← Chapters

ကြက်တောင်အားကစား

Vol. 8 Ch. 110

ကြက်တောင်အားကစား

Vol. 8 Ch. 110

နောက်တနေ့တွင်ကျိုးယန်က အဖိုးဝူ ကိုင်ရီရီ

နှင့် အခြားသူအချို့ကိုခေါ်ကာ မိတ်ဆက်ပေး

လေသည်။ ထိုအခါမှသာ ကျိုးယန်သည်မင်း

သားတပါးဖြစ်သည်ကို ရှောင်ဝူတို့သိရှိသွားကြ

ကာထိတ်လန့်သွားကြလေသည်။ သူတို့သည်

မင်းသားတပါးအား မလျောကန်စွာဆက်ဆံခဲ့

သည်မဟုတ်လား။ ထိုအရာသည် သေဒဏ်ပင်

ကျခံနိုင်စေသည်အထိ အပြစ်ကြီးပေသည်။

ကျိုးယန်ကမူ စိတ်ထဲမထားပေ။ သူသည်ရှောင်

ရှောင်လေးအပေါ် သမီးတဦးကဲ့သို့ပင် ချစ်မြတ်

နိုးသောကြောင့် ရှောင်ဝူတို့ကိုအခြားသူများကဲ့

သို့ မြိုတော်တွင်မနေစေပဲ အိမ်တော်ထိခေါ်

ဆောင်ခဲ့ခြင်းဖြစ်သည်။

“အားလုံးပဲ ကျတော်မိတ်ဆက်ပေးစရာတခုရှိ

တယ်”

ကျိုးယန်က ကြက်တောင်အားကစားကိုဆော့

ကစားနိုင်ရန် စီစဥ်မည်ဟုဆုံးဖြန်လိုက်သည်။

ထိုအားကစားသည် လူနှစ်ဦးမှ လေးဦးထိပါဝင်

ဆော့ကစားနိုင်ပြီး အမှတ်ပေးစည်းမျဥ်းများထိ

သက်မှတ်ရန်တော့ အစပိုင်း၌မလိုအပ်သေးပေ။

ထို့အပြင်ကစားကွင်းအရွယ်အစားသည်လည်း

သေးငယ်သောကြောင့် နေရာအများကြီးမယူနို

င်ပေ။

ကျိုးယန်၏စကားကို အကုန်လုံးကစိတ်ဝင်တ

စားအားရုံစိုက်နေကြသည်။ ကျိုးယန်၏အိမ်

တော်ကိုရောက်ပြီးနောက်တနေ့မနက်ခင်းမှစ၍

ရှောင်ရှောင်သည် အချိန်အများစုကို ကျိုးယန်

ကိုယ်ပေါ်တွင်သာနေတတ်လေသည်။ ထို့ကြော

င့် တဖက်တွင် ရှောင်ရှောင်လေးကိုချီထားရင်း

စနစ်၏သိုလှောင်ခန်းမှ ကြက်တောင်အားကစာ

အတွက် လိုအပ်သည့်ပစ္စည်းများကိုထုတ်ယူ၍

ကစားရမည့်နည်းလမ်းများ ကိုပြောပြလိုက်သ

ည်။

“ဒါကလွယ်သားပဲ ပြီးတော့ စိတ်ဝင်စားဖို့လဲ

ကောင်းတယ်”

ကိုင်ရီရီနှင့် စုယင်သည် ဘတ်တံများကိုယူကာ

သေချာစူးစမ်းကြည့်နေလေသည်။ ထိုအရာမျာ

မှ စနစ်၏ထုတ်ကုန်ဖြစ်ပြီး ကျင့်ကြံသူများ၏

ခွန်အားဖြင့်အသုံးပြုနိုင်ရန် ချိန်ဆ၍ထုတ်လုပ်

ထားသေးသည်။ ထို့ကြောင့်တော်ရုံမကျိုးပဲ့နိုင်

လောက်ပေ။

ကျိုးယန်က ဘတ်တံတစုံကိုယူ၍ ကိုင်ရီရီနှင့်

အတူ နမူနာကစားပြသည်။ ကွင်းပြင်ကိုပိုက်တ

န်းတခုတားစေကာ စပေးမှတ်များရေတွက်နည်

ကိုလည်း ပြောပြလိုက်သည်။ ကျင့်ကြံသူများ

ဖြစ်၍ အချိန်ကြာကြာမယူလိုက်ရပေ။

နောင်တွင်ထိုအားကစားကို ဌာနများသာမက

ပြည်သူများလည်း ပါဝင်ဆော့ကစားနိုင်ရန်စီစ

ဥ်စေသည်။ ကစားကွင်းအတွက်ကိုမူ ခရိုင်တခု

စီ၌ အနည်းဆုံး ၅ကွင်းတည်​ဆောက်စေကာ ပို

၍ ကျယ်ပြန့်လာပါက ပြိုင်ပွဲများ အမှတ်ပေး

လိဂ်များကိုပါ စီစဥ်စေသည်။ ထိုအတွက်အချိန်

တခုယူရမည်ဖြစ်သော်လည်း လက်ရှိတွင်ကျိုး

ယန်အတွက်အနည်းငယ် အားလပ်နေသည်။

စီစဥ်စရာများစီစဥ်ပြီးနောက် ကျိုးယန် ရှောင်ဝူ

ကိုင်ရီရီ အဖိုးဝူနှင့်ခေါင်းဆောင်များစုဝေးကာ

ရှောင်ဝူတို့တွေ့ခဲ့သည် တူညီဝတ်စုံနှင့်လူများအ

ကြောင်းဆွေးနွေးကြတော့သည်။

“သခင်လေးပြောတာမှန်တယ် တူညီဝတ်စုံက

ဂိုဏ်းတွေရဲ့လက္ခဏာပဲ နောက်ပြီး ကျုပ်တို့

ပြည်ထောင်စုထဲမှာ ဂိုဏ်းတွေရှိပေမယ့်ထိစပ်

ဒေသမှာ လှုပ်ရှားနေတတ်တဲ့ဂိုဏ်းတခုတလေမှ

ကျုပ်မကြားမိဘူး”

အဖိုးဝူ၏စကားကို ကိုင်ရီရီမှ

“ကျမကတော့ အဲ့လူတွေကိုသားရဲထိန်းချုပ်ခြင်

ဂိုဏ်းကလူတွေဖြစ်နေမှာစိုးရတယ် သူတို့သာ

အမှန်တကယ်ဖြစ်နေမယ်ဆိုရင် ကိစ္စတွေကပို

ပြီးတောင် ရှုပ်ထွေးသွားနိုင်တယ်”

ကျိုးယန်ကအလေးအနက်ခေါင်းညိတ်၍

“ဟုတ်တယ် နောက်ကွယ်မှာဘယ်သူတွေက သူ

တို့ကို ပြည်ထောင်စုထဲဝင်ခွင့်ပြုလိုက်တာလဲသိ

ထားဖို့လိုတယ် အဲ့ဒါက ဒီကိစ္စရဲ့ အဓိကလက်

သည်တရားခံပဲ”

အကုန်လုံးက သူတို့၏အမြင်များကိုထုတ်ဖော်

ပြောကြားလာသည်။ အချို့က စုန့်ပြည်ထောင်

စုထဲသို့ လူအချို့လွှတ်ကာ သားရဲထိန်းချုပ်ခြင်

ဂိုဏ်းအကြောင်း စုံစမ်းစေသည်။ အချို့ကမူ

ထိစပ်ဒေသများကို အစောင့်များဖြန့်ကျက်ကာ

နောင်တကြိမ်လှုပ်ရှားလာပါက အမိဖမ်း၍မေး

မြန်းရန်ကိုသာ အကြံပေးလေသည်။

“နှစ်ချက်လုံးက သဘာဝကျတယ် ကျုပ်တို့အ

နေနဲ့ တဖက်လူရဲ့ရည်ရွယ်ချက်ကိုသိချင်ရင်

နောက်ကွယ်က ဘယ်သူလဲဆိုတာကိုသိဖို့အရင်

လိုအပ်တယ် ပြည်ထောင်စုထဲကလူရဲ့အကူညီ

မပါပဲ ထိစပ်ဒေသထဲကို ကျွမ်းကျွမ်းကျင်ကျင်

မဝင်ရောက်နိုင်ဘူး”

ကျိုးယန်၏စကားကိုအဖိုးဝူမှ

“အဲ့ကိစ္စကိုစုံစမ်းဖို့ ဒီအဖိုးကြီးကပဲတာဝန်ယူ

လိုက်မယ် သခင်လေး ထိစပ်ဒေသကိုအစောင့်

တချို့ဖြန့်ကျက်ဖို့ကိစ္စကိုတော့ ခေါင်းဆောင်အ

ချို့တိုင်ပင်ပြီး လူလွှတ်ကြပေါ့ ပထမတခါက

လိုအသေအပျောက်အထိခိုက်လည်းရှိလာနိုင်

တဲ့အတွက် ကြိုတင်ပြင်ဆင်ရလိမ့်မယ်”

အဖိုးဝူ၏စကားကိုကြားလျှင် ကိုင်ရီရီမှခေါင်း

ညိတ်ပြကာ သားရဲကိစ္စများ၌ သူမ၏မျိုးနွယ်

တူလူများသေဆုံးသွားရခြင်းကို မမေ့သေးပေ။

အစီစဥ်အချို့အတွက် ဆွေးနွေးပီးနောက် ကိုင်

ရီရီသည် မြို့တော်ရှိ သူမ၏မျိုးနွယ်များထံပြန်

သွားကာ အကျိုးအကြောင်းပြောပြလိုက်သည်။

“အဲ့ကိစ္စအတွက်ဆိုရင် ကျမတာဝန်ယူချင်ပါတ

ယ်ဆရာ”

မုရုံရှီက ဝင်ပြောလာသည်။ သူမသည် တိုက်ပွဲ

ဆာလောင်သည့် စစ်သူရဲမတဦးအသွင်ဖြစ်နေ

ချေပြီ။ ထိုအရာက ကိုင်ရီရီ၏ ပုံစံကိုကူးပြောင်

သွားခြင်းပင်မဟုတ်လော။

“ကောင်းပြီ ဒီတခေါက်ကိစ္စကို မုသခင်မလေး

ကဦးဆောင်လိုက်ပါ နောက်ပြီး လက်နက်ဆန်း

အချို့လည်း မင်းသားဆီကထပ်ပြီးတောင်းခံ

ပေးမယ်”

သူမတို့တွင် ကျိုးယန်ပေးထားသည့် လက်နက်

ဆန်းများအရေတွက်အချို့ရှိထားသော်လည်း

လူအစေ့ကိုင်ဆောင်ရန်မလုံလောက်သေးပေ။

မုရုံရှီက ကိုင်ရီရီ၏ခွင့်ပြုချက်ကိုရလျှင် ဝမ်း

သာသွားကာ ခရီးအတွက်ပြင်ဆင်ရန်ထွက်ခွာ

သွားလေသည်။

အိမ်တော်ထဲတွင် ကျိုးယန်သည် M79 ဗုံးပစ်

လောင်ချာ၏ နည်းပညာများအားလေ့လာနေ

လေသည်။ စုယင်သည် ဟွာမုန့်ယင်နှင့်အတူ

ကြက်တောင်ရိုက်နေကာ ထိုအားကစားအတွက်

ဌာနများကိုလည်း အားကစားပစ္စည်းအချို့ပို့

ဆောင်ပေးပြီးပြီဖြစ်သည်။ ကစားကွင်းများ

တည်ဆောက်ရန် မှာကြားထားပြီးဖြစ်၍ မကြာ

မီတွင် ကြက်တောင်အားကစားကိုမြို့တော်တခု

လုံး ဆော့ကစားကြပေမည်။

“သူက တခါပစ်တခါ ကျည်ဖြည့်ဖို့လိုတာပဲ ဒီ

အတွက် ဗုံးဆံကို အရေအတွက်များများယူထာ

ဖို့လိုလိမ့်မယ် ကမ္ဘာမြေကစစ်သားတွေလို ခါး

မှာ ချိတ်လို့ရအောင်စီစဥ်ပေးရင်ကောင်းမလား”

စနစ်မှပေးထားသည့် အထူးတပ်ဖွဲ့အတွက်တော့

ထိုအရာမလိုအပ်ပေ။ သူတို့သည် M79 နှင့်ရင်း

နီးကြသူများဖြစ်ပုံရသည်။

“အထူးတပ်သားဆိုတဲ့အတိုင်းပင် လက်နက်မျိုး

စုံကိုကျွမ်းကျင်နေတယ် နောက်ထပ် RPG လို

အရာတွေထုတ်လုပ်နိုင်လည်း မသုံးတတ်မှာမပူ

ရတော့ဘူးပေါ့”

ကျိုးယန်က M79 နည်းပညာ၏အားသာချက်

အားနည်းချက်များကိုလေ့လာကာ လက်နက်

စက်ရုံဆီသွား၍ အချိန်တချို့ထိနေလေသည်။

သူ့အတွက် ထိုအရာက နောင်တွင်အရေးပါလာ

ပေမည်။

အချိန်များတဖြေးဖြေးကုန်ဆုံးလာကာ နန်းမြို့

တော်သည် ပို၍ ရှုပ်ထွေးလာသည်။ ပြည်ထော

င်စုပြင်ပမှ လူများပိုမိုစိမ့်ဝင်လာကာ ကျိုးစုန့်

ကျင်းပခဲ့သည့် ပြိုင်ပွဲကြောင့် နန်းမြို့တော်ရှိ

မိသားစုများသည် စတင်၍ဘက်တခုရွေးရန်

စဥ်းစားလာကြလေသည်။

ထိုသတင်းများကို ကြားသော်လည်း ကျိုးယန်

ကတော့ ဂရုမစိုက်ပေ။ သူ့တွင် စုန့်ပြည်ထောင်

စုထဲလူလွှတ်ထားပြီး သားရဲများကိုသာထိန်း

ချုပ်နိုင်ပါက မြုိ့တော်အသစ်၌ပင် လက်နက်

များအတွက် အချိန်ပေးနိုင်လေသည်။

“မင်းသား ဒီလက်နက်တကယ်ကောင်းမွန်တာပဲ

ခက်တာ သူ့အတွက်ဗုံးဆံကို အများကြီးသယ်

လို့မရဘူး”

လက်နက်ပညာရှင်ပန်းပဲသမား၏စကားကိုကျိုး

ယန်က

“လူ တိုင်းဒီလက်နက်ကိုင်စရာမလိုဘူးလေ

တပ်စိတ်တခုမှာ တဦးကိုင်ထားရင်လုံလောက်

ပြီ”

ရက်အချို့ကြာပြီးနောက် ပြည်ထောင်စုကပိုမို

လှုပ်ခတ်လာသည်။ စုန့်ပြည်ထောင်စုဖက်မှသ

တင်းပေးများ၏ပေးပို့မှုအရ သားရဲထိန်းချုပ်

ခြင်းဂိုဏ်းသည် အမှန်တကယ်ပင်ရှိနေကာ

နောက်ကွယ်ကလူကိုတော့ စုံစမ်းရန်အချိန်ယူရ

ပေဦးမည်။

“အင်း ဘယ်သူက ပြည်ထောင်စုရဲ့ထီးနန်းလုပွဲ

ကို ကုလားဖန်ထိုးချင်နေတာပါလိမ့်”

ကျိုးယန်သည် ထိုကိစ္စအတွက်အနည်းငယ်အ

လေးအနက်ထားသော်လည်း လက်နက်ထုတ်

လုပ်သည်ထက်တော့အရေးမကြီးပေ။

အဖိုးဝူက မြောက်ပိုင်းဒေသထိ ဝင်ရောက်ကာ

ကျေးရွာများ၏အပျက်စီးသတင်းကိုစုံစမ်းပြီး

ကျိုးစုန့်အနေဖြင့် မည်ကဲ့သို့ကိုင်တွယ်ခဲ့သည်

ကိုလည်း လေ့လာလေသည်။

မုရုံရှီတို့လူတစုသည် ထိစပ်ဒေသများတွင်ဖြန့်

ကျက်ကာ လှုပ်ရှားမှုများကို စူးစမ်းပြီးလိုအပ်ပါ

က ရင်ဆိုင်တိုက်ခိုက်ရန် လေ့ကျင့်မှုကိုမပြတ်

တမ်းလုပ်ဆောင်ကြလေသည်။

All Chapters