ရှုပ်ထွေးနေသည့်နန်းတွင်း
Vol. 8 Ch. 114
ကျိုးယန်သည် ကျိုးလီတို့နှင့်တွေ့ရန်သွားလိုက်
သည်။မှတ်ဉာဥ်များအရ ကျိုးလီ ကျိုးယွမ်တို့
သည် သူ့အပေါ်ကောင်းခဲ့သူများဖြစ်ကာ သူသ
ည်လည်း ထိုသူများအပေါ်အမြင်ကောင်းရှိပေ
သည်။
“မ တွေ့တာကြာပြီ ညီတော် “
ကျိုးလီက နှုတ်ဆက်လာသည်။ သူတို့သည်
ရှေ့လျှောက်ဖြစ်လာမည့် အရှုပ်အထွေးများကို
သတိပြုမိသောကြောင့် လူစုလူဝေးရှိနေသည့်
နေရာများကိုမသွားကြပေ။ ကျိုးယွမ်သည်
ကျိုးယန်ကို ပွေ့ဖက်ကာ စကားဆိုလာသည်။
“မင်းက အများကြီးပြောင်းလဲသွားတာပဲ ကြည့်
ပါဦး အရပ်လည်းငါ့ထက်တောင်ပိုရှည်လာတ
ယ် ဟားး”
ကျိုးယွမ်၏စကားကို ကျိုးယန်ကပြုံး၍
“ငါတို့ခင်မင်မှုကတော့ အရင်တိုင်းပဲမဟုတ်လာ
အစ်ကိုတော်”
ကျိုးယန်၏စကားကိုကြားလျှင် ကျိုးယွမ်က
ရှုံ့မဲ့၍
“တော်စမ်းပါ အသက်အတူတူပဲကို အစ်ကိုတော်
တွေဘာတွေလုပ်မနေနဲ့ အခုမင်းငါတို့ဆီရောက်
လာတာက ခမည်းတော်ပြောတဲ့ကိစ္စအတွက်နဲ့
ရောက်လာတာလား”
ကျိုးယန်ကသက်ပြင်းချ၍ နေရာတခုတွင်ထိုင်
လိုက်သည်။ အခန်းထဲတွင် ကျိုးလီ ကျိုးယွမ်
တို့သာရှိပြီး ပဥ္စမအစ်မတော်ကတော့သူမ၏
အိပ်ဆောင်ထဲတွင် ဖြစ်ပေလိမ့်မည်။
“မိဖုရားတို့ကော ဘယ်သွားကြလဲ ဒီမှာမရှိဘူး
လား”
“မယ်တော်တို့လား စည်းဝေးပွဲတခုလုပ်နေတယ်
ကြားမိတယ် ငါ့မယ်တော်ကတော့ မင်းနဲ့လိုက်
ပါဖို့ကိစ္စကို သဘောတူတယ်တဲ့ မင်းသိတဲ့အ
တိုင်းပဲ ငါတို့က အေးအေးဆေးဆေးပဲနေချင်
တာပါ ဒီလိုအရှုပ်အထွေးတွေထဲ မပါချင်ဘူး
လေ”
ကျိုးယွမ်၏ပုံစံက အမှန်ပင်စိတ်ရှုပ်ထွေးနေပုံရ
သည်။ ခမည်းတော်သာမရှိတော့လျှင် ဖုံးထား
သည့် အပေါ်ယံအလွှာများကွာကျကာ စိတ်ရင်း
မှန်များပေါ်လာကြမည်ဖြစ်ပြီး ထိုအချိန်တွင်မှ
သိပါက သူတို့ကဲ့သို့ သာမန်မင်းသားများအဖို့
မလွယ်ကူနိုင်တော့ပေ။ကျိုးလီကလည်း
“ငါလည်းအတူတူပဲ ညီတော် ငါ့မယ်တော်နဲ့
ညီတော်ကျိုးယွမ်ရဲ့မယ်တော်ကအတွေးတူနေ
တယ် ခက်တာက ညီမတော်ရဲ့မယ်တော်ပဲ သူမ
က နန်းတွင်းကိုမခွာချင်ဘူး ပြီးတော့ငါတို့အတွ
က်လည်း အန္တရာယ်ရှိလာမယ်လို့ မထင်ဘူးလေ
အဲ့အတွက်တော့ ငါတို့လည်းဘာမှမကြံတတ်
တော့ပါဘူး”
ကျိုးယန်ကခေါင်းညိတ်၍လက်ခံလိုက်သည်။
အခြေမြင့်မြင့်နေလာသူများအဖို့ နိမ့်ပါးသည့်
အဆင့်တန်းသို့ခုန်မဆင်းလိုပေ။ ဒါတောင်ကျိုး
ယန်၏အနေထားသည် နိမ့်ပါးနေသည်တော့မ
ဟုတ်ပေ။
“ငါနားလည်ပါတယ် အခုမင်းတို့မယ်တော်တွေ
စုဝေးတာကိုစောင့်ပြီး အဖြေတခုရတာနဲ့ရှေ့ဆ
က်ဘာလုပ်ကြမလဲဆိုတာကို စီစဥ်ကြမယ်”
ကျိုးယန်ကထိုသို့သာပြောလိုက်တော့သည်။
အချိန်တချို့ကြာအောင် ညီအစ်ကို၃ဦးစကား
ပြောဆိုနေချိန်တွင် ကျိုးချန် ကျိုးစုန့် ကျိုးယင်
ချင်းတို့ကတော့ မြို့တော်သို့ပြန်လည်ထွက်ခွာ
သွားကြသည်။ သက်တော်ရှည်အမတ်များသ
ည် ဧကရာဇ်၏နေရာအတွက် မရွေးချယ်သေးပဲ
မည်သူကထိုက်တန်သည်ကို စောင့်ကြည့်ရန်
ဆုံးဖြတ်ထားဟန်တူသည်။
“ခမည်းတော်ရဲ့ကျန်းမာရေးအရ သိပ်တော့
ကြာမယ်မထင်ဘူး ကျုပ်တို့မြို့တော်မှာပဲနေ
ပြီး အခြေနေစောင့်ကြည့်သင့်တယ်”
ကျိုးချန်က သူ့ဘေးတွင်ထိုင်နေသည့် စုန့်ပြည်
ထောင်စုမှ အမတ်တဦးကိုပြောလိုက်သည်။ထို
အမတ်သည် သာမန်အဆင့်သာဖြစ်ကာ ချီမိ
သားစု၏နောက်ခံကြောင့် သြဇာကတော့မသေး
ငယ်လှပေ။ ချီမိသားစုက ဘယ်သူနည်း။စုန့်
ပြည်ထောင်ဧကရာဇ်၏ ချွေးမတော်ဖြစ်ကာ
ဧကရာဇ်တွင် သားတော်တစ်ပါးသာရှိပြီး မိဖု
ရား၃ဦးရှိသည်။ ထိုအထဲတွင်ချီမိသားစု၏သ
ခင်မလေးဖြစ်သည့် ချီဝူယောင်းသည် ဒုတိယ
မိဖုရားဖြစ်၍ နန်းတွင်းထဲတွင် အထိုက်အလျော
က်အာဏာရှိပေသည်။ ထိုအမတ်သည် ချီမိသာ
စုမှဖြစ်သည်။ ထို့ကြောင့် သူ၏အဆင့်အတန်း
မှာလည်း မနိမ့်ကျပေ။
“မင်းတို့ ပြည်ထောင်စုရဲ့အမတ်တွေက ချက်
ချင်းကြီးတော့ ဧကရာဇ်နေရာကိုရွေးချယ်မယ်
လို့မထင်ဘူး သူတို့မှာဘာအစီစဥ်တွေရှိထားလဲ
သိရအောင် ဆက်နေတာကသင့်တော်ပါတယ်”
ချီမိသားစုအမတ်ကပြောလိုက်သည်။လက်ရှိ
အချိန်သည် အရေးကြီးဆုံးအချိန်ဖြစ်ကာ နန်း
တွင်းထဲသို့ ဝင်ရောက်ခြေကုပ်ယူရမည့်အချိန်
တခုဖြစ်ပေသည်။
တဖက်တွင် ကျိုးစုန့်သည် အကြံပေးအမတ်မျာ
နှင့်အတူ တည်းခိုရာသို့ပြန်သွားပြီးနောက် ရှေ့
လျှောက်အစီစဥ်များကို တိုင်ပင်ကြတော့သည်။
“ပထမအစ်ကိုတော်နဲ့ တတိယညီမတော်လည်း
ရောက်နေကြတယ် နောက်ပြီး အငယ်ဆုံးညီ
တော်ကောပဲ ဒီအခြေနေမှာ ဝန်ကြီးတွေအမတ်
တွေအနေနဲ့ထီးနန်းအပ်ဖို့ရွေးချယ်လို့သင့်တော်
ပေမယ့် မထင်မှတ်ပဲ ပြဿနာကြီးသွားနိုင်လို့
သူတိူ့လုပ်ပါ့မလား”
ကျိုးစုန့်က တွေးတွေးဆဆပြောလာသည်။ထို
ကဲ့သို့အခြေနေမျိုးကို ကိုင်တွယ်ရန်အရေးကြီး
သည်မဟုတ်လား။အကြံပေးအမတ်က
“သခင်လေး ကျုပ်အနေနဲ့ပြောရရင် သူတို့က
ဧကရာဇ်မရှိတော့တာနဲ့ ချက်ချင်းပဲထီးနန်းကိစ္စ
ကို ဖြေရှင်းကြလိမ့်မယ်”
“မဖြစ်နိုင်တာ ဒါဆိုဘယ်သူ့ကိုပေးမှာလဲခမည်း
တော်က ရွေးချယ်ထားပြီးသားလို့တော့ မပြောနဲ့
နော်”
ကျိုးစုန့်ကချက်ချင်းပင် ငြင်းဆန်လာသည်။
အကြံပေးအမတ်က အသာပြုံး၍ ဖြေးညှင်းစွာ
ပြောလိုက်သည်။
“မိဖုရားတွေရှိသေးတယ်လေ သခင်လေးရဲ့မယ်
တော်ကို မတွေ့ခဲ့ဘူးမဟုတ်လား သူမတို့ကထီး
နန်းကို ယာယီထိန်းချုပ်ဖို့အခုနန်းတွင်းထဲမှာစု
ဝေးနေကြတယ် အဖြေတခုထွက်လာရင် ကျုပ်
တို့ဘာလုပ်ရမလဲသိမှာပါ”
“မယ်တော်လား ဟုတ်သားပဲ ကျုပ်သူမကိုမ
တွေ့ခဲ့ရဘူး ကောင်းတယ် ဒါက တယောက်
ယောက်ဆီပေးလိုက်ရတာထက်စာရင် ယာယီ
သူတို့ထိန်းချုပ်ထားတာက ပိုပြီးအဆင်ပြေနိုင်
တယ်”
ကျိုးစုန့်ကစိတ်သက်သာရာရစွာပြုံးလိုက်သည်
တခြားသူများကို ချက်ချင်းလွှဲပြောင်းရင်တော့
ဒါက အရှုပ်အထွေးများဖြစ်စေလိမ့်မည်။
မိဖုရားများစုဝေးနေသည့် သတင်းက ကျယ်ပြန့်
စွာထွက်ပေါ်လာသည်။ ထိုအခြေနေကိုကြည့်
လျင် ဧကရာဇ်မှာအမှန်တကယ်ပင် နောက်ဆုံး
အခြေနေကိုရောက်နေပြီးဟု ယူဆနိုင်သည်။
……………………………………..