ရှောင်ချီဒေါသထွက်ခြင်း
Vol. 009 Ch. 871
ရှောင်ချီသည် စိတ်ဆိုးလေသည်။ အလွန်ဒေါသထွက်မိသည်။
သူမသည် အစောပိုင်းကမည်သည့်ပြိုင်ပွဲမှ ဝင်ပြိုင်ခြင်းမရှိဘဲ အခု ရေကြက်အိုကြီးတွေက သူမကို လက်ရှိပြိုင်ပွဲကို ဘယ်လိုဖြစ်ပြီး တိုက်ရိုက် ဝင်ပြိုင်ခိုင်းရတာလဲ။
သူသည် အစောပိုင်းကမစဉ်းစားမိဟု ပြောခဲ့သဖြင့် အခုချိန်တွင် သူမ နောက်ဆုတ်ချင်လျှင်တောင် မလုပ်နိုင်တော့ပေ။ သူမသည် ဝင်ပြိုင်ရုံသာရှိ တော့သည်။
သူမသည် အလွန်ဒေါသထွက်မိသည်။ ရလဒ်မှာ အလွန်ပြင်းထန်သည်။
သူ၏ ပြိုင်ဘက်မှာ မည်သူဖြစ်သည်မှာမသိသေးပေ။ သို့သော် မည်သူ ပင် ဖြစ်စေကာမူ ထိုသူသည် အပြစ်သင့်သူပင်ဖြစ်လိမ့်မည်။
သူမသည် အဖေနှင့်အမေကိုပင် ငိုပြီးတမ်းတအောင် သူ့ကိုဆိုးဝါးစွာ ရိုက်နှက်ပစ်မည်။ ရူးသွားသည်ကပင် ကောင်းသည်ဆိုသည့်ခံစားချက်ကို ခံစားစေမည်။
သူမက စင်အောက်ကနေစောင့်နေတဲ့အချိန်မှာ ဘာလို့ ရှီမာယူယူက အပေါ်ကနေကြည့်နေတာလဲ။
ဒါက… မတရားဘူး…
“ရှောင်ချီ့ကိုကြည့်လိုက်ဦး ပေါက်ကွဲတော့မယ့်အတိုင်းပဲ” ဖက်တီးကျူ သည် သူမအားကြည့်ပြီး ရယ်မောလေသည်။
“ဖက်တီးကျူ ရှောင်ချီက ဒေါသထွက်လွယ်တယ်၊ အခုသူမကို သွားစ ရင် မင်းသုံးရက်လောက်မထနိုင်လောက်အောင် သူမက ရိုက်လိမ့်မယ်” ဖက်တီးကျူဘေးရပ်နေသော ရှီမာယူလီသည် သူမျက်လုံးထဲမှ အကြည့်ကို မြင်သောအခါ မြူးထူးစွာပြောလေသည်။
ရှောင်ချီကြည့်လိုက်ရာ သူတို့၏ မျက်လုံးများသည် သူမထံကျရောက် ကာ ဖက်တီးကျူသည် သူမအားရယ်သွမ်းနေသည်ကို မြင်သောအခါ မုန်းတီး စွာကြည့်လိုက်သည်။
“အာ…”
ဖက်တီးကျူသည် စိတ်ထဲမှပါသောစကားများမဟုတ်သော်လည်း ရှောင်ချီ၏ မျက်လုံးမှအကြည့်ကိုမြင်သောအခါ လည်ပင်းပုဝင်သွားလေ သည်။
သူမကို ဆက်စနောက်နေလျှင် သူ့ကိုရိုက်တော့မည်ဟု သူမ၏ မျက်လုံး များကပြောနေသည်။
ရှောင်ချီသာ သူ့ကိုရိုက်ပါက ပေါ့ပေါ့ပါးပါးဖြစ်စေဦးတော့ သုံးရက် လောက် လမ်းလျှောက်နိုင်မည်မဟုတ်သည်ကို ယုံကြည်သည်။
ဖက်တီးကျူ၏ ပုံစံကိုမြင်သောအခါ ရှီမာယူယူနှင့် တခြားသူများ ရယ်မောကြလေသည်။
ရှောင်ချီပါလာလျှင် ဖက်တီးကျူသည် အမှန်အကန်ပင် ကြောက်သည်။
“ဘယ်လိုပဲဖြစ်ဖြစ် ရှောင်ချီ့ပုံကြည့်ရတာ တကယ်ဒေါသထွက်နေတာ ပဲ၊ ဘယ်သူကများ သူမပြိုင်ဘက်ဖြစ်လောက်အောင် ကံမကောင်းမှာပါလိမ့်” ရှီမာယူယူ စနောက်လိုကသ်ည်။
“ဘယ်သူပဲဖြစ်ဖြစ် ရလဒ်ကတော့ ကောင်းမှာမဟုတ်ဘူး” ရှီမာယူရန် ပြောလိုက်သည် “တစ်ဖက်လူက ချက်ချင်းအရှုံးမပေးပဲ သူမကို လှုပ်ရှားဖို့ အခွင့်အရေးပေးလိုက်ရင် နောက်ကျစကားပြောဖို့အခွင့်အရေးတောင်ရလိုက် မှာမဟုတ်ဘူး”
နောက်ဆုံးတွင် ရှောင်ချီ၏အလှည့်ရောက်လာကာ သူမသည် စင်ပေါ် သို့ ချက်ချင်းပင်ပျံတက်သွားလေသည်။ သူမသည် လက်ပိုက်ကာ ပြိုင်ဘက် ကိုကြည့်လိုက်သည်။
သူမ၏ ရောင်ဝါကို အကဲဖြတ်သည့်ဆရာကများကပင် ခံစားမိလေ သည်။ သူသည် အနည်းငယ် ချောင်းဟန့်ကာ ပြောလေသည် “ဒီတစ်ပွဲက တော့ ရှောင်ချီကတိုက်မှာ….”
“ကျွန်တော် အရှုံးပေးပါတယ်” ပြိုင်ဘက်သည် ဒိုင်လူကြီး၏ စကားကို ဆုံးအောင်ပင် နားမထောင်ပဲ အရှုံးပေးလိုက်လေသည်။
“မင်းဘာပြောလိုက်တာလဲ” ရှောင်ချီ ဒေါသထွက်လေသည်။
သူတို့ ပြိုင်တောင် မပြိုင်ရသေးပဲနဲ့ ဘယ်လိုလုပ် ဒီလိုမျိုးအရှုံးပေးနိုင်ရ တာလဲ။
ဒိုင်လူကြီးသည် ထိုလူအားကြည့်ပြီးနောက် မေးလိုက်သည် “မင်း သေချာရဲ့လား”
“သေချာပါတယ်” သူ ပြောလိုက်သည် “ကျွန်တော်အရှုံးပေးပါတယ်”
သူသည် ရှောင်ချီ့ကိုအသိအမှတ်မပြုခြင်းမဟုတ်ပေ။ သူမရဲ့ အားနဲ့ ဘယ်သူကယှဉ်နိုင်မှာလဲ။ ပြီးတော့ သူမက ပိုပြီးတောင် သန်မာလာသေး တယ်။ သူကတော့ သူမရဲ့ ပြိုင်ဘက်မဖြစ်နိုင်တာသေချာတယ်။
သူမခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ရောင်ဝါထွက်လာသည်ကို ကြည့်ပြီး သူ့တင်ပါးနှင့်စဉ်းစားလျှင်တောင် သူမသည် အခုဒေါသထွက်နေပြီး တစ် ယောက်ယောက်အပေါ် ပုံချတော့မည်မှာ သိသာနေသည်။ သူသာ အခု အရှုံး မပေးဘဲ သူမ စတိုက်ခိုက်သည့်အထိစောင့်လျှင် အရှုံးပေးချင်တိုင်းပေးမရ တော့ပေ။
“မင်းကိုလက်လျော့ဖို့ခွင့်မပြုထားဘူး” ရှောင်ချီ မာန်ဟိန်းလိုက်သည် “အရှုံးပေးလိုက်ရင် မင်းကိုမရိုက်တော့ဘူးထင်နေလား”
သူသည် ရှောင်ချီ၏ ထိုပုံစံပြုလုပ်သည်ကိုတွေ့သောအခါ ဒိုင်လူကြီးကို ချက်ချင်းပင် ပြောလေသည် “ကျွန်တော်အရှုံးပေးပါတယ် မြန်မြန် ဆုံးဖြတ် ချက်ကို ကြေညာပေးပါ”
ဒိုင်လူကြီးသည် ထိုအခြင်းအရာကိုမြင်သောအခါ ဘာအကြံမှမပေး တော့ပေ။ ရှောင်ချီက ဒီလိုပုံလုပ်နေမှတော့ ပြိုင်ဘက်က ချက်ချင်းပဲ အရှုံးကို ဝန်ခံတာပေါ့။
“နေရာ ၃ ရှောင်ချီအနိုင်ရ”
ကြေညာချက် ကြားပြီးနောက်တွင် သူသည် ချက်ချင်းပင် လွတ်မြောက် သွားလေပြီ။ သူသည် ရှောင်ချီ့ကို နောက်တစ်ပြန်မကြည့်ရဲတော့ပေ။
“ကြောက်ဖို့ကောင်းလိုက်တာ ကြောက်ဖို့ကောင်းလိုက်တာ” သူသည် ရင်ဘတ်ကို ပုတ်ရင်း ပြောလေသည်။
“ဟင်း” တစ်စုံတစ်ယောက်ကို ရိုက်ရန်အခွင့်အရေးပင်မရလိုက်သဖြင့် ရှောင်ချီသည် ဒေါသတကြီးခြေဆောင့်ကာ လှေကားမှဆင်းလာသည်။
“ဒုန်း ဒုန်း”
ကျိုးပဲ့သောအသံသည် အားလုံး၏နားထဲဝင်လာရာ သူတို့သည် စင် ဘက်ကိုကြည့်လိုက်ကြသည်။ သူတို့မြင်လိုက်ရသည်မှာ ကျောက်များဖြင့် တည်ဆောက်ထားသော စင်သည် ရှောင်ချီခြေချလိုက်သောနေရာတွင် အပိုင်းအပိုင်းအစအစ ကွဲသွားလေသည်။
စင်က….ကျိုးသွားပြီ။
သို့သော် ဘယ်သူမှ ရှောင်ချီ့ကိုဘာမှမပြောရဲပေ။ သူမစင်ပေါ်မှ ဆင်း လာသည်ကိုပင် ကြောင်စီစွာကြည့်နိုင်လေသည်။
“ကျိုး..ကျိုးသွားတာလား” ဖက်တီးကျူသည် မယုံကြည်နိုင်စွာပြောလေ သည်။
အစပိုင်းက စင်ကိုချိုးပစ်ခြင်းသည် သူ့အတွက် ကိုယ်ပိုင်ရည်မှန်းချက် ဖြစ်သည်။ ဒါပေမဲ့ ရှောင်ချီက ခြေတစ်လှမ်းထဲနဲ့ အဲရည်မှန်းချက်ကို ပြည့် အောင်လုပ်သွားတာလား။
ဒါက သူ့အတွက်တော့ ကြီးမားတဲ့ရိုက်ချက်ပင်။
ပွဲကြည့်စင်တွင်ထိုင်နေသော မုန့်ဆန်းချွယ်နှင့် ဖန်လိုင်တို့သည် ရင်နာ သွားရသည်။ ထိုသည်မှာ ကြယ်ကိုးပွင့်သမုဒ္ဒရာတွင်သာ တွေ့ရသော ကိုးခု မြောက်ပင်လယ် ကျောက်ဖြစ်သည်။ သူတို့လူအနည်းစုနှင့်ဆိုလျှင်တောင် ခြေတစ်လှမ်းလောက်နှင့် မကျိုးနိုင်ပေ။
“ဒီလူကတော့ ဘာလို့အဲလောက်ဒေါသထွက်နေရတာလဲ” မုန့်ဆန်းချွယ်၏ နှလုံးသားမှ သွေးများထွက်လာသလိုပင်။
“အနည်းဆုံးတော့ စင်ကိုပဲမဲသွားတာ၊ သူမအကျင့်နဲ့ဆိုရင် အဲခြေလှမ်း က ငါတို့ခန္ဓာကိုယ်ရောက်လာနိုင်တယ်”
“ဒီနည်းလမ်းကယုံကြည်ရတာလား” မုန့်ဆန်းချွယ်သည် မဝံ့မရဲပြော လေသည် “ဖွတ်လည်းဆုံး ဓားမလည်းဆုံးဖြစ်နေမယ်”
“ယုံကြည်ရရ မရရ ကိစ္စတွေကဒီအခြေအနေထိရောက်လာပြီ၊ ငါတို့ ရလဒ်ကိုပဲစောင့်ကြတာပေါ့” ဖန်လိုင် သက်ပြင်းချလေသည်။
“ဟူး အလဟဿတော့မဖြစ်ပါစေနဲ့…”
တစ်ဖက်တွင် ရှောင်ချီသည် ပွဲကြည့်စင်သို့ပြန်လာပြီး ရင်ကွဲပက်လက် အမူအရာဖြင့် ရှီမာယူယူဘေးတွင် ဝင်ထိုင်လိုက်သည်။
ရှီမာယူယူသည် သူမ၏ မည်းနေသောအမူအရာကိုမြင်သည်နှင့် သူမ၏ နှာခေါင်းကိုဆိတ်လိုက်လေသည်။
“ဟုတ်ပါပြီ ဒေါသမထွက်နဲ့တော့ ကြည့် စင်ကိုတောင်ကျိုးအောင်လုပ် ပြီးပြီ၊ အဲဒါကိုဒေါသမပြေဘူးလား”
သူမသည် ရှောင်ချီ၏ နှာခေါင်းကိုဆိတ်ရဲသော တစ်ဦးတည်းသောသူ ဖြစ်လိမ့်မည်။
“ဟူး ငါ့ကို စင်၅ခုလုံးချိုးခွင့်ပေးရင် ဒေါသမထွက်တော့ဘူး” ရှောင်ချီ နှာမှုတ်လေသည်။
“မင်း အဲစင်တစ်ခုတည်း ဖျက်ဆီးလိုက်တာတောင် ဒါရိုက်တာမုန့်နဲ့ တခြားသူတွေ အသည်းကွဲနေပြီ သူတို့မျက်နှာတွေကိုကြည့်ဦး၊ နာကျင်မှုတွေ ပြည့်နေတယ်” ရှီမာယူယူ ပြောလိုက်သည်။
ရှောင်ချီသည် သူမကြည့်သောနေရာသို့လိုက်ကြည့်ရာ မုန့်ဆန်းချွယ်၏ ပုံစံကိုတွေ့လေသည်။ သူ၏ မျက်ခုံးများ လှုပ်နေသည်ကိုကြည့်ရင်း သူမ သည် ကြိတ်ရယ်မိလေသည်။
“ဖူး ရှောင်ချီက သူ့ကိုခံစားသွားစေချင်ရုံပါ၊ သူ နောက်တစ်ခါ ရှောင်ချီ့ ကို ဒီလိုဆက်ဆံရဲဦးမလားကြည့်ကြတာပေါ့” ရှောင်ချီ ထိုသို့ပြောသော်လည်း ဒေါသမထွက်တော့ပေ။
“ဒီတစ်ခေါက် သင်ခန်းစာပေးထားတော့ နောက်ထပ် မလုပ်ရဲတော့ပါ ဘူး” ရှီမာယူယူ ပြောလိုက်သည် “အဲဒါကြောင့် စိတ်မဆိုးနဲ့တော့”
“ယူယူပဲ အကောင်းဆုံးပဲ တခြားသူတွေက ရှောင်ချီနဲ့ဝေးရာမှာပုန်းကြ တယ် ယူယူတစ်ယောက်ပဲ အဖော်လုပ်ပေးတယ်”
ဘေးတွင်ရပ်နေကြသော ဘေဂုံထန်တို့သည် နှုတ်ခမ်းတွန့်မိကြလေ သည်။
သူမက ဒီလောက်သန်မာတဲ့ ကြောက်စရာကောင်းတဲ့ စွမ်းအားကိုထုတ် ပြမှတော့ အဝေးသွားပုန်းကြမှာပေါ့။ သူမစိတ်ထဲမှာ အထူးနေရာယူထားှတဲ့ ယူယူနဲ့တော့ ဘယ်သူမလဲ။ ယူယူမှ ပြောလိုက်လျှင် အကြံ…. သူတို့ပြောပါ က မီးလောင်ရာလေပင့်ဖြစ်မည်။ သူတို့သည် ကိုယ့်ဘာသာ ဆီလောင်းပြီး အရိုက်ကခံရဦးမည်။
တခြားသူများဆိုမဖြစ်နိုင်လျှင်တောင် ဖက်တီးကျူဆိုလျှင် သေချာ ပေါက် အရိုက်ခံရမည်ဖြစ်သည်။
ထို့ကြောင့် သူမကို မည်သူမှအကြံမပေးကြပေ။
“ကောင်းပြီ ပြိုင်ပွဲကိုဆက်ကြည့်ရအောင်” ရှီမာယူယူသည် သူမလက် ကိုပုတ်ရင်း ပြောလေသည်။
စင်ရှိအလယ်မှာ ပျက်စီးသွားသည်။ ဂိုဏ်းသည် အချိန်အကန့်အသတ်ရှိ ခြင်းကြောင့် မလဲတော့ပဲ ပြုပြင်လိုက်သည်။
ဝမ်စီမြောင်၊ ပန်ကျားနန်နှင့် ဟွာပေါင်မြောင်တို့သည် ပြိုင်ပွဲများပြီးဆုံး ကာ အဆင့်၁၀အတွင်းဝင်ကြလေသည်။ နောက်တွင် ထန်ယန်းနှင့် မိုဘင်း တို့လည်း အဆင့်တက်ကြလေသည်။ ရှောင်ချီနှင့်အတူ ရှီမာယူယူလည်း အဆင့်တက်ကြသည်။ ၁၀ယောက်တွင် သူတို့မှာ ၇ယောက်ဖြစ်နေလေပြီ။
နေ့လည်အရောက် ဟော်ဖန်ပြိုင်သောအခါ သူသည် ပြိုင်ဘက်ကို အနိုင်ရပြီး အဆင့်၁၀အတွင်းဝင်လာသည်။ ထို့နောက် နောက်ထပ် ၂ယောက် ရွေးလေသည်။
အဆင့်ပြိုင်ပွဲ၏ ထိပ်တန်း၁၀ယောက်မှာ ပြည့်သွားလေပြီ။
ပြိုင်ပွဲမှာ ထိုနေရာတွင်ပြီးပါပြီဟု ဂိုဏ်းမှကြေညာပြီးနောက် အားလုံး နားရန် အချိန်၁ရက်ပေးလေသည်။ နောက်နေ့တွင် သူတို့သည် ၁၀ယောက်မှ ငါးယောက်ကို ဆုံးဖြတ်မည်ဖြစ်သည်။
***