← Chapters

ကြက်တောင်ရိုက်ကြခြင်း

Vol. 8 Ch. 112

ကြက်တောင်ရိုက်ကြခြင်း

Vol. 8 Ch. 112

နောက်တနေ့တွင် ကျိုးယန်ကအိမ်ရှင်တဦး၏

ဝတ္တရားအတိုင်း မြို့တော်ကိုလှည့်ပတ်၍ပြသရ

လေသည်။ ကျိုးယန်၏အမိန့်ကြောင့် ဌာနများ

တွင် ကြက်တောင်အားကစားကို စတင်နေကြပြီ

ဖြစ်ကာ ခရိုင်အသီးသီးတွင်လည်း ကစားကွင်း

များစတင်ဆောက်လုပ်နေကြပြီဖြစ်သည်။

ကျိုးယင်ချင်းသည် ကျာ်ပြန့်သည့်လမ်းမများ

တူညီအဆောက်အုံများသာမက စျေးရောင်းစင်

တာကဲ့သို့ ကုန်သွယ်ရေးဇုန်များကိုကြည့်၍အချိ

န်တော်ကြာ မှင်သက်နေရလေသည်။ ထိုအရာ

များကို သူမကဲ့သို့ဧကရာဇ်သမီးတော်ပင်မမြင်

ဖူးခဲ့ပေ။ ကုန်ပစ္စည်းများရောင်းချသည့် အဆေ

က်အုံကြီးမှာ မြင့်မားပြီးအလွှာတခုစီ၌မတူညီ

သည့် ဆေးဝါး လက်နက် စားသောက်ကုန်နှင့်

ဒေသထွက်အရာများကို အပြိုင်အဆိုင်ရောင်း

ချနေကြသည်။

“ဒီအဆောက်အုံကို မြို့တော်ကဆောက်လုပ်ပေ

ထားပြီး သက်ဆိုင်ရာကုန်သည်တွေကအခန်းငှာ

နိုင်တယ် ပြီးတော့ သက်မှတ်အခွန်အခကိုပေး

ဆောင်ရင် ဒီစျေးမှာရောင်းချလို့ရပြီ”

ဒီလောက်ကတော့ လျို့ဝှက်ချက်မဟုတ်၍ ကျိုးယန်အနေဖြင့် ပြောပြလို့ရသေးသည်။လ

က်နက်များကိုတော့ စက်ရုံများဆီခေါ်သွား၍မရ

နိုင်ပေ။

“ငါထင်ထားတာထက်ပိုခမ်းနားနေတာပဲ တကယ့်ပြည်ထောင်စုကြီးတခုက မြို့တော်ကြီး

တွေနဲ့တောင် တူနေသေးတယ်”

ကျိုးယင်ချင်းသည် ကျိုးယန်၏အစွမ်းအစကို

အသိအမှတ်ပြုလိုက်ရသည်။ နေရာတိုင်းတွင်

ရဲတပ်ဖွဲ့ဝင်များရှိကာ ထိုတပ်ဖွဲ့ဝင်များကပြည်

သူများကို ကာကွယ်ပေးရန်ဖြစ်ပြီး ကျိုးယန်၏

အထူးတပ်ဖွဲ့ကတော့ မြို့တံတိုင်းနှင့်ဝင်ပေါက်

၄ခုကို အဓိက စောင့်ရှောက်ကာကွယ်ကြသည်။

ကျိုးယင်ချင်းသည် သန်မာထွားကြိုင်းပြီးလက်

နက်အပြည့်အစုံတပ်ဆင်ထားသည့် အထူးတပ်

ဖွဲ့ဝင်များကိုတွေ့သည်အခါ မှင်သက်သွားရပြန်

သည်။

ဒါက လက်နက်ဆန်းဆိုတာလား။ရှည်လျားပြီး

တုတ်ချောင်းပုံစံရှိကာ အနည်းငယ်လေးမည့်ပုံ

ရှိသည်ဟုထင်ရသည်။ ထိုအရာလေးကသိုင်းပ

ညာရှင်အဆင့်များကို ကိုင်တွယ်နိုင်သည်မှာ ယုံ

ချင်စရာမရှိပေ။

ကျိုးယန်က ကျိုးယင်ချင်း၏စပ်စုမှုများကိုမ

တားဆီးခဲ့ပေ။ ထိုအရာများကိုမျှော်လင့်ပြီးသား

ဖြစ်ကာ မြို့တော်ကို အနှံလည်ပတ်ရန်တနေ့ကု

န်ဆုံးသွားရသည်။ ညနေစောင်းချိန်ရောက်လျှင်

ကျိုးယန်က ကစားကွင်းတခုရှိရာခေါ်သွားပြီး

ထိုကစားကွင်း၏အနီးဆုံးရှိစားသောက်ဆိုင်တ

ခုတွင် ဧည့်ခံလေသည်။

စားသောက်ဆိုင်ပိုင်ရှင်သည် ကျိုးယန်တို့ကို

တွေ့သည်အခါ အလွန်ပင်ရိုကျိုးလျက် ဆိုင်၏

အကောင်းဆုံးစားသောက်ဖွယ်ရာများဖြင့် ဧည့်

ခံလေသည်။ ကျိုးယင်ချင်းသည် စားသောက်

ဆိုင်၏ အပေါ်ထပ်မှတဆင့် ကစားကွင်းကိုလှ

မ်း၍ ကြည့်ရှုနေလေသည်။

လူငယ်နှစ်ဦးသည် ထူးဆန်းသည့် အရာတခုစီ

ကိုကိုင်ဆောင်ကာ သေးငယ်သည့်အရာလေးကို

အပြန်အလှန်ရိုက်ပုတ်နေကြသည်။

“အဲ့ဒါ ဘာလုပ်နေကြတာလဲ”

ကျိုး ယင်ချင်းက ကျိုးယန်ကိုသိလိုစွာဖြင့်မေး

လိုက်သည်။ ကျိုးယန်က

“ကြက်တောင်ရိုက်နေတာလေ အားကစားတမျို

ပေါ့….”

ကျိုးယန်က အားကစားအကြောင်းကိုအလေး

အနက်ရှင်းပြလိုက်သည်။ အမှတ်ပေးစနစ်များ

ဆော့ကစားနည်းများကိုအချိန်တခုကြာရှင်းပြ

ပြီးနောက် သားတော်နှစ်ပါးလည်းစိတ်ဝင်စား

သွားကြသည်။

“ဟားဟား အစ်ကိုတော် ငါတို့ပြိုင်ကြည့်ကြမ

လား”

ကျင်းရှောင်ကစတင်၍ စိန်ခေါ်လာသည်။နှစ်ဦး

စလုံးသည် ယခုမှနားလည်ကာ စတင်ကစားကြ

မည်ဖြစ်၍ အခွင့်အရေးအတူတူပဲဖြစ်သည်။

ကျင်းတချန်က

“ဟမ့် စိန်လိုက်လေ”

ခနအကြာတွင် ကစားကွင်း၌ သားတော်နှစ်ပါး

၏ယှဥ်ပြိုင်မှုများစတင်တော့သည်။ကျိုးယန်သည် ကျိုးယင်ချင်းနှင့်အတူ ကွင်းပြင်မှနေ၍

ကြည့်ရှုနေပြီး ညီအစ်ကိုနှစ်ဦးကြားရှိ အဖုအထ

စ်များကို သတိပြုမိလိုက်သည်။

“အကြီးကောင်က မောက်မာပြီးအငယ်ကောင်

က လျှို့ဝှက်တတ်ပုံရတယ် ငါ့အနေနဲ့ဝိဉာဥ်မျိုး

နွယ်နဲ့ရင်ဆိုင်ရရင် အငယ်ကောင်ကိုသတိထား

ဖို့လိုမယ်”

ကျိုးယန်သည် ညီအစ်ကိုနှစ်ဦး၏အနေထားကို

နောင်တွင်ဖြစ်လာနိုင်သည့်အရာများဖြင့် ချိန်ဆ

လျက်ရှိသည်။ တဖက်တွင် ကျိုးယန်သည် ထီး

နန်းအတွက်ပါဝင်နေသည့် အခြားသူများအပေါ်

စိတ်ခံစားချက်မရှိသော်လည်း သတ်ဖြတ်ရန်အ

တွက်ကတော့ မတွေးချင်ပေ။

“နောင်တချိန်ရန်သူတွေအဖြစ်နဲ့တယောက်အသ

က်တယောက် ယူရမယ့်အချိန်မရောက်လာဖို့ပဲ

ငါမျှော်လင့်တယ်”

ကျိုးယန်သည် ကစားပွဲကိုစိတ်ဝင်စားနေသည့်

ကျိုးယင်ချင်းကို တချက်ကြည့်လိုက်သည်။

ကျိုးယင်ချင်းသည် လီချင်းကျူးနှင့်ကိုင်ရီရီကဲ့

သို့ မချောသော်လည်း နန်းဆန်သည့်အရှိန်အဝါ

နှင့် ပြေပြစ်သည့်ခန္ဓာကိုယ်အချိုးအစားတော့ရှိ

လေသည်။ ထို့အပြင် တော်ဝင်မျိုးနွယ်ဖြစ်၍အ

ကောင်းဆုံးအရာများကိုသာ ဆင်မြင်ထားသော

ကြောင့် ကြည့်ကောင်းသည်ဟုထင်ရသည်။

ကျိုးယင်ချင်းသည် ကစားပွဲကိုကြည့်ရင်းသူမ

လည်း ပါဝင်ဆော့ကစားရန် ကျိုးယန်ဆီကခွင့်

တောင်းလိုက်သည်။ ထို့နောက် ကျိုးယင်ချင်

နှင့် အတူပါလာသည့် အစေခံမိန်းကလေးတို့အ

လှည့်ရောက်ရှိလာကာ အားတက်သရောကစား

ကြတော့သည်။ ညီအစ်ကိုနှစ်ဦး၏ပွဲတွင်တော့

ကျင်းရှောင်က အမှတ်အနည်းငယ်ကပ်၍အနိုင်

ရသွားတော့သည်။

“မင်းကတိအတိုင်းပဲနော်အစ်ကိုတော် ပြန်ရော

က်ရင် ကောင်းကင်အဆင့်ရတနာတခုပေးရမ

ယ်”

ကျင်းတချန်၏မျက်နှာက ရှုံ့မဲ့နေကာ ညီဖြစ်သူ

ကိုရှုံးနိမ့်မှုအတွက် စိတ်ပျက်နေပုံပေါ်သည်။

“မျိုးနွယ်ကိုပြန်ရောက်ရင် ငါတို့နောက်တကြိမ်

ထပ်ပြိုင်ကြမယ်”

ကျင်းတချန်က အရှုံးပေးမည့်ပုံမပေါ်ပေ။ထိုအ

တွက် ကျိုးယန်ဆီမှ အားကစားပစ္စည်းများကို

တောင်းယူမည့်ပုံရှိသည်။ သောက်ကျိုးနည်းငါ

သူတို့ကို ကြက်တောင်ရိုက်ဖို့ပစ္စည်းတွေပေးရမဲ့

သဘောပေါ့။

အချိန်တခုကြာပြီးနောက် ကျိုးယန်တို့အဖွဲ့လည်

ကစားကွင်းမှ ထွက်ခွာလာခဲ့သည်။ ကျိုးယင်ချ

င်းသည် စိတ်လှုပ်ရှားနေပုံရကာ သူမ၏စိတ်ကူး

သည်လည်း ကျင်းတချန်ကဲ့သို့ပင်။တောင်ပိုင်း

သို့ပြန်ရောက်ပါက ကြက်တောင်အားကစားကို

ထပ်မံဆော့ကစားမည်ဖြစ်သည်။

…………………………………………..

All Chapters