ဧကရာဇ်အဟောင်း
Vol. 8 Ch. 119
ကျိုးယန်တို့အဖွဲ့အဆောက်အုံထဲရှိနေချိန်တွင်
ကျိုးချန်တို့ကမူ ဒဏ်ရာများစွာဖြင့်ပြန်ရောက်
သွားကြသည်။ မိဖုရားချန်ရှင်းက ကျိုးချန်၏
အဖြစ်ကိုတွေ့လျင် စိတ်ရှုပ်ထွေးစွာဖြင့်မေးလာ
သည်။
“သားတော် ဘယ်လိုဖြစ်ပြီး ဒါဏ်ရာတွေနဲ့ပြန်
လာရတာလဲ”
ကျိုးစုန့်က အကြောင်းစုံရှင်းပြလိုက်သည်။သူ
တို့သည် ကျိုးလီတို့၏အနောက်ကိုလိုက်ပါသ
ည်မှစ၍ ကျိုးယန်နှင့်တိုက်ခိုက်သည်အထိအ
ကုန်စင်ပြောပြလိုက်သည်။
“နန်းတော်အနောက်ဘက်မှာရှိတဲ့ရေကန်အနော
က်က တောအုပ်ငယ်လား”
မိဖုရားချန်ရှင်း၏အမူရာသည် ထိတ်လန့်နေဟ
န်ရှိသည်။သေချာသည်မှာ ထိုတောအုပ်ငယ်အ
ကြောင်းကို သူမသိထားပေလိမ့်မည်။ကျိုးချန်
က မိခင်ဖြစ်သူ၏အမူအရာကိုကြည့်၍မေးလို
က်သည်။
“မယ်တော် တောအုပ်ငယ်ကကြောက်စရာ
ကောင်းနေလို့လား အထဲနှာဘာတွေရှိနေလို့လဲ”
ကျိုးချန်နည်းတူ အခြားသူများသည်လည်းသိ
လိုနေကာ မိဖုရားချန်ရှင်းကို မျှော်လင့်တကြီး
ကြည့်နေကြသည်။မိဖုရားချန်ရှင်းက သက်ပြင်း
ချ၍ တိုးညှင်းစွာပြောလာသည်။
“အန္တရာယ်သိပ်များတယ် သားတော်အဲ့နေရာက
မင်းဘိုးဘေးဖြစ်တဲ့ ဧကရာဇ်ကျိုးဝေ ခေါင်းချ
ရာနေရာပင် သူက တော်ဝင်မျိုးနွယ်စစ်စစ်ဖြစ်
တော့ စိတ်ကြီးတယ် သူ့လက်ထက်မှာဘယ်သူ
ကမှ ဧကရာဇ်အာဏာကိုမထိပါးရဲကြဘူး နော
က်ပိုင်းသတင်းတွေအရ သူသေဆုံးသွားတယ်
လို့ကြားပေမယ့် ကောလဟာလအရတော့
တောအုပ်ငယ်ထဲမှာရှိနေတယ်လို့လည်း ပြော
ကြတယ် သူ့ရဲ့ကျင့်ကြံမှုက အင်မော်တယ်အ
သွင်ပြောင်းခြင်း တတိယအဆင့်ပဲ အရမ်းအ
စွမ်းထက်တယ်”
မိဖုရားချန်ရှင်းက ရျည်လျားစွာပြောပြလာသ
ည်။ ကျိုးချန်ကနားမလည်ဟန်ဖြင့်
“သူ ရှိနေတယ်ထားပါတော့ သားတော်တို့ကသူ့
ရဲ့ဆွေမျိုးပဲလေ ဘယ်လိုလုပ်အန္တရာယ်ရှိမှာလဲ
တခုခုများမှားနေသလား”
မိဖုရားချန်ရှင်းက ကျိုးချန်ကိုစူးစိုက်ကြည့်ပြီး
“အခုအခြေနေကိုမင်းမသိသေးဘူးလား မယ်
တော်တို့က နန်းတော်ကိုထိန်းချုပ်ထားပြီးမင်း
ကလည်း တခြားညီအစ်ကိုတွေကိုလိုက်ဖမ်းနေ
တာလေ မင်းဘိုးဘေးရဲ့ကျင့်ကြံမှုအရ မင်းတို့
သာ တောအုပ်ထဲလှုပ်ရှားရင် သူမသိပဲနေမလာ
ဒါက သူ့လက်ထက်မှာတောင်မဖြစ်ပွားဖူးတဲ့
အာဏာလုယက်တဲ့ကိစ္စပဲ သူခွင့်လွှတ်မှာမဟုတ်
ဘူး နောက်ပြီးမင်းသိထားဖို့ သူ့ရဲ့မြစ်တော်ဖြစ်
တဲ့ မင်းခမည်းတော်ကရှိသေးတယ်”
ကျိုးချန်က နှာခေါင်းရှုံ့၍
“သူက သက်ရှိထင်ရှားရှိဦးမှကိုး ကြောက်စရာ
မရှိပါဘူး”
“ဘာပဲဖြစ်ဖြစ်တောအုပ်ထဲမဝင်နဲ့ မင်းညီအစ်
ကိုတွေမှာ ထွက်ပေါက်မရှိဘူး မကြာခင်ပြန်
ထွက်လာရမှာပဲ အခုအရေးကြီးတာက နန်းတွ
င်းထဲက အင်အားစုတွေကို သေချာထိန်းချုပ်ဖို့
ကြိုးစားပြီး လာမယ့်လအနည်းငယ်အတွင်းမင်း
နန်းတက်ရလိမ့်မယ်”
မိဖုရားချန်ရှင်းက တင်းမာစွာပြောလိုက်သော
ကြောင့် ကျိုးချန်လည်းအထွဋ်မတက်ရဲတော့ပဲ
ခေါင်းညိတ်ပြလိုက်ရသည်။စိတ်ထဲတွင်တော့
ကျိုးယန်တို့ပြန်ထွက်လာပါက နန်းတွင်းမှပညာ
ရှင်များ၏အကူညီဖြင့် ဖမ်းဆီးကာနှိပ်စက်ရမ
ည်ဟု တွေးထားလေသည်။
မိဖုရားချန်ရှင်းသည် အချိန်အနည်းငယ်ဆွေး
နွေးပြောဆိုပြီးနောက် သမားတော်များခေါ်၍
ဒဏ်ရာရသူများကို ကုသစေသည်။သူမသည်
ခနအကြာ၌ သူမ၏အိပ်ဆောင်ထဲသို့ပြန်ဝင်
သွားလိုက်သည်။ သူမ၏အချိန်အများစုကို နန်း
တွင်းရှိ ဝန်ကြီးများနှင့်အမတ်များအားကိုင်တွ
ယ်ခဲ့ရသည်မဟုတ်လား။
အိပ်ဆောင်ကိုပြန်ရောက်သည်နှင့် ရှုပ်ထွေးသ
ည့်အဝတ်အစားများကို အစေခံများအကူညီဖြ
င့်လဲလှယ်ကာ အစေခံများကိုအပြင်ထွက်စေလို
က်သည်။ ခနအကြာတွင် ကြည်လင်သည့်အ
မျိုးသားအသံတခုပေါ်လာသည်။
“ဘယ်လိုလဲရှင်းအာ မင်းသား၈တို့ကိုဖမ်းမိခဲ့
လား”
အသံက အိပ်ဆောင်၏ကုတင်ပေါ်တွင်လဲလျော
င်းနေသည့်သူထံမှ ထွက်လာခြင်းဖြစ်သည်။
မိဖုရားချန်ရှင်းက သက်ပြင်းချ၍
“မမိခဲ့ဘူး တောအုပ်ငယ်ထဲဝင်သွားကြတယ်တဲ့
ကျမသားတော်က တောအုပ်အစပ်ထိရောက်ခဲ့
သေးတယ် ကျိုးယန်ကိုမကိုင်တွယ်နိုင်လို့ပြန်
ထွက်လာခဲ့ရတယ်”
ထိုသူက အိပ်ရာပေါ်မှထကာ မိဖုရားချန်ရှင်းနား
လျှောက်လာပြီ သူမ၏ခန္ဓာကိုယ်ကိုပွေ့ဖက်လို
က်ပြီး ညင်သာစွာပြောလာသည်။
“ကိစ္စမရှိပါဘူး သူတို့တွေမှာထွက်ပေါက်မရှိဘူး
သေချာပေါက် ရေကန်ဘက်ကပဲ ပြန်ထွက်ရမှာ
ငါတို့စောင့်ဖမ်းရုံပဲ စိတ်ကိုအေးအေးထား”
ထိုသူသည် စကားပြောနေရင်းပင် မိဖုရားချန်ရှ
င်း၏ ခန္ဓာကိုယ်ကိုပွတ်သပ်နေကာ အနောက်မှ
နေ၍ လည်ဂုတ်နုနုလေးအားဖွဖွနမ်းနေသည်။
မိဖုရားချန်ရှင်းသည် အနည်းငယ်ညီးတွား၍
“ရှင်တို့ပြည်ထောင်စုဘက်ကကော အခြေနေ
ဘယ်လိုရှိလဲ ကျိုးချန်က ရှင့်သားနော်သူ့အတွ
က်ရှင်လမ်းဖောက်ပေးရမယ်”
“စိတ်ချပါ ငါ့မှာလုပ်ပိုင်ခွင့်အပြည့်ရှိထားပါတ
ယ် ဂိုဏ်းကငါ့ကိုအာဏာအကုန်လွှဲအပ်ထားပြီး
သား မင့်သားသာ ထီးနန်းရသွားရင် ငါတို့ဂိုဏ်း
ခွဲတချို့ ဒီမှာအခြေကျပြီး နောက်ဆက်တွဲက
လွယ်ကူသွားလိမ့်မယ် အခုတော့”
ထိုသူက မိဖုရာချန်ရှင်းကို ပွေ့ချီကာအိပ်ရာပေါ်
ချီမသွားလိုက်သည်။ မိဖုရားချန်ရှင်း၏မျက်နှာ
သည်နီရဲနေကာ နှုတ်ခမ်းပေါ်တွင်လည်း ချိုမြိန်
သည့်အပြုံးတခုရှိနေလေသည်။ ခနအကြာတွင်
ပြင်းထန်သည့် လှုပ်ခတ်သံများအစပြုကာ
သာယာသည့် ညီးညူသံများနှင့်အတူ လေထု
ကနွေးထွေးလာလေသည်။
ကျိုးယန်သည် ခန်းမကျယ်ထဲတွင် တင်ပျဥ်ခွေ
ထိုင်ကာ ကျင့်ကြံနေလေသည်။ ကျင့်ကြံမှုမှာပ
တိရှင်သန်ခြင်းအဆင့်၂ သို့တက်ရောက်ရန်လမ်
စပေါ်နေပြီဖြစ်သည်။ ထို့အတွက်လအနည်းင
ယ်သာအားစိုက်ထုတ်ပါက ချိုးဖြတ်နိုင်ပေမည်
ထိုအရာသည် စနစ်၏အကူညီကိုမယူပဲ့အဆင့်
ချိုးဖြတ်သည့် ပထမဆုံးအကြိမ်ဖြစ်သည်။
ကျိုးစုလင်းသည် ကျိုးယန်ပြင်ပေးသည့်အိပ်
ရာပေါ်တွင်ထိုင်နေကာ ဒူးထောင်၍လက်များ
ဖြင့်ပိုက်ထားလေသည်။သူမ၏ပုံစံသည် ပျင်း
ရိနေဟန်ရှိသည်။ အမှန်တွင် သူမ၏မယ်တော်
ကိုစိတ်ပူနေခြင်းဖြစ်သည်။ သူမတွင်ကယ်တင်
ရန်မဆိုထားနှင့်လက်ရှိအခြေနေကိုပင် ကျိုးယ
န်ကြောင့် ကောင်းမွန်နေခြင်းဖြစ်သည်။
“သူ တို့က သွေးသားအချင်းချင်းအခုလိုလုပ်
လိမ့်မယ်လို့ငါမထင်ထားဘူး”
ကျိုးစုလင်းမှ ဝမ်းနည်းစွာပြောလာသည်။
ကျိုးယန်သည် သက်ပြင်းချ၍
“အစ်မစုလင်းရဲ့အတွေးကရိုးရှင်းလွန်းနေတယ်
အာဏာနဲ့ပက်သက်ရင် လူတိုင်းကနတ်ဆိုးပဲ
သွေးသားဆိုတာမရှိဘူး”
ကျိုးလီကလည်းခေါင်းညိတ်၍
“အမှန်ပဲ အခုလိုအခြေနေကိုငါတို့လက်ခံပြီး
မယ်တော်တို့ကို ကယ်ဖို့စဥ်းစားရမယ် ငါ့အ
ထင် တတိယအစ်မတော်ရဲ့မယ်တော်လည်းပါ
နေတယ်မဟုတ်လား ဝိဉာဥ်မျိုးနွယ်ကငြိမ်နေ
မယ်မထင်ဘူး ငါတို့သူတို့လှုပ်ရှားမှုကိုကြည့်ပီး
စီစဥ်ရလိမ့်မယ်”
ကျိုးလီသည် ကျိုးယွမ်ထက်စာရင် တည်ငြိမ်
၍ ရင့်ကျက်သည့်အသွင်ရှိသည်။ကျိုးစုလင်း
ကဲ့သို့ စာပေဗဟုသုတမရှိသော်လည်း အခြား
အရာများ၌ သာလွန်ပေသည်။ စိတ်ဓာတ်လည်
ခိုင်မာကာ အလွယ်တကူလက်လျှော့တက်သူမ
ဟုတ်ပေ။
“ဟုတ်တယ် ကျိုးယင်ချင်းတို့ရဲ့လှုပ်ရှားမှုကို
စောင့်ကြည့်ရမယ် အခုမနက်ကျရင်ကျိုးယွမ်
ကိုရှာကြတာပေါ့ သူကဒဏ်ရာရထားတော့အ
ဝေးတနေရာမရောက်လောက်ပါဘူး”
ကျိုးယန်က ကျိုးလီ၏စကားကိုခေါင်းညိတ်၍
ပြောလိုက်သည်။ ကျိုးစုလင်းသည် သက်ပြင်း
ရှည်များကိုသာအဆက်မပြတ်ချနေလေသည်။
သူမ၏ နတ်ဘုရားမဟန်ပန်သည် လျော့ရဲနေပြီး
မျက်နှာလေးသည်လည်း ချောင်ကျနေသည်။
ကျိုးယန်သည် ကျိုးစုလင်း၏သွင်ပြင်ကို
ကျိုးယင်ချင်းနှင့် နှိုင်းယှဥ်မိသည်။ အလှတရာ
က တဆင့်မျှပင်ကွာခြားနေသည်။ မြင့်မြတ်သ
ည့်အရှိန်အဝါရှိတာခြင်းတူသော်လည်း ကျိုးစု
လင်း၏ သွင်ပြင်သည်သန့်စင်ကာ မြင့်မြတ်
သည့်အရှိန်အဝါကလည်း တခြားမိန်းကလေး
များနှင့်မတူညီပေ။
ကျိုးလီသည်လည်း တင်ပျဥ်ခွေထိုင်ရင်းကျင့်
ကြံမှုပြုလုပ်နေလေသည်။ ထိုစဥ် တိုးညှင်းသ
ည့် စကားသံတခုထွက်ပေါ်လာသည်။
“ဟူး.. နောက်ဆုံးတော့ ငါ့ရဲ့တော်ဝင်ဆွေမျိုး
တွေဖြစ်တဲ့ မင်းသားတွေရောက်လာတာပဲ”
ကျိုးယန်သည် ခနအကြာထိပင် မှင်သက်နေ
လေသည်။ ထိုအသံက ဘယ်ကထွက်လာနေသ
နည်း။ အဆောက်အုံထဲကို ဝေ့ဝဲကြည့်သော်လဲ
မည်သည့်အရာမှမတွေ့ပေ။ ထိုအသံကိုလည်း
ကျိုးယန်တယောက်သာ ကြားပုံပေါ်နေသည်။
ကျိုးယန်၏အမူအရာအနည်းငယ်ပျက်သွားသ
ည်ကိုတွေ့လျင် ကျိုးစုလင်းကထိတ်လန့်ဟန်
ဖြင့်မေးလာသည်။
“တခုခုဖြစ်လို့လား ဘာဖြစ်တာလဲ”
ကျိုးယန်ကခေါင်းခါပြလိုက်သည်။ထိုအသံကို
ထပ်မံမကြားရတော့၍ စိတ်ထင်သည်ဟုသာ
ထင်မှတ်လိုက်သည်။အချိန်က နာရီအနည်းငယ်
ကုန်သွားကာ ကျိုးစုလင်းသည်သူမ၏ဒူးခေါင်း
များကိုပိုက်လျက်သားဖြင့် အိပ်ပျော်နေလေသ
ည်။ ကျိုးယန်သည် ထိုအရာကိုတွေ့လျင် စောင်
တခုကိုယူ၍ သူမ၏ခန္ဓာကိုယ်ကိုဖြေးညှင်းစွာ
ခြုံပေးလိုက်သည်။ ကျိုးလီကတော့ မျက်လုံး
အစုံကိုမှိတ်ကာ ကျင့်ကြံမှုထဲဝင်ရောက်နေလေ
သည်။
“ကောင်လေး ပုလ္လင်အနားကိုလာခဲ့”
အသံကထပ်ပေါ်လာပြန်သည်။ဒီတခါတော့ပီပီ
သသပင်ကြားလိုက်ရသည်။ ကျိုးယန်သည်ချ
က်ချင်းပင် လေးနက်သွားကာ ပုလ္လင်ရှိရာကိုကြ
ည့်လိုက်သည်။
…………………………………………