ဧကရာဇ်၏သတင်းဆိုး
Vol. 8 Ch. 113
ရက်အချို့ကုန်လွန်သွားခဲ့သည်။ သားရဲထိန်းချု
ပ်ခြင်းဂိုဏ်းအကြောင်းပိုမိုသိလာရကာ ထိုဂိုဏ်
သည် စုန့်ပြည်ထောင်စု၏လက်ကိုင်တုတ်ဖြစ်
နေသည်။ ထိုအရာက နောက်ဆက်တွဲတွင်ပို၍
ရှုပ်ထွေးပါသည်။ မည်သူက စုန့်ပြည်ထောင်စု
နှင့်နီးစပ်နေသနည်း။ ကျိုးချန်ဖြစ်သည် ထို့အ
တွက် နောက်ကွယ်ကလူမှာ ကျိုးချန်ဟုယာယီ
ကောက်ချက်ချနိုင်ပြီး တိကျသည့်သက်သေဟု
သက်မှတ်၍မရသေးပေ။ အကြောင်းမှာသတင်
များအရ ကျိုးချန်ကိုစုန့်ပြည်ထောင်စု၏ဧက
ရာဇ်က ပေါ်ပေါ်ထင်ထင်ထောက်ပံ့ခြင်းမျိုးမဟု
တ်ပဲ သြဇာရှိသည့်မိသားစုအနည်းငယ်မှနောက်
ကွယ်မှနေ၍ ထောက်ခံနေခြင်းဖြစ်သည်။ထိုနှစ်
ခုက တူညီသည့်အခြေအနေမဟုတ်ပေ။
တဖက်တွင် အလယ်ပိုင်းဒေသတခုလုံးတွင်
ဧကရာဇ်၏ကျန်းမာရေးဆိုးရွားလာသည့်သတ
င်းက ကျယ်လောင်စွာထွက်ပေါ်လာပြန်သည်။
ထိုသတင်းကိုကြားသည်နှင့် မိသားစုကြီးများက
ဒေသအသီးသီးသို့ရောက်နေသည့် ၎င်းတို့၏
ပါရမီရှင်လူငယ်များကိုပြန်လည်ခေါ်ယူကာအင်
အားစုစည်းကြတော့သည်။
ထိုအခြေနေက မကြာမီလှုပ်ရှားမှုကြီးများဆက်
တိုက်ဖြစ်လာမည့်သဘောဟုဆိုလိုသည်။ကျိုး
ယန်သည် ထိုသတင်းကိုကြားသည်နှင့် အနည်း
ငယ်စိတ်ရှုပ်ထွေးသွားရသည်။ သူ့အတွက်ဧက
ရာဇ်သည် အစစ်မှန်ဖခင်တဦးမဟုတ်သော်လဲ
မူလခန္ဓာကိုယ်ပိုင်ရှင်၏ ဖခင်ဖြစ်သည်။
“သခင်လေး သတင်းတွေကတော့အဆိုးဘက်
ကိုရောက်နေပြီ ကျုပ်တို့ဘာဆက်လုပ်ကြမလဲ”
အဖိုးဝူက ကျိုးယန်ကိုမေးလာသည်။
“အရင်ဆုံးနန်းတော်မှာရှိနေတဲ့ မင်းသားနှစ်ပါးနဲ့
မင်းသမီးကို ဂရုစိုက်ပေးပါ သူတို့အတွက်အန္တာ
ရာယ်ရှိလာနိုင်တယ်”
ကျိုးယန်သည် ထီးနန်းလုပွဲကိုမကြုံဖူးပေ။သို့
သော် ထိုအရာသည် ကမ္ဘာမြေတွင်အာဏာသိမ်း
သည်နှင့်တူညီကာ တဖက်သူ၏မိသားစုများသ
ည် အထိန်းသိမ်းခံရနိုင်ပြီး ကံဆိုးပါကသတ်ဖြ
တ်ခြင်းပင် ခံရနိုင်ပေသည်။ လက်ရှိတွင် ဧက
ရာဇ်မရှိပါက မိဖုရားများကထိန်းချုပ်လာမည်
ဖြစ်ပြီး အဓိကမိဖုရားကြီးသည် ကျိုးစုန့်၏မိခ
င်ဖြစ်သည်။ ထို့နောက်တွင် ကျိုးယင်ချင်း၏မိ
ခင်ဖြစ်သူရှိနေကာ ထိုနှစ်ဦး၏အားပြိုင်မှုကို
အခြားသူများထံရိုက်ခတ်လာနိုင်သည်။
“ဧကရာဇ်ရဲ့ကျန်းမာရေးအရ ဖြစ်လာမယ့်ကိစ္စ
တွေက အနှေးနဲ့အမြန်ပါပဲ သခင်လေး နန်းတွင်
မှာရှိနေတဲ့ မင်းသားနှစ်ပါးနဲ့မင်းသမီးကိုစိတ်ပူ
တယ်ဆိုရင် ခုတည်းကခေါ်ထုတ်ဖို့ကြိုးစားရ
လိမ့်မယ်”
ကျိုးယန်သည် ဧကရာဇ်အတွက်မည်သို့မှအကူ
ညီမဖြစ်စေသော်လည်း သူ၏ဖအေတူအမေကွဲ
ညီအစ်ကိုမောင်နှမများအား အန္တရာယ်မဖြစ်စေ
လိုပေ။ အထူးထိုမင်းသားများနှင့်မင်းသမီးသ
ည် ထီးနန်းကိုမက်မောသည့်သူများမဟုတ်ကြ
ပေ။
“အဖိုးဝူမှ ဘယ်လိုစိတ်ကူးရှိထားလဲ”
ကျိုးယန်၏အမေးကို အဖိုးဝူကအသေချာစဥ်း
စားဟန်ပြု၍
“သူ တို့ကိုခေါ်ထုတ်မယ်ဆို ယခုချိန်မှာခက်ခဲနေ
ပြီ အကုန်လုံးကလည်း နန်းတွင်းကိုမျက်စိဒေါ
က်ထောက်ကြည့်နေကြမှာ ဒီအချိန်ခေါ်ထုတ်လို
က်ရင် တခြားသူတွေက သခင်လေးကိုတမျိုး
မြင်ကြလိမ့်မယ်”
“ဟုတ်တယ် နောက်ပြီး သူတို့အပြင်သူတို့ရဲ့မယ်
တော်တွေကိုပါ ခေါ်ရနိုင်တယ် အဲ့အတွက်အလျ
င်စလိုလုပ်လို့မရနိုင်ဘူး သေချာစီစဥ်ရမယ်”
ကျိုးယန်သည် အဖိုးဝူနှင့်အချိန်တော်ကြာဆွေး
နွေးပြီးနောက် သူ၏အစ်ကိုတော်များနှင့်အစ်မ
တော်ကို ခေါ်ထုတ်ရန်ဆုံးဖြတ်လိုက်သည်။လ
က်ရှိမခြေနေအရ ရုတ်ရုတ်သဲသဲကာလကိုထိန်း
ချုပ်ရန် သူ့တွင်အင်အားအမှန်တကယ်ရှိထားပီ
ဖြစ်သည်။
“ကျမတို့ အလယ်ပိုင်းဒေသထဲကိုလူအချို့လွှတ်
ပြီး အခြေနေကိုစဥ်ဆက်မပြတ်စောင့်ကြည့်ခိုင်း
ထားလို့ရတယ် တခုခုထူးတာနဲ့ မင်းသားကသူ
တို့ကို ကိုယ်တိုင်ဝင်တွေ့ပြီး ခေါ်ထုတ်ရလိမ့်မ
ယ်”
ကိုင်ရီရီ၏အကြံပြုချက်သည် သင့်တော်ပေသ
ည်။ သို့သော် သတင်းများစောင့်ကြည့်နေချိန်၌
ပင်အပြောင်းအလဲများစွာဖြစ်သွားနိုင်သည်မ
ဟုတ်လား။ ထိုအတွက်သူကိုယ်တိုင်ပင်အလယ်
ပိုင်းဒေသသို့သွားရန်လိုလာပေသည်။
ကျိုးယန်နည်းတူ တခြားသူများသည်လည်းသ
တင်းကြားသည်နှင့် အလယ်ပိုင်းဒေသသို့အလျ
င်အမြန်သွား၍ မြို့တော်ကြီးတွင် စည်းရုံးရေးစ
ရန် လုပ်ဆောင်လာကြသည်။ ထိုအရာကအမ
တ်များနှင့် မိသားစုကြီးများကို လက်အောက်ခံ
အဖြစ်သိမ်းသွင်းရန်ဖြစ်သည်။ သူတို့၏အတွေ
နှင့် ကျိုးယန်ကမတူညီပေ။
“အလယ်ပိုင်းဒေသမှာတော့ ခြေရှုပ်နေတော့မှာ
ပဲ”
ကျိုးယန်သည် ရက်အနည်းငယ်ကြာမြင့်ပြီးနော
က် အလယ်ပိုင်းဒေသသို့ ကိုင်ရီရီ အဖိုးဝူ မုရုံရှီ
ကျောက်မိသားစုခေါင်းဆောင် မုရုံဖေတို့နှင့်အ
တူ ထွက်ခွာသွားသည်။ အစီစဥ်အရ မြို့တော်ရှိ
အင်အားစုကြီးများကို ထိန်းချုပ်ရန်မဟုတ်ပဲ
ကျိုးလီတို့ကို အပြင်ခေါ်ထုတ်ရန်သာဖြစ်သည်။
အလယ်ပိုင်းဒေသ၏ လှုပ်ခတ်မှုက ပို၍ပင်ကြီး
မားလာသည်။ ကျိုးချန်သည် မြို့တော်ကြီးဆီ
ရောက်ရှိလာကာ သူ့တွင် အင်အားအများအပြာ
ခေါ်ဆေင်လာပြီး မြို့တော်တွင် နေရာယူလိုက်
သည်။
ကျိုးစုန့်နှင့် ကျိုးယင်ချင်းတို့သည်လည်း ထိုန
ည်းတူစွာပင်ပြုလုပ်လာကြကာ မြို့တော်တွင်
အင်အားစုကြီးများစုစည်းနေကြလေသည်။
ရက်အနည်းငယ်ကြာပြီးနောက် ကျိုးယန်တို့အ
ဖွဲ့ မြို့တော်ကိုရောက်ရှိသွားချိန်၌ ဧကရာဇ်၏
အခြေနေက နောက်ဆုံးအချိန်ပင်ရောက်လုနေ
ပြီ။
သားတော် သမီးတော်များအားလုံးနှင့်မိဖုရား
များစုဝေးကာ ခန်းမထဲတွင်ရှိနေကြသည်။ဧက
ရာဇ်သည် အိပ်ရာပေါ်မှထရန်ပင် ခက်ခဲနေသ
ည့်အခြေနေဖြစ်သည်။ သမားတော်များ၏အ
ကူညီဖြင့် အသက်ကိုဆွဲဆန့်ထားခြင်းဖြစ်ကာ
နောက်ဆုံးအချိန်ကိုသိနေသည့် ဧကရာဇ်ခန်းမ
ထဲရှိ သားတော်သမီးတော်များနှင့်သူ၏မိဖုရား
များကို အလှည့်ကျခေါ်၍ နှုတ်ဆက်စကားဆို
လေသည်။ ကျိုးယန်၏အလှည့်ရောက်ရှိလာသ
ည်။
ဧကရာဇ်၏အိပ်ခန်းသည် ကျယ်ဝန်းကာ ဆေး
နံ့များ ပြန့်နှံနေသည်။ ကုတင်ပေါ်တွင်လည်းအ
သက်ကို ဖြေးညှင်းစွာရှုနေသည့် ဧကရာဇ်၏ပုံ
စံကိုကြည့်ကာ ကျိုးယန်တယောက်စိတ်မကော
င်းဖြစ်သွားရသည်။ ကျိုးယန်ဝင်လာသည်ကို
တွေ့လျင် ဧကရာဇ်က ဖျော့တော့စွာဖြင့်
“သားတော် မင်းရောက်လာမယ်ဆိုတာငါသိပါ
တယ် အဖေမင်းအပေါ်တာဝန်မကျေခဲ့ဘူး”
ဧကရာဇ်တွင် အရှိန်အဝါပင်မရှိတော့ပဲ ကျိုးယ
န်ကို သာမန်မိဘနှင့်သားသမီးကြားစကားပြော
ဆိုသည့်ပုံစံဖြင့် ပြောလာသည်။
“အဖေတခုတောင်းဆိုစရာရှိတယ်”
“ပြောပါအဖေ”
(ခမည်းတော်ဟုမသုံးကြတော့ပေ)
ဧကရာဇ်က သက်ပြင်းတခုရှည်လျားစွာချ၍
လေသံသည်လည်းအားနည်းကာ ကျိုးယန်တ
ဦးတည်းကြားရုံလေသံဖြင့် ပြောလိုက်သည်။
“မင်းအစ်ကိုနှစ်ယောက်နဲ့ အစ်မတို့ကိုနန်းတော်
ထဲက ခေါ်ထုတ်သွားပေးပါ ပြီးတော့မင်းရဲ့အ
ဒေါ်တွေကိုပေါ့”
ကျိုးယန်သည် ဧကရာဇ်၏ပူပန်မှုကိုသိလိုက်ရ
သည်။ သူ့တွင်လည်းထိုကဲ့သို့အတွေးရှိ၍ နန်း
တော်သို့ရောက်ရှိလာခြင်းဖြစ်သည်။ ယခုဧက
ရာဇ်ကိုယ်တိုင်ကခွင့်ပြုနေသည်ဖြစ်၍ပိုအဆင်
ပြေသည်။ဧကရာဇ်က ဆက်ပြောလာသည်။
“သူ တို့ကိုငါပြောပြီးပြီ မင်းလက်ခံရင်သူတို့
အားလုံးမင်းနောက်လိုက်လာလိမ့်မယ်သား”
ကျိုးယန်ကခေါင်းညိတ်၍ပြောလိုက်သည်။
“စိတ်မပူပါနဲ့အဖေ သူတို့ကိုကျတော်စောင့်ရှော
က်နိုင်ပတယ်”
ကျိုးယန်၏စကားကိုကြားလျင် ဧကရာဇ်က
စိတ်သက်သာရာရသွားသည့်ဟန်ဖြင့်ပြုံး၍ကျို
ယန်၏လက်ကိုဆုပ်ကိုင်လာသည်။
“မင်းအမေ မသေသေးဘူး သူဘယ်မှာရှိနေလဲ
အဖေမသိဘူး ဒါပေမဲ့ ဒီလက်စွပ်လေးကိုသိမ်း
ထားပါ တနေ့သူမဆက်သွယ်လာလိမ့်မယ်”
ဧကရာဇ်က ကျိုးယန်ကိုပြောရင်း သူ့လက်တွင်
စွပ်ထားသည့် သိုလှောင်လက်စွပ်ပုံစံလက်စွပ်
တကွင်းကို အသာချွတ်ပေးလိုက်သည်။
“အထဲမှာ နန်းတော်ရဲ့အဓိက မှတ်တမ်းတွေ
အဆင့်မြင့်ကျင့်ကြံရေးကျင့်စဥ်တွေ ပြီးတော့
ရွှေအနည်းငယ်လည်းရှိတယ် လက်စွပ်ကတော့
မင်းအမေရဲ့လက်စွပ်ပါ လက်စွက်ရဲ့လျှို့ဝှက်
ချက်ကိုတော့ အဖေမသိဘူး မင်းဘာသာမင်း
ရှာရလိမ့်မယ်”
ကျိုးယန်တယောက် ဆွံ့အသွားသည်။ မိခင်ဖြစ်
သူရှိနေသေးကာ ဆက်သွယ်လာမည်ဟုဆိုပြီး
မည်သို့ဆက်သွယ်လာမည်ကို မသိဟုလည်းဆို
လာသည်။ သို့သော်ထုတ်၍တော့မပြောလိုက်
ပေ။ ဧကရာဇ်သည် စကားအချို့ပြောပြီးနောက်
အနားယူမည်ဟုဆိုကာ ကျိုးယန်ကိုထွက်ခွာစေ
သည်။ ကျိုးယန်သည် ထိုမှထွက်လာပြီးနောက်
သူ၏အစ်ကိုတော်များရှိသည့်နေရာကိုသွားလို
က်သည်။
………………………………………….