ဝိဉာဥ်မျိုးနွယ်
Vol. 8 Ch. 109
တောင်ဘက်ဒေသသည် အခြားသောဒေသများ
ကဲ့သို့ တောအုပ်ထူထပ်စွာမရှိသော်လည်း တော
င်တန်းများမှာတော့ ပေါများလှသည်။ ရှည်လျာ
စွာထိစပ်နေသည့် စုန့်ပြည်ထောင်၏နယ်နိမိတ်
အချို့ရှိကာ ထိုဒေသတွင်အင်အားကြီးမျိုးနွယ်
အဖြစ် ဝိဉာဥ်မျိုးနွယ်က အုပ်စိုးထားသည်မှာလဲ
နှစ်ပေါင်းများစွာကြာမြင့်ခဲ့ပြီဖြစ်သည်။
ဝိဉာဥ်မျိုးနွယ်သည် ပြည်ထောင်စုအရေးကိစ္စ
များတွင်ပါဝင်လေ့မရှိခဲ့သည့် မျိုးနွယ်ဖြစ်ကာ
ဧကရာဇ်ကျိုးဟန် တန်ခိုးထွားစဥ်ကာလကပင်
ထိုဒေသကိုဧကရာဇ်က ဘေးမဲ့ပေးကာလွတ်လ
ပ်သည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတခုအဖြစ်
လက်ခံပေးခဲ့ရသည်။မည်သည့်အတွက်ကြောင့်
နည်း။ ခွန်အားကြောင့်သာဖြစ်သည်။
တတိယမင်းသမီးကျိုးယင်ချင်းသည် ထိုဒေသ
ကိုအပိုင်စားရလာသည့်အခါ ပထမဦးစွာဝိဉာဥ်
မျိုးနွယ်နှင့်သင့်တင့်အောင်ကြိုးစားခဲ့ရသည်။
ဝိဉာဥ်မျိုးနွယ်ဝင်များသည် ကျင့်ကြံမှုမြင့်မား
ကြကာ မောက်မာသည့်စိတ်ရှိသည်။ အသွင်အ
ပြင်များမှာလည်း နတ်သူငယ်များကဲ့သို့ပင်ချော
မောပြေပြစ်ကြသည်။
ဝိဉာဥ်မျိုးနွယ်ကို မျိုးနွယ်စုဘုရင်ဖြစ်သည့်
ကျင်းတလျန်မှ အုပ်ချုပ်ပြီး သားတော်နှစ်ပါး
နှင့်သမီးတော် တပါးရှိကာ ပထမသားတော်ကို
ကျိုးယင်ချင်းနှင့်လက်ဆက်ရန် သဘောတူညီ
မှုပြုလုပ်ထားကြသည်။ထိုအရာက နိုင်ငံရေးအ
ရ လက်ထပ်ထိမ်းမြားမှုဖြစ်သော်လည်း ပထမ
သားတော်သည် ကျိုးယင်ချင်းကိုအမှန်တကယ်
ပင် နှစ်သက်သူဖြစ်သည်။
“မြောက်ပိုင်းနဲ့အနောက်ပိုင်းတွေမှာသားရဲလှုပ်
ရှားမှုသတင်းအချို့ရလိုက်တယ် ယင်ချင်းအဲ့
ကိစ္စကို မင်းဘယ်လိုမြင်လဲ”
ကျင်းတလျန်က ကျိုးယင်ချင်းကိုမေးသည်။
“နန်းတွင်းထဲက မှတ်တမ်းတွေမှာဖော်ပြချက်အ
ရဆိုရင်တော့ အကောင်းကြီးမဟုတ်ဘူး အဲ့ဒါ
ပြည်ထောင်စုမှာ ကြီးကျယ်တဲ့သတ်ဖြတ်ပွဲကြီး
တခုဖြစ်လာနိုင်တဲ့နိမိတ်ပဲ”
ကျိုးယင်ချင်း၏စကားကိုပထမသားတော်က
“ဘာနိမိတ်လဲ မင်းတို့လူသားတွေကအယူသည်း
လွန်းတဲ့မျိုးနွယ်တွေပဲ အခုမြောက်ပိုင်းကသား
ရဲတွေကြောင့် အတော်ထိခိုက်သွားတယ် ဒါကမ
ရိုးရှင်းဘူးဆိုတာကို လူပိန်းတောင်သိနိုင်တယ်
မဟုတ်လား”
ကျင်းတလျန်က
“ဘာပဲဖစ်ဖစ် ငါတို့ဒေသနဲ့လည်းအနည်းငယ်ထိ
စပ်နေတော့ သတိထားရလိမ့်မယ် ဒါနဲ့မင်းသား
၈ရဲ့ ဂုဏ်သတင်းတွေကပြန့်နေပြီ ယင်ချင်းမင်း
မောင်လေးရဲ့အလားအလာကိုဂရုစိုက်ပါ”
ကျိုးယင်ချင်းက ကျင်းတလျန်ရဲ့စကားကို
ခေါင်းညိတ်ပြလိုက်သည်။ သူမသည်လည်းထို
အရာများကို မထင်မှတ်ထားခဲ့သူဖြစ်ကာ ထိုအ
မှိုက်ကောင်ကို ယခုလောက်ထိဖြစ်လာမည်ဟု
မထင်ထားခဲ့ချေ။ လက်တွေ့တွင်တော့ ထိုအမှို
က်က သူမတို့နှင့်ရင်ဘောင်တန်းစပြုလာချေပြီ
“အမှိုက်က အမှိုက်ပါပဲ လက်နက်ဆန်းတွေနဲ့
သူ့ကိုယ်သူ ဂုဏ်ယူဝင့်ကြွားနေတာမဟုတ်လား
ဘာများထူးဆန်းလို့လဲ”
ပထမသားတော်က မဲ့ရွဲ့စွာပြောလာသည်။ပက်
သက်မှုအရ ကျိုးယန်သည် သူ၏ယောက်ဖသာ
ဖြစ်သော်လည်း အလိုလိုမျက်မုန်းကျိုးနေလေ
သည်။ ကျင်းတလျန်ကထိုစကားကိုကြားလျှင်
မျက်မှောက်ကြုတ်ကာ
“အမှိုက်လား အသက်၂၀ နဲ့ပကတိရှင်သန်ခြင်း
အဆင့် မင်းဘယ်သူ့ကိုမြင်ဖူးလဲ”
ပထမသားတော်ပါးစပ်ပိတ်သွားရသည်။ထိုအ
ချက်ကြောင့် သူကိုယ်တိုင်လည်းအရှက်ရရသ
ည်ဟု တွေးနေမိသည်။ သူတို့သည် အသက်တူ
ဖြစ်သော်လည်း သူပ သိုင်းပညာရှင်အဆင့်၇
သာရှိသေးသည်မဟုတ်လား။ ဒုတိယသားတော်
သည် သူအစ်ကို၏ပုံစံကိုကြည့်ကာ ကျိတ်ရယ်
နေလေသည်။ ထိုမောက်မာသည့်ကောင်ကို သူ
တကယ်ကြည့်မရပေ။ အရည်အချင်းထက်
မောက်မာမှုက ပိုနေသည်။ ထိုသားတော်အတွ
က် ဖခင်ဖြစ်သူက မည်သို့များမျှော်လင့်ချက်ရှိ
နေသနည်း။ရယ်စရာကောင်းပေသည်။
“ညီတော် မင်းကကောအခုဘယ်အဆင့်မှာမို့
ငါ့ကိုလှောင်ချင်နေတာလဲ”
ပထမသားတော်က သူ့ညီ၏ကျိတ်ရယ်မှုကိုမြင်
လျှင် မကျေမနပ်ဖြင့်မေးလာသည်။
“အိုဝိုး ကျုပ်က အဆင့်၆ ပဲရှိသေးတာပါအစ်ကို
တော် ဒါပေမယ့် အပြောနဲ့အလုပ်ကတော့ညီသ
ဗျ ဟားးဟားး”
ထိုစကားသည် တိုက်ရိုက်ပင်ထိကာ ပထမသား
တော်၏မျက်နှာကိုရှုံ့မဲ့သွားစေသည်။
“တော်ကြစမ်း မင်းတို့နှစ်ယောက်က တွေ့တာနဲ့
ရန်စောင်နေကြတာပဲ ရှေ့လျှောက်ဘယ်လိုများ
အတူအလုပ်လုပ်ကြမလဲ”
ကျင်းတလျန်က သားတော်နှစ်ယောက်လုံးကို
ပြင်းထန်စွာငေါက်ငမ်းလိုက်သည်။ သူ၏သား
တော်များသည် အရည်အချင်းအချို့ရှိထားပေ
သော်လည်း အချင်းချင်းမတည့်ကြပေ။
“ကျမတို့ မြို့တော်အသစ်ကိုသွားကြည့်ဖိုလိုပြီ
ထင်တယ် သူ့ရဲ့လက်နက်တွေကို သိထားမှနော
င် ထိပ်တိုက်တွေ့လာရင် ပြင်ဆင်လို့ရမှာ”
ကျိုးယင်ချင်းက အကြံပြုလာသည်။ သူမသည်
မြို့တော်အသစ်၏ဂုဏ်သတင်းကို သိရှိချိန်မှစ
၍ ထိုနေရာဆီသွားချင်နေခြင်းဖြစ်သည်။
“ဘာများအထူးအဆန်းရှိလဲ သိုင်းပညာရှင်အ
ထွဋ်အထိပ်ကိုတောင် ထိခိုက်နိုင်လို့လား ဟမ့်
အချိန်ကုန်ခံပြီး သွားမနေနဲ့”
ပထမသားတော်၏စကားကို ကျိုးယင်ချင်းက
“လက်နက်ကြောင့်မဟုတ်ရင်တောင် သူကကျမ
ရဲ့အဖေတူ အမေကွဲမောင်တယောက်ပဲ အလည်
အပတ်သွားတာ သင့်တော်တယ် ရှင်မလိုက်ချင်
ရင်နေခဲ့လို့ရတယ် ကိစ္စမရှိဘူး”
ကျိုးယင်ချင်း၏စကားကိုကြားလျှင် ပထမသာ
တော်၏မျက်နှာသည် နောက်တကြိမ်ရှုံ့မဲ့သွားရ
ပြန်သည်။ ထိုအမူအရာကိုကြည့်၍ ဒုတိယသား
တော်က
“သူမလိုက်ရင်တောင် ကျုပ်လိုက်မယ် မင်းသား
၈ရဲ့လက်နက်ဆန်းဆိုတာကို တကယ်စိတ်ဝင်
စားတယ် သွားတဲ့အချိန် အသိပေးပါ”
ကျိုးယင်ချင်းက ခေါင်းညိတ်ပြလိုက်သည်။သူ
မသည် နိုင်ငံရေးအရ ပက်သက်နေရသော်လည်
ပထမသားတော်ကို တစက်ကလေးမှကြည့်မရ
ပေ။ ဝိဉာဥ်မျိုးနွယ်စုတွင် ပကတိရှင်သန်ခြင်း
အဆင့်များ မြောက်မြားစွာရှိကာ ကျင်းတလျန်
သည် ပကတိရှင်သန်ခြင်းအထွဋ်အထိပ်ဖြစ်ပြီး
အင်မော်တယ်အသွင်ပြောင်းခြင်းကိုတောင် ခြေ
တလှမ်းဝင်နေပြီဖြစ်၍ လုံလောက်သည့်နောက်
ခံတခုဖြစ်သောကြောင့် သူမသည်းခံနေရခြင်း
ဖြစ်သည်။ ဒုတိယသားတော်သည်လည်း သူမ
ကိုနှစ်သက်နေကာ ထိုသားတော်သည် မောက်
မာသော်လည်း စေ့စပ်သေချာပြီး စူးစမ်းတတ်
သူဖြစ်သည်။ ထိုကြောင့် သူမနှင့်အနည်းငယ်
အဆင်ပြေသည့်အတွက် ခေါ်ဆောင်သွားရန်အ
ခက်ခဲမရှိနိုင်ပေ။
“ငါ့ဇနီးလောင်းတောင်သွားတယ်ဆိုမှတော့ ငါ
မလိုက်လို့ဖြစ်မလား ဟမ့် လက်နက်ဆန်းရဲ့အ
စွမ်းကို ကြည့်လိုက်ပါဦးမယ်”
ပထမသားတော်က လက်နက်ဆန်း၏အစွမ်းကို
မယုံဟန်တူသည်။ ကျင်းတလျန်ကမူ ထိုလက်
နက်ဆန်း၏သတင်းကိုကြားချိန်မှစကာ အလေ
အနက်ထားနေပြီး ထိုလက်နက်ဆန်းများကိုသာ
ဝိဉာဥ်မျိုးနွယ်စု၌ အသုံးပြုနိုင်ပါက မျိုးနွယ်စု
သည် နောက်တဆင့်သို့မြင့်တက်သွားပေလိမ့်မ
ည်ဖြစ်သည်။
“လက်နက်ဆန်းရဲ့ အသွင်အပြင်ကိုရအောင်ယူ
ဆောင်လာခဲ့ရင် အကောင်းဆုံးပဲ ငါတို့ဆီမှာအ
တော်ဆုံးလက်နက်ပညာရှင်တွေရှိတယ် သူတို့
ကိုလေ့လာစေပြီး ငါတို့လည်း လက်နက်ဆန်းကို
ထုတ်လုပ်နိုင်အောင်ကြိုးစားရမယ်”
ကျင်းတလျန်မှ သူ့စိတ်ကူးအချို့ကိုပြောပြလို
က်သည်။ ထိုအရာကိုသူ့အနေဖြင့်အမှန်တကယ်
ပင်အလေးအနက်ထားနေသည်မဟုတ်လား။
“ကောင်းပါပြီ ဒီတပတ်အတွင်းခရီးထွက်ဖို့ကျမ
စီစဥ်လိုက်ပါ့မယ်”
ကြီးမားသည့် မြို့တော်ကြီးကိုမြင်လျင် ရှောင်ဝူ
တို့လင်မယားမှာ မှင်သက်နေလေသည်။ ထိုကဲ့
သို့ကြီးကျယ်ခမ်းနားသည့် မြိူ့ကြီးကိုသူတို့ဘ
ဝ၌ တခါမှမရောက်ဖူးချေ။ မြို့စောင့်များက
ကျိုးယန်ကိုတွေ့လျှင် ဦးညွှတ်ကာနှုတ်ဆက်
ကြလေသည်။
ကျိုးယန်က ဘယ်အဆင့်လဲ မြို့စောင့်စစ်သူကြီ
လား။ မြို့တော်ဝန်ရဲ့သားလား။ ရှောင်ဝူသည်
အတွေးများရှုပ်ထွေးရင်း မြို့တော်ထဲသို့ဝင်
ရောက်လာသည်။ မြို့တော်ထဲတွင် ကျယ်ပြန့်
သည့်လမ်းမများ လူနေအဆောက်အုံများသာမ
က နေရာတိုင်းတွင်လူများပြည့်နေကာ အလွန်
ပင်စည်ကားနေသည်။ ရှောင်ရှောင်လေးသည်
အထူးအဆန်းမြင်ကွင်းများကိုကြည့်ရ၍ထင်
ပျော်ရွှင်နေပြီး ဖခင်၏ကိုယ်ပေါ်တွင်လူးလွန့်နေ
လေသည်။
တခဏအကြာတွင် ကျိုးယန်၏အိမ်တော်သို့
ရောက်ရှိလာကာ စုယင်က ကျိုးယန်ကိုထွက်၍
ကြိုလေသည်။
“အစ်ကိုကြီး ပြန်လာပြီ ဟင် သူတို့ကဘယ်သူ
တွေလဲ”
စုယင်က ရှောင်ဝူတို့ကိုတွေ့လျင်မေးလာသည်။
ကျိုးယန်က
“ ရှောင်ရှောင်ဘေးရဲ့မိဘနှစ်ပါးပဲ သူတို့လည်း
အစ်ကိုတို့နဲ့အတူနေလိမ့်မယ် ခရီးပန်းလာတော့
အနားယူဖို့စီစဥ်ပေးလိုက်ပါဦး”
ကျိုးယန်စကားကိုကြားပြီးနောက် စုယင်မှဧည့်
သည်များအနားယူရန် အစေခံများကိုခိုင်းစေလို
က်သည်။ သူမသည် ရှောင်ရှောင်လေးကိုမြင်စ
ကပင် ချစ်ခင်သွားကာ ချီပိုးရန် လက်လှမ်းလို
က်သည်။ ရှောင်ရှောင်လေးက သူမကိုအသေအ
ချာစိုက်ကြည့်ပြီးနောက် ကျိုးယန်ဆီကိုသာ
လက်ကမ်းတော့သည်။
“သမီးလေးက နည်းနည်းစိမ်းနေလို့ပါစိတ်ထဲ
မထားပါနဲ့ သခင်မလေး”
ဟွာမုန့်ယင်က သူ့သမီး၏အပြုအမူအတွက်
တောင်းပန်စကားဆိုလိုက်သည်။
“မဟုတ်တာ ပြဿနာမှာမရှိပါဘူး ပြီးတော့ကျ
မကို သခင်မလေးကိုမခေါ်ပါနဲ့ စုယင်လို့ပဲခေါ်
နိုင်ပါတယ်”
စုယင်က အလျင်အမြန်ပင်ပြောလာသည်။သူမ
သည် ကျွန်ဘဝမှ ကျိုးယန်၏ညီမဖြစ်လာသူ
ဖြစ်၍ အောက်ခြေမလွတ်တတ်ပေ။အချိန်အန
ည်းငယ်မိတ်ဆက်စကားပြောပြီးနောက် ရှောင်ဝူ
တို့သည် အနားယူရန်ထွက်ခွာသွားတော့သည်။