နေသည်။

“သူမအရင်ဘဝက ဘယ်အဆင့်လဲ”

“ကောင်းကင်အင်မော်တယ် အထွဋ်အထိပ်”

ဟမ်…။ ကျိုးယန်သည် အသွင်ပြောင်းအင်မော်

တယ်အဆင့်ထက်တွင် မည်ကဲ့သို့အဆင့်များထ

ပ်မံရှိသေးသည်ကို မသိသော်လည်း ကောင်းက

င်အင်မော်တယ်အဆင့်ဆိုသည့် စကားလုံးအရ

သူ့အောက်တွင် အခြားအဆင့်များရှိနိင်သေးသ

ည်ဟု တွက်ဆလို​က်သည်။

“သူမက ရည်ရွယ်ချက်ရှိရှိ ပြန်ဝင်စားတာပေါ့

ဒါနဲ့ မင်းက ဒါတွေကိုဘယ်လိုလုပ်ပြီးသိနေရ

တာလဲ”

ကျိုးယန်က စနစ်ကိုမယုံနိုင်ဟန်ဖြင့်မေးသည်။

“တခုခုထူးခြားမယ်လို့ စနစ်ရှင်ကိုမပြောခဲ့ဘူး

လား သူက စနစ်ရှင်အတွက် ကံကြမ္မာလက်တွဲ

ဖော်တယောက်ပဲ”

သောက်ကျိုးနည်း။ နှစ်နှစ်သမီးလေးဟ ငါ့ကို

သက်ငယ်မုဒိန်းဖြစ်စေချင်နေတာလား။ငိုးထဲမှ

စနစ် ချောက်တွန်းနေပြီ။ ကျိုးယန်၏အတွေး

ကိုသတိထားမိသည့်စနစ်မှ

“ဘယ်လိုတွေတောင်တွေးချလိုက်ရတာလဲ အခု

ချက်ချင်းလက်တွဲဖော်လုပ်ခိုင်းနေတာမဟုတ်

ဘူးလေ သူမရွေးချယ်လိုက်တဲ့အခြေနေအရ

ကျင့်ကြံသူတယောက်လမ်းစဥ်ကို ပြန်လျှောက်

ဖို့ခက်လိမ့်မယ် စနစ်ရှင်က ကူညီပြီးသူမရဲ့ယခ

င်ဘဝက အဆင့်ကိုပြန်ရောက်အောင်လုပ်ပေးရ

မှာ”

ကျိုးယန်က အတန်ကြာငြိမ်သက်သွားသည်။သူ

တောင် ပကတိရှင်သန်ခြင်းအဆင့် ၁မှမတက်

သေးပေ။ သူမကိုမည်ကဲ့သို့ ကူညီရမည်နည်း။

ကျိုးယန်က ရှောင်ရှောင်လေးကိုတချက်ငုံ့ကြ

ည့်လိုက်သည်။ စနစ်မှသာ လက်တွဲဖော်ဟုပြော

နေသော်လည်း ယော်ကျား၏သစ္စာဖောက်ခြင်း

ကိုခံထားရသည့်သူမက ယောက်ကျားများကို

မုန်းတီးနေလျင်ကော။ နေစမ်းပါဦး ငါ့အတွေး

တွေက အရမ်းရှေ့ရောက်မနေဘူးလား လခွမ်း။

ထိုနေ့ညတွင် ကျိုးယန်ကမအိပ်စက်ခဲ့ပဲ။ကျင့်

ကြံခြင်းကိုသာအာရုံစိုက်ထားပြီး တဖက်တွင်

လည်း ပတ်ဝန်းကျင်ကိုစိတ်အာရုံဖြန့်ကျက်၍

သတိမပြတ်ထားနေလေသည်။ နောက်တနေ့

မနက်တွင်တော့ ရှောင်ဝူနှင့် ဟွာမုန့်ယင်တို့နိုးထ

လာကာ အဝတ်အစားများအနည်းငယ်ကပိုကရို

ဖြစ်နေဟန်ရှိသည့် ဟွာမုန့်ယင်သည် မျက်နှာနီ

ရဲသွားသော်လည်း ကိုယ်လက်သန့်စင်ရန် ဂူအ

ပြင်သို့ အလျင်အမြန်ပြေးထွက်သွားသည်။ ထို

နေ့မနက်စာကိုလည်း ကျိုးယန်ကပင် တာဝန်ယူ

စီမံပေးလိုက်ရပြန်သည်။ ထို့အပြင် ရှောင်ဝူ၏

ဒဏ်ရာကိုလည်း ဆေးလုံးအချို့ဖြင့်ကုသပေး

ကာ စနစ်၏စတိုးမှဝယ်ယူထားသည့်ဆေးလုံး

များသည် သာမန်လူများအတွက်လည်း အသုံး

ဝင်ပေသည်။

မနက်စာ စားသောက်ပြီး အချိန်တခုအကြာကု

သပေးပြီးနောက် ကျိုးယန်ကရှောင်ရှောင်လေး

ကိုချီလျက် ရှောင်ဝူတို့လင်မယားကတော့လက်

ချင်းတွဲကာ မြို့တော်အသစ်ရှိရာအနောက်ဘက်

ဒေသသို့ ကျိုးယန်နှင့်အတူလိုက်ပါလာကြတော့

သည်။

…………………………………………….

All Chapters