← Chapters

ကျိုးယင်ချင်းရောက်ရှိလာခြင်း

Vol. 8 Ch. 111

ကျိုးယင်ချင်းရောက်ရှိလာခြင်း

Vol. 8 Ch. 111

ကျိုးယန်သည် ပြည်ထောင်စု၏သတင်းများကို

အဆက်မပြတ်ကြားသိသော်လည်း အရေးတ

ယူတော့ မလုပ်ပေ။ သူ့အတွက်လက်နက်များ

ကိုသာ အာရုံစိုက်ရန်ထိုက်တန်ပေသည်။ ထိုလ

က်နက်အကူညီဖြင့် စစ်တပ်တခုတည်ဆောက်

နိုင်ပါက ​ကျိုးပြည်ထောင်စုသာမက အခြားပြ

ည်ထောင်စုများကိုပါ လွှမ်းမိုးရန်လွယ်ကူပေမ

ည်။

“ရိုးရှင်းလွန်းတယ် စနစ်ရှင်က တခြားသူတွေဆီ

မှာ ပညာရှင်တွေမရှိဘူးထင်နေလား”

စနစ်မှကျိုးယန်ကိုထေ့ငေါ့ပြောလာသည်။

“ရှိချင်လည်း ရှိမှာပေါ့ ဒါပေမဲ့ ပညာရှင်တဦး

တည်းနဲ့ ဘာလုပ်လို့ရမှာလဲ”

“ပကတိရှင်သန်ခြင်းအထွဋ်အထိပ်တယောက်

က စနစ်ရှင်အထူးတပ်ဖွဲ့ကို လက်တချက်အဝေ့

ပဲ လိုတယ်ဆိုတာ သိထားရမယ်”

ကျိုးယန်ကမှင်သက်စွာဖြင့်

“အဲ့လောက်တောင်လား”

“ဟမ့် အထွဋ်အထိပ်အဆင့်ကနိယာမအချို့

ကျွမ်းကျင်တယ်လို့ ဆိုလိုတယ် အချိန်နိယာမ

သေခြင်းရှင်ခြင်းနိယာမ ရေ လေ မြေ ဓာတ်ကြီ

တွေရဲ့ နိယာမတွေ ကဲ အကုန်လုံးကကြောက်စ

ရာတွေကြီးပဲမဟုတ်လား သေနတ်လေးနဲ့ပစ်ပြီး

ရင်ဆိုင်မယ်ပေါ့”

စနစ်၏စကားကိုကြားလျှင် ကျိုးယန်လည်း

လေးနက်သွားရသည်။ ထိုသို့ဆိုလျှင် ထိုကဲ့သို့

ပညာရှင်များကိုရင်ဆိုင်ရန် သူ့ခွန်အားအစစ်အ

မှန်ကိုသာ အားကိုးရပေမည်။

“လက်နက်ဆိုတာ ပြင်ပခွန်အားပဲ စနစ်ရှင်လမ်း

လွဲနေတယ်”

ကျိုးယန်ကခေါင်းညိတ်လိုက်သည်။ သူ့အနေဖြ

င့်လက်နက်များကိုအာရုံစိုက်သည်မှာ မှန်သော်

လည်း လမ်းလွဲနေခြင်းတော့မဟုတ်ချေ။လေ့

ကျင့်ရန် ကျင့်စဥ်များထပ်မံမရှိတော့ပဲ ကျင့်ကြံ

မှုတိုးလာရန်အတွက်ကမူ အချိန်တခုကြာအော

င်စောင့်စားရမည်မဟုတ်လား။

ထိုစဥ် လော့ချမ်းဆီမှ သတင်းပေးပို့မှုတခုရော

က်ရှိလာသည်။

“ဟမ် တတိယအစ်မတော်လား သူကဘာလို့ရု

တ်တရက်ရောက်လာတာလဲ”

ကျိုးယန်က တဖက်သူများကို သူ့ဆီလွှတ်လိုက်

ရန်မှာသည်။ အချိန်တချို့ကြာပြီးနောက် ကျိုး

ယန်၏အိမ်တော်သို့ ကျိုးယင်ချင်းတို့လူစုရော

က်ရှိလာသည်။ ထိုအဖွဲ့တွင် သားတော်နှစ်ပါးပါ

ဝင်ကာ အစေခံတချို့နှင့်အတူ ကျိုးယင်ချင်း

တယောက်ရောက်ရှိလာခြင်းဖြစ်သည်။

“မဂ်လာပါ အစ်မတော် မတွေ့တာကြာပြီ”

ကျိုးယန်က ရိုရိုသေသေပင်နှုတ်ဆက်စကား

ဆိုလိုက်သည်။ မှတ်ဉာဏ်များအရ ကျိုးယင်

ချင်း၏စရိုက်ကိုမကြိုက်ခဲ့သော်လည်း ယခု

တွင်သူက တခြားသူဖြစ်ကာ ကျိုးယင်ချင်းမှာ

နောင်တွင်သူ၏ရန်သူဖြစ်လာပေမည်။

“ပကတိရှင်သန်ခြင်းအဆင့် တကယ်ပဲမောင်

လေးက ပညာရှင်ဖြစ်နေတာကိုး”

ကျိုးယင်ချင်းက ကျိုးယန်၏အရှိန်အဝါကိုမှန်း

ဆကာပြောလိုက်သည်။ သူမသည်အထွဋ်အထိ

ပ်သို့မရောက်သေးသော်လည ပကတိရှင်သန်

ခြင်းအဆင့်ရောင်ဝါကိုတော့ သိပေသည်။ ထို

အရာကလည်း ကျိုးယန်မှတမင်ထုတ်ဖော်ပြသ

ထားခြင်းဖြစ်သည်။

“ကံကောင်းမှုအချို့ကြုံခဲ့လို့ပါ ဒါနဲ့အစ်မတော်

က ဘာကိစ္စများရှိလို့လဲ”

ကျိုးယန်ကအသာပြုံး၍မေးလိုက်သည်။သူမ

တို့ထံတွင် လက်နက်ဆန်းကိုလာရောက်စူးစမ်း

သည်မှလွဲ၍ အခြားမရှိနိုင်ပေ။ ကျိုးယင်ချင်းမှ

“နင်နဲ့ အစ်ကိုတော်တို့ရဲ့ပိုင်နက်ထဲမှာ သားရဲ

တွေလှုပ်ရှားလာတယ်လို့ သတင်းကြားမိတယ်

မှတ်တမ်းတွေအရလည်း အဲ့ဒါကမကောင်းတဲ့

နိမိတ်တခုဖြစ်နေတော့ လှုပ်ရှားမှုနဲ့ပက်သက်ပြီ

အတိအကျသိထားရင် ငါတို့ဒေသကို သားရဲ

တွေဝင်ရောက်လာတဲ့အခါ ကိုင်တွယ်လို့လွယ်

ကူအောင်ပါ”

ကျိုးယန်က နှာခေါင်းကိုမသိမသာရှုံ့လိုက်လေ

သည်။ ဟမ့် အကြောင်းပြချက်ကတော့မဆိုးပါ

ဘူး။ တောင်ဘက်ဒေသက သားရဲတောင်ကြော

နဲ့ဝေးနေတာကို သားရဲလှုပ်ရှားမှာစိုးလို့တဲ့လား။

“ကိစ္စမရှိပါဘူး အစ်မတော်တို့အိမ်တော်မှာပဲ

ရက်အချို့နေလေ အစစအရာရာစီစသင်ပေးဖို့

ကျတော်တာဝန်ယူပါတယ်”

ကျိုးယန်၏စကားကိုကြားလျှင် ကျိုးယင်ချင်း

၏ဘေးတွင်ထိုင်နေသည့် ပထမသားတော်က

နှာခေါင်းရှုံ့၍

“ဟမ့် မင်းတို့ရဲ့ဧည့်ခံမှုကအဆင့်မီမမီငါကြည့်

စမ်းမယ်”

သူကဲ့သို့မျိုးနွယ်စုကြီးသားတော်တပါးအနေဖြ

င့် သာမန်ဧည့်ဝတ်ကျေမှုများက မပြောပလော

က်ပေ။ ကောင်းပေ့ဆိုသည့်အရာများအားလုံး

တွေ့မြင်ဖူးထားလေသည်။ ကျိုးယန်ကရယ်၍

“အဲ့အတွက်တော့စိတ်ချပါ ဒါနဲ့ သူကဘယ်သူ

များလဲ အစ်မတော်ရဲ့အစေခံများလား”

“မင်း ဘာစကားပြောတာလဲ ငါကပထမသား

တော်ကွ မင်းအစ်မရဲ့ခင်ပွန်းလောင်း”

ကျိုးယန်၏စကားကြောင့် ပထမသားတော်လဲ

ဒေါသအကြီးအကျယ်ထွက်ကာ ကျယ်လောင်

စွာတုန့်​ပြန်လာသည်။ ကျိုးယန်ကပြုံး၍

“သြော် ဝိဉာဥ်မျိုးနွယ်ရဲ့ပထမသားတော်လား

ကျုပ်က အစ်မတော်ရဲ့ အစေခံထင်လို့ပါ အင်း

လိုက်ဖက်ကြပါတယ်”

ကျိုးယန်၏စကားအသွားအလာကိုသိသည့်

ကျိုးယင်ချင်းက မျက်စိမျက်နှာပျက်နေလေ

သည်။ သူမသည် ရည်ရွယ်ချက်ကြီးကာ မော

က်မာတတ်သူဖြစ်ပြီး တချိန်က ကျိုးယန်ကိုအ

ဓိက လှောင်ပြောင်ခဲ့သူဖြစ်သည်။ ကျိုးယန်သ

ည် ကျိုးယင်ချင်း၏ အမူအရာကိုကြည့်ကာကျိ

တ်၍ ရယ်ချင်နေလေသည်။

“ဧည့်သည်တွေအတွက် အခန်းစီစဥ်ပေးလိုက်ပါ

လိုအပ်တာအကုန်ကူညီပေးလိုက်ကြနော်”

ကျိုးယန်ကသူ၏အစေခံများကို ဂရုတစိုက်

မှာကြားလိုက်သည်။ ကျိုးယင်ချင်းသည် သက်

ပြင်းချ၍ ယခင်ကသူမလှောင်ပြောင်ခဲ့သည့်သူ

ကို သူမပင်ယခုချိန်၌ အနိုင်မယူနိုင်တော့ပေ။

ထို့အပြင် ဂုဏ်သတင်းနှင့်ခွန်အားသည်လည်း

တိုးတက်လာကာ နောင်တွင်ရန်သူဖြစ်လာရမည့်

အပေါ်စိုးရွံ့နေလေသည်။ နှစ်ဖက်သူများအပြန်

အလှန်မိတ်ဆက်ပြီးနောက် ကျိုးယန်ကနောက်

တနေ့၌ မြို့တော်ကိုပြသမည်ဟုပြောလိုက်သ

ည်။ ကျိုးယင်ချင်းလည်း သဘောတူကာ အနား

ယူရန် အခန်းတခုထဲသို့ဝင်သွားတော့သည်။

သားတော်နှစ်ပါးကမူ အိမ်တော်ကိုစူးစမ်းနေပြီ

ကျင့်ကြံရေးလောကနှင့်မတူညီသည့် လက်ရာ

များကို ကြည့်ကာ အံ့သြနေကြလေသည်။

“တကယ်ကို အမြင်ဆန်းစေတာပဲ မင်းသား၈က

ဂုဏ်သတင်းနဲ့ကိုက်ညီပေတယ်”

ဒုတိယသားတော်က အိမ်တော်၏အသွင်အပြင်

နှင့် ကျိုးယန်၏ခွန်အားကိုသိသောကြောင့်ချီး

ကျူးစကားဆိုလာသည်။

“သာမန်ပါပဲ ဘာမှချီးကျူးစရာမရှိဘူး”

ပထမသားတော်က ကဲ့ရဲ့လိုဟန်ဖြင့်ပြောလာသ

ည်။ ထိုစကားကို ဒုတိယသားတော်ဖြစ်သည့်

ကျင်းရှောင်က

“အစ်ကိုတော်က မနာလိုနေတာပဲ”

ကျင်းရှောင်၏စကားကို ပထမသားတော်ဖြစ်သ

ည့် ကျင်းတချန်က

“မနာလိုတာ ဟုတ်လား ဟားး ငါ့လိုသားတော်

တပါးက ဘာမဟုတ်တဲ့မင်းသားတပါးကိုမနာ

လိုရမယ်တဲ့ မင်းကရယ်စရာတွေသိပ်ပြောတတ်

တာပဲ”

ညီအစ်ကိုနှစ်ဦးကအပြန်အလှန်ထေ့ငေါ့ရင်း

အခန်းကိုယ်စီထဲသို့ဝင်သွားတော့သည်။ ကျိုး

ယန်သည် ထိုစကားများကို ကြားလျှင်ပြုံးမိ

သွားကာတီးတိုးပြောလိုက်သည်။

“သူ တို့က ငါမကြားဘူးလို့ထင်နေတာပဲ ဟမ့်

မောက်မာတဲ့မင်းသားလေးတွေ ပညာပြပေးမှ

အပိုးကျိုးသွားလိမ့်မယ်ထင်တယ်”

ကျိုးယန်က အိမ်တော်ရှိသူ၏အိပ်ခန်းထဲသို့

ပြန်သွားကာစနစ်၏စတိုးကိုဝင်ရောက်ကာစပ်

စုတော့သည်။ သူ့အနေဖြင့်ကျင့်ကြံမှုကိုတိုးမြင့်

ရန်လိုအပ်လာပြီမဟုတ်လား။

…………………………………………

All Chapters